Wednesday, October 7, 2009

စိတ်အချဉ်

ပူပြင်းတဲ့ နေဟာ
မေတ္တာတရားကြောင့်
အေးမြခြင်း အသွင် ပြောင်းသတဲ့
ဖတ်ဖူးသမျှ
စာသားတွေက
လှတယ်

စိတ်ကူးတွေ ယဉ်ကြ
မျှော်လင့်ချက်တွေ ပျိုးကြ
ကိုယ်ဆီ အိပ်မက်တွေ မက်လို့
တိမ်တွေပေါ်လည်း
ပန်းချီတွေ ဆွဲလား ဆွဲရဲ့
ငါတို့ အိပ်မက် ကမ္ဘာမှာ
အိပ်မက်ပန်းတွေ ပွင့်တယ်

အိပ်မက်ဟာ အိပ်မက်ပါ
နိုးထချိန်မှာတော့
အိပ်မက်ဟာ
ရေတပွက်စာတောင်
မြင်ခွင့် မရခဲ့ဘူး

လောကဓံ
နာမည်ကိုက ခါးသက်ချင်စရာ

ဘယ်လိုတွေးမလဲ
အိပ်မက်နဲ့ လက်တွေ့
အလှမ်းကွာဝေးလွန်းပုံကို

ဘယ်သူ့ကို အပြစ်တင်မလဲ
တရားခံက နောက်ဆုံးတော့
ကိုယ်တိုင်ပါပဲ

ဝဋ်ကြွေးမှန်းသမျှ
ကျေအောင် ဆပ်ကြရမယ်ဆို
ခုကြွေးရှင်တွေ
ဘယ်တော့ ပြန်ဆပ်ရမလဲ

ခုတလော စိတ်က ခပ်ချဉ်ချဉ် ဖြစ်တုန်း .. မတရားတာတွေကို သိနေ မြင်နေလဲ ဘာမှလုပ်နိုင်စွမ်း မရှိတဲ့ ဘ၀ ..

ဟိုတလောက ဦးလေးတွေ မလေးကို သွားလည်ကြတယ် .. ဒီကနေ package နဲ့ သွားတယ် .. အားလုံး ၄ ယောက်ပေါ့ .. စစချင်း package သွားဝယ်တည်းက ဒေါသက ထွက်ချင်စရာ .. ဘယ်လိုဆို ဘယ်လောက် ဘယ်လိုဆို ဘယ်လောက် ပြောဆိုပြီးမှ ဘယ်က လာသလဲဆိုပြီး ရောက်သွားတယ် .. မြန်မာပြည်ကြီးကပေါ့ .. ဂုဏ်ယူစွာ ဖြေကြားလိုက်တယ် .. ချက်ချင်း ဘယ်လိုဖြစ်တယ်မသိဘူး ယူထားတဲ့ ဗီဇာတွေကို အခန်းထဲ ယူသွားပြီး စစ် မစစ် စစ်ဆေးပါသတဲ့ .. (ဒီလို အထင်ကြီးခံရတာ)

ဝယ်ပြီးပြီ သွားဖို့လုပ်ပြီး သွားကြပြီပေါ့ .. အ၀င်လည်းရောက်ရော ပတ်စ်စပို့ကို ကြည့်တာနဲ့ ရစ်ရောတဲ့ .. အပြန်လေယာဉ်လက်မှတ်ကို fix မလုပ်ထားလို့လေး ဘာလေးနဲ့ .. တကယ်တော့ သွားကြတဲ့ လူတွေ အကုန်လုံး အသက်က ၄၅ နှစ် အထက်တွေ ချည်းပဲ .. ကားပေါ်ပါသမျှ လူတွေ အကုန် ရှင်းပြီ ဒီလေး ယောက်ပဲ ပြီး မပြီးနိုင်ဘူး .. ဗီဇာယူသွားတဲ့ အပြင်ကို နောက်ထပ် စလုံး ၂၅ ဒေါ်လာစီဆိုလား (ဒါထက်များမယ် ထင်တယ်) ထပ်ပေးရတယ်တဲ့ ..

