Thursday, June 25, 2009

အဖြစ်ချင်ဆုံးဆန္ဒ


ကိုယ်ဘာဖြစ်ချင်နေလဲ ကိုယ့်စိတ်ကိုပြန်မေးတော့လည်း ဟိုလိုလိုဒီလိုလို .. ခုဒါဖြစ်ချင်နေရင်တောင် ခဏနေ တမျိုးပြောင်းပြန်ရော .. အပြောင်းအလဲမများပါဘူး နှစ်ခုထဲပါ .. ခုတမျိုးတော်ကြာတမျိုး .. (ကော့မင့်ပေးသွားတာပြန်ရေးပြတာ :D)

အဟုတ်ပဲ .. စိတ်က ခုထိကို မတည်ငြိမ်သေးဘူးပြောမလား .. ငြိမ်ချင်တဲ့နေရာလည်း ငြိမ်နေပြန်ရော .. ခက်တော့နေပါဘီ :P (ဆေးတော့ လှုပ်သောက်ဖို့လိုနေပြီ ..)

ခုဘာဖြစ်ချင်လဲမေးလာရင် ဘာမှမဖြစ်ချင်သလိုပဲ .. တကယ်ဘာမှဖြစ်ချင်စိတ်မရှိဘူးလားဆိုလာပြန်ရင်လည်း မဟုတ်သေးပြန်ဘူး .. လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ များမှများ .. သွားပြီ .. တခုခုတော့ လွဲနေဘီ .. ???

ဒီနေ့မနက် အိပ်ရာက ထထချင်း ဘာဖြစ်ချင်လဲလို့မေးလာရင်တော့ ရုံးမသွားချင်ဘူး .. :D .. မိုးအေးတယ်လေ အိပ်ချင်တာ ..

တပတ်ကို အလုပ်က ၃ရက်လောက်ပဲတက်ရတဲ့အလုပ် (လခလည်းကောင်းကောင်းပေါ့နော်) ရရင်ကောင်းမယ် .. အလုပ်သာမလုပ်ချင်တာ .. လောဘက အဲလိုကြီးသေးတယ် ..



ငယ်ငယ်ကတော့ ပိုက်ဆံမရှာနိုင်သေးခင်ကဆို ပိုက်ဆံတွေရှာချင်တယ်ပေါ့ .. မိဘတွေနဲ့ တူတူနေတုန်းက မနေချင်ဘူး .. တယောက်တည်း လွတ်လွတ်လပ်လပ်နေချင်ပြန်ရော .. ခုဘာပဲပြောပြော နဲနဲပါးပါး ပိုက်ဆံရှာနိုင်သလိုလိုဖြစ်လာပြန်တော့ မရှာချင်တော့ဘူး .. မိဘအိမ်မှာပဲ အေးဆေးနေချင်တော့တယ် .. အဲ .. တကယ်လို့ အဲလိုမျိုးပြန်နေရကြည့် .. နေချင်ပြန်ဦးမယ်မထင် .. ခက်ပါလားနော် .. ကိုယ့်ဟာကိုတောင် မသိတော့ဘူး ..

စိတ်ဆိုတာလည်း အချိန်ပြည့်ပြောင်းလဲနေတော့တာပါလား .. အဖြစ်ချင်ဆုံး ဆန္ဒရယ်လို့တော့ ခုနေမရှိသေးဘူး .. ဖြစ်ချင်နေတဲ့ ဆန္ဒလေးတွေတော့ မွစိမွစိလေးတွေ အများကြီးပဲ .. အဲဒါတွေ ဖြစ်သွားပြီးပြီ ရသွားပြီးပြန်ပြီဆိုလည်း မလိုချင်တော့တာ နောက်ထပ်ဖြစ်ချင်တဲ့ ဆန္ဒတွေ ပေါ်လာလိမ့်ဦးမှာပဲ ..

မိုးခါးက စိတ်ညစ်မခံချင်ဘူး .. ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာပဲနေချင်တယ် .. သွားချင်စိတ်ရှိရင်သွားလိုက်မယ် .. လုပ်ချင်စိတ်ရှိရင်လုပ်လိုက်မယ် .. လွတ်လွတ်လပ်လပ်နေချင်တယ် .. ဒါတွေက ဆန္ဒတွေလို့သတ်မှတ်လို့ရမယ်ထင်ပါတယ် ..

