Friday, June 5, 2009

သူငယ်ချင်းကောင်း မိတ်ဆွေကောင်း



မိတ်ဆွေကောင်း သူငယ်ချင်းကောင်းဆိုတာ ကိုယ့်အတွက် ဆုလာဘ်တခုလို့ မိုးခါး မြင်ပါတယ် .. တဦးတယောက် တအုပ်စုတည်း ရပ်တည်နေထိုင်ဖို့ မဖြစ်နိုင်တဲ့ လောကကြီးမှာ ကိုယ့် မိဘ မိသားစုပြီးရင် မိတ်ဆွေ သူငယ်ချင်းက အရေးပါပါလိမ့်မယ် .. (တကယ်ကိုလည်း မိတ်ဆွေကောင်း မိတ်ဆွေစစ်တော့ဖြစ်ဖို့လိုတာပေါ့ ..)

မြင်နေတွေ့နေရတဲ့ တချို့ကတော့ လိုအပ်ရင် သုံးပြီး မလိုရင်ပစ်ထားမယ့် လူမျိုးတွေပါ .. လူတိုင်းက အတ္တနဲ့မကင်းသူတွေ တကိုယ်ကောင်းဆန်သူတွေဆိုတော့လည်း မပြောသာဘူးပေါ့ .. ဒါဆို ကိုယ်ကရော ဘယ်လောက်များကောင်းနေလို့လဲ .. ကိုယ့်ကို ကောင်းတယ်လို့မြင်တဲ့လူတွေရှိသလို မကောင်းဘူးထင်သူတွေလည်း ရှိမှာ မလွဲပါဘူး ..

လူတော်တော်များများကတော့ ကိုယ့်ပေါ်အရင်ကောင်းတဲ့လူမှ ကောင်းတတ်ကြတာများပါတယ် .. ဒါမှလည်း လူပီသမယ်ပေါ့ ..

ကိုယ့်ကိုယ်ကိုယ် ကံကောင်းသူတယောက်လို့ မြင်မိတာလေးလည်းရှိပါတယ် .. မိုးခါးမှာ သူငယ်ချင်း အပေါင်းသင်းများပါတယ် .. အများစုက ကိုယ့်ပေါ် စိတ်ရင်းနဲ့ခင်မင်ကြသူတွေများတယ်လို့ ခံစားမိပါတယ် .. ဒါကြောင့်လည်း အားလုံးအပေါ် စိတ်ရင်းနဲ့ဆက်ဆံမိပါတယ် .. တန်ဖိုးလည်းထားပါတယ် ..


တချို့ကျတော့လည်း ရှိပါသေးတယ် .. သာတဲ့လူမှပေါင်းတဲ့လူမျိုး .. သာတယ်ဆိုတာ ငွေကြေး ဥစ္စာ ဂုဏ် စသည်ဖြင့်ပေါ့ .. ခုထက်ထိတော့ ဒီလိုလူမျိုးနဲ့မဆုံဘူးသေးပါဘူး .. ဆုံလာခဲ့ရင်လည်း အခြေအနေအရ ဆက်ဆံသင့်ရင် ဆက်ဆံရမှာပါပဲ .. ဒါပေမယ့် ကိုယ်ပေါင်း စိတ်ခွာဆိုသလိုပေါ့ ..

