Sunday, June 14, 2009

အဖေများနေ့အမှတ်တရ


ငယ်ငယ်တည်းက ဖေကြီးက သမီးမိန်းကလေးဆိုတော့ မိုးခါးကို ပိုတယ် .. ခုအသက်ကြီးလာတော့လည်း အရင်တုန်းကအတိုင်းပဲ .. မောင်လေးနဲ့က အစေးမကပ်ဘူးလေ .. ယောကျာ်းလေး ထုံးစံပေါ့ ..

ငယ်ငယ်တုန်းကတော့ မေကြီးက ရိုက်တယ် .. စနေသမီးဆိုတော့ စိတ်ကြီးတာလည်းပါတယ် .. ပြောမရတာလည်းပါမှာပေါ့ .. :P

ဖေကြီးကတော့ မေကြီးရိုက်ရင်တောင် မရိုက်ဖို့ ပြောတတ်တယ် .. ဒီတော့ ဖေကြီးက မိုးခါးကို ပိုချစ်တယ်ထင်တယ် .. ငယ်ငယ်တုန်းက ဖေကြီးက သဘောင်္လိုက်တော့ တူတူနေရတဲ့အချိန်သိပ်မရှိဘူး ..နေရတဲ့အချိန်သိပ်မရှိတော့ တွေ့တဲ့အချိန်မို့တည့်တာ .. နောက်ပိုင်း သဘောင်္မလိုက်တော့ပဲ အိမ်မှာတူတူနေတော့ နောင်ဂျိန်တာပဲ .. :D .. သားသမီးနဲ့ မိဘ ထုံးစံပေါ့နော် .. ခု အဝေးကနေဆိုပြန်တော့ ဖုန်းဆက်တိုင်း အလွမ်းသယ်ပြန်ရော ..

မိုးခါးအကျင့်ကလည်း ကိုယ်က မှားနေရင်တောင် ကိုယ့်အသိနဲ့ပဲ ကိုယ်ပြင်ချင်တာ .. ပြောလို့လုပ်တာမျိုး ဘာလို့မလုပ်ချင်မှန်းကိုမသိဘူး .. ဒီကိစ္စတခုကို လုပ်မယ်စဉ်းစားထားတာတောင် တယောက်ယောက်က လုပ်လိုက်ပါလားဆို လုပ်ချင်စိတ်ပျောက်သွားတတ်တယ် ..

ဖေကြီးနဲ့ တည့်တာက မိုးခါးဘာလုပ်လုပ် အားပေးတယ် .. အကြံဥာဏ်ပေးတယ် .. ဘာလုပ်ချင်လည်း လုပ်ခွင့်ပေးတယ် .. မေကြီးကတော့ စိတ်ပူတတ်တယ် .. စိုးရိမ်တတ်တယ် .. ငယ်ငယ်ကတော့ ဖေကြီးနဲ့ ပိုတည့်တယ် .. ပိုလုံးတယ် ..


မတည့်တာတခုတော့ရှိသေးတယ် .. အဲဒါက ဖေကြီးက ညဘက်ဆို စောစောအိပ် .. မနက်ဆို စောစောထ .. မိသားစုလိုက် လမ်းလျှောက် အဲလိုမျိုးအရမ်းသဘောကျတယ် .. မိုးခါးက ညဘက်သာညဥ့်နက်ခံနိုင်တာ .. မနက်ဆို မထချင်ဘူး .. နှိုးပြီဆိုလည်း အရမ်းစိတ်ညစ်တာ .. စူပုတ်နေရောပဲ .. အဲလိုဆို မတည့်တော့ဘူး .. ဖေကြီးကလည်း မနက်နေမြင့်အောင် အိပ်ရင် လုံးဝမကြိုက် .. မိုးခါးကတော့ မနက်ဆို လုံးဝမထချင် .. အဲလိုနဲ့ မနက်တိုင်း အဆင်မပြေဘူး .. :D

