Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Thursday, December 25, 2008

ရီရမယ်ထင်လို့

အသိအစ်မကြီးတစ်ယောက်ပြောတာလေ .. သူတို့ပေါက်ကရလုပ်တာကိုပြောမယ်နော် ..

သူက မန်းသူလေ .. ယောက်ျားလေးလိုနေတာဆိုတော့ အချက်အပြုတ်မရဘူး.. အိမ်မှာ သူ့အမေကပဲချက်တာ .. တစ်ခါ သူ့အမေခရီးထွက်တော့ သူတာဝန်ကျပြီလေ .. ဒါနဲ့ သူ့အဖေက ကြက်ကောင်လုံးပေါင်းစားမယ်ဆိုပြီး ကြက်သားသွားဝယ်ခိုင်းလိုက်တယ် .. သူလည်း ဆရာကြီး ဒီဇိုင်းနဲ့သွားတာပေါ့ .. ဈေးဆိုင်ကျတော့ ဈေးသယ်ကို ကြက်ကို အိမ်ရောက်တာနဲ့ တန်းချက်မယ် ဘာမှထပ်လုပ်စရာမလိုအောင် လုပ်ပေးလိုက်ဆိုပြီးခိုင်းလိုက်တယ် .. ဈေးသယ်ကလည်းလုပ်ပေးလိုက်တယ်ပေါ့ .. အိမ်ကိုသယ်လာရော .. အိမ်ရောက်တော့ ချက်တယ် .. ပြီးတော့ စားမယ်ကြည့်မှ ကြက် က ဇလုတ်ကြီးပါလာတယ်တဲ့ .. (စားကြမလားဟင် ..)း)

နောက်တစ်ခါကျတော့ သူ့အိမ်က ကြက်သွန် တို့ ဂျင်းတို့ကုန်နေပြီဆိုပြီး သူ့ဝယ်ခိုင်းလိုက်တယ် .. သူဆိုင်ရောက်တော့ ၀ယ်တာပေါ့ .. ထုံးစံအတိုင်း ကဲ အားလုံးတစ်ပိသာထည့်ဆိုပြီးခိုင်းလိုက်တယ် .. အိမ်ရောက်တော့ သူ့အဖေက ဂျင်းတစ်ပိသာထုတ်ကိုကြည့်ပြီး ခေါင်းခါပါသတဲ့ ... (ခိုင်းတဲ့လူအမှတ်မရှိတာပါနော် ..)

နောက်တစ်ခုက သူမဟုတ်ဘူး .. သူ့အဒေါ်နဲ့ အမေ .. သူတို့က အမေရိကားမှာနေတယ် .. အဲဒီက တိုက်တွေက မြင့်တော့ ဓါတ်လှေကားတစ်ခါစီးရင် ကြာတယ်တဲ့ .. တစ်ထပ်ရောက်တော့ သူတို့ဓါတ်လှေကားထဲ ကုလားကြီးတစ်ယောက်ဝင်လာတယ် .. အဲဒီကုလားကြီးကိုယ်က အရမ်းနံတာပဲတဲ့ .. သူတို့လည်း အထဲမှာ အလုံပိတ်မှတ်လား .. ဖတ်တဲ့လူတွေ ခံစားကြည့်ပေါ့နော် .. သူတို့လည်းပြောတာပေါ့ .. ဟယ် ဒီကုလားကြီး ချိုင်းကလည်း နံလိုက်တာ .. ခံတောင်မခံနိုင်ဘူး .. ရေဘယ်နှစ်ရက်မချိုးထားတာလဲမသိဘူးပေါ့ ဆို ပယ်ပယ်နယ်နယ်ပြောလာတာ .. နောက်ကျတော့ ကုလားကြီးက လှည့်ကြည့်တယ် .. ပြီးတော့ လာပြောတယ်တဲ့ .. အစ်မကြီးတို့ က မြန်မာနိုင်ငံကလာတာလားဟင်တဲ့ .. :P

Monday, December 15, 2008

ဟာသ

တရားရုံးတွင်
ရှေ့နေ : မွေးနေ့ ပြောပါ
တရားခံ : ဇူလိုင်လ ၁၈ ရက်
ရှေ့နေ: ဘယ်နှစ်လဲ
တရားခံ : နှစ်တိုင်းပေါ့

-----------------------

ရှေ့နေး ကို ဘမောင်ခင်ဗျား ခေါင်းကို ဒုတ်နဲ့ ရိုက်အပြီး မှတ်ဥာဏ်ချို့ယွင်းမှု ရှိခဲ့ ပါသလား?
တရားလို : ရှိပါတယ်
ရှေ့နေ : ဘယ်လို ပုံစံမျိုး ချွတ်ယွင်း ထိခိုက် သွားပါသလဲ
တရားလို :ကျွန်တော် မေ့ပါပြီ
ရှေ့နေ: မေ့သွားပြီ ? ဒါဆို ဘယ်ဟာတွေ မေ့သွားလဲ ဥပမာလေး ပေးနိုင်မလား?

