Friday, May 15, 2009

၂၄ နှစ်ပြည့်

မင်္ဂလာရှိသော နေ့ရက်လေးပါ .. ဒီနေ့က ခါးခါးရဲ့ အသက် ၂၄ နှစ်မြောက်မွေးနေ့ပေါ့ .. ၂၄ ပြည့်ပြီဆိုတော့ ၂၅ လို့ မှတ်ရတော့မယ်လေ .. ၂၅ ဆို အပျိုကြီးဖြစ်ပြီတဲ့ ..

တကယ်တော့ မွေးနေ့အတွက် သပ်သပ် ပို့စ်မတင်တော့ဘူးလို့ စဉ်းစားထားတာ .. လူက စိတ်သိပ်မကြည်ဘူးပေါ့နော် .. တယောက်တည်းနဲ့ အူကြောင်ကြောင်ဖြစ်ချင်နေတာ .. :D

မနေ့က အိမ်ပြန်ရောက်တော့ စောစောအိပ်မယ်လို့စဉ်းစားထားတယ် .. ဘလော့လေးခဏ၀င်ပြီး အိပ်မယ်ပေါ့ .. ခဏပါပဲ .. ၈နာရီလောက်ကနေ ၁၂ နာရီလောက်ထိပဲ .. :P .. မောင်နှမတွေ အကုန်လုံး ၀ိုင်းပြီးဆုတောင်းပေးလိုက်တာ .. မထင်မှတ်ပဲ မွေးနေ့အကြိုက စည်ကားသွားပါတယ် .. အဲဒီအတွက် အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ် ..

မွေးနေ့ဆုတောင်းနဲ့လက်ဆောင်တွေကို အောက်မှာ ဖော်ပြပေးမယ်နော် ..း)



မနေ့က ပွဲစည်သွားတယ် .. ကိုဖိုးစိန် နဲ့ တီတို့ပေါ့ .. ကိုဖိုးစိန်က နံပါတ်ဆို ၁ မှတဲ့ .. နံပါတ် ၁ လိုချင်တယ်တဲ့ .. ကဗျာကို အမြန်စပ်ပေးတယ် .. ဒါနဲ့ ကိုဖိုးစိန်ကို နံပါတ် ၁ မှာ ထားပြီး ဖော်ပြပေးလိုက်ပါတယ် .. အားလုံးလည်း တူတူပျော်ရအောင် ..း)

မိုးခါးရေ
အဖြူရောင်ပန်းကလေးတွေကပြောနေတယ်
လေကကြီးမှာ မင်းလေးက ဖြူစင်တဲ့နှလုံသားကိုပိုင်ဆိုင်တယ်တဲ့
အနီရောင်ပန်းလေးကပြောပြန်တယ်
လောကကိုသတ္တိရှိရှိ ရဲရဲရင်ဆိုင်နေတာမင်းပါတဲ့
အဝါရောင်ပန်းလေးတွေကပြောတယ်
လောကကြီးကမင်းကိုထွေးပိုက်ထားနေဆဲပဲတဲ့
အပြာရောင်ပန်းလေးကတော့ အားကျမခံ
ဘာပြောပြော မင်းလေးမွေးနေ့ရောက်ပြီးတဲ့လေ
လောကကြီးကတော့ မင်းကိုပြုံးပြရင်း
ထာဝရပျော်ရွှင်စေဖို့
မွေးနေ့ဆုမွန်ကောင်းတောင်းပေးနေရဲ့
ထာဝရငြိမ်းချမ်းပျော်ရွှင်ပါစေတဲ့ (ဒါကတော့ ကိုဖိုးစိန်ပို့ပေးတာပါ .. ဒုတိယကဗျာပါ .. ပထမကဗျာက ကိုယ်နဲ့မလိုက်ဘူးထင်လို့ ဒီကဗျာကို အရင်တင်လိုက်တာပါ .. ) 


ချစ်တီက ချစ်တူမအတွက် ကဗျာနဲ့စာလေး အပြင် ကြော်ငြာပါ ထည့်ပေးပါတယ် ..း) ဆက်လက်ရှုစားပါ .. :D