ဖေကြီးက ဘယ်ကိုပဲသွားသွား မိန်းမရော ကလေးတွေရော အကုန်လုံးကိုခေါ်ပြီး သွားချင်တယ် .. သူ့အနားမှာ အမြဲနေစေချင်တယ် .. တခါတလေတော့လည်း တယောက်တည်းနေချင်တာမျိုး သီချင်းကို အကျယ်ကြီးဖွင့်ပြီး နားထောင်ချင်တာမျိုး အဲလိုအချိန်တွေကျ လူကြီးတွေ အပြင်သွားနေရင် အရမ်းသဘောကျတာ .. သူငယ်ချင်းတွေကိုခေါ်ပြီး သောင်းကျန်းတယ် .. မုန့်တွေ လုပ်စား .. သီချင်းတွေဖွင့် .. အဲလိုနေချင်တော့ ဖေကြီးအပြင်သွားမယ် လိုက်ခဲ့ဆို မလိုက်ချင်ဘူး .. အဲလိုဆို စိတ်ဆိုးရော .. သူငယ်ချင်းတွေကို တော်တော်ချစ်တယ် .. ကိုယ့်အဖေကိုတော့ အဖော်မလုပ်ချင်ဘူး ဆိုတာတွေ ဖြစ်ကုန်ရော ..

တခါတလေကျတော့လည်း တွေးမိရင် ဖေကြီးကို သနားတယ် .. အိမ်ထောင်ဦးစီးတယောက်ဖြစ်လို့ အိမ်ထောင်တခုလုံးရဲ့ တာဝန်ကို ခုထိယူရတုန်း .. ကိုယ့်အပေါ်မှာ အားကိုးနေတဲ့ မိသားစုအတွက် အားကိုးအားထားပြုစရာ လူသားတဦးဖြစ်အောင် ကြိုးစားရတယ် .. မိသားစု စားဝတ်နေရေးအတွက် မိသားစုနဲ့ မခွဲချင်ပဲ ပင်လယ်ထဲမှာ နှစ်ပေါင်းများစွာနေရတယ် .. နောက် ရန်ကုန်ကိုပြန်လာပြီး ကုမ္ပဏီတခုမှာ အလုပ်ဝင်တော့လည်း ဆိုးလိုက်တဲ့ သူဌေး .. ပြင်သစ်သူဌေးဆိုတော့ စကားအပြောအဆိုလည်း ရိုင်းတယ် .. အလုပ်ဆိုရင်လည်း ပေးထားတဲ့ရာထူးနဲ့ လစာနဲ့ မတန်အောင် စိတ်ပင်ပန်းရတယ် .. ပြီးတော့ အကောင်းပြောမခံရဘူး .. ဒါပေမယ့် ကြိတ်မှိတ်သည်းခံပြီးလုပ်ရတာပဲ ..

အိမ်ထောင်ကျပြီးနောက်မှာ မိသားစုအတွက်ရုန်းကန်ခဲ့တာတွေကို ပြောပြရင် အရမ်းသနားတာပဲ .. မိသားစုနဲ့ တူတူနေချင်ပေမယ့် ခုထိ တူတူမနေနိုင်သေးဘူး .. မိုးခါးဒီကို စရောက်ခါစကဆိုရင် မိုးခါးတို့ မိသားစု ၄ယောက်က တယောက် တနေရာစီမှာ .. အဲဒီအချိန်တုန်းက ဖေကြီးက ရန်ကုန် .. မိုးခါးက စင်ကာပူ .. မေကြီးက ရုံးက တာဝန်နဲ့ သံတွဲမှာ နေရတဲ့အချိန် .. မောင်လေးကတော့ မေမြို့မှာပေါ့ .. ခုတော့ မေကြီးက ရန်ကုန်ပြန်ပြောင်းရပြီ .. ဒါပေမယ့် မကြာခင် နေပြည်တော်ပြောင်းရမယ်တဲ့ ဖြစ်ပြန်ပြီ .. မတတ်နိုင်ဘူးပေါ့နော် .. မိသားစု တပူးတွဲတွဲကြီးနေလို့မှမရသေးတာပဲလေ .. ခုလို အဆင်ပြေပြေနေနိုင်နေတာကိုပဲ ၀မ်းသာရမှာပဲလို့ တွေးရတာပါပဲ .. ခုလည်း ဖေကြီးဆန္ဒတွေ မပြည့်ဝသေးဘူး .. နောက်ဆို ဒီမိသားစု တူတူနေဖို့ဆိုတာလည်း ပိုသာခက်သွားမှာပါ .. ဒါပေမယ့်လည်း အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပြည့်ပြည့်စုံစုံနေနိုင်နေမယ်ဆို ဖြေသာပါတယ် .. ဒါနဲ့ပဲ ဖြေသိမ့်နေရတာပါပဲ ..