တချို့ကတော့ .. မိုးခါးက နားလည်ပေးတတ်တယ် .. ကိုယ့်နဲ့ ခင်တဲ့လူတယောက် စိတ်ညစ်စရာရှိနေသလား .. စိတ်မကောင်းဖြစ်နေသလား .. ဒီလိုအခြေအနေမျိုးဆိုရင် မိုးခါးဘက်က (မိုးခါးစိတ်ပေါ့နော် ..) စကားလုံးတလုံးနဲ့ ဖြစ်ဖြစ် အားပေးနှစ်သိမ့်ပေးသင့်တယ် .. သူတို့ပြောတာကို နားထောင်ပေးပြီး ကိုယ့်တတ်သလောက် မှတ်သလောက်လေး အကြံဥာဏ်ပေးဖြစ်တတ်တယ် .. အားပေးစကားပြောပေးတတ်တယ် .. ကိုယ်တိုင်အနေနဲ့ဆိုရင်လည်း ကိုယ်စိတ်ညစ်နေချိန်မှာ ကိုယ့်ကို အားပေးစကားပြောသူဖြစ်ဖြစ် ကိုယ်ပြောတာလေးကိုပဲ နားထောင်ပေးရင် ဖြစ်ဖြစ် ကျေနပ်တတ်ပါတယ် .. ဒါကြောင့်လည်း ကိုယ့်အလှည့်မှာပါ အားပေးစကားပြောဖြစ်တယ် .. သူတို့ပြောတာနားထောင်ပြီး သူတို့နေရာက ၀င်ခံစားပေးတတ်တယ် .. (ကိုယ်တွေ့ခံစားနေရသူရဲ့ ခံစားချက်ကို မှီနိုင်မှာမဟုတ်ပေမယ့်ပေါ့နော် ..) ဝေမျှ ခံစားပေးတဲ့သဘောပါ .. တခါတလေတော့လည်း ခက်ပါတယ် .. ကိုယ်တချိန်က သူ့စကားတွေကို နားထောင်ပေးနိုင်မယ်ဆိုပေမယ့် ခုချိန်မှာ ကိုယ့်ရဲ့ အခြေအနေအရ အချိန်ပေးနိုင်ချင်မှ ပေးနိုင်ပါလိမ့်မယ် .. ကိုယ့်ဘက်က အချိန်မပေးနိုင်တဲ့ အချိန်မပေးဖြစ်တဲ့ အခြေအနေမျိုးမှာ ကိုယ့်အပေါ် အထင်လွဲမှု တွေကို စတင်ခံစားရတော့တာပဲ .. ကိုယ်အရင်ကပြောခဲ့တာတွေက ဟန်ဆောင်ပြောခဲ့သလိုလို .. ဒီလိုအခါမျိုးကျရင်လဲ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရပါတယ် .. မအနမ်း ပြောသလိုပေါ့ .. ကိုယ့်အပေါ် ယုံကြည်မှုမရှိလို့ ဒီလိုစကားမျိုး ပြောထွက်လာခဲ့တာပဲလေ ..

ဘယ်လိုသူငယ်ချင်းမျိုးဖြစ်ဖြစ် မိုးခါး ပေါင်းပါတယ် .. ကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ .. (ကောင်းတယ် ဆိုးတယ် ဆိုတာလည်းကိုယ်တိုင်ဆုံးဖြတ်တာမို့လို့ ကိုယ့်အတွေးလွဲတာလည်းဖြစ်နိုင်ပါတယ် ..) စိတ်ခံစားမှုအရတော့ ကွာပါလိမ့်မယ် .. သူကိုယ့်အပေါ်ဘယ်လိုသဘောထားတယ်ဆိုတာလဲ ကိုယ့်စိတ်နဲ့ ခံစားသိနိုင်ပါတယ် .. ဒါကြောင့်လဲ စိတ်ချင်းနီးစပ်သူတွေက ပိုပြီးရင်းနှီးလွယ်ကြတယ်ထင်ပါတယ် ..

သူငယ်ချင်း အချင်းချင်း သိပ်ချစ်ကြတယ် .. ခင်ကြတယ် .. တသက်လုံးခင်နိုင် ချစ်နိုင်ရင်တော့ အကောင်းဆုံးပါ .. တကယ်လို့ လမ်းခွဲရမယ့် ကိစ္စမျိုးဖြစ်လာမယ်ဆိုရင်တောင် အမုန်းနဲ့တော့ လမ်းမခွဲချင်ပါဘူး .. သူငယ်ချင်း မိတ်ဆွေတွေ ချစ်တုန်းက ချစ်ကြပြီး ကွဲကြ ပြဲကြ ရန်သူတွေဖြစ်ကုန်ကြတာ ဒုနဲ့ ဒေးပါ .. ဒါတွေက နားလည်မှုမရှိလို့ ဖြစ်လာတဲ့ ကိစ္စတွေလေ .. ကိုယ်ကချည်း သူနားလည်ပေးတာလိုချင်နေလို့မရဘူးဆိုတာကို တွေးဖို့ မေ့နေကြသူတွေကြောင့် ဖြစ်ကြရတာပါ ..

