Tuesday, September 29, 2009

အမြင်ကတ်စရာ အားသာချက်များ :P

မိုးခါးမှာ အမြင်ကတ်စရာ တွေကတော့ မျက်နှာကြောတင်းတာက စပြောရမယ်ထင်တယ် .. :P

စူပုတ်နေတာပဲတဲ့ .. ကိုယ့်ဟာကိုယ် တယောက်တည်းနေရင်း ရီနေရင် အရူးဖြစ်သွားမှာပေါ့ .. :P .. ဒီတော့ မိုးခါးတို့ မျက်နှာက တယောက်တည်းဆိုရင် တလောကလုံး တင်ကျွေးထားရသလို မျက်နှာမျိုးပါ .. :D

ပြီးစိတ်တိုလွယ်တာကလည်း တော်တော် အမြင်ကတ်ဖို့ ကောင်းပါတယ် .. စိတ်က တိုပြီဆိုရင် နထင်မှာက တဒုတ်ဒုတ်နဲ့ ဒေါသတွေ အလိပ်လိုက် ထွက်တတ်တာ .. (ဘယ်အချိန် ဦးနှောက်သွေးကြော ပြတ်ပြီး လျှောမလဲ မသိဘူး .. :P) စိတ်ဆိုးပြီဆိုရင် မျက်နှာက ပြင်လို့မရတော့ဘူး .. ဟန်ဆောင်ပြီးတောင် ရီပြလို့ မရတော့ဘူး .. စကားလည်း ပြောမထွက်တော့ဘူး .. ဒေါသတွေ ထွက်ပြီး အကုန်လုံးကို ကိုင်ဆောင့်ချင်စိတ်ကို ပေါက်နေတာ .. အဲဒီအချိန် မြင်တဲ့သူက တော်တော်ကို အမြင်ကတ်မှာ .. ဟိုနေ့ကပဲ ခေါင်သူကြီးနဲ့ ဖြစ်ပြီးဘီ :P ..

တချို့က ပြောတယ် .. မိုးခါး စကားပြောတာ ဘယ်လိုကြီးမှန်း မသိဘူးတဲ့ .. ကန့်လန့်ဖြစ်ဖြစ်သွားတယ် ထင်ပါတယ် .. ပြီးတော့ ကိုယ့်စိတ်ထဲမှာ ခင်မင်တယ် ရင်းနှီးတယ် ခံစားရရင် စိတ်ထဲဖြစ်သလို ပြောချလိုက်တာ .. နောက်လိုက်တာမျိုးကလဲ တချို့အတွက်တော့ ကျောတောတောနဲ့ အမြင်ကတ်စရာ ဖြစ်နေပါလိမ့်မယ် .. တကယ်ကတော့ ဒါက ခင်တဲ့လူတွေကိုမို့ ပြောတာပါ .. :D

တချို့ကလည်း ပြောပြန်ရော သံသယကြီးတယ်တဲ့ .. :D တကယ်တော့ သံသယ ကြီးတာမဟုတ်ပါဘူး .. တော်ရုံ ပြောစကားမယုံဖြစ်တာ .. ပြောတာ မယုံတော့ ပြောတဲ့လူက အမြင်ကတ်ပြန်ရော .. :P

မိုးခါးက အတေးအမှတ်ကြီးတယ်ပြောရမယ် .. ကိုယ့်ကိုပြောသွားတာ လုပ်သွားတာ မမေ့ဘူး .. မေ့ထားရင်တောင် အကြောင်းတိုက်ဆိုင်ရင် ပြန်ပြန်သတိရတာပဲ .. ဒါက ကိုယ့်ကို မကြိုက်တဲ့ အမြင်ကတ်တဲ့ အချက် ..