မနက်ဖြန်မှာ ကျရောက်မယ့် တီ့တူမ မိုးခါးလေးအတွက် မွေးနေ့ (ဒေါ်ရီတာထောက်ပြလို့ ထပ်ထည့်သည်။ အဲ့လိုပဲ ဆရာမကြီးစကားနားထောင်ရတယ်ရှင့် ခိခိပါရှင့် ကျန်သွားတာဆော်ရီးရှင့်) အမှတ်တရ ကဗျာပါရှင့်
အသိပေးသူချစ်တူမ မိရောင်ကိုကျေးဇူးအထူး အာဘွားပါတယ်ရှင့်
အမှန်ကတော့ ရိုးရိုးရေးမလို့ပါရှင့် ဒါပေမယ့် တူမတော်ကလှတပတကလေးဆိုတော့
မျောက်တွေရန်ကိုကြောက်တာနဲ့ ဒီပုံလေးနဲ့တင်လိုက်ရပါတယ်ရှင့် ပိုင်ရှင်ရှိတယ်ပေါ့ရှင့်
ဒူးရင်သီး သရက်သီး နာနတ်သီး တွေကိုသောကြာနေ့တိုင်း မရောင်းချင်ရင် လက်ရှောင်ပါပေါ့နော်ရှင့်
(ဒု သ န သော ကိုပြောချင်တာပါရှင့်)
ခိခိရှင့်
ပြီးတော့ အောက်ဆုံးမှာ ကိုကိုကာကာ ကိုအားကျလို့ဘောနပ်စ် ထည့်ပေးထားပါတယ် ရှင့်
ဖတ်ဖြစ်အောင်ဖတ်သွားကြပါနော်
ခိခိခိပါရှင့်
ချစ်စရာလေးနော် သူတို့အတွဲလေးက၊
အိုအောင်မင်းအောင်ပေါင်းကြရပါစေရှင့်
မျောက်တွေရန်ကလဲကင်းဝေးပါစေရှင့်
တီချမ်း ဆုတောင်းပေးပါတယ်ရှင့်




ထာဝရ ကြယ်စင်

ထာဝရ ကြယ်စင်
နာမည်က မမိုးခါး
ကိုမိုးခါးမဟုတ်ဘူးရှင့်
သိကြရဲ့လား

ကြိုက်တဲ့မုန့်တွေ
အချဉ်ရယ်ချောကလက်ပြား
မစ်ရှိတ် နဲ့ကော်ဖီ
သူမ အမြဲစား

အသက်က ဒွေး နဲ့ လေး
“သက်သက်” တဲ့လား
နေတာက ဂျပန်မှာ
သူမ ရည်းစား

ပြိဿခွင် ရာသီနဲ့
နွားနှစ်မှာဖွား
ကဗျာတွေ စာတွေ စပ်စပ်
ရေးချင်ပြန်သား

စာဆိုရင် အကုန်ဝါး
ဝတ္ထုတွေလဲ အကုန်လာထား
ဖတ်နိုင်လိုက်တဲ့ မိမိခါး
ဝါးစားတဲ့အလား

စိတ်ပြောင်းလဲတကယ်မြန်
လှစ်နေတဲ့အလား
ခုနက ဆီထမင်း
အခု စာကလေးစား

ဝါသနာက တော်တော်များ
စာဖတ်မယ်တအား
ခရီးကထွက်ချင်ပြန်တယ်
သီချင်းဆိုမလား
လာထား…လာထား
တကယ့်ပြိုင်စံရှား
အဲ့တာက “ဘူလေးရဲ”
တီ့တူမ “မိမိုးခါး”
သိကြရဲ့လား။ ။

ခုလို မွေးနေ့အမှတ်တရဖြစ်စေတဲ့ တီကိုလည်း ကျေးဇူးတင်ပါတယ် .. အပြည့်အစုံ ဘောနပ်စ်ပါဖတ်ချင်ရင် ဒီက လင့်လေးကို သွားပေးပါနော် .. ပျော်ရွှင်ပါလိမ့်မယ် .. :D

ခု ကိုဖိုးစိန်ရဲ့ နောက်ကဗျာလေး ထပ်တင်ပေးပါမယ် .. ကိုယ်တိုင်က ဒီလောက် မတော်မကောင်းတာသိနေလို့ သည်းခံဖတ်ပေးပါနော် .. :D

နွေးထွေးမေတ္တာ အေးမြသစ္စာ
ပြည့်ဝစွာနဲ့ ကမ္ဘာတစ်ခုလုံး
စိမ်းလန်းသွားအောင်
ဖန်ဆင်းခဲ့တာ …မိုးပါ…

သောကမီးတောက် အစက်ပျောက်မျှ
ခါးသီးမှုတွေ မကျရောက်အောင်
သူ့စွမ်းအားနှင့် ဖန်ဆင်းပေးခဲ့။