ဆုံတွေ့လာတယ်ဆိုတည်းက အရင့်အရင်က ရေစက်တွေကြောင့်ပါ .. တွေ့ဆုံနေရတုန်းက တန်ဖိုးမထားပဲ ခွဲခွာချိန်မှ နောင်တရနေမယ်ဆို တော်တော်ရီစရာကောင်းတယ်လို့ မြင်ပါတယ် .. ကိုယ်တန်ဖိုးမထားတဲ့အရာ ဆုံးရှုံးတာ နောင်တလည်းမရှိသင့်သလို နှမြောနေစရာလဲ မရှိသင့်ပါဘူး ..

သူငယ်ချင်း မိတ်ဆွေ ဆိုတာ သိပ်ကိုလိုအပ်ပါတယ် .. ခုလိုရပ်တည်နေထိုင်နေတာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကူညီစောင့်ရှောက်မှု မပါဘူးလို့ ငြင်းလို့မရပါဘူး .. တနေရာ တချိန်ချိန်မှာ အကူအညီယူခဲ့ဘူးပါလိမ့်မယ် .. ကိုယ်ကချည်း ရယူနေဖို့လည်း မစဉ်းစားပဲ ကိုယ့်ဘက်က ဘာပေးနိုင်မလဲဆိုတဲ့ အသိလေးလည်း သွင်းထားမိဖို့ လက်မနှေးမိဖို့ ကိုယ့်ကိုယ် သတိပေးနေရပါတယ် .. ကိုယ့်ပေါ် မကူညီနိုင်တဲ့ မကူညီဘူးတဲ့ မိတ်ဆွေသူငယ်ချင်းကိုရော .. ကိုယ်က ကူညီသင့်တယ် အားပေးသင့်တယ်ထင်ပါတယ် .. ဒီလိုဆို ကိုယ့်ပေါ် မကူညီချင်တဲ့ ကူညီချင်စိတ်မရှိတဲ့ သူမျိုးကိုရော .. ကိုယ်က အရင် ကူညီ အားပေးသင့်တာပါပဲ .. ကိုယ်တတ်နိုင်တဲ့ ဘောင် အတိုင်းအတာတခုအထိပေါ့ .. ဒီတော့မှသာ မိတ်ဆွေ မဟုတ်သူက မိတ်ဆွေဖြစ်နိုင်ပါလိမ့်မယ် .. ရိုးရိုးသာမန် မိတ်ဆွေအဆင့်ကနေလည်း မိတ်ဆွေကောင်းအဆင့်ကိုရောက်လာနိုင်ပါသေးတယ် .. ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဆုံးမလိုက်ပါတယ် .. ကိုယ်တတ်နိုင်သလောက် ကိုယ့်ဘက်ကပေးဖို့ အဆင့်သင့်ဖြစ်နေအောင်ပါ ..

ကိုယ့်ကိုယ်ကိုယ် သတိပေးမိတာက ခုလက်ရှိ သူငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေကို တန်ဖိုးထားတတ်ဖို့ပါ .. ကိုယ်ပေါ် တန်ဖိုးမထားသူတွေအတွက်လည်း ၀မ်းမနည်းမိဖို့ပါ သတိပေးမိပါတယ် ..

လူတယောက်နဲ့တယောက် မိတ်ဆွေသူငယ်ချင်းဖြစ်ဖို့ ရေရှည် လက်တွဲသွားနိုင်ဖို့ နားလည်မှု ယုံကြည်မှု ကြင်နာမှုတွေ ကူညီဖေးမမှု အားပေးမှုတွေ လိုအပ်မယ်လို့ ထင်ပါတယ် ..