ဘာဖြစ်လို့လဲ မြန်မာပတ်စ်ပို့ ကိုင်ထားတာနဲ့ နှာခေါင်း ရှုံ့ချင်ကြတာ .. မြန်မာဆိုတာနဲ့ ခိုးမယ့် လူလား ၀ှက်မယ့်လူလား မယုံသင်္ကာဖြစ်ရတာ .. ဟူးးးးးးးးးးးးးး ... မောတယ် .. မောတယ် .. မပြောချင်တော့ပါဘူး .. ဆက်ပြောရင် နိုင်ငံရေးတွေ ပါလာတော့မယ် .. :P

မနေနိုင်လို့ ဆက်ပြောဦးမယ် ..

ကိုယ်စီကိုယ်စီ တာဝန်တွေယူကြရမယ်ဆိုပြီး နိုင်ငံခြားတွေ ထွက်ကြတယ် .. အိပ်မက်တွေနဲ့ စိတ်ကူးတွေနဲ့ .. ဘယ်နိုင်ငံ ရောက်ရောက် နှိမ်ခံရတယ် .. အဲဒီ ဒဏ်တွေကို ကြိတ်မှိတ်ခံပြီး ကြိုးစား ရုန်းကန်ကြတယ် .. မိုးခါးကတော့ စလုံးပဲ ရောက်ဘူးပြီး ဒီက အကြောင်းလောက်ပဲ နဲနဲပါးပါး သိတာပါ .. အများကြီး မသိဘူး .. ခုနောက်ပိုင်းဆို အလုပ်တွေ နားတယ် ရပ်တယ် .. အလုပ်လာရှာတယ် မရကြဘူး .. အပျော်လာကြတာလည်း မဟုတ်ဘူး .. ဆုံးရှုံးကြရတယ် .. အကြွေးတွေ တင်ကြတယ် .. ကုန်သွားတဲ့ ပိုက်ဆံ ဘယ်လို ပြန်ရှာမလဲ ..

ဘယ်သူက အတင်းသွားခိုင်းလို့လဲ .. ကိုယ့်ဟာကိုယ် လျှာရှည်ပြီး ထွက်လာကြတာလေ .. ကိုယ်ဖြစ် ကိုယ်ခံပဲ ..

ဘယ်သူကရော လာချင်လို့ လာမလဲ .. မိဝေး ဖဝေး ကိုယ့်စိတ်ထဲရှိတဲ့စကားတောင် သေသေချာချာ လိပ်ပတ်လည်အောင် မပြောနိုင်တဲ့ နေရာမျိုးကို ဘယ်သူက လာချင်လို့ လာနေမှာလဲ .. ကိုယ်လိုချင်တာတွေ ရှိနေလို့ နေနေရတာပဲလေ .. ဒါကလည်း နေထိုင်ခွင့်ရှိတုန်းလေးသာ နေခွင့်ရတာ .. အလုပ်သာ ချက်ချင်းပြုတ်သွားလို့ကတော့ လာရာလမ်းအတိုင်း လှည့်ပြန်ပေတော့ပဲ .. (ကိုယ့်အလှည့်လဲ ဘယ်တော့ မသိနိုင်ဘူး .. ဘုရား တရား တနေရတယ်)

တော်ပီ ဆက်မပြောတော့ဘူး .. (တကယ်မပြောတော့ဘူး .. :D)

အားလုံး ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ ..

ps. အောက်မှာတော့ ကုသိုလ်ဖြစ်အောင် တွေးခိုင်းထားတာပဲ .. ဒီအဖြစ်ကို ဘယ်လို ကုသိုလ်ဖြစ်အောင် တွေးရပ .. အမှတ်ကလေးနဲ့သာ နေပါတော့မယ် .. ဖြစ်တယ် ပျက်တယ်ပေါ့နော် .. :(

21 comments:

Libratun said...

:) just go with the flow... pleasantly.... we have the ability to adapt and improve every situation. :)

let's make nice days for our own!