သင်၏မေတ္တာအထူးသိပါ၍
သင်၏မွေးနေ့အား
ကျွန်ုပ်၏ နှလုံးသားဖြင့်
ရေးစပ်ပါသည်

ညီမမိုးခါး ဘဝလမ်းမှာ
ထာဝရငြိမ်းချမ်း မေတ္တာလမ်းကို
အပြုံးပန်းဝေဝေ လျှောက်လှမ်းနိုင်ပါစေ…
ခင်မင်စွာဖြင့်
ဖိုးစိန်

ဒါက မရောင်ရဲ့ လက်ဆောင်လေးပါ ..



ချစ်သောညီမလေး မိုးခါး ရေ ......


အမှတ်တစ်ရ ဆုံတွေခွင့်ရ
သည်လိုဘ၀ စာတွေရေးရင်း
ဝေမျှမေတ္တာ ထပ်တူခံစား
အမြဲနားလည် လာရောက်လည်ပတ်
မထင်မှတ် ....

ခဏတာနှင့် ခင်မင်ရသော်
ရင်မှာရင်းနှီး ညီမရင်းသဖွယ်
ချင်ခင်ရ၏ .....

15 မေ မှ 2009 တွင်
ကျရောက်ခဲ့သော ထိုမွေးနေ့မှ
စလို့ရေတွက် နှစ်ပေါင်းရှည်ကြာ
တွဲလက်မဖြုတ် ချစ်သောသူနှင့်
မြဲမြံတွဲကာ လျှောက်လှမ်းနိုင်စေ
တဘ၀လုံး အပြုံးတွေနှင့်
ဆန္ဒဘ၀ ထပ်တူကြကာ
နှစ်ဖြာအကျိုး သယ်ပိုးနိုင်စေ
ထာဝရကြယ်စင် အလင်းရောင်နှင့်
တောက်ပနိုင်စေ ဆုတောင်းချွေ၏
မေတ္တာရောင်ပြန် ပေးခဲ့ပါသည်
ထာဝရပျော်ရွှင်နိုင်စေသော်.....



ခင်မင်ခြင်းများစွာဖြင့်
မမမေတ္တာရောင်ပြန်

မရောင်က ဘလော့မှာလည်း တင်ပေးထားတယ် .. ဒီမှာပါ 

ချစ်ပါးလုံးလေးကလည်း သူများထက်နောက်မကျချင်လို့တဲ့ ဆုတောင်းပေးသွားပါတယ် ..
ပါးလုံး: မမ
ဟက်ပီဘက်ဒေးအကြို
me: ဝေ
ပါးလုံး: နော်
me:း)
ပါးလုံး: ပျော်ရွှင်ပါစေ
me: သိုင်းကျူး ညလေး
ပါးလုံး: ဘုရားသခင်ကောင်းချီးပေးပါစေ
me:း)
ပါးလုံး: မနက်ဖြန်
9:35 PM ကျောင်းသွားရင်အရင်ဆုံးမပြောရမှာစိုးလို့

မမရေ မွေးနေ့လက်ဆောင်နော်။ မနက်ဖြန်မှဆို ကျောင်းသွားရမှာမို့လို့ ပျော်ရွှင်ပါစေ။

http://s283.photobucket.com/albums/kk311/impimg/flash/bday/01.swf

ဒါက ဂျပန်ရဲ့ ဆုတောင်းလေးပါ
ဂျပန်: ၀တ်ရည်မိုးခါးမေသဲလေး ..... ထာဝရပျော်ရွှင်မှုတွေနဲ့
ဒီမွေးနေ့မှ
နှစ်တစ်ရာတိုင်
ချစ်ခင်ကြည်နူးမှုအပေါင်းနဲ့
ဆက်လက်ခရီးဆက်နိုင်ပါစေ
လို့
နာကာမူရာရန်ရန်ဂျပန်ကောင်လေးပန်ပန်က
ဆုတောင်းပေးပါတယ်

ဒီဒီဆုတောင်းလေးပါ
မေဒီ: Happy Birthday မမ
me: နက်ဖြန်မှ
း))
မေဒီ: ကြိုပြောထားတာလေ...
ဒီဒီက နက်ဖြန် အားမအားမသိသေးလို့...ညကျောင်းလည်း တက်ကဦးမှာဆိုတော့ ကြိုပြောထားရတာပေါ့