ဖေကြီးက မိုးခါးအတွက် အမြဲတမ်း မိုးခါးဘက်က ရပ်တည်မယ့်လူသားတဦးပါ .. (မေကြီးလည်းပါတာပေါ့ .. ဒါပေမယ့် အဖေများနေ့မို့လို့ ဖေကြီးက ဦးစားပေးပေါ့ ..း) မိုးခါးအတွက် အန္တရာယ်တွေကို ကာရံပေးမယ့် တံတိုင်းတခု .. မိုးခါးဘက်မှာ ဘယ်သူမှ မရှိနေစေဦးတော့ ဖေကြီးကတော့ရှိနေမှာ .. ဒါကိုယုံတယ် .. ဖေကြီးမေကြီးတို့ကို မြင်ပြီး ၀င်ခံစားဖူးတယ် .. မိဘဖြစ်ရတာ တကယ်ကို မလွယ်တဲ့ အလုပ်တခုပါ .. မိဘဖြစ်ဖို့လွယ်ပေမယ့် တာဝန်ကျေဖို့ ခက်ခဲပါတယ် .. မိဘဖြစ်လာပြီဆိုတာနဲ့ လွတ်လပ်ခွင့်တွေ ပျောက်ကွယ်သွားတယ် .. တာဝန်ကျေသူတယောက်ဖြစ်ဖို့ ပေးဆပ်ရတာတွေသိပ်များလွန်းတယ် .. မိဘဆိုတာ သားသမီးအတွက် ပေးဆပ်ဖို့ သက်သက်ဖြစ်ပေါ်လာရတာပါ .. သားသမီးက ပြန်ကြည့်ရင်ဝမ်းသာတတ်ကြပေမယ့် ဘာပြန်ရမလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြုစုပျိုးထောင်ပေးလာတာတော့ မဟုတ်ဘူးဆိုတာ ပိုသိလာရပါတယ် ..

မိုးခါးလည်း မိဘတွေကို စိတ်ချမ်းသာပျော်ရွှင်စေချင်ပါတယ် .. ဒါပေမယ့် လက်တွေ့မှာ တခါတလေ စိတ်ဆင်းရဲစေမိပြန်ရော .. အရာအားလုံးအတွက် ဖေကြီးရော မေကြီးရောကို ကျေးဇူးတင်ပါတယ် .. ကျေးဇူးဆပ်ဖို့ဆိုတာကတော့ ကြိုးစားရဦးမှာပါ .. မိုးခါးရဲ့ ဖေကြီး မေကြီးအပါအ၀င် မိသားစုတခုလုံး ပျော်ရွှင်ချမ်းမြေ့ဖို့ ဒီကနေ ဆုတောင်းလိုက်ပါတယ် .. မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးနဲ့ မိသားစုဝင်တွေအားလုံးလည်း ပျော်ရွှင် ချမ်းမြေ့ကြပါစေ ..း)


29 comments:

reenoemann said...

ညီမလေးရေ ၁၁၁၁၁၁၁

နောက်ထပ်လာခဲ့မယ်နော်

ကိုရီနို

mysterysnow said...

မိုးခါးရေ
နံပါတ်မှာ ၂...
တို့လဲ ဖေဖေ့သမီးလေးပဲလေ....

flowerpoem said...

မိုးခါးရေ အဖေများနေ့အမှတ်တရကို လာဖတ်ပါတယ် ...

ဝသန်မိုး said...

နံပါတ် ၄ နေရာ ကနေ
လာဖတ်တယ် မိုးခါး
အဖေများနေ့ မှာ အဖေတွေ အားလုံး
ပျော်ရွှင်ကျန်းမာချမ်းသာကြပါစေ
ဝသန်

reenoemann said...

ဒီလိုပါပဲ ညီမလေးရေ ပျော်ရာမှာ မနေရ တော်ရာမှာနေရတဲ့လေ။

ကိုရီနို

မငုံ said...

မိုးခါးရေ..မငုံလဲ အဖေ့သမီးပဲ။ ဒီလိုပဲပေါ့ မိုးခါးရယ်။ ခဏလေးပါပဲ။ သိပ်မကြာခင်မှာ မိသားစုတွေ ပျော်ပျော်နေရပါလိမ့်မယ်။ ကိုယ်ရွေးထားတဲ့လမ်းအတွက် ခဏတဖြုတ် အဝေးမှာ နေပေမဲ့ မိသားစုကို လွမ်းတာ ကိုယ်ချင်းစာတယ် မိုးခါးရေ။

myittaryongpyan said...

