Saturday, November 29, 2008

သူမကြောင့်

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ဘူးတယ် .. သူမအပြုံးတစ်ခုတည်းနဲ့ပါ ..

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးလူတစ်ယောက်လိုခံစားရဖူးတယ် .. သူ့စကားလေးတစ်ခွန်းတည်းနဲ့ပါ ..

သူမကြောင့်ပဲ ကျွန်တော်ဟာ လောကကြီးကို ရင်ဆိုင်နိုင်တယ်လို့ ယုံကြည်မှုတွေ လွန်ကဲဘူးတယ် .. သူ့လက်လေးကို ဆုပ်ကိုင်ခွင့်ရခဲ့တဲ့ အချိန်ကပါ ..

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အနုံချာ အစုတ်ပြတ်ဆုံးလူတစ်ယောက်လိုခံစားရဘူးတယ် .. သူ့မျက်နှာထားတစ်ခုတည်းနဲ့ပါပဲ ..

သူမကြောင့်ပဲ ကျွန်တော်ဟာ ကမ္ဘာပေါ်ကနေ ရေခိုးရေငွေ့အဖြစ် အမှုန်အမွှား အငွေ့အသက်အဖြစ် ပျောက်ကွယ်သွားချင်ခဲ့ဘူးတယ် .. သူ့အကြည့်တစ်ချက်တည်းနဲ့ပါ ..

သူမကြောင့် ကျွန်တော့ဘ၀ အနာဂါတ်အတွက် ငိုကြွေးမြည်တမ်းခဲ့ဘူးတယ် .. သူ့တွဲလက်တွေ အေးစက်ခဲ့ချိန်တုန်းကပါ ..

သူမကြောင့်ပဲ ကျွန်တော့ဘ၀ ရည်ရွယ်ချက်မရှိ လမ်းပျောက်သွားခဲ့တယ် .. သူ့လမ်းခွဲစကားလေးတစ်ခွန်းကြောင့်ပါ ..

ချစ်သူ ..
အချစ်ဆိုတာ ငါ့အတွက်တော့ ခံစားချက်ပေါင်းများစွာနဲ့ ဖွဲ့တည်ထားတဲ့ သက်မဲ့အရာတစ်ခု .. သူမကတော့ ချစ်တတ်အောင် ခံစားတတ်အောင်သင်ပေးခဲ့တဲ့ သက်ရှိအရာတစ်ခု .. ဘာပဲဖြစ်ဖြစ် ငါချစ်တတ်ခဲ့ပြီ .. တနည်း လူပီသခဲ့ပြီ .. အချစ်ကို ချစ်နေဖို့ပဲ ငါသင်ယူခဲ့ပြီ ..

1 comment:

ဏီ(န်)ကင်း said...

အားပါး...ဖတ်ရတာအသက်ရှူရတာတောင်မေ့တယ်...
ကျွန်တော့်ကိုတည့်တည့်ကြည့်ပြီးရေးထားတာလား..ဟင်
တိုက်ဆိုင်တယ်... တိုက်ဆိုင်တယ်....
သူမကြောင့်ပဲ...ဒီကောင်.......

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...