Thursday, September 17, 2009

မိုးမနက်ခင်း

ဒီလိုရာသီဥတုမျိုးပေါ့
ကျမ မုန်းတာ

စိုစွတ်စွတ် အုံ့မှိုင်းမှိုင်း
သစ်ပင်စိမ်းတွေပါ ငိုက်မြည်းလို့
မလန်းဆန်းကြဘူးတဲ့ ..

ညနေခင်း မိုးရွာတာကို ကြိုက်ပေမယ့် ခုလို မနက်စောစောမှာ မိုးနံ့တွေ ရနေတတ်တာကို ဒီနေ့အတွက် မနှစ်သက်မိဘူး .. ကိုယ် နိုးထလာချိန်မှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အားလုံးက မှုန်ကုတ်ကုတ် .. မပွင့်တပွင့်နဲ့ .. တချို့ကျတော့လည်း နှစ်ခြိုက်စွာ အိပ်မောကျလို့ .. မနာလိုပါဘူး ..

************

ညဘက် တရေးနိုးချိန် ဖုန်းကို သတိတရ ကြည့်လိုက်မိတော့ မချိုမချဉ်နဲ့ ကိုယ့်ပြန်ကြည့်နေတဲ့ ကိုယ့်ပုံကို တွေ့တယ် .. စိတ်ရှုပ်ရှုပ်နဲ့ ကာတွန်းပုံ ပြန်ပြောင်းလိုက်တယ် .. နာရီကို ကြည့်တော့ ၅ နာရီခွဲ .. မျက်လုံးကလည်း ကြည်လို့ .. အိပ်ရာက ထရင်ကောင်းမလား စဉ်းစားပေမယ့် အချိန်ကို အကျိုးရှိအောင် အသုံးချချင်စိတ်ကြောင့် အတင်းစွတ်မှိတ်ပြီး ပြန်အိပ်လိုက်တယ် .. မတွေးပဲလဲ ခေါင်းထဲရောက်လာတဲ့ အကြောင်းတွေကိုလဲ ခေါင်းကိုခါပြီး ဖယ်ထုတ်လိုက်တယ် ..

အလန်းသံကတော့ တတီတီနဲ့ အချက်ပေးနေပါပြီ .. ခုနက ထလိုက်မိကောင်းသား .. ခုနက ကြည်နေတဲ့ အမြင်တွေလည်း ပြန်လည် နောက်ကျိလို့ .. ရောဂါက စပြီ .. အပျင်းရောဂါ .. ဘယ်ခလုတ်တွေ ဘယ်လိုနှိပ်မိတယ် မသိဘူး .. အသံက ထထမြည်တာ မပြီးနိုင် .. နှိပ်ရော နှိပ်မိရဲ့လားမသိ .. နာရီကြည့်လိုက် ပြန်အိပ်လိုက်နဲ့ ၁၆ ခါလောက် လုပ်အပြီးမှာ ၆နာရီက ခွဲနေပြီ .. နောက်ဆုံးမိနစ်မှာ လူးလဲ ထလိုက်တယ် ..

မဆီမဆိုင် အိပ်မက်ထဲမှာ လူစုံတက်စုံ ထည့်မက်တာကို သတိရသွားသေးတယ် .. ဘာတွေဘယ်လို မက်တယ်တော့ စဉ်းစား မရတော့ .. ပြန်သတိရအောင် ပြန်အိပ်လိုက်ရကောင်းမလား ..

အမဖြစ်သူ အခန်းထဲဝင်လာမှ အတင်း ကုန်းရုန်းထ .. ရေချိုးခန်းဘက်ပြေး .. အားလုံးပြင်ဆင်ပြီးချိန်မှာ ၇နာရီ ထိုးဖို့ မိနစ် အနည်းငယ်သာ လိုပါတော့တယ် .. သွားရပြန်ဦးမယ် .. တွေ့ရပြန်ဦးမယ် ..

ထွက်ခါနီး ဘုရားစင်ရှေ့ထိုင် .. တတ်တာလေးတွေ ရွတ်ပြီး မေတ္တာပို့ ..

အိမ်တခါးကိုဖွင့် နေ့ရက် သစ်တခုကို အစပြု .. ဘတ်စ်ကားဂိတ်သွားရာ လမ်းတလျှောက် လမ်းကစိုတိုတိုမို့ စိတ်က ချဉ်ချဉ်နဲ့ လမ်းကိုပဲ မျက်စောင်းပစ်ထိုးလိုက်တယ် ..

