Tuesday, June 9, 2009

နေချင်တဲ့ မြို့လေး


ပူလောင်တဲ့ ရာသီဥတု .. ဆူညံသံတွေ .. ကားသံ လူသံတွေနဲ့ဆူညံလွန်းတဲ့ ရန်ကုန်မှာပဲ ကြီးပြင်းလာခဲ့တယ် .. အဲဒီမြင်ကွင်းတွေနဲ့ အလှမ်းကွာဝေးတဲ့ အေးချမ်းတဲ့မြင်ကွင်း .. စိမ်းလန်းတဲ့ သစ်ပင် ပန်းမန်တွေ .. မျက်စိတဆုံး တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ .. ရာသီဥတု အေးစိမ်းတဲ့ နေရာဒေသမျိုးကို နှစ်သက်တတ်ခဲ့တယ် ..

ငယ်ငယ်တုန်းက ဖိုးဖိုးကြီးတို့ ဖွားဖွားကြီးတို့ ခရီးတွေထွက် တောင်တွေ တက်နိုင်တဲ့အရွယ်တုန်းကဆိုရင် ဦးလေးတွေ အဒေါ်တွေက ဦးဆောင်ပြီး ကားကြီး ကားငယ်တွေငှား ရာသီအလိုက် ခရီးတွေ မျိုးစုံ ထွက်ဖူးခဲ့တယ် .. ၁၀ ရက်နဲ့ အထက်မြန်မာပြည် ခရီး .. ဆောင်းတွင်းဆို ကျိုက်ထီးရိုးဘုရားဖူး .. ကျိုက်ခမီ စက်စဲ .. ရွှေစက်တော် .. မေမြို့ .. တောင်ကြီး .. အင်းလေ .. ပင်းတယ စသည်ဖြင့် ခရီးတွေ ထွက်ခဲ့တယ်ဆိုတာ မှတ်မိတာလောက် ဓါတ်ပုံတွေကြည့်ပြီး ရေးတေးတေး မြင်ယောင်တာလောက်သာ မှတ်မိတော့တယ် .. ငယ်ငယ်ကတော့ ခရီးတွေ ခဏခဏထွက်ရတယ်ဆိုတာ မှတ်မိနေတယ် .. ကလေးဆိုတော့ သွားရင်လာရင် ပျော်တယ် .. ဟိုဆော့ ဒီဆော့ ဟိုလျှောက်ပြေး ဒီလျှောက်ပြေး .. ဒီလောက်ပဲ .. ရှုခင်းဆိုတာလည်း ကြည့်ရကောင်းမှန်းမသိ .. သွားမယ် စားမယ် ဆော့မယ် ဒီအတွေးပဲ ..


သိတတ်တဲ့အချိန်ကျတော့ ဖိုးဖိုးကြီး ဖွားဖွားကြီးတို့က အသက်တွေကထောက်လာ ခရီးထွက်ဖို့ဆိုတာ ခက်ခဲလာတော့ နောက်ပိုင်းခရီးဆိုတာ သိပ်မထွက်ဖြစ်ကြတော့ဘူး .. ခရီးတိုလေးတွေလောက်ပဲ သွားဖြစ်ခဲ့တော့တယ် .. (ကံကလည်းဆိုးပ .. လူစောစောမဖြစ်ဘူးနော် ..) ဒီတော့ မြင်ကွင်း ရှုခင်းတွေ မှတ်မိနေတာမျိုးက နည်းသွားတယ် ..

တောင်ကြီးဆိုလည်း လူတွေ အနွေးထည်ဝတ်ထားကြတယ် .. ချမ်းချမ်းစီးစီး ပါးစပ်က အငွေ့တွေထွက်အောင်လုပ်ပြီးဆော့တယ် .. နှာဖျားထိပ် အေးအေးလေးနဲ့ အမေကို လိုက်စမ်းတယ် .. ဒီလောက်ပဲ .. အင်းလေးဆိုရင်လည်း လူတွေ လှေကို ခြေထောက်နဲ့လှော်တယ် .. ခမောက်ပဲခေါ်လားတော့မသိဘူး ချွန်ချွန်ကြီးတွေဆောင်းထားတယ် .. သောက်လည်းဒီရေ သုံးလည်းဒီရေ သုံးပြီးသားရေတွေကလည်း ဒီကန်ထဲပြန်စီးဆင်းနေတယ်ဆိုလား .. :D ..

