Saturday, June 13, 2009

မိုးခါးအကြောင်း


ကိုယ့်ကိုယ်စဉ်းစားကြည့်တယ် .. ငါဟာ ဆိုးသလားလို့ .. သိပ်မဆိုးဘူးတော့ထင်မိတာပါပဲ .. လိမ်လည်း မလိမ္မာပြန်ဘူး .. :D

ငယ်တုန်းကတည်းက ကိုယ့်စိတ်နဲ့ကိုယ် .. ကိုယ့်ဒေါသနဲ့ကိုယ် စားမယ် သွားမယ် လုပ်လွန်းလို့ ချော်လဲတာနဲ့ အပူလောင်တာနဲ့ အနာရွတ်တောင်ရှိသေးတယ် .. မောင်လေးကိုယ်ဝန်နဲ့တုန်းက အမေက ကိုယ်ဝန်နဲ့ဆိုတော့ စိတ်တိုလွယ်ပြီး မိုးခါးကို ရိုက်မိ အော်မိတယ်တဲ့ (မေကြီးပြန်ပြောပြတာပဲ .. :P) အဲဒါနဲ့ မောင်လေးမွေးခါနီး အမ၀မ်းကွဲတွေက မိုးခါးကို သူတို့နဲ့ တူတူခဏနေရအောင် ကူထိန်းပေးမယ်ဆိုပြီး ခေါ်သွားတယ် .. ခုဒီမှာ တူတူနေနေတယ်ဆိုတဲ့ အမတွေပေါ့ ..

အမေက မောင်လေးကို မွေးပြီဆိုတော့ သွားကြည့်ကြတယ် .. အဲဒီတုန်းက မိုးခါးက အသက် ၂နှစ်ခွဲ .. မောင်လေးနဲ့ ၂နှစ်ခွဲကွာတာပေါ့ .. ဆေးရုံရောက်ပြီး အမေနဲ့ မောင်လေးကို အဖိုးတွေ အဖွားတို့ အမတွေ အကုန်လုံးက ၀ိုင်းကြည့် စကားတွေပြောနဲ့ပေါ့ .. ပြန်ခါနီးကျတော့ အမေကပြောတယ်တဲ့ .. "သမီး မေမေနဲ့ နေခဲ့ပါလား" ဆိုတော့ မိုးခါးက အကြည့်စိမ်းစိမ်းနဲ့တဲ့ အမေကိုကြည့်ပြီး "ဟင့်အင်း မနေဘူး ပြန်လိုက်သွားမယ်" လို့ ပြောသတဲ့ .. တကယ်လည်း ပြန်တော့ အမတွေနဲ့ပဲ လိုက်သွားခဲ့တယ် .. အဲဒီတုန်းက ဘယ်လိုခံစားမှုမျိုးနဲ့ ဒီလိုပြောဖြစ်လုပ်ဖြစ်တယ်မသိပါဘူး .. အမေဆို ခုထိပြောတုန်း .. အဲလိုလုပ်သွားတုန်းကဆို အမေ့စိတ်ထဲမှာ မကောင်းဘူးပေါ့ .. :D ..

ငယ်ငယ်တုန်းတည်းက ဘာပဲဖြစ်ဖြစ် "ကိုယ့်ဖာဖာ လုပ်မယ် ကိုယ့်ဖာဖာလုပ်မယ်" ဆိုတာချည်းပဲတဲ့ .. ထမင်းဆိုလည်း ခွံ့ကျွေးလို့မရဘူးတဲ့ .. စားပွဲလေးနဲ့ ခုံလေးနဲ့ ပန်းကန်ကို ဇွန်းလေးတပ်ပေးလိုက်ရင် ကိုယ့်ဟာကိုယ့် မပေ မပွအောင် စားသွားတယ်ဆိုပဲ .. (တယ်ဟုတ်ပါလား :D)

