Tuesday, December 15, 2009

တခန်းရပ် အိပ်မက်

အိပ်မက်တွေ
လက်တွေ့ဖြစ်လာဖို့
မနက်မိုးလင်းခါနီးမှ
ပေးမက်စရာမလိုပါဘူး

စိတ်ကူးဆိုတာ
ရှိလာခဲ့ရင်
စိတ်ကူးယဉ်နေရုံလည်း
မပြီးဘူး

စိတ်ကူးတွေ
အိပ်မက်ဖြစ်လာချိန်မှာ
မနက် မိုးမလင်းသေးဘူး

ဒီအာရုံတက်က
အိပ်မက်တွေ လက်တွေ့ဖြစ်လာမလား
ကြိုးစားမှုမပါသရွေ့
သိပ်တော့လည်း မထင်သေးဘူး

လမ်းတွေများတယ်
လမ်းမှန်ဖို့ ခက်မယ်
ရွေးချယ်ခွင့်တွေ များတယ်
မမှားဖို့လည်း ခက်ဦးမယ်

ရှုပ်တယ်
လက်ရှိအချိန်လေးတော့
အကောင်းဆုံးအနေအထားနဲ့
တန်ဖိုးထားချင်သေးတယ်


32 comments:

ဆောင်းနှင်းရွက် said...

တစ်

ဆောင်းနှင်းရွက် said...

နှစ် ...!

ဆောင်းနှင်းရွက် said...

သုံး ..!

ဆောင်းနှင်းရွက် said...

လေး ..!

ဆောင်းနှင်းရွက် said...

ငါး ..!

ဆောင်းနှင်းရွက် said...

ခြောက် ..!

ဆောင်းနှင်းရွက် said...

ခုနှစ် ..!

ဆောင်းနှင်းရွက် said...

ရှစ် ..!

ဆောင်းနှင်းရွက် said...

ကိုး ..!

ဆောင်းနှင်းရွက် said...

တစ်ဆယ် ..!

ဆောင်းနှင်းရွက် said...

ဆယ့် တစ် ..!

ဆောင်းနှင်းရွက် said...

ဆယ့် နှစ် ..!

ဆောင်းနှင်းရွက် said...

ဆယ့် သုံး ..!

ဆောင်းနှင်းရွက် said...

ဆယ့် လေး ..!

ဆောင်းနှင်းရွက် said...

ဆယ့် ငါး ..!

ဆောင်းနှင်းရွက် said...

လက်ညောင်းလို့ ဆက်မရိုက်တော့ပါဘူးးး ..
ခုန်ပျံ ကျော်လွှားပဲ လုပ်လိုက်တော့မယ် ..

၁၀၀ ..!

အဟိ ..
ဘာရယ် .. ညာရယ် မဟုတ်
အဲ့လို မအော်ဘူးလို့
တစ်ရေးနိုး ကြုံတုန်း အော်ကြည့်သွား တာ ..

ကဲကဲ .. ကွန်မန့်ပေးတော့မယ် ..

မမြင်ရတဲ့ အနာဂတ် မှာ
ဘာတွေ ဖြစ်လာမယ် ဆိုတာ
ဘယ်သူမှ သေချာ မပြောနိုင်ပါဘူးးး..
ဒါကြောင့်
လက်ရှိ အချိန်ကို တန်ဖိုးထားပြီး
အကောင်းဆုံးထားပြီး ဆောင်ရွက်တာ
အကောင်းဆုံးသော ပါ ...

yangonthar said...

လက်တွေ့ မှာ အိပ်မက်လေးတွေ အရောင် ချယ် ဖို့ ကြိုးစားရဦးမယ် .... အိပ်မက်တွေ မက်ပြီး ကြိုးစားမှုတွေ က နှေးကွေးလေးလံနေတုန်းပဲ .... ကဗျာလေး ကောင်းတယ် မမိုးခါးရေ ....
ခင်တဲ့
ရန်ကုန်သား :)

နေ၀သန် said...

အင်း.. ကြည့်ရတာ မနက်အိပ်ရာ မထသေးခင် အမြဲတမ်း အီးလေးဆွဲနေတယ်ထင်ပါရဲ့.. အာရုဏ်တက်မှာ ရလိုက်တဲ့ အတွေး...း))))

ရေတမာ said...

စိတ်ကူးနဲ့အိပ်မက်တွေ လုံးထွေးရှုပ်ယှက်ခပ်ရင်း တွေဝေနေတာလား??

johnmoeeain said...