သွားဖူးတယ်ဆိုတာလောက်သာ အသိရှိပြီး ဘာက ဘယ်လိုဆိုတာမျိုးတွေ ပြန်မပြောတတ်တဲ့ အချိန်မျိုးမှာ ခရီးတွေ ထွက်ခဲ့ရတယ် ..

မှတ်မှတ်သားသားအချိန်မှာ သွားဖူးတဲ့ထဲမှာ နေရတာအကြိုက်ဆုံးနဲ့ စိတ်ကူးယဉ်ထဲမှာ အိမ်လေး ခြံလေးဆောက်ဖြစ်တဲ့ နေရာကတော့ ပန်းမြို့တော် (ခ) မေမြို့ (ခ) ပြင်ဦးလွင် .. ရုပ်ရှင်တွေထဲမှာ မြင်ရတဲ့ တိုက်ပုပုလေးတွေ ခြံလေး ၀င်းလေးနဲ့ အရမ်းသဘောကျခဲ့တယ် ..

အသက်တွေ ကြီးလာလို့ အဆင်လည်းပြေမယ်ဆိုရင် ပြင်ဦးလွင်လို အေးချမ်းတဲ့ နေရာမျိုးမှာ ကိုယ့်ခြံလေးနဲ့ နှစ်ထပ်အိမ်လေးနဲ့ မြေကွက်လပ်မှာလဲ ပန်းလေးတွေ စိုက် .. အဲလို အေးအေးချမ်းချမ်းလေး အချိန်တွေ ကုန်ဆုံးချင်တယ် .. မီးတော့ လာစေချင်တယ် .. :P .. ပြီးတော့ အင်တာနက်လေး :D ..

မနက်ဆို အိပ်ရာထ ဘုရားဝေယျာဝစ္စလုပ် ပြီးရင် အနီးအနားဖြစ်ဖြစ် ခြံထဲမှာ ဖြစ်ဖြစ် လမ်းလျှောက်ထွက် .. အိမ်ပြန်ရောက်ရင် ချက်ပြုတ်စားသောက်ပြီး နားနားနေနေ နေ .. ကိုယ့် ပန်းပင်လေးတွေကို ပြုစု ဂရုစိုက် .. ညနေဘက် ခြံထဲ အေးအေး လူလူ လမ်းလျှောက် .. စဉ်းစားရင်းနဲ့ နေ့စဉ်ဒီလိုချည်းပဲဆို နည်းနည်းများပျင်းဖို့ကောင်းမလား .. ဖြစ်နိုင်ရင်တော့ ကော်ဖီခြံလို ရာဘာခြံလို လုပ်ငန်းမျိုးလုပ်ချင်ပြန်ရော .. စိတ်ကူးကတော့ တယ်ယဉ်လို့ကောင်းတာပဲ ..

အသက်တွေရလာပြီး အလုပ်တွေလည်း လုပ်စရာမလိုတော့တဲ့အချိန်ကျရင် မေမြို့လိုမျိုး အေးမြတဲ့ ရာသီဥတုရှိတဲ့မြို့လေးမှာ အချိန်တွေကို ဖြုန်းတီးပြစ်ချင်တယ် ..