မူကြိုကျောင်းတက်တဲ့အရွယ်ကျတော့လည်း တချက်လေးမှ မငိုတဲ့ .. လိုက်ပို့ရင် နောက်ကြောင်းတောင် လှည့်မကြည့်ပဲ အတန်းထဲ တန်းဝင်သွားတာပဲတဲ့ .. (ဒီလိုဆိုတော့လည်း ညဉ်လေးက မဆိုးဘူးပဲ :P) အဲဒီအချိန်တုန်းကလည်း အမေနဲ့ မနေဘူးလေ .. အမတွေနဲ့ပဲ တူတူ .. အမတွေဆို မိုးခါးတို့ မောင်နှမလုပ်လို့ ကလေးအမေထင်ခံရတာ လွန်ခဲ့တဲ့ ၃နှစ်လောက်ထိပဲ .. အမြဲ ပူးကပ်လိုက်သွားတယ်လေ .. အပျိုကြီး ၂ယောက်ကျန်နေသေးတယ် .. ဒီလောက်နောက်က လိုက်နေတဲ့ကြားက နှစ်ယောက်ကို ဘယ်လိုများယောက်ဖတော်တွေသုတ်သွားလဲမသိပါဘူး .. :P


ငယ်တုန်းကတည်းက တူတူနေတာဆိုတော့ ၀မ်းကွဲတွေဆိုပေမယ့် အမတွေကို အရမ်းချစ်တယ် .. အမအကြီးဆုံးဆိုရင် မိုးခါးက နောက်ကနေဘယ်သွားသွားလိုက်လွန်းလို့ အဖွားကတောင် ဒီနှစ်ယောက်ကို ဘယ်လိုခွဲရပါ့မလဲလို့ အသံထွက်ပြောလာတဲ့အထိပဲ .. ဒီအမနဲ့ပဲ တူတူအိပ်တယ် .. အမြဲနောက်က တောက်တောက်တောက်တောက်လိုက်တယ် .. ဘယ်လောက်ဆိုးလဲဆို အိမ်သာဝင်တာတောင် အိမ်သာထဲထိလိုက်တယ်တဲ့ .. ပြန်ပြောကြတာလေ .. အဲဒီအကြီးဆုံးအမကြီးကို အရမ်းချစ်တယ် .. မကြီးကလည်း အရမ်းအနွံတာခံတယ် .. ဒါပေမယ့်လည်း ခုတော့ သူ့အိမ်ထောင်နဲ့သူ .. မိုးခါးကိုလည်း မချစ်တော့ဘူးထင်ပါတယ် .. အဲလို အမေ့ကိုပြောရင် အမေက "ဒီလိုတော့လည်းဘယ်ဟုတ်ပါ့မလဲသမီးရယ် .. ချစ်ပါတယ်" တဲ့ .. ဒီလိုမျိုးကျတော့လည်း အတ္တက အရေထူတယ် .. "သမီးကိုမချစ်ရင် သမီးကလည်း မချစ်ဘူးပဲ" .. အဲလိုပြောတော့ အမေက ရီတယ် ..

နောက် အသက်ကနဲနဲကြီးလာတော့ လမ်းမကိုထွက် သူငယ်ချင်းတွေနဲ့ဆော့တာ စားချိန်မသိ အိပ်ချိန်မသိ .. လှစ်ခနဲပျောက်သွား ဝေးဝေးမရှာနဲ့ အိမ်ရှေ့မှာ ကစားနည်းပေါင်းစုံကစား .. သူငယ်ချင်းဆိုလို့ များများစားစားလည်းမဟုတ်ပါဘူး .. ၄ယောက်တည်း .. အိမ်က အဲဒီထဲက ကောင်မလေးတယောက်နဲ့ပေါင်းတာမကြိုက်ဘူး .. ဒါပေမယ့် မရဘူးပြောလို့ .. အမြဲပူးပြီးဆော့တာ ..သူငယ်ချင်းသာဆိုတယ် ကိုယ်က အကြီးဆုံး .. အကြီးဆုံးမို့ အလျော့ပေးမယ်ထင်သလား .. အငြင်းသန် အလျှော့မပေးတဲ့အပြင် ကိုယ်ကချည်းနိုင်ချင်တာ .. ရှုံးရင်လား ရှုံးမဲ မဲပြန်ရော .. အဲလိုအကျင့်လေးက ချစ်စဖွယ် :D

၁၀ တန်းပြီးတဲ့အထိ အိမ်ရှေ့မှာထွက်ဆော့တယ် .. ဘောလုံးပစ်တယ် .. ကြက်တောင်ရိုက်တယ် .. တခြားဟာတွေလဲပါသေးတယ် .. ညဘက်ကြီး အရင်ကဆို မီးလည်းမှန်တယ် .. လမ်းမီးတွေလည်း လင်းလို့ .. ဒီလိုဆိုလို့ကတော့ မိုးခါးတို့ ည ၉နာရီလောက်ထိ ဆော့တာ ..