ရန်ကုန်ပြန်ချင်တဲ့အချိန် ပြန်လိုက် .. မနေချင်တော့ရင်ပြန်လာလိုက် .. စိတ်ကူးထဲမှာတော့ ဟုတ်နေရောပဲ .. တကယ်တော့ မနေနိုင်သေးဘူးလေ .. ဒီမှာလည်းမနေချင်ပြန် .. နေလို့ဖြစ်ပေမယ့် ပျော်လားဆို မပျော်ဘူးလေ .. တော်တော်များများလည်း ဒီလိုမျိုးပဲဖြစ်လိမ့်မယ်ထင်ပါတယ် .. သူများလက်အောက်နေရတာ သူတို့မျက်နှာကြည့်နေရတာ ဘယ်သူနေချင်မလဲနော် .. ဒါပေမယ့်လည်း နေနေကြရပြန်တယ် .. ဒီကြားထဲမှာပဲကိုယ့်စိတ်ကိုယ် ပျော်အောင်ထား ရှင်းအောင်ထား .. နေရတာပဲ ..

အိမ်ကိုဖုန်းဆက်တိုင်း မေကြီးနဲ့ဖေကြီးကမေးတယ် .. သမီး ပျော်ရဲ့လားတဲ့ .. အဲလိုအခါမျိုးဆို ပြန်ဖြေမိတယ် .. စိတ်ဆင်းရဲစရာတော့မရှိပါဘူးလို့ .. စိတ်တော့ဆင်းရဲနေတာမျိုးတော့မရှိပေမယ့် ပျော်လည်းမပျော်ဘူးလေ .. ရှုပ်လိုက်တာနော် .. ကိုယ့်ဟာကိုယ်တောင် ရေးရင်းလည်ထွက်နေပြီ ..

လူ့ဘ၀ဆိုတာ တိုတိုလေးပါ .. ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းသွားနိုင်အောင်ကြိုးစားရမှာပဲ .. ဘ၀တလျှောက်လုံး အထူးတလည် စိတ်ညစ်စရာမျိုးမရှိခဲ့သလို ကြီးလာရင် ဘာဖြစ်ရမယ် ညာဖြစ်ရမယ်လို့လည်း ရည်မှန်းချက်ကမရှိခဲ့ဘူး .. (ရေးရင်း ပေါ်ကုန်ပြီ ၀ီရိယတွေ :P ကြီးပွားဦးမယ် .. :D)

ကိုယ် ချစ်ခင်တဲ့သူတွေနဲ့ ဘ၀တလျှောက်လုံး ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနဲ့ ရောဂါဘယကင်းကင်းနေချင်တယ် .. စိတ်ချမ်းသာရာလေးတွေ လုပ်ချင်တယ် .. မြန်မာနိုင်ငံကလူတွေကို လင်းလင်းထင်းထင်းမြင်ချင်တယ် .. လူတွေမျက်နှာ ပြုံးနေတာပဲမြင်ချင်တယ် .. မီးမှန်ချင်တယ် .. :P .. အင်တာနက် လိုင်းကောင်းစေချင်တယ် .. ဖိုးဂျယ်ခမျာလဲ အွန်လိုင်းတက်တိုင်း မေတ္တာပို့သံတွေချည်း ကြားနေရတယ် .. :P

လူတွေအချင်းချင်း ကတုံးပေါ်ထိပ်ကွက်လုပ်နေတာတွေ .. မတရားလုပ်နေတာတွေ .. လိမ်ညာကောက်ကျစ်နေတာတွေ .. သူများနှာခေါင်းပေါက်နဲ့အသက်ရှုနေတာတွေ မြင်ချင် မကြားချင်ဘူး .. (ဖြစ်နိုင်ပါ့မလားတော့မသိဘူး :D)