ကိုရီနိုကြီး တဂ်ထားတဲ့ အနေချင်ဆုံးမြို့လေးကို စိတ်ကူးထဲရှိသလောက် ချရေးလိုက်တာပါ .. အေးချမ်းတဲ့ ဆိတ်ငြိမ်တဲ့ နေရာဆို ဘယ်နေရာဖြစ်ဖြစ်သဘောကျတယ် .. နှင်းတွေကျတာကို ကြိုက်တယ် .. မျက်စိအေး နားအေး နေချင်တယ် .. ခုနေတော့ ဝေးနေပါသေးတယ် .. လုပ်စရာတွေရှိနေသေးတယ်လေ .. မလုပ်ချင်လည်း လုပ်ရဦးမယ် .. မနေချင်လည်း နေရဦးမယ် .. နောက် ဘယ်နှစ်နှစ်ထိလောက်များဖြစ်မလဲ .. ၁၀ နှစ်လောက်လား နှစ် ၂၀ လောက်လား .. ကိုယ့်ရည်မှန်းထားသလိုလေး နေချင်ရင်တောင် အဲဒီရည်မှန်းချက်ရောက်ဖို့ အချိန် ငွေ စတာတွေနဲ့ ဖြည့်ဆည်းရဦးမှာဆိုတော့ စိတ်ကူးလေးနဲ့ပဲ ပျော်နေလိုက်ပါဦးမယ် .. :)

ကိုဇူလိုင် .. ကိုရွာသားလေး(YTU) .. နွေးနွေး တို့ရော ဘယ်မြို့လေးတွေမှာ နေချင်လည်းမသိဘူး ..း)

သူငယ်ချင်းတယောက်က ပြောတယ် .. စာတွေရေးတာမကောင်းဘူးတဲ့ .. စိတ်ကလည်း သိပ်မကြည် သိပ်မရွှင်ဘူး .. အပျင်းတက်တာလည်းပါတာပေါ့ .. :D .. ခုဆို ကိုယ့်အာရုံက မလာတာနဲ့ တဂ်ပို့စ်တွေပဲ ရေးဖြစ်နေတယ် .. သည်းခံပေးကြပါနော် .. ကြိုးစားရဦးမယ် ..း)

26 comments:

နွေးနေခြည် said...

မေမြို့မှာ အိမ်ဝယ်ပြီးရင် ပြောနော်
စတော်ဘရီ လာစားမယ်း)
မေမြို့လည်း နေလို့ကောင်းတယ်။

မိုးစက်အိမ် said...

မကြီးရေ အမ စိတ်ကူးလေးပြည်.၀ပါစေဗျာ
ကို.ချစ်သူနဲ. ပန်းမြို.တော်မှာ ပျော်ပျော်
ရွှင် ရွှင် လန်းနိုင်ကြပါစေဗျာ

ရွာသားလေးဝိုင်တီယူ said...

ဟုတ်ကဲ့ ရေးပေးပါမယ် စိတ်ချပါ နေချင်တဲ့မြို့လေးမှာ နေနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ

ခမ်းကီး said...

အနော်လည်းပဲ (ပုံတွေမှာ မြင်ဖူးရုံ) မေမြို့ကို သဘောကျတယ်။

အခုတော့ ရောက်တောင် မရောက်ဖူးသေးပါဘူး..။
(သနားစရာ... ^__^ )

နှင်းဆီဖြူရဲ့ ကဗျာပန်းခင်း said...

ညီမလေးရဲ့ စိတ်ကူးလေးထဲက မြို့လေးကို မမလည်း အရမ်းနှစ်သက်ပါတယ်။
ဆန္ဒလေးပြည့်ဝပါစေနော်။

နွေးနွေးသဲမွန် said...

အားတာနဲ့ ရေးပေးမယ် မမ စိတ်ချ :-)

မေတ္တာရောင်ပြန် said...

မရောင်ရဲ့ စိတ်ကူးထဲကအိမ်လေးဆိုတာ အဲဒီနေရာလေးပေါ့ ညီမလေးရယ်... မောင်မရှိလည်း တစ်ယောက်တည်း သွားနေမယ်လို့ စိတ်ကူးထားတယ်။

WWKM said...

မမလည်း မေမြို့လေးကို ကြိုက်တယ်..