အထက်တန်းတက်တုန်းကဆို ၉တန်းနှစ်တက်ရတာ အပျော်ဆုံးပဲ .. အဲဒီအချိန်က ဂဲလုံးတွေကောက် .. အတန်းထဲမှာ ဇယ်ခုတ်တာလား .. အဲဒါဆော့တယ် .. အချိန်ပြည့်ဆော့တာ .. အတန်းပြီးလို့ ဒေါင်ဆိုတာနဲ့ တတန်းလုံးနီးပါး စာသင်ခန်းနောက်က နေရာလွတ်ကိုပြေးတော့တာ .. အပြိုင်ဇယ်ခုတ်ကြရော .. အိမ်မှာလဲ လေ့ကျင့်လိုက်ရတာ အမော .. အိမ်က လာဘ်တိတ်တယ်ပြောလဲမရဘူး .. အားတိုင်း ဂဲလုံးတွေနဲ့ပဲရှုပ်နေတာ .. တော်တော်တော့ ပျော်ဖို့ကောင်းတယ် ..

ခုထိလည်း ကိုးတန်းကိုသတိရတုန်း .. စာလည်းကျက်စရာမလို .. အချိန်ပြည့်ဆော့ .. အဲဒီအချိန်က ထမီကို ရှည်နိုင်သလောက် ရှည်ရှည်ဝတ်ကြတာလေ .. ကျောင်းက သန့်ရှင်းရေးတွေကို ကူပေးတာ .. ဒီအဖွဲ့အတွက် နာမည်က စည်ပင်သာယာ .. နာမည်လေးက သင်းနေရောပဲ .. ပြီးတော့ အဲဒီအချိန်မှာ တရုတ်ကား ဇာတ်လမ်းတွဲတွေ လာနေပြီလေ .. ဂိုဏ်းတွေနဲ့ .. အားကျမခံဂိုဏ်းဖွဲ့တယ် .. အရိုးကောက်ဂိုဏ်း .. ဘယ်ကဘယ်လို အရိုးကောက်ဖြစ်သွားတယ်လဲမသိပါဘူး .. ဧကန်န အဲဒီတုန်းက ဗလတွေကောင်းကြလို့ဖြစ်မယ် :P ..

အဲဒီအချိန်က သူငယ်ချင်းအဖွဲ့လိုက် ၇ယောက်ရှိတယ် .. အခန်းတွေတော့ကွဲတယ် .. ဒါပေမယ့် တပူးတွဲတွဲ .. ခုတော့လည်း မပူးနိုင်တော့ဘူး .. လောလောလတ်လတ် အဆက်အသွယ်ရှိပြီး ခင်ကြတာ ၄ယောက်ပဲကျန်တော့တယ် .. selection ပေါ့နော် .. အရမ်းခင်တယ် ညီအမတွေလိုပဲ အရမ်းချစ်တယ် .. ကျိုက်ထီးရိုးတူတူတက်ကြတယ် .. များများစားစား ၁ခေါက်ကြီးများတောင် :D

၁၀တန်းထိ သင်ပေးတဲ့ ကိုယ့်အနီးကပ်ဆရာ ဆရာမတွေက အရမ်းချစ်ဖို့ကောင်းတယ် .. စေတနာဆရာတွေ .. အသပြာဆရာတွေရှိပေမယ့် ဆရာကံကောင်းတယ်ပဲဆိုမလား ..