ပြာသိုလက်ဆောင် မိုးခါးပုံပါ :D



ကိုရီနိုရဲ့ ဆုတောင်းလေးပါ

မွေးနေဆုတောင်း

တစ်ခါတွေ့ဖူးယုံနဲ့
တစ်သက်ခင်သွားမဲ့
ထာဝရ ကြယ်စင်
ညီမလေး မိုးခါး ... ရေ

၂၄နှစ်ဆိုတဲ့ ဘဝကို
ဖြတ်သန်းလို့လာခဲ့ပါပြီ
ဒီကာလတွေမှာ
ပျော်ရွှင်ကောင်း ပျော်ရွှင်မယ်
ဝမ်းနည်းကောင်း ဝမ်းနည်းခဲ့ရလိမ့်မယ်

သို့ပင်မဲ့ ဒီနေ့မှစ၍
နောက်လာမဲ့ ၂၅ နှစ်ထိ
ဘဝရဲ့ အမော
သောကဒဏ်တွေကို
မပွေ့ဖက်ပဲ
စိတ်တူ ကိုယ်တူ ရှိလှတဲ့
ချစ်သူနှင့် အတူ
ပျော်ရွင်နိုင်ပါစေဗျာ.........

အကို ရီနိုး

ကိုတောင်ပေါ်ကဒီလိုဆုတောင်းပေးထားပါတယ် ..

မင်္ဂလာပါ။ မနက်ဖြန်ဟာ ၀တ်ရည်ရဲ့ မွေးနေ့လို့သိရပါတယ်။ ကျနော်တို့ သိပ်မကြာသေးတဲ့ အချိန်အတောအတွင်းမှာပဲ ခင်မင်ခွင့်ရခဲ့ပါတယ်။
ဒီအတွက် အတော့်ကို ၀မ်းသာပီတိဖြစ်ရပါတယ်။ ၀တ်ရည်ရဲ့ မွေးနေ့ကို ကျနော် အမှတ်မမှားဘူးဆိုရင်တော့ (၂၃) နှစ်မြောက် မွေးနေ့လို့ ထင်ပါတယ်။
မှားသွားရင်တော့ ခွင့်လွတ်ပေါ့နော်... မွေးနေ့အမှတ်တရလေး ကျနော် ရေးပြီး ပို့ပေးလိုက်ပါတယ်။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
ချစ်သော မိသားစု၊ ချစ်သူ နဲ့ ပျော်ရွှင်စွာ နေနိုင်ပါစေလို့ ကျနော် ရင်ထဲကနေ ဆုမွန်ကောင်းတောင်းပေးပါတယ်။ အလုပ်အကိုင်လဲ အဆင်ပြေပါစေဗျာ....



မိဘမေတ္တာ သိတတ်လွန်တဲ့လူတယောက်
အသက် (၂၃) ဆိုတဲ့ အရွယ်မှာ
ဘ၀ရဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြတ်ခဲ့ဖူးတဲ့
ညီမကိုကြည့်လို့ ဂုဏ်ယူပါတယ်
ဘ၀ရဲ့ တဆစ်ချိုး အကွေ့အကောက်မျိုးစုံ
ရင်ဆိုင်ကျော်ဖြတ်လို့ အားမာန်မလျှော့
ရင်ဆိုင်ရဲတဲ့ စိတ်သတ္တိမျိုး
မွေးနိုင်ပါစေ..

ချစ်သောမိဘ အသိုင်းအ၀ိုင်း
ပျော်ရွှင်စွာနဲ့ သက်ဆုံးတိုင်ထိ
အများအကျိုး သယ်ပိုးရင်းနဲ့
ကိုယ့်ဘ၀ရဲ့ ဘ၀လက်တွဲဖော်မွန်
အမျိုးသားကောင်းနှင့် သက်တူထက်မျှ
ချစ်ခင်စွာဖြင့် ကလေးများစွာ
မွေးနိုင်ပါစေ..... :P


လေးစားလျက်
တောင်ပေါ်သား

ကိုတောင်ပေါ်က ၁နှစ်ငယ်ပေးထားပါတယ် .. ငြိမ်နေလိုက်ရကောင်းသား .. :D

အငယ်ဆုံးမောင်လေး အဆိပ်ရဲ့ ဆုတောင်းလေးပါ
မကြီး မိုးခါးရေ......