စာတွေဖတ်ရတဲ့အထဲမှာရော တရားတွေထဲမှာရော .. ကမ္ဘာကြီးက ဆုတ်ကပ်ဖြစ်နေပြီဆိုတော့ လူတွေသက်တမ်းတွေတိုလာရတဲ့အထဲ ဒီသက်တမ်းတိုတိုလေးမှာကို တယောက်ကိုတယောက် မေတ္တာမထားနိုင်ကြတာ တော်တော်ဆိုးပါတယ် .. အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ကြိုးစားသင့်တယ်ထင်ပါတယ် .. ပြည့်ဝသူတယောက်ဖြစ်ဖို့တော့ မလွယ်နိုင်ဘူးလေ .. လောကီသားတွေဆိုတော့ .. ကိုယ့်လုပ်ရပ်ပေါ်ကို တရားလားမတရားလား အမှန်အတိုင်းမြင်သင့်တယ် .. ကိုယ့်လုပ်မယ့်အလုပ်တိုင်းကိုလည်း မေတ္တာတရားရှေ့ထားလုပ်သင့်တယ် .. တချို့လည်းရှိပါတယ် .. ကိုယ့်စေတနာနဲ့မထိုက်တန်သူတွေ .. ဒါကသူ့အပိုင်း .. ကိုယ့်လုပ်စရာရှိတာ ဆက်လုပ်သွားရုံ လို့ပဲထင်ပါတယ် ..

ဖြစ်ချင်တဲ့ဆန္ဒလေးတွေကတော့ အဲဒါပါပဲ .. သိပ်ထွေထွေထူးထူးမဟုတ်ပေမယ့် နဲနဲလည်းခက်ခဲပါတယ် .. ငှက်ကလေးရေ .. ရေးလိုက်ပြီနော် .. နောက်ကျတာ စိတ်မဆိုးကြေးး)) .. ကျေနပ်မယ်ထင်ပါတယ် ..

ခုတလောလည်း စာရေးဖို့ စိတ်ထဲသိပ်မရောက်ဘူးဖြစ်နေပါတယ် .. အလုပ်မှာလူမလစ်တော့လည်း သတိလေးကပ်ပြီး ဘလော့လည်ရပါတယ် .. သမာဓိတော့ကောင်းလာဘီ :P .. နောက်ကျောမလုံပါ .. ဒီအိမ်ရှင် ဧည့်ဝတ်မကျေဖြစ်နေတာကို ခွင့်လွှတ်ပေးကြပါ ..း)) တခါတလေသွားလည်ပြီး ကောမန့်ရေးဖို့ ဖွင့်တုန်း လူလာရင်လည်းပိတ်လိုက်ရတာမျိုးဖြစ်ပါတယ် .. အိမ်မလည်လို့ဆိုပြီး စိတ်မဆိုးကြပါနဲ့နော် ..

အားလုံးကို ချစ်ခင်စွာဖြင့်

31 comments:

နွေးနေခြည် said...

;) မိုးခါးရေ ခုပုံစံအတိုင်းပဲကောင်းပါတယ်။ ကိုယ်စိတ်ချမ်းသာသလိုသာနေ...
ပျော်ပျော်နေပါ ပေါ့ပေါ့မနေပါနဲ့တဲ့ ... (ဆရာတော်ဦးဇောတိက ပြောတာနော်)း)

ငှက်ကလေးက စိတ်ဆိုးမှာမဟုတ်ပါဘူး။
ဒီမှာမိုးခါးထက်နောက်ကျတဲ့လူ ရှိသေးတယ် ... ငှက်လေးရေ လာမယ်နော်... အလုပ်တော်တော်များနေလို့ (PS: အခုက LUNCH TIME)

နွေးနေခြည် said...

ဟို တစ် ဒီ တစ် ဖြစ်နေမှဆိုးလို့ တစ် မဖြစ်ချင်ပါဘူးဆို (ကိုနေဒေး ရောက်မလာသေးလို့ တစ်ဖြစ်သွားသည်)းP

ရွာသားလေးဝိုင်တီယူ said...

ဆန္ဒတွေ ပြည့်ဝပါစေခင်ဗျာ

Dream said...

ဟားဟား... အလုပ်လုပ်ရင်း သမာဓိ ထူထောင်တာ တော်တော် ကောင်းလာပြီ.. ဟိဟိ...