ပုံ့မေ said...

မိုးခါးရေ...... ပြောနဲ့ တော့ဟေးးး....မောတာပဲ အဖတ်တင်တယ်..... ပြောမပြောချင်ဘူး.... ပြောရင်လဲ မောင်ဘလွန်ရာကျမယ်......

အမှတ်လေးနဲ့ ပေါ့.... ဟိဟိ.......... :DDD

yangonthar said...

နေ့ တိုင်းညတိုင်း ရက်တိုင်းနာရီတိုင်း ဒီလို အမြဲ အကြည့်ခံ အနှိမ်ခံနေရတာဆိုတော့ ကိုယ်ချင်း စာတယ် ... မမိုးခါးရေ ... စိတ်အချဉ်ပေါက် လည်း ပေါက်ချင်စရာပဲကိုးလေ .... :)

မေလေး said...

စိတ်လျော့ စိတ်လျော့ သူငယ်ချင်း
ဒီလို မြန်မာတွေ အထင်သေးခံရအောင် မြန်မာတွေ ကိုယ်တိုင်လုပ်နေတာကိုးဟယ်.။
ဘယ်တတ်နိုင်မလဲ။
အလုပ်ရှာရင်တောင် ဘယ်နိုင်ငံကလာလဲ မြန်မာဆို ဆောတီး ဆိုပြီး ဂွပ်ခနဲမည်အောင် ချလိုက်တာတွေ ကြုံနေရတာဘဲလေ။
ဖြစ်သမျှအကြောင်း အကောင်းပေါ့ သယ်ရင်းရယ်။

kiki said...

စိတ်လျှော့ကွယ် စိတ်လျှော့ ၊ စိတ်လျှော့ ။
လိပ်ဖြစ်မှတော့ အခွံထူကြရပေမပေါ့ .အဟော့ဟော့
ဖြစ်သမျှအကြောင်း ၄င်း ၄င်း ၄င်း...
ထိုထို ၄င်း ၊ အကြောင်းများကြောင့်
မလိုတာတွေ ဂျောင်း ဂျောင်းဂျောင်း ကြပေရော့တဲ့ ..
အဟဲ့  ဟဲ့  ( ငို ချင်းးးးး ချသွားသည် .....)

( ဘဝဆက်တိုင်း
လဒများ နှိပ်စက်ခြင်းမှ ကင်းဝေးရပါလို၏)

Ree Noe Mann said...

ငါ့ညီမ ပြောမှပဲ မလေးသွားဖို့ စဉ်စားထားတာ
နည်းနည်း စိတ်ညစ်သွားပြီ။
ဒါပေမယ့် သွားမှာပဲ။

မပြောနဲ့ ညီမရေ။
အဲအကြောင်းတွေပြောရင်း စိတ်ညစ်တာထက် စိတ်နာမိတယ်။

အငယ်ဖြစ်တဲ့ ညီမက တရားမှတ်နေမှတော့
အကိုဖြစ်တဲ့ ငါလည်း မှတ်ရတော့မှာပေါ့လေ။
ဖြစ်တယ် ပျက်တယ်... အင်း လောကလောက

ကိုရီနို

Ree Noe Mann said...

ငါ့ညီမ ပြောမှပဲ မလေးသွားဖို့ စဉ်စားထားတာ
နည်းနည်း စိတ်ညစ်သွားပြီ။
ဒါပေမယ့် သွားမှာပဲ။

မပြောနဲ့ ညီမရေ။
အဲအကြောင်းတွေပြောရင်း စိတ်ညစ်တာထက် စိတ်နာမိတယ်။

အငယ်ဖြစ်တဲ့ ညီမက တရားမှတ်နေမှတော့
အကိုဖြစ်တဲ့ ငါလည်း မှတ်ရတော့မှာပေါ့လေ။
ဖြစ်တယ် ပျက်တယ်... အင်း လောကလောက

ကိုရီနို

ကြယ်ပြာ said...