မိုးခါးက သိပ်ပူပန်တတ်တာ .. စာမေးပွဲများနီးပြီဆို အိပ်လို့ကောင်း စားလို့ကောင်း .. ဇာတ်လမ်းတွဲ အကြည့်မပျက် .. မေကြီးက မအိပ်ပဲစောင့်ရင်တောင် မိုးခါးတို့ ငိုက်ပြပါလိမ့်မယ် .. ဇာတ်လမ်းတွဲကြည့်ရင်သာမငိုက်တာ .. စာအုပ်ကစာကိုမြင်တာနဲ့ ငိုက်တော့တာပဲ .. ဒီလိုဆို အမေ့ကိုပြော .. သမီးခုခဏအိပ်မယ် .. ၂နာရီပြန်နှိုး စာကျက်မယ်ပေါ့ .. အမေက အိုခေဆိုတာနဲ့ အိပ်လိုက်တာ သိုးလို့ .. ၂နာရီဆို အမေက လာနှိုးတယ် .. အဲဒီအခါ ၀ူးဝူးဝါးဝါးနဲ့ ထ .. စာကြည့်စားပွဲထိုင် .. ငိုက် .. အဲဒီအချိန်က တော်တော်အိပ်နိုင် အပျင်းကိုထူနိုင်ပါတယ် .. စာမေးပွဲကံလေးကကောင်းနေလို့ .. အင်္ဂလိပ်စာသင်တဲ့ဆရာဆိုပြောတယ် .. "ဟဲ့ နင်တို့ အဖွဲ့ကိုကြည့်ရတာ စာမေးပွဲနီးလေ မျက်နှာကြီးတွေ ဖောင်းဖောင်းလာလေပါလား"တဲ့ .. "သြော် .. ဒါကတော့ ဆရာရယ် စိတ်ကပူနေရတာကိုး .. အိပ်လို့မှမပျော်ပဲ" လို့ ..း)

တကယ်တန်းစာမေးပွဲနီးတော့ ပိန်ကျသွားတာက အမေ .. အဒေါ်တွေကတောင် အမေ့ကို ပိုလိုက်တာလို့ပြောကြသေးတယ် .. အမေကိုး နော် .. မိုးခါးတို့ကတော့ အေးဆေးပဲ .. စာမေးပွဲက ကိုယ်နဲ့မဆိုင်သလို .. ဘယ်လောက်များလဲဆို မိုးခါးက အီကိုဆို သိပ်ပျင်းတယ် .. လုံးဝမကျက်ချင်ဘူး .. အရမ်းမုန်း .. ဒါပေမယ့် ခုကိုယ့်ဘွဲ့က အီကိုတဲ့လေ .. ဆန်းပုံများနော် ..

စိတ်မပါဘူးဆိုရင်လည်း ဘယ်သူဘာပြောပြော မလုပ်တတ်တာက အကျင့် .. အမေက ငုတ်တုတ် .. ဒီစာရမှအိပ်ရမယ်တဲ့ .. မအိပ်ဘူးလေ .. ရလည်းမရဘူး .. ညလုံးသာပေါက်သွားတယ် .. အော်သာအော်နေတာ ခေါင်းထဲစာက မ၀င်ဘူး .. အဲဒါလည်း အမေပြောနေတုန်း ခုထိ .. မမေ့ဘူးတဲ့ အီကိုစာတစ်ပုဒ်ကို ညလုံးပေါက်တာ .. အီကိုမနက်ဖြန်ဖြေရမယ်ဆို ဒီနေ့ညထိ စာကိုကျက်နေတာ .. မရသေးဘူး .. အဲလိုဇလေးတွေရှိပါတယ် ..

ကျန်တာတော့ နောက်အာရုံရမှထပ်ရေးတော့မယ် .. စိတ်ကူးပေါက်လာရင်ပေါ့ ..း))

တကယ်က စာရေးမယ်ရေးမယ်ဆိုပြီး ဟိုစပ်စပ်ဒီစပ်စပ်က ရေးထားတယ် .. တင်ဖို့မပြီးသေးဘူး .. မပြီးသေးခင်မှာအလုပ်ကပေါ်ရင် အာရုံက မလာတော့ဘူး .. ဒါနဲ့ နောက်ဆုံး ဒလိရတဲ့အဖြစ်ကိုရောက်ရော .. ဒါလည်း ဟိုနေ့တည်းက ရေးထားတာ .. မတင်ဖြစ် မတင်ဖြစ်နဲ့ ..

ခုရက်ပိုင်းက အလုပ်မှာ ကိစ္စတွေကပေါ် .. ရုံးခန်းပြောင်းဖို့ရွေ့ဖို့ကိစ္စတွေနဲ့ ရှုပ်နေသေးတယ် .. သောကြာနေ့ကတော့ ရွေ့လိုက်ပြီ .. ဒီတော့လည်း ပြင်ရဆင်ရ .. ဒီကြားထဲ အင်တာနက်က ဖြတ်လိုက်တယ် .. အပြောင်းအရွေ့နဲ့ .. ဒါတွေဆက်သွားတော့ စာကမရေးဖြစ် ..း) .. အားလုံးပဲ စိတ်မရှိကြပါနဲ့နော် .. စိတ်ပူအောင်လုပ်သလိုဖြစ်သွားရင်လည်း တောင်းရော စကောရော ပန်ပါတယ် ..