:P

မေလေး said...

မိုးခါးရေ
နင့်ဟာဖတ်ပြီး နာ့လဲ လည်သွားတာဘဲဟာ။ ဘဝတူတွေပါဟာ။သူများလက်အောက်လုပ်ရတာ ဒီလိုပေါ့ဟယ်။ နာ့ဒီနေ့တိုတို ထိုးထားတယ် သိလား။ပေါက်ရင် နာတို့နှစ်ယောက် လျှောက်လည်မယ်ဟာ။ ဆိုက်ပရက်တို့ ဂျပန်တို့ ထိုင်ဝမ်တို့(ဟိ) နော်။နာလဲသမာဓိအားကောင်းလာပြီဟ။ တော်ကြတယ်နော်(မဟုတ်တဲ့နေရာ) ကျောကတော့လုံလိုက်မလုံလိုက်နဲ့။နာလဲဘာဖြစ်ချင်နေမှန်းမသိပါဘူးဟာ။ပျော်လားမေးတဲ့ သူတွေကိုပျော်ပါတယ်တာပြောနေရတာ။ ပြုံးသူမှာမျက်ရည်စတွေနဲ့(ရုပ်ရှင်နာမည်ပါ)။
နင်လဲရေးချင်တာရေး ..နာလဲပြောချင်တာပြောခဲ့ပြီ။သူဌေးကတော်မရှိတုန်းလေး လာမန့်တာ။
သွားပြီ သယ်ရင်းလေး

အဆိပ်ခွက် said...

သိပါတယ် ဟွန့် မွစိမွစိ နဲ့ မသင်ပေးချင်လဲနေ သိလား ဟွန့်

ခင်မင်လျှက်
အဆိပ်ခွက်

တလနွန် said...

ပျော်ရာမှာ မနေရ တော်ရာမှာ နေရ ။ ဒါပေမဲ့ တော် ရာမှာ ပျော်အောင် ကြိုးစားကြတာပေါ့။

ခင်မင်ခြင်းနှင့်
တလနွန်

ဖိုးစိန် said...

ညီမလုပ်သူက အကိုကြီးကိုအားပေးနေကြမို့

ညီမကို အားပေးဖို့ ရှက်မိသလိုပဲ...

အကိုကြီးကို ပဲ အားပေးတော့နော်..


ညီလေး ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျဖို့ အကိုကြီးဆုတောင်းပေးပါတယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

(အကိုကြီးနည်းကို သုံးပြီး သမာဓိအားကောင်းလာတာလား ဒါမှ မဟုတ်လွှတ်အားကောင်းလာတာလားး))

ခမ်းကီး said...

အဆင်ပြေ ပျော်ရွှင်ပါစေ..

နေဒေးသစ် said...

စိတ်က အဆင်ပြေပျော်ရွှင်နေဖို့ အရေးကြီးမယ် ထင်ပါတယ် ..
စိတ်ညစ်စရာဆိုတာကတော့ အနည်းနဲ့ အများ ကြုံနေရတာပေါ့လေ ....
အဖြစ်ချင်ဆုံး ဆန္ဒဆိုတာကလည်း တကယ်တော့ ပြောရခက်မယ် ထင်ပါတယ် ...
ကိုယ်ဖြစ်ချင်တာတွေထဲက ရာခိုင်နှုန်း အများဆုံးကို အဖြစ်ချင်ဆုံးလို့ ခေါင်းစဉ်တပ်လိုက်တာက လွဲရင် အဲ့ထက်တော့ ပိုလောက်မယ် မထင်ပါဘူး ...
စိတ်ကတော့ အမြဲ ပြောင်းလဲနေတာ ဟုတ်တယ် ...
ကိုယ်တွေလည်း ဒီလိုပါပဲ ...
ဘလော့ကတော့ အားမှ လည်ပါ ..
ကျောမလုံပဲနဲ့တော့ မလည်ပါနဲ့ ..
တော်ကြာကျောပွင့်သွားပါအုံးမယ် ... :D
နေဒေးသစ်။

နှင်းနဲ့မာယာ said...

