အချစ်က ချိုမြိန်မှုတွေကိုပေးတယ်
နှစ်ယောက်သား ပျော်ရွှင်နေချိန်တွေမှာပေါ့ ..
အချစ်က သာယာမှုတွေကိုပေးတယ်
နားလည်မှုတွေနဲ့ ကြည်နူးနေချိန်မှာပေါ့ ..
အချစ်က နွေးထွေးမှုတွေကိုပေးတယ်
အေးမြတဲ့ဆောင်းညတွေမှာပေါ့ ..
အချစ်က ယုံကြည်မှုတွေကိုပေးတယ်
နှစ်ယောက်သားလက်တွေခိုင်မြဲနေချိန်မှာပေါ့ ..
အချစ်က နှစ်သိမ့်မှုတွေကိုပေးတယ်
တစ်ယောက်ယောက် အားငယ်နေချိန်မျိုးမှာပေါ့ ..
အချစ်က ကြောက်ရွှံ့မှုတွေကိုပေးတယ်
နှစ်ယောက်သားဝေးကွာနေချိန်မျိုးတွေမှာပေါ့ ..
အချစ်က ငိုကြွေးမှုတွေကိုပေးတယ်
နားလည်မှုတွေလွဲနေချိန်မှာပေါ့ ..
အချစ်က လွမ်းဆွတ်မှုတွေကိုပေးတယ်
မတွေ့ရတဲ့အချိန်တွေမှာပေါ့ ..
ငါယုံကြည်တယ်
ဘယ်လိုပဲငိုကြွေးရပါစေ
ဘယ်လိုပဲဝမ်းနည်းရပါစေ
ဘယ်လိုပဲလွမ်းဆွတ်ရပါစေ
ငါတို့အချစ်တွေကတော့
နောက်ဆုံး တစ်နေ့နေ့မှာ
ပြည့်စုံခြင်းနဲ့အဆုံးသတ်မှာ
အသေချာပဲဆိုတာ ..
Showing posts with label အချစ်. Show all posts

Monday, December 1, 2008
Saturday, November 29, 2008
သူမကြောင့်
သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ဘူးတယ် .. သူမအပြုံးတစ်ခုတည်းနဲ့ပါ ..
သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးလူတစ်ယောက်လိုခံစားရဖူးတယ် .. သူ့စကားလေးတစ်ခွန်းတည်းနဲ့ပါ ..
သူမကြောင့်ပဲ ကျွန်တော်ဟာ လောကကြီးကို ရင်ဆိုင်နိုင်တယ်လို့ ယုံကြည်မှုတွေ လွန်ကဲဘူးတယ် .. သူ့လက်လေးကို ဆုပ်ကိုင်ခွင့်ရခဲ့တဲ့ အချိန်ကပါ ..
သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အနုံချာ အစုတ်ပြတ်ဆုံးလူတစ်ယောက်လိုခံစားရဘူးတယ် .. သူ့မျက်နှာထားတစ်ခုတည်းနဲ့ပါပဲ ..
သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်ကနေ ရေခိုးရေငွေ့အဖြစ် အမှုန်အမွှား အငွေ့အသက်အဖြစ် ပျောက်ကွယ်သွားချင်ခဲ့ဘူးတယ် .. သူ့အကြည့်တစ်ချက်တည်းနဲ့ပါ ..
သူမကြောင့် ကျွန်တော့ဘ၀ အနာဂါတ်အတွက် ငိုကြွေးမြည်တမ်းခဲ့ဘူးတယ် .. သူ့တွဲလက်တွေ အေးစက်ခဲ့ချိန်တုန်းကပါ ..
သူမကြောင့်ပဲ ကျွန်တော့ဘ၀ ရည်ရွယ်ချက်မရှိ လမ်းပျောက်သွားခဲ့တယ် .. သူ့လမ်းခွဲစကားလေးတစ်ခွန်းကြောင့်ပါ ..
ချစ်သူ ..
အချစ်ဆိုတာ ငါ့အတွက်တော့ ခံစားချက်ပေါင်းများစွာနဲ့ ဖွဲ့တည်ထားတဲ့ သက်မဲ့အရာတစ်ခု .. သူမကတော့ ချစ်တတ်အောင် ခံစားတတ်အောင်သင်ပေးခဲ့တဲ့ သက်ရှိအရာတစ်ခု .. ဘာပဲဖြစ်ဖြစ် ငါချစ်တတ်ခဲ့ပြီ .. တနည်း လူပီသခဲ့ပြီ .. အချစ်ကို ချစ်နေဖို့ပဲ ငါသင်ယူခဲ့ပြီ ..

Subscribe to:
Posts (Atom)