မိုးခါးသတ်မှတ်မိတဲ့ မိတ်ဆွေကောင်းကတော့ ကိုယ့်ဒုက္ခရောက်နေချိန်မှာ မသိချင်ယောင် ဆောင်မသွားပဲ ဟန်ဆောင်မှုမပါ အနားရှိနေပေးမယ့်သူမျိုးလို့ သတ်မှတ်မိပါတယ် .. ကိုယ့်အပေါ် သိပ်ကြင်နာသလိုနဲ့ နောက်ကျောကို ဓါးနဲ့ထိုးမယ့်လူမျိုး ကိုတော့ မလိုချင်မိတာ အမှန်ပါပဲ .. ဆုံတွေ့ရမှာလည်း ကြောက်ပါတယ် .. အဲလိုလူမျိုးကိုတော့ ရန်သူလို့ သတ်မှတ်ပါတယ် ..း)

မိတ်ဆွေကောင်း သူငယ်ချင်ကောင်း ဆိုတာ နားလည်ပေးရုံတင်မက ညီမလေးပြောတဲ့ အချက်တွေတင်မက .. လမ်းမှားရောက်တော့မဲ့ သူငယ်ချင်းအတွက် အမုန်းခံပြီးလဲ တားရဲရမယ် လမ်းမှန်ကိုလဲ အမုန်းခံပြီး ဆွဲ ရဲရမယ်.. (မိုးခါး မမြင်မိတာလေးကို မမသီရိသတိပေးသွားတာပါ ..)

မအနမ်း ရေ .. ရေးတော့ရေးလိုက်ပီ .. အမတော့ပစ်နဲ့များ ချော်သွားလားမသိဘူး အားရပါးရရေးလိုက်တာ .. :D

လက်ဆင့်ကမ်းအစီအစဉ်လာပါပီ မမ၀ါ .. မမနော် .. နှင်းနဲ့ မာယာ(ရေးပြီး) .. (အားမှ အဆင်ပြေမှပါနော် ..း) ကိုဝသန်(ရေးပြီး) .. သူရဿဝါ(ရေးပြီး) (ကိုဝသန်နဲ့ ၀ါဝါကတော့ ရေးပေးပေါ့ :D) တို့ကို လက်ဆောင်အဖြစ်ပေးပါတယ် ..း)




32 comments:

MANORHARY said...

ချစ်လို့တက်ဂ်တော့လည်း
ရေးမှာပေါ့နော်း)
မကြာမီ လာမည် မျှော်.......း)

မငုံ said...

သိပ်ကောင်းတဲ့ပိုစ့်လေး။

flowerpoem said...

မိတ်ဆွေကောင်းတွေနဲ့ အမြဲဆုံဆည်းပါစေခါး၂ရေ

mysterysnow said...

မိုးခါးရေ
မိတ်ဆွေ သူငယ်ချင်းကောင်းဆိုတာ
အင်မတန်ချစ်ဖို့ကောင်းတဲ့ လူသားလေးတွေပါ..
ရှားလဲရှားတယ်... ရှိတော့ရှိနေပါတယ်...
ဒီပို့စ်လေးကို ရေးမယ်နော် ညကျရင်ပေါ့...
မိုးခါးတစ်ယောက် ပျော်ရွှင်ပါစေ...

WWKM said...

အမယ်..အမယ် မရွှေနော်တို့ ဒါလေးနဲ့ပဲလုပ်စားနေတာ.
ဟွန်းးးး မျက်နှာမများနဲ့နော်. မချစ်ပဲနေလိုက်မှာ. အဟတ်.း)))

ညီမလေးရေ..
သူရေးတတ်တိုင်းရေးထားလိုက်တာ အရှည်ကြီးပါပဲ.
မနော်လိုပဲပြောရမှာပေါ့လေ.....
“မင်းချစ်မှတော့ တို့နောက်ဆုတ်ဖို့မလိုတော့ဘူးကွယ်”
ဟဟားးးး
ရေးပါမယ်ရှင်.
ဝသန်ရဲ့တက်ဂ်ကြွေးအရင်ဆပ်ရဦးမယ် ညီမလေးရေ.
ဒီနေ့စာရေးရမှာပျင်းနေတယ်.. နောက်နေ့နော်..နောက်နေ့...း))

မိုးစက်အိမ် said...