နောက်တခုက စည်းကမ်းမရှိတာ .. ပစ္စည်းကို တန်ဖိုး မထားတာ .. မိုးခါးတို့ လုံးဝ စည်းကမ်းမရှိပါဘူး .. (ဒီဘလော့ကို ကြာကြာဆက်ရေးမယ်ဆို တကယ်ပဲ ယူမယ့်သူမရှိ ဖြစ်တော့မယ် ထင်ပါတယ် .. :P) မိုးခါး လက်ထဲမှာ ဘယ်ပစ္စည်းမှ ကြာကြာမခံဘူး .. ၀ယ်ပြီးပြီးချင်း ခဏပဲ .. နဲနဲကြာပြီဆို ပစ္စည်းကို ထားချင်တဲ့ နေရာထားတယ် .. လိုရင် မရှိတော့ဘူး .. အဲဒီအကျင့်ကို မကြိုက်ဘူး .. ဒါပေမယ့် လုပ်မိနေတုန်းပဲ .. ဒါကတော့ ကိုယ့်ကို အမြင်ကတ်တာပါ ..

ဘာကျန်သေးလဲ မသိဘူး .. တခါတလေ ကိုယ့်ကို တော်တော် အမြင်ကတ်ပါတယ် .. အမကလည်း ပြောတယ် .. "မီးငယ် ငါနင့်ကို တော်တော် အမြင်ကတ်တယ်" တဲ့ .. သူ့ကို ကန့်လန့် လုပ်တဲ့ အချိန် .. ဘုကန့်လန့် ပြောတဲ့ အချိန် .. စကားနားမထောင်တဲ့ အချိန် .. :D

ခေါင်းမာတာလဲ အမြင်ကတ်စရာ တခုပေပဲ .. လုပ်ချင်ပြီဆို ဇွတ် .. မလုပ်ရ မချင်း နေလို့ မရဘူး .. သွားမယ်စဉ်းစားထားရင် သွားရမှ .. လုပ်မယ်ဆို လုပ်လိုက်ရမှ .. မဟုတ်ရင် တူတူရှိနေတဲ့ လူတွေပါ မနေရတော့ဘူး ..

ပြီးတော့ ရစ်သေးတယ် .. မမူးပဲရစ်တာ .. ရစ်ချင်လို့ကို ရစ်တာ .. အရစ်ခံရတဲ့လူ အမြင်ကတ်မှာပဲ ..

ဒီလောက်ပါပဲ သိပ်မရှိပါဘူး ..း)

ဒါက စလုံးပေါင်ချိန်တဲ့ သူ့ကိုယ်သူ (အဆိပ်ခွက်) က တဂ်တာပါ .. ခုတော့ သူလုပ်တာနဲ့ ဖွရပြီ ..

ဝံလေးက အကြိုက်ဆုံး ဘလော့ ငါးခုလည်း တဂ်ထားပါတယ် .. ဒါက တော်တော် ရွေးရခက်ပါတယ် .. ဆံပင်တွေ ဖြူကုန်မှာစိုးလို့ မစဉ်းစားတော့ဘူး .. (၀ံလေး သိချင်ရင် အမ ဆိုက်ဘားမှာ တင်ထားတဲ့ ဘလော့တွေ သွားကြည့်လိုက်နော် .. အကုန် ဖတ်ချင်လို့ လင့်ထားတာလေ .. ရေးသမျှ သိရအောင် မှတ်ထားတာ .. :D) အဲလိုလေးပဲ ဖတ်မှတ်လိုက်တော့နော် .. :D

ခုတလောလည်း စာတွေပဲ လိုက်ဖတ်ဖြစ်တာများပြီး စာ မရေးဖြစ်ပြန်ဘူး .. စိတ်ထဲမှာ ခံနေတယ် .. မြန်မာနိုင်ငံ သတင်းတွေရယ် တချို့ အဖြစ် အပျက်တွေရယ်က တော်တော် ရင်ခံစေပါတယ် .. စာရေးမယ်ဆို ရေးမထွက်ပါဘူး .. ရေးချင်တာတောင် ခံစားချက်ကို လိုက်မမီဘူး ဖြစ်နေတယ် ..

နောက်တခုကလည်း ဦးလေးတွေ ရန်ကုန်ကနေ ရောက်နေသေးတော့ ဧည့်ခံနေရသေးတယ် .. ဘီးဇီးဗျို့ :D

25 comments:

yangonthar said...