ကိုရီနိုကြီးက ဖုန်းဆက်တယ် .. ဘာတွေဖြစ်နေလဲတဲ့ .. တကယ်က သူပဲဖြစ်ပြီး သူပဲစ ဖြတ်သွားတာလေ .. ဒီမောင်နှမတွေကို .. အဲဒါ သူက တပြန်လာပြီး မေးနေတယ် .. ကိုရီနိုကသာ ဘာမပြောညာမပြောနဲ့ ပျောက်ချင်းမလှပျောက်သွားတာ .. ကိုဖိုးစိန်ကို အကူအညီတောင်းရမယ် .. ကိုရီနိုကြီးအမှုကို ဒီစလုံးက မောင်နှမတွေက အပ်ပါတယ် .. အဖြစ်မှန်ပေါ်ပေါက်အောင် စုံစမ်းပေးပါဗျို့ .. ချစ်မမရောင်ကလည်း ဘလော့ကို ပြန်ဖွင့်လိုက်ပီ ..း) .. မကြယ်ဖြူကလည်း အချစ်နဲ့ အိုကေနေတယ်တဲ့ .. ကိုသီဟသစ်ကြီးလည်း ကေနေပုံပါပဲ .. လွတ်လပ်ရေးရနေတယ်လေ .. လူပျိုလုပ်နေတယ် .. မပြောချင်ဘူး .. :P .. အဆိပ်ခွက်ကလည်း အိုကေနေတာပါပဲ .. :D .. အကုန်လုံးလည်း အဆင်ပြေကြမယ်ထင်ပါတယ် .. ကိုတောင်ပေါ်တော့ အကြပ်ခံရတယ်ပြောတယ် .. တခုခုဆို သူ့ခေါင်းကျနေကျဆိုတော့ ခုလည်း ထုံးစံမပျက်လေးပေါ့ .. :P .. မိုးခါးလည်း အဆင်ပြေပါတယ် .. မျက်နှာကိုမမြင်လို့ပါ .. ရုံးသာမသွားရဘူးဆို ဖြီးနေရောပဲ :P .. အမ်စီလေးယူပြီး ဆေးခန်းသွားချိန်လေးတော့ နဲနဲမှင်သေသေနေရတာပေါ့နော် .. :D ..

မေ့တော့မလို့ .. ပြောရဦးမယ် .. စိတ်မကောင်းစရာ .. ခုရုံးခန်းပြောင်းတဲ့နေရာမှာ မိုးခါးနောက်တည့်တည့်က မန်နေဂျာနဲ့ ဂျပန် ၂ယောက်ဆိုတော့ နောက် ခိုးလည် ခိုးချက် ခိုးရေး ခိုးဘလော့ရမှာ .. ၀ါသနာအရ မစွန့်လွှတ်နိုင်တော့လည်း ငါးပါးသီလ ၁ပါး နေ့စဉ်အကျိုးခံပြီး ခိုးရမှာပဲ :P ..

နောက်စာတွေရေးဖို့လည်း အာရုံခံနေပါတယ် .. တဂ်ရေးဖို့လည်း စဉ်းစားနေပါတယ် ..း))

မိုးခါးကို ခင်သူ ချစ်သူ အပေါင်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..
မချစ်သူ မခင်သူတွေလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..
ဘယ်လိုမှမနေသူတွေလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..း)


25 comments:

ကိုလူထွေး said...

(.............းဝ))

ဒီလိုဆိုတော့လဲ မိုးခါးက မဆိုးဘူးပဲ...

စိတ်ပြတ်တယ်... စိတ်ထန်တယ်... စိန်ပြင်းတယ်...

သဘောတော့ကောင်းမယ့်ပုံပါ...

အမအပျိုကြီးတွေကိုတော့ သနားတယ်...

တနည်းနည်းနဲ့ ကူညီလိုက်ပါဦး...