ဖိုးစိန် said...

မေမြို့လေး မှာ အပန်းဖြေမယ်...
ဒါကြောင့် ညီမလေး မေမြို့မှာ အိမ်ဝယ်ထား
အကိုကြီးတို့လာပြီး အပန်းဖြေမယ်
တစ်လကိုးသတင်းနေမယ်
အဆင်ပြေရင် အိမ်ပေါ်ကမဆင်းဘူး
ညီမလေးကိုချစ်တာလဲပါတယ်လေ
“ဟုတ်ဖူးလား”
ချစ်ခင်စွာဖြင့်
ဖိုးစိန်

တောင်ပေါ်သား said...

အပျင်းကြီးသောသူ အဟီးးး စတာ တကယ်

မေမြို့လေးကလဲ အေးချမ်းစိတ်ငြိမ်ပါတယ်။ ဒါပေမဲ့ နောင် အနှစ် ၂၀ လောက်ဆိုရင်တော့ ဘာတွေ ဖြစ်လာမလဲ မပြောတတ်တော့ဘူးနော့်... ခုလိုမျိုးလေ ရေမြေသယံဇာတကို ထိန်းထားပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ


လေးစားလျက်
တောင်ပေါ်သား

flowerpoem said...

အေးချမ်းတဲ့နေရာမှာ အမြဲတမ်းအေးချမ်းပျော်ရွှင်စွာနေနိုင်ပါစေရှင်

ကောင်းကင်ပြာ said...

စိတ်ကူးထားတဲ့ အတိုင်းနေနိုင်ပါစေ မိုးခါးလေးရေ

mysterysnow said...

မိုးခါးရေ
မေမြို့မှာ တူတူနေကြမယ်လေနော်...
သွားခါနီးကျရင် လက်တို့လိုက်နော်...
လိုက်ခဲ့မယ်...

ဝသန်မိုး said...

ကျွန်တော် လည်း မေမြို့ ကို သဘောကျတယ်
မိုးခါး အိမ်ဝယ်ပြီးသွားရင် ပြောလေ
လာလည်မယ်
ဟဲဟဲ
တက်ဂ်ပို့ စ် ကိုခန လောက်စောင့်ပေးပါဦးနော်
း)
ခင်တဲ့
ဝသန်မိုး

reenoemann said...

ကဲ အားလုံးက တမေတည်း မြို့နေကျတော့
အစ်ကိုလည်း မေမြို့မှာ အိမ်တစ်လုံးဆောက်
ဖို့စိတ်ကူးလိုက်ပြီ။

ဒို့မောင်နှမတွေ မေမြို့မှာ စုနေကျတာပေါ့

ကျေးဇူး ညီမလေးရေ.....နော်

အကိုလည်း အရှုပ်တွေ လုပ်နေလို့
ခုမှပဲရောက်ဖြစ်တော့တယ်။ နောက်ပြီး
အစ်ကို အင်တာနက်က ဘာဖြစ်ပြန်တာလဲ
မသိဘူး Mozilla firefox နဲ့ အကုန်မမြင်ရဘူး
ဖြစ်နေလို့ စိတ်တွေညစ်နေတယ်။

မောင်နှမတွေကို အရမ်းလွမ်းနေပါတယ်ကွာ

ချစ်ခင်တဲ့
ကိုရီနို

အပြုံးပန်း said...

ကိုယ်လဲ ပြင်ဦးလွင်ကိုကြိုက်တယ်၊
မန္တလေးကနေတက်သွားရင် ပထမဦးဆုံးနှစ်သက်တဲ့အရသာက လေအေးအေးပဲ။
ပြီးတော့ ပန်းတွေ၊ အသီးအရွက်တွေ၊ သစ်ပင်တွေ၊ ရှေးရှေးတုန်းက အိမ်တွေနဲ့လမ်းတွေ၊ ကဗျာဆန်လှပါတယ်။

သီဟသစ် said...