ဖေချစ်သမီး အလိမ္မာတုံးလေး သာယာချမ်းမြေ့ပါစေရှင်

ခင်တဲ့
မမရောင်

မိုးစက်အိမ် said...

အဖေကို လွမ်းတယ်ဗျာ...

မေလေး said...

သယ်ရင်းလေးခါးခါးရေ
မေလေးလဲ ပါးပါးသမီးဘဲ သိလား ဘဝဆိုတာ ဒီလိုပါဘဲ သူငယ်ချင်းရယ် အဝေးမှာနေပြီး မိဘကို ထောက်ပံ့ခွင့် ရတာ အနီးမှာနေပြီး ပိုက်ဆံ မရှိလို့ မိဘ ကိုဆေးမကုနိုင်တာ ထက်တော့ ကပိုကောင်းတယ်လို့ မေလေး ကတောယုံကြည်တယ်လေ..ခါးခါးလဲ အဲလိုလေးတွေးပြီး ပျော်အောင်နေနော်
ခင်တဲ့
မေလေး

မဆုမွန် said...

မိုးခါးလေးရေ
အဖေများနေ့မှာ ငါ့ညီမလေးပို့စ်ကို ဖတ်ရတာ ကြည်နူးဖို့ကောငးတယ် အစ်မလဲ အဖေကြီးကို သတိရလို့ပို့စ်တင်ဖြစ်တယ် မိဘတွေနဲ့ ဘယ်တော့မှ အတူနေခွင့်ရမယ် မသိသေးဘူးဟယ်

တောင်ပေါ်သား said...

အဖေများနေ့မှာ အဖေ့အတွက် ရေးထားတဲ့ ပိုစ့်လေး ဖတ်သွားပါတယ် ပျော်ရွှင်စရာ မိသားစုလေး အမြန်ဆုံး ပြန်စုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်


လေးစားလျက်
တောင်ပေါ်သား

အဖြူလေး said...

မြစ်တို့ ဟာအမြဲတန်း အထက်ကနေ အောက်ကို စီးဆင်းလေ့ ရှိပါတယ်၊ လူတိုင်းရင်ဆိုင်ရမဲ့  သဘောတရား တစ်ခုပါ။

နွေးနေခြည် said...

ဖေဖေချစ်တဲ့ သမီးလေးက ဖေ့ဖေ့ ကျေးဇူးတွေကို အထူးဆပ်ခွင့်ရပါစေ မိုးခါးရေ

စနေသမီး စိတ်မကြီး သံယောဇဉ်တော့ ကြီးသည် (မနိုင်းနိုင်းစနေ) ဆီက ယူသုံးတား)

ကိုလူထွေး said...

ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ထာဝရပိုင်ဆိုင်ပါစေ ညီမရေ......

သီဟသစ် said...

မိုးခါးရေ

့မိသားစုလေး ပျော်ရွှင်ငြိမ်းချမ်းစွာ ဆုံဆည်းနိုင်ကြပါစေ လို့ ဆုတောင်းပေးသွားတယ်။

ငါလည်းပို့စ်တော့မရေးဖြစ်ဘူး ဒါပေမယ့် မိဘတွေကို အမြဲသတိရပါတယ်ကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

Banyarshein said...

ငါအတွက်ကတော့ အဖေက ဘယ်လိုပဲ ဖြစ်ဖြစ် သားသမီးတွေပေး သံယောဇဉ်ြ စေတနာ ကြီးတဲ့ အဖေကောင်း တစ်ဦးပါပဲ

Phyo Maw said...

:D

ဂျာမုန်းဒန် said...

မိုးခါးရေ မဘ၀မှာ ဖခင်များနေ့ ရောက်တိုင်း ဘာကို ဘယ်လိုခံစားရမှန်းမသိခဲ့တာအမှန်ပါ။ ဘာကြောင့်လဲဆိုတော့ ၂ နှစ်သမိးအရွယ်ကနေ အဖေဆိုတာလောကအလယ်က ထွက်သွားခဲ့တာလေ။ အဖေကို မမြင်ခဲ့ဘူးပေမယ့် အိပ်မက်တော့ ခဏခဏမက်တယ်။ အိပ်မက်ထဲမှာအဖေကိုတွေ့တယ်။
မိုးခါမှာ အဖေရှိနေတော့ အရမ်းပြည့်စုံပါတယ်..မိဘဆိုတာရှိတုံးလေး စိတ်ချမ်းသာအောင်ထားရမှာ သားသမိးတို့တာဝန်ပါညီမလေးရေ...