လမ်းတွေများတယ်
လမ်းမှန်ဖို့ ခက်မယ်
ရွေးချယ်ခွင့်တွေ များတယ်
မမှားဖို့လည်း ခက်ဦးမယ်...တဲ့လားအစ်မရေ...

ဘာပဲဖြစ်ဖြစ်
တစ်နေ့တော့…….
မျှော်လင့်ချက်ပန်းများ…….
လန်းစွင့်နေတဲ့…….
ခရီးဆုံးမှတ်တိုင်ဆီ ရောက်ရဦးမှာပါ…….။

လင်းကြယ်ဖြူ said...

ဟုတ်တယ်နော်..
လက်ရှိအချိန်က အကောင်းဆုံးပေါ့...
ပျော်ပါစေ ညီမရေ
*.*.*

Anonymous said...

အင်း သွားပြီး နင်ကဗျာရေးမှပဲ ငါ့ကဗျာတွေ ငါပြန်ဖတ်ရတာ အရသာကို မရှိတော့ဘူး ကဗျာစရေးတာက ငါ ကဗျာကောင်းတွေ ထွတ်လာတာ နောက်မှရေးတဲ့ နင် . . . . သွားပြီး သွားပြီး ကြာသီ တို့ ဦးဏှောက် သုံးလို့မရလောက်တောင် နှေးကွေးနေပြီးထင်တယ် . . . နောက်လူတွေ ကျော်တက်နေပြီးဟ . . . မိမိုးခါးရေ လုပ်ဟ ကောင်းတယ် ဆက်ရေး . . . . ငါခေါင်းလဲ ဘာမှမထွတ်တော့ဘူးဟာ ဒီတလော . . .

ဏီ(န်)ကင်း said...

မနက်ကိုမထချင်..ထချင်နဲ့ထ...မတွေးချင်တွေးချင်နဲ့တွေး... မသွားချင်သွားချင်နဲ့အလုပ်သွား....မရေးချင်နေရေးချင်တော့မဟုတ်ဘူး.... ရေးထားတာတော့ကောင်းတယ်...

ဆက်လုပ်ဗျို့

ပုံ့မေ said...

လက်ရှိပဲကောင်းတယ်... အတိတ်လဲ ဆွေးမနေနဲ့ ... အနာဂတ်လဲ မျှော်မနေနဲ့ ...

ရွေးချယ်စရာလားးး... ပျင်းသေးတယ်... အချိန်ကျရင် သူ့ အလိုလို အံဝင်ဂွင်ကျဖြစ်သွားလိမ့်မယ်...

အရွေးမှားတယ်ဆိုတာလဲ မဖြစ်သင့်ဘူး... ရရှိခဲ့တဲ့ ရွေးချယ်မှုကို တတ်နိုင်သလောက် အားထုတ်နိုင်ရင် အိုခေစိုပြည်သွားမယ်...

ကြိုက်စ်တယ်...

ညလင်းအိမ် said...

အော်...လက်ရှိအချိန်က အကောင်းဆုံးပါပဲ...
ဟုတ်ပါတယ်ဗျာ...

flowerpoem said...

လက်ရှိအချိန်ကို တန်ဖိုးထားပါတယ်. . .

Welcome said...

ပြီးခဲ့တဲ့ အတိတ်ကိုလဲ မလွမ်းတော့ဘူး
လာမဲ့ အနာဂတ်ကို တင်ကြိုမသိနိုင်ဘူး
ဒါကြောင့်
ကောင်း၂ ဆိုးဆိုး ပစ္စုပ္ပန် ပဲလက်ခံသင့်တယ်။

kiki said...

လိုအင်ဆန္ဒ ပြည့်ဝ ပါစေ ..

Ree Noe Mann said...

လက်ရှိအချိန်က အသေချာဆုံးပါပဲ ညီမရယ်

အကိုတော်ရီနို

Unknown said...

ရှေ့ကလူတွေက အကုန်ပြောသွားကြတော့ သားက ဘာပြောရတော့မှာလဲလို့.. :( တော်ပြီ လက်ရှိအချိန်ကိုပဲ တန်ဖိုးထားပြီး ပြန်အိပ်တော့မယ်။ အိပ်ခါနီး ကဗျာကောင်းကောင်းလေး ဖတ်ချင်တဲ့ ဆန္ဒ အစ်မကြောင့်ပြည့်ရပြန်ပြီ..ကျေးဇူး

မိုးစက်အိမ် said...

လက်ရှိအချိန်လေးတော့
အကောင်းဆုံးအနေအထားနဲ့
တန်ဖိုးထားချင်သေးတယ် ကဗျာက
တရားသဘောရသတွေပါတယ်ဗျာ :)

Anonymous said...

ဟဲဟဲ ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...