မိုးခါးရေ ... အစ်မလဲ အဲ့လိုအဖြစ်မျိုး ဖြစ်လိုက်သေးတယ် ... ပြန်ခါနီး ၂ ၇က်အလိုမှာ အလုပ်က အဆင်ပြေသွားရော ... ဒီမှာ မြန်မာဆိုအသေခိုင်းချင်တယ် ...မွေးကတည်းက ခေါင်းညိတ်တတ်တဲ့ ပတ်ဝန်းကျင်မှာပဲ ကြီးပြင်းလာတော့ ထစ်ခနဲဆို အင်း လုပ်ပေးမယ် ဆိုတာချည်း ... ကြာတော့ အချဉ်ကိုဖြစ်လို့ .... ဒီက စလုံးတွေမသိလို့ အထင်သေးကြတာ ... တို့မြန်မာပြည်မှာ စင်းကဒ်တစ်ကဒ်ကို စလုံး ၂၀၀၀ ကျော်ပေးကိုင်တာလို့ ပြောပလိုက် .... သူတို့သာ ရသမျှ ကုန်ပြီးပတ်နေတာ ... ငါတို့ ဘဘကြီးတွေဆို ဒီမှာ ကွန်ဒိုတွေဝယ်နိုင်သလားမမေးနဲ့ ... စိန်တွေကိုလဲ စီနေတာပဲ ... သူတို့မသိကြလို့ ...း)

ဝက်ဝံလေး said...

မမိုးခါးရေ ပြောမနေနဲ့ ပြောလဲထူးဘူးရယ် ဟီးးးးးးး


ဖွားကိ ထိုသို့ လည်းကောင်း လို့သုံးတယ် ဒီနေရာမှာ ၄င်း ကိုမသုံးဘူး ဘာဖြစ်လဲသိချင်ရင် လာမေးပြောပေးမယ် ဟိဟိ မြန်မာစာ ပေါင်မုန့်ခုတ်နော် ဟက် ဘိုင် တာ့တာ

Angel Shaper said...

ပြောနဲ့ဆိုလဲ ပြောမိနေမှာပဲ။
ဟူးးးးးးးးးးးးးး တွေးရင်းနဲ့ ဒေါသထွက်သွားတယ်။

စိုင်းစိုင်းလားရှိုး said...

မိုးခါးရေ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ဟဟဟဟဟ
ဘာမှကို မပြောချင်တော့တာ

Waing said...

မာမီတို့နဲ့ တူတူသွားဖို့ မလေးခရီးကို စီစဉ်နေတာ မိုးခါးပြောမှပဲ စိတ်ချဉ်သွားပြီ...စဉ်းစားလိုက်ဦးမယ် သွားလေရာနေရာတိုင်း မြန်မာဆိုရင် နှာခေါင်းရှုံ့ကြတာ ခံပြင်းဆုံးပဲ မိုးခါးနဲ့ ထပ်တူခံစားရပါတယ်။

မိုးစက်အိမ် said...

စိတ်လျော. စိတ်လျော. အခါးရေ ...
စိတ်ညစ်တာတော.မပြောနဲ.လေ လိပ်ဖြစ်တာက အခွံထူးတာကိုး :P

စည်သူ said...

အင်း...

အမှန်တွေပြောနေပါလား..
မှန်တာပြောတာ ဘာမှမဖြစ်ပါဘူး

တစ်ခါတစ်လေတော့လည်း တွေးရတယ်လေ
တွေးလိုက်တိုင်းလည်း စိတ်က ပြောင်းလဲပေးရတယ်

အကောင်းဘက်ကိုပေါ့နော်..

ပြောမှာသာပြောတာပါ
ပြောသာပြော၏ ..ငါမပါ ဆိုသလိုပါပဲ မိုးခါးရေ

ပျော်ရွှင်ပါစေ

Sein Lyan Tun said...

တခါတလေတော့လဲအဝေးဆုံးကိုထွက်ပြေးသွားချင်မိပါတယ်...