မိုးခါးရေ..
လာလည်မယ်ဟေ့...
မေမြို့ကို..
သရဲခြောက်တဲ့အိမ်တော့ ၀ယ်မထားနဲ့နော်..
:D

ခင်မင်စွာဖြင့်
သီဟသစ်

မငုံ said...

မေမြို့မှာနေချင်တဲ့ မိုးခါး ဆန္ဒနဲ့ထပ်တုကျပါစေနော်။

ကိုလူထွေး said...

ကိုလူထွေးလဲ မြို့ကြီးပြကြီးတွေကို စိတ်ကုန်နေတာကြာပါပြီ...

အေးအေးချမ်းချမ်းရှိတဲ့ တောင်ပေါ်မြို့လေးတမြို့မှာ သောကကင်းကင်းနဲ့ နေခွင့်ရရင် အရမ်းပျော်မှာပါ...

ခင်တဲ့
းဝ)

ဂျပန်ကောင်လေး said...

ပြင်ဦးလွင်ကိုလာ.. ကျနော့်အိမ်မှာ ကော်ဖီလာသောက်.. ပြီးရင် နတ်သမီးတွေနဲ့ က.. ဟိဟိ.. .:D

အဆိပ်ခွက် said...

lar read twar par tae nor...... myanmar font ma ya lo..... :(

asate kwat

မေလေး said...

မမမိုးခါးရေ
မမ လဲ အဲလိုစိတ်ကူးလေး ရှိတယ်ဆို မေလေး ရဲ့ ကြည်နူးရိပ် မှာ လာနေပါလားဟင်..ကြည်နူးရိပ် က မေမြို့မှာတော့ မဟုတ်ပါဘူး ..တောင်ကြီးနားက ရွာလေး တရွာမှာပါ..မေလေး လဲဆုတောင်းမိပါတယ်..မေလေးသွားနေတဲ့ အချိန် အင်တာနက်လေး ရစေချင်တယ် ..ချစ်သူကတော့ ပြောပါတယ် ..လုပ်တော့ ခြံစိုက်စားမယ်.အင်တာနက်ကသုံးချင်သေးတဲ့...ချစ်သူကတော့ တောင်ကြီးနဲ့ နီးတော့ တကယ်လို့ အင်တာနက်မရှိလဲ တောင်ကြီးကို တခါတလေ သွားသုံးတာပေါ့ တဲ့
မမရေ မေလေးတို့လဲ မပြန်နိုင်သေးပါဘူး ဒါပေမဲ့ ခုချိန်ထဲက ကြည်နူးရိပ် လေးကို စတင်အကောင်အထည် ဖော်နေပါတယ်..ဒါမှ မေလေးတို့ နေတဲ့အချိန် အသင့်ဖြစ်အောင်လေ...
မမပျော်ရွှင်ပါစေနော်
မမကို ချစ်တဲ့
မေလေး

PAUK said...

ဂျပန်ကောင်လေးပြောသလိုပါပဲ
လွန်ခဲ့တဲ့၁၀နှစ်က မေမြို့နဲ့ အခုမေမြို့
တော်တော်ကွာခြားသွားပါပြီ..
ခုတ်လှဲပစ်တဲ့ ထင်းရှူးတောကြီးကိုနှမြာလိုက်တာ..

မသက်ဇင် said...

မိုးခါးလေးရေ
စာလာဖတ်တယ်နော်
လိုအင်ဆန္ဒပြည့်ဝပါစေ
ချစ်ခင်လျက်

မေဒီဇာ said...

အသက်ကြီးလာလို့ဆိုသေး အင်တာနက်ကို သုံးချင်သေးတုန်းလား??? ဖွားဖွားနေရာမှားနေပြီလို့ မြေးတွေ ပြောလာရင် ဘယ်နှယ့်လုပ်မတုန်း... :D

ရွာသားလေးဝိုင်တီယူ said...

ရေးပြီးပါကြောင်းခင်ဗျာ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...