မကြီးရေ နာက forever best fri နော်
နင်.ကို နောက်မှ နှိပ်စက်အုံးမယ် ဟဲ ဟဲ :P

မမသီရိ said...

မိတ်ဆွေကောင်း သူငယ်ချင်ကောင်း ဆိုတာ
နားလည်ပေးရုံတင်မက
ညီမလေးပြောတဲ့ အချက်တွေတင်မက..

လမ်းမှားရောက်တော့မဲ့ သူငယ်ချင်းအတွက်
အမုန်းခံပြီးလဲ တားရဲရမယ်
လမ်းမှန်ကိုလဲ အမုန်းခံပြီး ဆွဲ ရဲရမယ်..
အဲဒါကတော့ မမ နားလည်တဲ့
မိတ်ဆွေကောင်းပဲ..

ဖိုးစိန် said...

ညီမလေးက ရုပ်လဲချော
ချစ်စရာလဲကောင်း
စိတ်ဓာတ်လေးလဲဖြူစင်ပါတယ်
ဒါကြောင့်လဲ ညီမလေးကို ခင်ပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

reenoemann said...

ညီမလေးရေ ဖတ်ရတာ အရသာရှိလိုက်တာ။

အစ်ကိုလည်း “ မိတ်ဆွေကောင်းကတော့ ကိုယ့်ဒုက္ခရောက်နေချိန်မှာ မသိချင်ယောင် ဆောင်မသွားပဲ ဟန်ဆောင်မှုမပါ အနားရှိနေပေးမယ့်သူမျိုးလို့ သတ်မှတ်မိပါတယ် ” ဒီစကားလေး အတိုင်းနေနိုင်အောင် ကြိုးစားနေပါတယ်။

ကိုယ်ကြောင့် သူငယ်ချင်းမိတ်ဆွေတွေကို
စိတ်မညစ်၊ စိတ်မကောင်းမဖြစ်စေချင်ဘူး။
အဲစိတ်ကြောင့်ပဲ ကိုယ့်မောင်နှမတွေကို ချစ်လျှက်ခွဲနေရတဲ့ ဘဝကိုရောက်နေတော့တယ်။

အစ်ကိုပြောထာတဲ့ အတိုင်းပဲ ပြန်လာခဲ့မှာပါ။
စောင့်နေနော်။

ကိုရီနို

မင်းအိမ်ဖြူ said...

သေချာဖတ်သွားပါတယ် မိုးခါးရေ
မိုးခါးရေးထားတာလေးတွေ
ပြန်မေးထားတာလေးတွေ တကယ်သဘောကျတယ်
ကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ်ကသတ်မှတ် တာလေနော...
''တကယ်လို့ လမ်းခွဲရမယ့် ကိစ္စမျိုးဖြစ်လာမယ်ဆိုရင်တောင် အမုန်းနဲ့တော့ လမ်းမခွဲချင်ပါဘူး ''
''ကောင်းတယ် ဆိုးတယ် ဆိုတာလည်းကိုယ်တိုင်ဆုံးဖြတ်တာမို့လို့ ကိုယ့်အတွေးလွဲတာလည်းဖြစ်နိုင်ပါတယ် .''
''တချို့ကျတော့လည်း ရှိပါသေးတယ် .. သာတဲ့လူမှပေါင်းတဲ့လူမျိုး .. သာတယ်ဆိုတာ ငွေကြေး ဥစ္စာ ဂုဏ် ''

အမှားဆိုတာ တဘက်တည်းမှားတာမှ မဟုတ်တာနော်
နှစ်ဘက်မတီးရင် မမြည်ပါဘူးနော်

မောင်ကောင်း said...