လူတစ်ကိုယ်စိတ်တစ်မျိုးပဲ မဟုတ်လား မမိုးခါး ရာ .... ကိုယ့်စရိုက်နဲ့ မကိုက်တိုင်းသား အမြင် ကတ်ကြစတမ်းဆို ထမင်းတောင်စားဝင် မယ်မထင် ဘူး ..... ဒီလိုပဲပေါ့ မိတ်ဆွေ ဆိုတာ သူလည်း ကိုယ့်အားနည်းချက် သည်းခံ ကိုယ်လည်း သူ့ အားနည်းချက်သည်းခံပေါ့ ... အဲ ချစ်သူခင်သူများဆိုရင်တော့ ပိုသည်းခံရမှာပေါ့လေ ... :) တစ်ခါတစ်ရံ ဒါလေး တွေက အမှတ်တရ ဖြစ်စရာတွေ မဟုတ်လား ....
ခင်တဲ့
ရန်ကုန်သား :)

ပုံ့မေ said...

မိုးခါနဲ့ မေသူနဲ့ တော်တော်တူတယ်...

မျက်နှာတည်တယ်၊ စကားပြောတာ တလုံးတခဲကြီးပြောတတ်တယ် (သူငယ်ချင်းကပြောတယ် တခါတခါ နင်အပေါက်ဆိုးတယ်တဲ့...ခွိခွိ)၊ တစိမ့်စိမ့်တွေး ဒေါသဖြစ်တတ်ပါတယ်၊ ဒါမဲ့ စိတ်ပြေလွယ်တယ်၊ အဟီးးးးး မေသူကတော့ အတေးအမှတ်တော့ ကြီးတတ်ဘူး... တခါတခါ ငါ့ကို ဘာလုပ်လို့ ငါက ဒီလောက်တောင် ဒေါသကြီးသွားပါလိမ့်လို့ စဉ်းစားရတဲ့ အခါရှိတယ် :D :P မေ့တတ်တယ်... ရှိသမျှ လိုတာရော၊ မလိုတာရော သိမ်းတယ်.. ပြီးဘယ်ထားမှန်းမသိတော့ဘူး..... :)

မိုးခါးအကြောင်းလေး ဖတ်ပြီး ကိုယ့်အကြောင်းကိုယ် တွေးသွားတယ်.. :)

Ree Noe Mann said...

ငါ့ နှမ ဘလော့ဂ်လေးတော့ ဆက်ရေးပါကွာ။
ယူမဲ့လူ မရှိလဲ မပူနဲ့ အကို့တာဝန်ထား၊ မရရတာနဲ့ ရှာပေးစာမယ် ဟုတ်ပြီလား။

ငါ့နှမ စိတ်နဲ့ အကိုတော်စိတ် တော်တော်တူတာပဲ။
ဒါနဲ့ ဘာနေ့ သမီးလဲ ပြောအုံး။ ဘုရား ဘုရား စနေ သမီးတော့ မဖြစ်ပါစေနဲ့။

ဟဲ ဟဲ နောက်တာပါ ညီမရေ။

ဦးလေးပြန်ရင် စာပြန်ရေးနော်။

ခင်တဲ့
ကိုရီနို

`ဪမေ့လို့ ဒီနေ့ phone message အတွက် ကျေးဇူးနော် ညီမ။

ဝက်ဝံလေး said...

ရေးထားတာလေး ဖတ်ရတာ ဝ စီဘောကျလယ် ကွယ် ဟိဟိ ဟေ့ကောင် အရက်ခွက် နင် တဂ် တုံးက တဂ်ထားပြီးတော့ အခုထိ လာမဖတ်သေးဘူးလား ကွ ဟေ

သိတယ်မလား သိပ်ဟောက်စား တတ်တယ် လေ ခိခိ

ဟုတ်ရတယ် ကိုကိုမိုးခါး ဟိဟိ သူများတွေ ခေါ်သလိုခေါ်ကြည့်ဒါ အကြိုက်ဆုံး ဘလော့ဂ် ၅ ခုမရေးပေးနိုင်တာ နားလည်တယ် ဘိုင် တာ့တာ နော် လာထော်နဲ့တော့ ပြန်တော့မယ် ခစ်ခစ်

Myoe Htet Zaw said...