ချစ်တဲ့မ
ဂျာမုန်းဒန်

ပြည့်စုံ said...

အဖေ... အဖေ.... အဖေ....

သားက အမေကို ပိုချစ်တယ်..
သမီးက အဖေကို ပိုချစ်တယ်..
လူတိုင်းတူချင်မှ တူမယ် ဒါပေမယ့် များသောအားဖြင့်ပေါ့...။

မိဘတွေကတော့ အတူတူပဲချစ်ပါတယ်... ဒါပေမယ့် ဆိုးတဲ့သားသမီးကို ပိုချစ်တယ်ဆိုရင် မမှားဘူးထင်တယ်နော်...။

ပျော်ရွှင်ချမ်းမြေ့ပါစေ
မိုးခါးလေးရေ....

ပြည့်စုံ (ဝေါသားလေး)

အဆိပ်ခွက် said...

အဖေချစ်သမီးလေးပေါ့ အဟ.... ကောင်းပါ့ဗျာ..

ခင်မင်လျှက်
အဆိပ်ခွက်

မင်းအိမ်ဖြူ said...

လာဖတ်တယ်နော် .....
ကျွန်တော်လည်း မိုးခါးအဖေရဲ့ တချို.အချက်လေးတွေ ကြိုက်တယ် မိသားစုနဲ. တူတူပျော်ရွှင်ချင်တာမျိုး
အင်း မိုးခါးလို သမီးမျိုး ရရင်တော့ အဖေတစ်ယောက် အနေနဲ့ သတိထားရမယ်.. ဟာဟ
မနက် အတင်းအိပ်ရင်လည်း မုန်းတယ် .. အစောကြီးတော့ မထတက်ပါဘူး ဒါပေမယ့် အကြာကြီးလည်း အိပ်လို.မရဘူး ...
ဟူးဒီလိုသမီးမွေးမိရင်လွယ်ဘူးးး ... စတာနော်
မိုးခါးကလိမ်မာတယ်...ဟဲဟဲ

နွေးနွေးသဲမွန် said...

ဖခင်ကိုလွမ်းနေတဲ့ အဝေးရောက်သမီးလေးရဲ့ စာသားတွေကိုမျှဝေခံစားသွားပါတယ်..မမရေ

ဖိုးစိန် said...

ဖေဖေချစ်တဲ့သမီးလေး
ဖေဖေ့အပေါ်ဆိုးတဲ့သမီးလေးး
ခုတော့လိမ်မာနေတယ်ပေါ့...
အကိုကြီးညီမပီသလို့နေမှာ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

chitpalone said...

မမရေ မိသားစုစုံစုံလင်လင်နဲ့ ပျော်ရွှင်နိုင်ပါစေ။
ညီမလေးပါးလုံး

Upasaka said...

အဖေက ငယ်ငယ်လေး ကတည်း ကဆုံးတယ်ဆိုတော့

အဖေလို့ ခေါ်သံကြားတဆိုင်း ပြောပြမတတ်အောင်
ခံစားရတယ် ဗျာ

အိမ်လွမ်းသူ said...

မိသားစုတွေ တစ်စုတစ်စည်းတည်း အမြန်ဆုံးနေနိုင်ပါစေ... ညနက်မှအိပ်ပြီး မနက်မထချင်တာကတော့ အမရဲ့သမီးကြီးအတိုင်းပါပဲး))

Dream said...

အဖေကြောင်းလေး ဖတ်သွားပါတယ်.. တီတီမိုးခါး

ခမ်းကီး said...

နွေးထွေးသောမိသားစုကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေ...

Phyu said...

မိဘတွေကိုစိတ်ချမ်းသာစေချင်တာ သားသမီးတိုင်းရဲ့စိတ်ဆန္ဒလေးတစ်ခုပါ
ဒါပေမယ့်တခါတလေမှာစိတ်အခန့်မသင့်စရာလေးတွေနဲ့ကြုံတွေ့ခဲ့ရင်တောင် ဖေဖေနဲ့မေမေကအမြဲခွင့်လွှတ်နေမှာပါ
ဖေဖေနဲ့မေမေကိုသိတတ်တဲ့ သူငယ်ချင်း မိုးခါးဘဝမှာအောင်မြင်မှုတွေမြန်မြန်ရနိုင်ပါစေလို့ ဖြူဆုတောင်းပေးပါရစေ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...