္ကဤခရီင်္းနီလားပြီးနော်


အားတင်းထားတယ်

ညီမစကားတွေနဲ့


း)
ချစ်ခင်စွာဖြင့်


ဖိုးစိန်

ညီညီ said...

တစ်ကယ်စိတ်ပျက်မိပါတယ်. ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးရဲ့ အဆင့်ကိုတွေးမိတိုင်း မြင်မိတိုင်းပေါ့ဗျာ၊ မတွေ့ချင်မမြင်ချင်လို့ ဘာမှမကြည့် ဘယ်မှမသွားရင်တော့ ဘာမှဖြစ်မှာမဟုတ်ဘူးပေါ့. မြင်ပြန်တွေ့ပြန်ရင်လည်း မမိုးခါး ဖြစ်သလို ဖြစ်မိကြမှာပါပဲ. အမှတ်ကလေးနဲ့ပေါ့ . :D

Unknown said...

အော် .. ညီမလေးမိုးခါးရေ...

မြန်မာဆိုရင် နေရာတိုင်းမှာ မျက်နှာငယ်ရတာ
ဒါတွေဟာ ပြောမပြောချင်ပါဘူး...
ဘယ်သူ့ကြောင့်ဆိုတာ.... ဒင်းတို့အုပ်ချုပ်နေသမျှကာလပတ်လုံး ဒီလိုပဲ ပြည်သူတွေ ခံစားနေရအုံးမှာပါ...

ပြောရင် ဒေါသဖြစ်ရပါတယ်...

ညီမလေး မိုးခါး အစစ အဆင်ပြေပါစေ...

မဆုံဖြစ်တာကြာပေါ့....

ငချမ်းကောင် said...

ဖြစ်မှထွက်ရလေ ပဲကြီးစိရယ်။ ခုထိနေသားမကျသေးဘူးနဲ့တူတယ်။ ကျွန်တော်ကတော့ ရိုးနေပြီ။ ရွာမှာကတည်းက။ အိမ်နေရင်းအဝတ်အစားလေးနဲ့များ စတိုးဆိုင်သွားလို့ကတော့ ဈေးကြီးတာတွေဆို မပြချင်သလိုလို။ မဝယ်နိုင်ဘူးဆိုတဲ့ အထာပေါ့။ ဖန်စီဆိုင်လေးတွေများ ပတ်မွေမိရင် ဟိုကချောင်း ဒီကချောင်း။ ခိုးမလားပေါ့။ တကယ်တော့လည်း သိပ်မကွာပါဘူး။ ရွှေရွှေချင်းမယုံသင်္ကာဖြစ်တာနဲ့ တခြားကောင်တွေ ဖြစ်တာနဲ့။ ဟဲဟဲ။ နေတတ်ရင် ကျေနပ်စရာကြည့်ပါ။ ဒေါသထွက်ရဘူးလေ။ အသက်တိုလိမ့်မယ်။ ရုပ်အိုဇာလိမ့်မယ်။

Phyo Maw said...

ဟင်
ဟာ
တကယ်
ကမ်ဘာပါတ်မယ် စိတ်ကူးထားတာနော်

ညလင်းအိမ် said...

မပြောနဲ့တော့မမိုးခါးရေ။
အဲဒါကိုက ဂုဏ်ယူစရာလို့သာမှတ်ပေတော့။
ဟင်း (သက်ပြင်းချသံ)

ဏီ(န်)ကင်း said...

စိတ်အချဉ်လေးမြည်းလိုက်တာ ..တော်တော်ကြိုက်သွားတယ် ... ဟုတ်တယ်အမရေ.. နိုင်ငံတကာမှာရင်ကော့ ခေါင်းမော့်ခဲ့တဲ့ ခေတ်ကဟိုးအဝေးမှာကျန်ခဲ့သလို.. ဘယ်တော့များမှနောက်ထပ်တွေ့ရပါ့မလဲဗျာ... ချဉ်လွန်းအားကြီးလဲ.....နောက်ဆုံးကိုယ်ပဲ ခံရမှာပဲ..ဟူး

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...