စည်းကမ်း မရှိတာချင်းတော့ တူတယ် မမိုးခါးရေ
ဒါနဲ့စကားမစပ် ရည်းစားမရှိသေးဘူး လား ? :P

Libratun said...

တစ်ယောက်တည်း နေတဲ့ မျက်နှာတော့ မတွေ့ဖူးသေးဘူး။ ဟုတ်မှာပေါ့။း)
စိတ်တိုတာတော့ မပြောတတ်ဖူး... ဒါနဲ့ ခေါင်သူကြီးဆိုတာ ဘယ်သူလဲ... အခုထိ ဆော့တုန်းလား...
စည်းကမ်းမရှိတာတော့ မပျင်းရင်ပြင်လို့ရတယ်။းP (မပူပါနဲ့ဦး)း)
ခေါင်းမာတာတော့ မဆိုးပါဘူး။ ရစ်တာတော့ မလွယ်ဘူး။
:)
TNT

kiki said...

ဦးစိတ်တို နဲ့ မျောက်ညို လားလို့
အညှိုးကြီး ... စူပုတ် ..
နိုးပရော် ဗလမ်..

စိတ်မပုတ် ရင် ပြီးတာဘဲ ကွဲ့ ...

ကိုလူထွေး said...

ဖတ်ရင်းနဲ့တောင် အမြင်ကပ်ချင်သလိုလို ဖြစ်လာတယ်...

း) .........းP .........းD

ဒီသင်္ကေတလေးတွေကြောင့် နည်းနည်း ခံသာသွားတာ...းD

းဝ)

မငုံ said...

မိုးခါးရေ..:) ဖတ်ပြီးပြုံးသွားတယ်နော့။ မငုံနဲ့ အတော်တူတာပဲ။ အကျင့်ဆိုတော့လဲ ဖျောက်ရခက်သားလားနော်။ အဟဲ ဒီအတိုင်းလေးပဲ ဆက်နေနော်။

သူကြီးမင်း (တုံးဖလား) said...

ပေါ်ကုန်ပြီ။
စိတ်.. စိတ်.. စိတ်။

နှင်းနဲ့မာယာ said...

မိုးခါးရေ
တူနေပြန်ပီနော်...
တချို့နေရာတွေမှာ တော်တော်တူတယ်...
စိတ်ကြီးတယ်.. ဟဲဟဲ
ခုတလော ဘီးဇီးနေတယ်ဆိုလို့ ခွင့်လွှတ်လိုက်တယ်နော်...
မတွေ့တာကြာပေါ့...

မေလေး said...

ချစ်တရေး နာ့နဲ့ဒူဒူဘဲ
နာ့လဲတခုခုဆို ဒေါသကအရင်
ပီးရင်နောက်ကမျက်ရည်ကလိုက်လာပြီ
စိတ်ကလဲကြီးဘဲ
ရစ်တော့မရစ်ပါနဲ့ဟာ
အင်းးးအကျင့်ဆိုတာ မကောင်းမှန်းသိပေမဲ့ တခါတလေ ပြင်မရတတ်ဘူးဟ

သယ်ရင်းလေး ပျော်ရွှင်ပါစေ

Anonymous said...

ညီမလေးရေ ဖတ်ပြီး ပြုံးမိပါတယ်။ လူတကိုယ် မတူတဲ့ အကျင့်လေးတွေ တမျိုးစီပေါ့ ညီမလေးရယ်။ ဘာမှ မပူပါနဲ့ ဒီဘလောဂ့်လေးကို ဆက်သာရေး။ တချိုကတော့ ဒီအကျင့်လေးတွေကို ချစ်ရင် ချစ်မှာလေ နော်။ မရောင်က ပြောတာပါ။ ချစ်လို့ စပြီး ပြန်သွားပြီ။

မရောင်

Waing said...