းဝ)

အိုင်အမ်သည်ဖတ်စ်စ်စ်စ်စ်စ်စ်စ်....

မေဒီဇာ said...

သာဓု သာဓု ခေါ်သွားပါတယ်။ ၂ ခါပဲခေါ်မယ်။ ဒါတောင် ၁ပါးပဲခိုးလို့။ ၂ပါးခိုးရင်တော့... :P

reenoemann said...

ခုမှပဲ စိတ်ချမ်းသာတော့တယ် ညီမလေးရေ။

တစ်ပါး မကလို့ ဘယ်နှပါးပဲ ကျိုးကျိုး ကျိုး ပါစေ။ ဒီမောင်နှမတွေနဲ့ တွေ့ရဖို့ပဲဟာ။

နောက်တက်ခ် မဲ့ ထဲမှာ အကို မပါဘူး မဟုတ်လား။ ညီမလေးက လိမ်မာတယ်နော် ဟဲဟဲ

ခင်တဲ့
ကိုရီနို

မေလေး said...

မိုးခါး
လိမ်မာပါတယ်ဟ.သယ်ရင်းလေးကလဲ...
ခါးခါးရေ မေလေးလဲ ဘဝတူဘဲ သိလား နောက်တည့်တည့် စားပွဲမှာ သူဌေးကတော် ထိုင်တာ
သူ မရှိလဲ ဘလော့ တာဘဲ ရှိလဲ ခိုးလုပ်တာပါဘဲ
ဝါသနာကို ဟ
ငါးပါး သီလ မမြဲတာတော့ တတ်နိုင် ဘူးနော်
ဒါပေမဲ့ မေလေး တို့ ကိုယ်တာဝန်ယူရတဲ့ အလုပ်ကျေပွန်ရင် ပြီးတာဘဲနော့
ခင်တဲ့
မေလေး

မိုးစက်အိမ် said...

အမ ဂျပိုး လုပ်ထားတဲ. အကြောင်းတွေ
လာဖတ်သွားတယ် ဗျို. :D

ဆောင်းချမ်းမိုး said...

ငယ်ငယ်တုန်းက အကြောင်းလေးပေါ့
အာရုံတွေခံထားပါဗျာ
ဟိုလွင့်ဒီလွင့် လွင့်ကုန်အုံးမယ်
:P

ကောင်းကင်ပြာ said...

ချစ်ညီမလေး အကြောင်းလာဖတ်တယ်၊ ခိုးရေးပါ၊ ခိုးလည်ပါ၊ အားပေးပါတယ်

Banyarshein said...

လက်စသပ်တော့ နင်ကြောင့် မမသွယ်တို့ ယောက်ကျားမရသေးတာကို ငါ့အမတွေ သနားပါတယ်ဟာ
နင်ကလဲ မြန်မြန်ရှာပေးလိုက် နင်ကရှိပြီးတော့ မမသွယ် မစွန်ဘူးဆိုရင် နင်ညံ့တာပဲ မမသွယ်နဲ့ တွေ့ရင် နည်းနည်း ပင့်လိုက်ဦးမယ်

မေတ္တာရောင်ပြန် said...

လိမ္မာတဲ့ ညီမလေး အကြောင်း လာဖတ်တယ်နော်။ အဲဒီ အစ်မတွေ မကြီးအိမ်သာ ပို့လိုက်တော့ ဘ၀တူတွေပေါ့။ ဟဟ

ချစ်မ
မရောင်

ဖိုးစိန် said...

ညီမလေးမိုးခါးရေ...
သယ်ရင်းရီနိုပျောက်နေတာ
သောကြာဂြိုလ်မှာ အကိုတို့ဖွင့်မယ့်ဟိုတယ်အတွက်
စီစဉ်နေရလို့ပါ...
အကိုတွေ အမတွေကိုချစ်တတ်တဲ့ညီမလေးကို
အကိုဖိုးစိန်ကလဲချစ်ခင်ပါတယ်
ညီမလေး အဆင်ပြေပါစေဗျာ

အကို့ညီမတွေလို့ မပြောရဘူးး
စိတ်ဓာတ်တွေက တူနေတယ်
ပျော်ရွှင်ပါစေ
ကိုကြီး
ဖိုးစိန်

ငှက်ကလေး said...