ဒီနေရာရောက်တိုင်း ပြုံးချင်မိတာက အမြဲတမ်း ကြောင်ပေါက်လေး တကောင်မဟုတ် တကောင်ရှိတယ် .. တကောင်တည်းဆို ဟိုဟာလျှောက်နမ်း ဒီဟာလျှောက်နမ်း .. ကိုယ်က ချွတ်ချွတ်ခေါ်လည်း လှည့်ကြည့်ဖို့ ကောင်းမှန်း မသိတဲ့ဟာလေးတွေ .. နှစ်ကောင်ဆိုရင်တော့ တကောင်နဲ့ တကောင် ပါးရိုက်ရင်ရိုက် .. မဟုတ်လည်း အမြီးကို ကိုက်ပြီး ဆော့နေကြတာ .. ကြောင်ပေါက်လေးတွေကိုတော့ ချစ်တယ် .. ကြီးရင် မချစ်တော့ပါ ..

ကားဂိတ်မှာ အမြဲတွေ့နေကျ စိတ်မူမမှန်တဲ့လူကြီးကလည်း ထုံးစံအတိုင်း ဟိုဘက်လျှောက် ဒီဘက်လျှောက် .. လူတွေကို ကြည့်ရတာလည်း မလန်း မဆန်း .. ငိုက်မြည်းနေကြတယ် ..

လမ်းတလျှောက်လုံး ဘုရားစာရွတ်ရင်းကကို စိတ်က ဟိုရောက် ဒီရောက် .. ရာသီဥတုကြီးကလည်း ခံစားလို့ မရလိုက်တာ .. စိုစွတ်စွတ် အုံ့မှိုင်းမှိုင်း .. ငါမလွမ်းချင်ပါဘူးဆိုမှ ..း(

မမျှော်နဲ့ မမျှော်နဲ့ .. ခုလောက်ဆို ဟိုက အိပ်လို့ ကောင်းတုန်းပဲ နေမှာ .. နိုးရင်ရော .. သတိတော့ ရကောင်းပါရဲ့ ..

31 comments:

Anonymous said...

သနားစရာ မိုးမနက်ခင်းလေး ကူဆွေးသွားတယ်

Anonymous said...

အော် အိပ်နေပေမယ့် အိမ်မက်ထဲမှာ သူလည်း သတိရနေမှာပါ။ မမျှော်နဲ့နော် နိုးရင် လှမ်းခေါ်လိမ့်မယ်။
အုံ့မှိုင်းမှိုင်းနဲ့ မကြည့်လင်တဲ့ ကောင်းကင်ကို မော့်ကြည့်ရင်း မရောင်လည်း မျက်စောင်းထိုးလိုက်တယ်နော်။

chocothazin said...

ဟင့် နာလည်း ရုံးကိုမလာချင့်လာချင်နဲ့ ရောက်နေတယ်။ ဟီး... တိုင်ပင်ပြီး ရုံးလစ်ကြရအောင် :)

kiki said...

( တရေးနိုးသော် အကြံပေါ်၊ပေါ်သည့်အကြံ ပြန်အိပ်ရန်) ပေါ့ နော်.. ဟိဟိ

မိုး အေးအေး နဲ့  ကွေးနေတာ အကောင်းဆုံး ပါဘဲ ဝေ့..

သံလွင် HeRo said...

မိုးနံနက်ခင်းက လူကိုနုံးချိချိနဲ့ပျင်းရိနေစေမဲ့
အခုတော့ ရုံးမှာဘလော့ရေးနေတာပဲ...
ပျော်ပါတော့...ဟိုကလား...ဟီး အဲဒါတော့ တားတိဝူး
ဖုံးဆက်မေးကြည့်ပေါ့ :P

မေလေး said...

ဟွန်းးး မနာလိုဘူးးးး
၆ ခွဲဆို နာ့က အမ်အာတီပေါ်ရောက်နေပီ
သူကအဲချိန်မှ ထရတာကို ညည်းနေလိုက်တာ
ခိုမလေး ကျနေတာဘဲ
စောစောထွက်ပေါ့
ဒါဆို မိုးမမိတော့ဘူး။
စိတ်ချ ဟိုကလဲအိပ်နေပေမဲ့ အိပ်မက်ထဲသတိရနေပါတယ်တဲ့။းP

ကောင်းကင်ရဲ့ သမီးပျို said...