မအားတဲ့ကြားထဲက စာတွေရေးပေးတာ ကျေးဇူးတင်ပါတယ်။ ဒေါသထွက်တာ၊ ဘုကလန့်နေတတ်တာ၊ ပစ္စည်းအသစ်ဝယ်ပြီးရင် အဟောင်းတွေကို ပစ်ထားတတ်တာတွေ အားလုံး
ဝိုင်းနဲ့တူတယ် :D

flowerpoem said...

အကျင့်တွေတူနေတယ် ခါး၂ရေ ဘယ်လိုလုပ်မလည်း ကောင်းဘူးနော် :P

Nyi Nyi said...

မိုးခါးဖြစ်ခြင်းကိုရှာတွေ့သွားတယ်။

မိုးစက်အိမ် said...

စိတ်တိုလွယ်တယ်ဆိုတော. စိတ်ကြီးလို.ပေါ.နော် အဲ ...
မျက်နှာကြောတင်းတာကလို. မပြုံးထားလို.ဖြစ်မယ် :D

Angel Shaper said...

တစ်ခုကျန်သေးတယ်လေ။
သူ့ ညီမက လာလည်မယ်ပြောတာနဲ့ ရက်အတိအကျပြောလေ ပုန်းရအောင်လို့ ဆိုပဲ။ ဟဲဟဲ
ပြီးရင် ကျန်သေးတယ် သမီးနဲ့ အိပ်နည်းတူသေးတယ်လေ။ တစ်ချို့ဆိုအမြင်သိပ်ကတ်တာ အဲဒီအိပ်နည်းလေးကို...လေ။ အနောက်ကနေ ကန်လိုက်ရတဲ့။ ဟိဟိ ပုံလေးပြောတာ။။။
အဆင်ပြေ ပျော်ရွှင်ပါစေမကြီးမိုးခါးရေ.......

တလနွန် said...

အဟမ်း ဒီအကျင့်နဲ့ ဆို အပျိုကြီးဖြစ်မှာပဲ :)
ငါတော့ မထင်ဘူး။ အပြင်မှာ တွေ့ တုန်းက ဒီလို အကျင့်တွေလည်း မတွေ့ ပါဘူး။ :P

စည်သူ said...

ဟုတပါ့..

အယ်.. ဟုတ်ပါ့လို့ရေးတာ ဘယ်လိုဖြစ်သွားလဲဟ
အမြင်ကတ်တာနဲ့ စာရေးတာတောင် မှားကုန်ပြီး..း)

တချို့ပြောတာကြားဖူးတယ်..

“အမ အမ” အမမျက်နှာကလေ မာနေတာပဲသိလား..

အင်.. ကျွန်တော်ထင်တာတော့..အမမျက်နှာကို လောက်လေးဂွနဲ့ ပစ်ရင်တောင်မှ ပြန်ကန်ထွက်မဲ့ သဘောမှာရှိတယ်..းP

အဲလောက်တာ့ မဖြစ်သေးပါဘူး
ဟုတ်ဘူးလား..အဟိ

Phyo Maw said...

ယူပါ။
ယူပလိုက်ပါ။
မတားပါဘူး။ =D

phyo said...
This comment has been removed by the author.
chocothazin said...

အမြင်ကတ်ချင်သလိုလိုတောင်ဖြစ်သွားတယ်။
အွန်လိုင်းမှာ invisible နဲ့ ချက်တာလည်း အမြင်ကတ်တယ် ဟွန်း :D

WWKM said...

ညီမလေးရေးထားတဲ့ စိတ်ဓါတ်ကလေးတွေ မမနဲ့တချို့
ထပ်တူနေလို့ ပြုံးသွားတယ် ညီမရေ။
မမလည်း စိတ်တိုရင် မကျေနပ်ရင် မျက်နှာမှာဟန်ဆောင်မထားတတ်ဖူး. ချက်ချင်းပေါ်တယ်.
မမလည်း ရုပ်တည်ကြီးနဲ့နေတာများတယ် ညီမရဲ့။ :P

Unknown said...
This comment has been removed by the author.

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...