ကလူထွင်းးးး ကွန့်မန့်ရေးရင်းဝ) မသုံးရဘူးလို့ပြောထားးတယ်လေ မေ့နေပြီလား ဟွန်းးး


မမရေ လာဖတ်သွားတယ်သိလားးး မမနဲ့ညီမနဲ့တူတယ်တော့ ၁၀ တန်းစာမေးပွဲကဖြင့် ဖင်နားကပ်နေပြီ အဲဒီအချိန်ထိ ချန်ဂင်ကြည့်ကောင်းတုံးလေ ဟဟဟဟ ဟုတ်ပါ့ စာမေးပွဲနီးလာလေ မျက်နှာကြီးက ဖောင်းကားလာလေပဲ ခိခိ အမတော်မယ်နော် ဗျိုးးး ဂလို အကျင့်စရိုက်တွေ တူလို့ ခစ်ခစ်

ကြယ်ဖြူစင် said...

ရေးသာရေးမိုးခါးရေ..တစ်ပါးတလေပေါက်တာဘဲ
နော်..ဘာမှမဖြစ်လောက်ပါဘူး..
အခုလိုမျိုးချစ်စရာကောင်းတဲ့ခပ်ဆိုးဆိုးညီမလေး
မှန်းမသိပါဘူး..အကျင့်လေးတွေကတူတူဘဲ....
ပျော်ရွှင်ပါစေ ညီမလေး
မမ ကြယ်ဖြူစင်

ဝသန်မိုး said...

အားလုံးအဆင်ပြေတယ်ဆိုကြလို့ 
ဝမ်းသာပါတယ်
ကိုယ့်ဖာဖာ မန့် သွားပါတယ်

ခင်တဲ့
ဝသန်မိုး

သီဟသစ် said...

အော်မိုးခါး မိုးခါး

အစ်မ အပျိုကြီးတွေ ၀ဋ်တော့ လည်မှာ မြင်ယောင်သေးတယ်..

မလည်အောင် ယတြာအနေနဲ့ ဘလော့ဂါ မော်နှမများကို ဘူဖေးလိုက်ကျွေးလိုက်ပါ

်ခင်မင်စွာဖြင့်
သီဟသစ်

မငုံ said...

မိုးခါးရေ.လာဖတ်တယ်။ အမတွေ အပျိုကြီးဖြစ်အောင် လုပ်တာတော့ တူနေတယ်:)) တမင်လုပ်တာမှမဟုတ်တာနော့။ သူတို့က ညီမတွေကို ချစ်လို့မယူတာ

khin oo may said...

ချစ်စရာမိုးခါးအကြောင်းဖတ်သွားပါသည်။

မမသီရိ said...

စားပွဲ လှည့်လိုက်လို့ မရဘူးလား ညီမလေး..း)

သက်ပိုင်သူ said...

အာရုံပေါ်မှ လာဖတ်သွားတယ်.. ဟိ

တောင်ပေါ်သား said...

လာဖတ်သွားတယ်ဗျို့... တော်တော်လိမ်မာတဲ့ သူပဲ လိမ်လိမ်ပြီး မာနေတယ်လေ အဟားးးး



လေးစားလျက်
တောင်ပေါ်သား

နွေးနေခြည် said...

ပျောက်သွာလို့ ဘာများဖြစ်ပါလိမ့်လို့ ... အဆင်ပြေနေတယ်ဆိုတော့ တော်ပါသေးရဲ့

ဆက်ပါဦး မိုးခါးအကြောင်းလေး...း)

ခမ်းကီး said...

ဖတ်လို့ ကောင်းလွန်းလို့ ချစ်စရာဟန်ပန်ကို မြင်ယောင်မိတယ်။

မီးငယ် said...

မမရေ... လာလည်သွားတယ်နော်...
ငါးပါးသီလ ထဲက ၁ ပါးလောက်ကျိုးတာပဲ ကိစ္စမရှိဘူး.. :P

နွေးနွေးသဲမွန် said...

လိမ္မာလိုက်တဲ့ မမ...ငယ်ငယ်လေးထဲက ...ဂျစ်တာလေးကလွဲလို့ ... :-P

Libratun said...

:) :) :)

said...

ဂငယ် ကြီးမျက်စိလည်အောင် လုပ်လိုက် ညလေးးးးးးးးး အဟဲ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...