သူများတွေကတော့ မိုးတွေရွာလို့စိတ်ပျက်နေကြပါလား.....နာတို့နိုင်ငံမှာ တော့ ပူတာပဲတိတယ် မိုးရွာတာလည်း တွေ့ဝူး တို့များလည်း ဒီလိုရာသီတွေကို မုန်းလိုက်တာ သူလည်းသတိရနေမယ်ထင်တာပဲလေ ... ဘာမှမပူနဲ့သိလား အဲဂလို ပျင်းလို့မထချင်တဲ့အချိန် သရဲတစ်ကောင်လွှတ်လိုက်မယ်နော်....ဗြဲဟဲဟဲ ...ဆိုရင်တော့ ကုန်းရုန်း ထမယ် မဟုတ်လား...ဟီး

ပျော်ပါစေ မမိုးခါးရေ
သမီးပျို

Phyo Maw said...

အော် အကိုမိုးခါးရယ်
လွမ်းတာတောင် ဘုရားစာရွတ်ရင်း လွမ်းရတယ်လို့

ကိုရေတမာ said...

အော် သူများတွေ မိုးအုံတာလည်း ပိုစ့်တစ်ပုဒ်ရကြတယ်။ အလွမ်းလား ဟာသလားတော့မသိဘူး ဖတ်ရတာ ပါးညောင်းနေဘီ

တောင်ပေါ်သား said...

း) ခူးးးးး ခလောာာာာာာာာ ဆိုင်လားတော့ မသိဘူး အိပ်ရတာ ကောင်းပါ့
မိုးအေးတော့ စောင်လေး ခြုံပြီး အိပ်ရတာ အကောင်းဆုံးပါပဲ ကြာပါတယ် ခွင့်ယူပြီးး ပြန်အိပ်ဦးမယ်း)


လေးစားလျက်
တောင်ပေါ်သား

WWKM said...

ဟာ.. ညီမလေးကလည်း အဲမှာ ၇ နာရီဆို ဒီမှာ ၈နာရီရှိနေပြီလေ။
သူလည်း အိပ်ရာနိုးပြီး တူတူပဲလွမ်းနေမှာပေါ့။
စိတ်ချမ်းသာအောင်တွေးနော်။း)

စိုင်းစိုင်းလားရှိုး said...

ဝါးဟားဟား မိုးခါးတစ်ယောက်တော့ သွားရှာပြီ အူကြောင်ကြောင် လောကကြီးကို မြင်သွားပြီ ။

flowerpoem said...

မိုးအေးရင် ကွေးပဲနေချင်တယ် ဘာမှမလုပ်ချင်ဘူး ဘယ်မှလည်း မသွားချင်ဘူး

မိုးစက်အိမ် said...

နိုးရင်သတိရမရတော.သိဘူး ပြန်အိပ်ချင်တာတော.သိတယ် :P

Libratun said...

မထချင်ရင် ကြောင်လေး နှစ်ကောင် လွှတ်ပြီးပါးရိုက်ခိုင်းလိုက်မယ်။

yangonthar said...

အင်း ကျနော်ရှိနေတဲ့နေရာမှာလည်း မိုးတွေ အုံ့ ဆိုင်းပြီး အသက် ထွက်မတတ်ရွာနေတယ် မိုးကိုချစ်လားဆိုတော့ ချစ်ပါတယ် ... ဒါပေမယ့် လွမ်းတဲ့အချိန်မိုးရွာလို့ ရှိရင် သိပ် စိတ်မှိုင်းတာပဲဗျာ .... ဘာလွမ်းမှန်းလည်း မသိတော့ဘူး ဝေ သွားရော ... မိုးလည်းတိတ် ရော စောင်ပုံထဲမှာ ခလော ဆိုပြီး :))))) စိတ်အလိုမကျတဲ့အခါ အရာရာဟာ မျက်လုံးထဲ နားထဲ စိတ်ထဲ ကန့် လန့် ကြီးနော် သေချာတယ် .......
ခင်မင်လျှက်
ရန်ကုန်သား
မိုးတိတ်ပါစေ :))))

သီဟသစ် said...

အင်း မိုး.. မိုး

အလွမ်းတွေကို ပွားစေသကိုး

တို့လည်း ရုံးမှာ အဲ့အချိန်ဆို အရမ်းလွမ်းတယ်
အိမ်က အိပ်ရာလေးကို

:D


ခင်မင်စွာဖြင့်
သီဟသစ်

ဇော် said...