မိုးခါးရေ ဒီလိုပဲလေ...
ဘဝမှာ ဖြစ်ချင်တာ မဖြစ်
လိုချင်တာမရ
ခဏပါ စိတ်ညစ်လဲ ခဏလေးပါ..
ပျော်အောင်နေနော်....
ပျော်ရွှင်ပါစေမိုးခါးရေ...

မင်းအိမ်ဖြူ said...

ဘယ်လို ပြောရမှန်းတောင်မသိတော့ဘူး D:

စဉ်းစားရင်း သီချင်းတွေပဲ နားထောင်သွားတော့တယ်

ငှက်ကလေး said...

မမေ၇ စိတ်မဆိုးပါဘူးေ၇းပေးတာကျေးဇူးပါနော် မမပြောသလိုပါပဲလေ အဲဒီ စိတ်ဆိုတာချဉ်းက ဘာမှန်းကို မသိတဲ့ဟာကြီးလေ ဖြစ်ချင်တာတွေက များနေတယ် မမေ၇ အင်းးးး လူသားအားလုံး၇ဲ့ ဆန္ဒကို ညီမ အကုန်ဖြည့်ဆည်းပေးချင်ပါတယ် မမေ၇ အင်းးးးးးးးး လို့သာသက်ပြင်း၇ှည်ကြီး ချ၇င်း နဲ့ မမပျော်၇ွှင်အောင် နေနော် ဘိုင်

မငုံ said...

စိတ်ချမ်းသာသလိုသာ နေနိုင်ပါစေနော့။

Yu Ya said...

အဖြစ်ချင်ဆုံးဆိုတာထက် အဖြစ်သင့်ဆုံးကိုပဲ စဉ်းစားလိုက်ပါလား.. ဒါပေမယ့် အဖြစ်သင့်ဆုံးက အဖြစ်ချင်ဆုံးပါပဲဆိုရင်တော့... :D

ရွှင်လန်းချမ်းမြေ့ပါစေ။
yu ya

reenoemann said...

ညီ ညီ ညီမလေးရေ
အကိုလည်း စိတ်နဲ့ ကို မကပ်လို့ ဘယ်လို
ကော့မန်ရေးရမှန်း မသိတော့ဘူး
ဆန္ဒလေးတွေ ပြည့်စုံပါစေနော် ညီမလေး
စနေ တနင်္ဂနွေ အားရင်း လိုက်လည်လို့
ရတာပဲကွာ။ လာလည်ပါ။ ငါ့ ညီမ လာလည်
တာကိုစောင့်မျှော်နေရတယ်။

သယ်ရင်းဖိုးစိန် ပြောသလိုပဲ ငါ့ညီမလေးက
ချစ်စရာလေးကို( လက်သည်းနဲ့) ဟီး နောက်သွားတယ်။

အကို ရီနိုမာန်

ဂျပန်ကောင်လေး said...

း).... ထပ်တူနီးပါးပဲဗျာ.. အသွင်တူနေပြီ.. ဟိ

နွေးနွေးသဲမွန် said...

မမရေ...တချို့ ခံစားချက်တွေ တူတယ်.. :-)

Mydiary said...

ဖိုက်တင်း ....
ထာဝရ ကြယ်စင်ဆိုတဲ့ နာမည်လေးရဲ့ အင်အားတွေ ပြန်လည်ရှူရှိုက်နော်။ ပျော်စရာတွေပါ။

နဒီမိုးညို said...

ဟုတ်ကဲ့..ငုတ်တုတ်လို့ ..ပြောမှာစိုးလို့ မန့်လိုက်ပါတယ်
...မမိုးခါးနဲ့ အတူတူခံစား၇ပါတယ်..

လင်းကြယ်ဖြူ said...

ပေးချင်တဲ့ဆုတ္ဂေက သူများတ္ဂေအကုန်ပေးပြီးပြီ
ဒီတော့..ထုံးစံအတိုင်း..ပျော်ပါစေဗျာ
ဟဲ..ဟဲ...

mgnge said...

အဲ့လိုလော ဘမျိုးကြတော့ နင်နဲ့ ငါတူ ပြန်ပြီ... :P
အလုပ်တွေသိပ်မလုပ်နဲ့ .. ပိန်သွားဦးမယ် ဟဟဟဟဟဟဟဟဟဟဟဟဟ

မြစ်ကျိုးအင်း said...