-----------------------

ရှေ့နေး ခင်ဗျား ခင်ပွန်း မနက် မှာ ဘာအရင်ဆုံးစပြောလေ့ ရှိလဲ
တရားခံ : ငါဘယ်ရောက်နေလဲ အ၀င်း
ရှေ့နေ : အဲဒါက ခင်ဗျားကို ဘာအနှောက် အယှက်ဖြစ်စေလို့ လဲ ?
တရားခံ : ကျွန်မ နာမည် မသီတာပါ

-----------------------

သိပံ္ပ ပညာရှင် : ဘုရား သခင် ။ သင့်ကို ကျွန်ုပ်တို့ အလို မရှိတော့ပေ ။ အကြောင်းမှာ မြေမှုန့်မှ လူဖန်ဆင်းနိုင်သော အတတ်ကို သင့်နည်းတူ ကျွန်ုပ် တို့ ရှာတွေ့ ခဲ့ ပြီ ။
ဘုရားသခင် : ဒါဆိုလဲ လုပ်ပြလေ ။ ကြည့်ရသေးတာပေါ့။
သိပံ္ပပညာရှင်း ဒူးထောက်ထိုင်ချပြီး လက်တစ်ဆုပ်စာ မြေမှုန့် ကိုယူသည်။
ဘုရားသခင်: ဟေ့..အဲ့ ဒါ ငါဖန်ဆင်းထားတဲ့ မြေမှုန့်တွေ ။ ကိုယ့်မြေကိုယ် သွားယူချေ။
-----------------------

လူနာ : ဆရာ ကျွန်တေိာ့ ရင်ဘတ်တွေ မခံမရပ်နိုင်အောင် နာပါတယ်။
ဆရာဝန်း ခင်ဗျား နှလုံး မကောင်းလို့ ဖြစ်မယ်ဗျ ။
လူနာ : တခြား ထင်မြင်ချက်လေး လဲ ပေးပါဦး ဆရာရယ်
ဆရာဝန် : ခင်ဗျားက ရုပ်လဲ ဆိုးတာ ကိုးဗျ


Globalization အတွက် အကောင်းဆုံး အဓိပ္ပါယ် ဖွင့်ဆိုချက် ကဘာလဲ ???
ဖြေသူ - အင်္ဂလန်မင်းသမီးဒိုင်ယာနာသေ တာပါ
မေးသူ - ဘာဖြစ်လို့ လဲ ?
ဖြေသူ -အင်္ဂလိပ် မင်းသမီး နဲ့ သူမ၏ ရည်းစား ၊ အီဂျစ် သူဌေး သားတို့ ၊ စကော့ ၀ီစကီသောက်ပြီး မူးနေတဲ့ ဘယ်ဂျီယံ နိုင်ငံသားမောင်းလာတဲ့၊ ဒက်ခ်ျ အင်ဂျင်တပ် ဂျာမဏီ နိုင်ငံလုပ် မော်တော် ကား မှောက်တော့ ပြင်သစ် ဥမင် ခေါင်းထဲ မှာ ။ အကြောင်းက
ဂျပန် နိုင်ငံလုပ် မော်တော် ဆိုင်ကယ် ကြီးတွေ စီးတဲ့ အီတလီ ပါပါ ရာဇီ သတင်းမုဆိုးတွေ ကနောက်က လိုက်လို့ ပါပဲ ။
ပြီးတော့ အမေရီကန် ဆရာ ၀န် အရေးပေါ် ကုပေးတယ်။ ဒီစာကို မြန်မာ တစ်ယောက်ဖြစ်တဲ့  မေသဲ က အမေရိကန်သား ဘီလ်ဂိတ် ရဲ့ နည်းပညာ အသုံးပြုလို့ ဘာသာပြန်ပြီး စင်ကာပူ ကနေ ပို့ပေးတယ်။
ခုစာဖတ်နေတဲ့ သူ သုံးတဲ့ မော်နီတာ က
ကိုးရီးယားက လာတာ ဖြစ်ချင် ဖြစ်မယ်
စက်ကတော့
တရုတ်စက်
ဘင်းဂလားဒေ့ရှ် မှာ ပြန်တပ်ဆင်တယ်
စင်ကာပူ ကနေ ဖြန့်တယ် ဒီထက် ပြည့်စုံ တဲ့ ဂလို ဘယ် လိုင် ဇေးရှင်းဖွင့်ဆိုချက် ဘယ်မှာ ရှိတော့ မလဲ ငှဲငှဲ

သူငယ်ချင်းဇိုဝီ ဘာသာပြန်ပေးထားတဲ့ ဟာသလေးပါး)

Tuesday, December 9, 2008

တွေ့သမျှ မြင်သမျှ (၁)

Before You Complain About Your Job...

မသက်သာပါလားနော် ..... :P

* * * * * *

The Day You Wish You Hid Your Wedding Shoes...


ဘာသဘောလဲဟင် .............. ????????????

* * * * * *

If One Look Could Kill...


နဲနဲမှ မကျေနပ်ဘူး .... :P

* * * * * *

You Can't Say He Isn't Creative...



ရှင်းရှင်းလင်းလင်းဖေါ်ပြထားတာပဲ ... :D

မျက်နှာကို တည်ထား တင်းထားရင် ရုပ်က ကျလွယ်ပါတယ်တဲ့ .. ရုံးမှာ အလုပ်မလုပ်ပဲ ဟိုမွှေ ဒီမွှေနဲ့ တွေ့မိလို့ တင်လိုက်တာပါ .. ဘာပဲဖြစ်ဖြစ် ပြုံးမိတယ်ဆိုရင်ပဲ အဆင်ပြေပါပြီ ..း( ဒီလိုမနေနဲ့ ..း) ဒီလိုလေးနေနော် ..း)

http://www.ahajokes.com/funny_cartoons.html ထပ်ရှာချင်သေးတယ်ဆိုရင်တော့ ဒီဆိုက်လေးမှာ ကြည့်နိုင်ပါတယ် ..
း) ဒီလိုလေး အမြဲနေနိုင်ကြပါစေ ...
မိုးခါး

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...