တူတူပါပဲ ဒေါ်လေးခါးရာ .. နိုးပြီးလို့ ပြန်အိပ်ရင် လူက ပြန်မထချင်တော့ဘူး။ =)

ကောင်းကင်ပြာ said...

အိပ်နေလဲ သတိရ၊ နိုးနေလဲ သတိရပါတယ်တဲ့း)
မကြိုက်ဘူး မိုးရွာတာ၊ လွမ်းတတ်လို့ :P

လင်းကြယ်ဖြူ said...

ရွာစေချင်ရင်မရွာနိုင်ဘူး
မရွာချင်ပြန်ရင်သွန်းဖြိုးမဆဲတော့တယ် ...ပေါ့လေ..

Anonymous said...

နင်ကလဲဟာ အိပ်ကောင်းတုန်းဆိုပေမဲ့ အိမ်မက်ထဲမှာ ထည့်မက်ချင် မက်နေမှာပေါ့ မဟုတ်ဘူးလား နင် သူ့အိမ်မက်ထဲ သွားဝင်ကြည့်ကြည့်ပါလား နင်ရှိနေချင်ရှိနေမှာလေ . . .. .

နွေးနွေးသဲမွန် said...

မိုးရွာရင် လွမ်းတာ...း-)

khin oo may said...

:D

Dream said...

မယုံဘူးဆို ၀င်သွားကြည့်ပါ
မဟုတ်ဘူးဆို ပြန်ထွက်ခဲ့ပါ။ အဟား
အိမ်မက်ထဲကို ပြောပါတယ်။း))

အလွမ်းများ ငြိမ်းစေသတည်း......
ငါ..အလွမ်းများ ငြိမ်းစေသတည်း.......
(ကော်နီသီချင်းလေး လိုပဲံနော်.. အလွမ်းတွေ ငြိမ်းပါစေ..)း))

အာဝါးးးးးး

ဝက်ဝံလေး said...

ဒေါ်လေး ခါးခါး ဟိဟိ မိုးရွာတာကောင်းတယ် ဒါပေမယ့် မိုးအေးအေးနဲ့ အိပ်ချင်တယ် စာနာတယ် ဟိဟိ

ဘိုင် တာ့တာ

thawzin said...

နောက်သော မိုးနံနက်ခင်းမှာလဲ ဒီလိုဖြစ်နေတာကောင်းပါတယ် .... ဘုရားကို ပိုအာရုံပြုမိတာပေါ့ဗျာ.... သူကိုလွမ်းလို့ ဘုရားစာရွတ်တာထက် သဒ္ဓါတရားလေးနဲ့ ကြည်ညိုလိုက်ရင် စိတ်ညစ်စရာ မိုးနံနက်ခင်းမှာ စိတ်ချမ်းမြေ့စရာလေးတွေ ခံစားမိနိုင်လောက်ပါတယ် အစ်မရေ

ကြယ်ပြာ said...

အဲ့မိုးရွာလို့ပေါ့ ... ခွင့်ယူပလိုက်တာ ... နောက်နေ့ကျတော့ အလုပ်တွေပုံနေပါရောလား .... လမ်းမကြီးကို မျက်စောင်းပစ်ထိုးနေတဲ့ မိုးခါးလေးကို မြင်ပြီး ပြုံးမိတယ် ...

Angel Shaper said...

မိုးရွာရင် မိုးရေချိုးမယ်။
မေမေလာရင် ထမင်းစားမယ်။
ဖေဖေလာရင် နောက်ထပ်စားဦးမယ်။ ဟိဟိ
မိုးရေ လာနဲ့ လွမ်းတတ်တယ်နော်။

ကိုလူထွေး said...

ဒါကြောင့်ထင်တယ်...
MC ခဏခဏယူတာ...

းဝ)

မငုံ said...

မိုးရွာရင် အိပ်ရာက မထချင်တာတော့ ပြောမနေနဲ့နော်။ ပိုပိုပြီးသာ အိပ်ချင်တော့တယ် :)

ဏီ(န်)ကင်း said...

နောက်ဆုံးစာကြောင်းလေးမှ ..ထိသွားတယ်...
ဟူး.....ဘယ်လိုဖြစ်သွားပြီလဲသိဘူး....

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...