စိတ်ချမ်းသာသလိုနေတာအကောင်းဆုံးပဲ...
တပါတ်ကို ၂ ရက်ပဲတတ်ရမယ် လခကောင်းတယ်
အကြိုအပို့ပါလုပ်ပေးတဲ့ အလုပ်တခုတော့ရှိတယ်
မပင်ပန်းဘူး...။သံရည်ကျိုစက်ရုံမှာ အပေါ့အငံ မြည်းပေး ရမှာတဲ့လေ..။
နောက်တာနော် ....စိတ်ဆိုးပြီးလာအော်နေမှာစိုးလို့လေ

kaungkinpyar said...

ပြည့်စေသတည်းးးးးး

ကိုလူထွေး said...

ဟေးးးးး ကိုလူထွေးက နောက်ဆုံးဘိတ်ကွ...း)

ကိုလူထွေးက ပိုက်ဆံလိုမှ ထလုပ်လို့ရတဲ့ အလုပ်လုပ်ချင်တယ်ဆိုလို့ သူငယ်ချင်းတယောက်က 'မင်း တက်က်စီ မောင်းပါလာ' ပြောဖူးတယ်...

မိုးခါးက ၃ ရက်လောက်လုပ်ဦးမယ်ဆိုတော့ အလုပ်လုပ်ချင်သေးတယ် ပြောလို့ရတာပေါ့...

ဝိဒေးမအားရင်လဲ ဝိကင်းအားရင်လာလည်လေ...
(ဝိဒေး weekday; ဝိကင်း weekend)

းဝ)

ပြည့်စုံ said...

ညီမလေးရေ....

ဆန္ဒနဲ့ စိတ်ကူးတွေ လက်တွေ့ဖြစ်ပါစေနော်....

ဖြစ်ချင်တာက မဖြစ်ပေမယ့် မဖြစ်ချင်တာတွေက ဖြစ်နေတာ သဘာဝပါ....

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...

ကိုလူထွေး said...

မိုးကျလဖက်ဆိုပေမယ့်...သူက
ခါးရက်တယ်နော်...

းဝ)

စာရင်းရှိရင် မိုးခါးပဲ ရေးပေးလိုက်တော့လေ...

မေဇင် said...

မမ သေချာမသိတဲ့ ဆန္ဒတွေ အားလုံးပြည့်ပါစေ...နောင့်လဲ တစ်ခါတစ်လေ အဲ့လိုပဲ...ဘာဖြစ်ချင်လို့ ဘာလုပ်ချင်မှန်း မသိဘူးလေ...ဒါပေမယ့် အချိန်တန် ရုံးသွား...ပြန်လာ..ဒါနဲ့ပဲ...တစ်ရက်ပြီး တစ်ရက်....

ahphyulay said...

ဘော်ဒါကြီးဆီကို နောက်ဆှုံး မှ ရောက်လာဖြစ်
လို့ အနူးအညွတ်တောင်းပန်ပါတယ်ဗျာ..။
စာရိုက်အရမ်းနှေးလွန်းတော့  အတွေးတွေ
လတ်ဆတ်တုံး ရေးချင်တာလေးတွေရတဲ့ အချိန်
လေးတွေမှာထိုးရေးနေမိပါတယ်။တစ်ခါတလေ
ဘာလုပ်ရမှန်းမသိယင် ကျွန်တော်လုပ်သလို
အသက်ရှူတာလေးကို သိ..သိ..ပေးယင်အဆင်
ပြေသွားနိုင်ပါတယ်။

Libratun said...

i like the last third paragraph most. that's possible for you. For me, sure. For others, may be.

i feel that your mind is balanced and fair. Are your zodiac also Libra?

ဏီ(န်)ကင်း said...

ဒီစာလေးရေးထားတာကိုကြိုက်တယ်.. ( ... ) လေးတွေနဲ့လေ... စာဖတ်သူကိုမပျင်းစေဘူး... ဆွဲဆောင်တယ်ပေါ့ ဟ ဟ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...