မိုးခါးသတ်မှတ်မိတဲ့ မိတ်ဆွေကောင်းကတော့ ကိုယ့်ဒုက္ခရောက်နေချိန်မှာ မသိချင်ယောင် ဆောင်မသွားပဲ ဟန်ဆောင်မှုမပါ အနားရှိနေပေးမယ့်သူမျိုးလို့ သတ်မှတ်မိပါတယ် ..
အစ်မရဲ့ ဒီစာသားကောင်းကောင်းလေးကို မှတ်သွားပါတယ်...
မှတ်သားသင့်တဲ့စကားလေးတွေ ပြောပေးတဲ့အတွက် ကျေးဇူးပါအစ်မ...
အစ်မမိုးခါး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

ဂျာမုန်းဒန် said...

မိုးခါးရဲ့စာကို လာဖတ်သွားတယ်၊ အရမ်းကောင်းတဲ့စာသားလေးတွေပါ၊ ဟုတ်ဒါပေါ့ ဘ၀မှာမွန်မြတ်တဲ့သူငယ်ချင်းကောင်းရှိနေရင် ဒါဟာ အင်မတန် ကံကောင်းခြင်းလဒ်တပါးပဲပေါ့၊

Phyo Maw said...

.. လေးတွေ ထည့်ရေးတာ ဖတ်ရတာ တမျိုးဖြစ်တယ်။

ကောင်းကင်ပြာ said...

သူငယ်ချင်း ချစ်ညီမလေးရေ လာဖတ်သွားတယ်နော်

libratun said...

ကောင်းပါတယ်မိုးခါးရေ... ဖြည့်စွက်စရာမရှိအောင် ပြည့်စုံပါတယ်။

ကျွန်တော့်အတွေ့အကြုံပြောပါရစေ... ဟိုးမကြာသေးခင်အချိန်ကပေါ့နော်.. အရမ်းစွဲလန်း တန်ဖိုးထားခဲ့တယ်၊ နောက်ပိုင်းတော့ မကောင်းမှန်း အမှန်ကိုသိလာရတယ်။ အဲဒီ့တော့ ဘယ်လိုလုပ်လဲဆိုတော့ တန်ဖိုးပဲထားတော့တယ်၊ အရမ်းမစွဲလန်းတော့ဘူး။ အစရှိမှတော့ အဆုံးရှိမှာပဲလေ။ ဘယ်သံယောဇဉ်မှမကောင်းလို့ မေတ္တာပဲထားတော့တယ်။

မပေးရင် မယူဘူး၊ မလိုချင်ရင် မပေးဘူး၊ လိုတာရှိရင် ပေးဖို့ငါဆုံးဖြတ်ထားပြီးသား.....း)

မိတ်ဆွေကောင်းတွေ၊ ဆိုးတွေ မသိတော့ဘူး၊ ပေးနိုင်တာအားလုံးကို တကယ်ပေးမှာ

သီဟသစ် said...

မိုးခါးရေ...

သူငယ်ချင်းကောင်းတွေဆိုတာ ဘ၀တစ်လျှောက်လုံး အတွက် လိုအပ်တယ် ဆိုတာပိုပြီး လေးလေးနက်နက် မှတ်သားသွားပါပြီကွယ်...


ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

ညီမက စိတ်ထားလှတယ်...
အဲဒါကြောင့် မိတ်ဆွေပေါတာနေမှာပေါ့...

တလနွန် said...

သူငယ်ချင်းဆိုတာ ဘဝပေးတဲ့လက်ဆောင် ပါကွာ။ တွေ့ ဆုံချိန်မှာ တန်ဖိုးထားပါတဲ့ ။ စစ်မှန်တဲ့ သူငယ်ချင်းများစွာ ရရှိပါစေ။

ခင်မင်ခြင်းနှင့်
တလနွန်

မဆုမွန် said...

သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းဆိုတာ ညီမလေးပြောသလိုပဲ အရင် အရင့်က ရေစက်တွေပေါ့
ငါ့ညီမနဲ့ မဆုမွန်ဆိုရင် တစ်ယောက်ကို တစ်ယောက် မမြင်ရဘူး မသိရဘူး အင်တာနက်ဆိုတဲ့ ကမ္ဘာကြီးထဲက ဘလော့ခ်ဆိုတဲ့ အများကြီးရှိနေတဲ့ နေရာကနေ ရုတ်တရက် မထင်မှတ်ပဲ ဆုံဖြစ်တယ် ရင်ဘတ်ချင်းလဲ ရင်းနီးသွားတယ် ခင်လဲ တကယ်ခင်သွားတယ်လေ
ဘာပဲဖြစ်ဖြစ် မေတ္တာရောင်ပြန်ဟပ်တယ်လို့ ယုံကြည်တယ် ဘလောခ့်ကနေ အခုအချိန်အထိတော့ ချစ်သူတွေရတယ် မုန်းသူတော့ မရသေးဘူးကွယ် ငါ့ညီမလေး သူငယ်ချင်းတွေရဲ့ ချစ်ခြင်းနဲ့ ငြိမ်းချမ်းပါစေ

မ အနမ်း said...

ညီမလေး မိုးခါးရဲ့ သဘောထားလေးနဲ့ ယူဆချက်လေး အရမ်းကောင်းပါတယ်။ ရေးပေးတာကျေးဇူးပါ။

မေလေး said...

မေလေးကိုလဲသူငယ်ချင်းတော်မလားဟင်

ခမ်းကီး said...

မိတ်ဆွေကောင်းများသာ ဆုံဆည်းနိုင်ပါစေ...

ပိုင်ဖြိုးကို said...

သူငယ်ချင်းတယောက် တန်ဘိုးကို ဘာနဲ့မှမလဲနိုင်ပါဘူးဗျာ.... :)

နွေးနွေးသဲမွန် said...

မမ စိတ်ထားလေးကြိုက်တယ်.. ကောင်းလိုက်တဲ့ပိုစ့်လေး...

Anonymous said...

ညီမရေ..တကယ်ကောင်းပါတယ် သူငယ်ချင်းကောင်းဆိုတာရှိသင့်ပါတယ် ပီးတော့နားလည်မှုဆိုတာလည်းရှိသင့်ပါတယ်
ညီမကိုလည်းအမတို့နားလည်ပါတယ်
အမ လေးစားတယ် ညီမစိတ်ဓါတ်ကို
တကယ်ပါ ညီမလိုသူငယ်ချင်းရမိတဲ့သူကတော့
ကံကောင်းတာပဲနော်

မသက်ဇင် said...

မိုးခါးလေးရေ
လာလည်သွားတယ်နော်
ချစ်ခင်စွာ

မေတ္တာရောင်ပြန် said...

ညီမလေးရဲ့ စိတ်ထားလေးကို လေးလေးစားစားနဲ့ ထောက်ခံသွားပါတယ်။

ခင်မင်လျှက်
မရောင်

ဝသန်မိုး said...

မိုးခါး
ဖော်အဲဗား
သူငယ်ချင်းပေါ့
တက်ဂ်ကြွေး စောင့်ဦးနော်
ရေးပေးမယ်သိလား

kokomaung.uk said...

ဟုတ်ပါတယ်။ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းအစစ်အမှန်ကို တကယ်လိုအပ်ပါတယ်။
လူသားတိုင်း မိတ်ဆွေစစ်စိတ်ထားနိုင်ကြရင် လောကကြီးကတော့ တကယ်ကို လှပလာမှာ သေချာပါတယ်။

ဂျပန်ကောင်လေး said...

ဟဲလို ခါးခါးရေ.. သူငယ်ချင်းကောင်းတွေနဲ့ပဲ အမြဲတမ်းဆုံနိုင်ပါစေဗျား

Upasaka said...

မိဆွေအစစ် လောက်တန်ဖိုးရှိတာ မိတ်ဆွေအစစ်ပဲရှိတယ် ရခဲ လွန်းတယ် ဗျ

ahphyulay said...

လူဆိုတာ သူများမပြောနဲ့ ကို့ကိုယ်ကိုယ်ကိုတောင်စိတ်တိုင်းကျလို့လား
သူငယ်ချင်းကောင်းဆိုတာကတော့ ထဲထဲဝင်ဝင် ပေါင်းကြည့်မှ သိရတာပါ စိတ်မဆိုးတတ်ဖူးလို့ပြောလို့ရေးရတာ။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...