မနက်ဖြန် မိုးလေး ဝသ သတင်း ကိုကြေညာပါတော့မယ် မနက်ဖြန်တွင် .. ပျော်စရာမွေးနေ့ဆိုတဲ့ ရာသီဥတုလေးထွက်ပေါ်လာ ပါမည်...ထို ရာသီဥတုသည် လူတကာ တိုင်းကို လိုက် လံ ပေါ်ပေါက်လျှက်ရှိရာ ... ယခုအခါဆိုရင်... မနက်ဖြန် မှာ မွေးနေ့ရာသီဥတု ကိုခံစားရမည့်သူမှာ ကျနော် တို့ရဲ့ ဘလော့ဂါမမကြီး

မိုးခါး

ရဲ့မွေးနေ့ဖြစ်ပါတယ်......


ကျနော် ဒီကနေဘဲဆုတောင်ပေးလိုက်မယ်... လိုအင်ဆန္ဒ တစ်လုံးတစ်ဝကြီးပြည့်ပါစေ......... ဟတ်ပီဗာတ်ဒေးပါ
မောင်လေး
အဆိပ်ခွက်

သူ့ခမျာ စိတ်ညစ်နေတဲ့ကြားက ဆုတောင်းပေးတာပါ ..း) .. သူ့ပို့စ်လေးက ဒီမှာ ပါ .. ကိုယ့်ကိုယ် ဘလော့ဂါလို့တော့ မထင်ရဲသေးဘူး မောင်လေးရေ ..

သူငယ်ချင်းကြီး ဗညားရှိန်ရဲ့ လက်ဆောင်ပါ

ငါအမြန်ရေးလိုက်လို့ ကဗျာလေး မကောင်းရင် နည်းနည်းသည်းခံပေးပါ သူငယ်ချင်းလေးရေ ။


ထာဝရ ကြယ်စင် . . .
ကြယ်တာရာ နက္ခတ်ကောင်းကင်မှာ
လင်းလက် စူးရှနေတဲ့ ကြယ်တစ်စင်း
တောက်ပတဲ့ ပျိုမြစ်ခြင်း အရေးအသားတွေနဲ့
တို့တွေရဲ့ အာရုံကို ဖမ်းစားနိုင်သူ . . . . . . .

သူငယ်ချင်း မင်းရပ်ရတော့မယ့် ဘ၀မှတ်တိုင် ၂၅
လောကဇာတ်ဆရာ အကြောင်းသိသင့်သလောက်သိလို့
အမိမြေကို မာန်တင်းကာ ခွဲခွါခဲ့ပြီး ရေမြေခြားမှာ
ကြုံတွေ့ရတာတွေလည် စုံနေလောက်ပြီး
ချစ်ခြင်း မုန်းခြင်း ပျော်ရွင်ခြင်း ၀မ်းနည်းခြင်း
ဘ၀ ဆူးခင်းလမ်းကို ဖြတ်ကျော်ရင်းနဲ့ပဲ
သူငယ်ချင်း မင်းစိုက်ထူခဲ့တဲ့ မှတ်တိုင် ၂၄ ခုပြည့်ခဲ့ပြီး . . . . . . . . .

ဘ၀ကို ပျော်ပျော်နေတတ်တဲ့ ကောင်မလေး
သူငယ်ချင်း ခင်တတ်လွန်းတဲ့ ကောင်မလေး
စိတ်ကလေးက ခုဆီထမင်းကျော် . .
ခုစာကလေးကြော် . . ဖြစ်တတ်တဲ့ ကောင်မလေး
အဲဒီစိတ်ကလေကို မင်ရင်းနဲ့ပဲ တို့တွေ မင်းကို ခင်တတ်ခဲ့တယ် . . . . . . . .

အရောင်တွေ လင်းလက်နေတဲ့ ကြယ်တစ်စင်း
စာရေးစာဖတ် ၀ါသနာပါတဲ့ သူမ
နောင် အနှစ် ၂၀ မှာ
စာရေးဆရာကြီး “ ဟင်နရီဂျိမ်း ”လိုမဖြစ်ဘူးလို့
ဘယ်သူပြောနိုင်မလဲ . . . . . . . . .
စာရေးဆရာမ “ ဂျေကေ ရိုးလင်း ” လိုမဖြစ်ဘူးလို့
ဘယ်သူပြောနိုင်မလဲ . . . . . . . . .
ဘယ်အရာမဆို ဇွဲမလျှော့ စိတ်ဓာတ်ပြင်းတဲ့ သူ
သူမလှော်တဲ့ လှေတက်မကျိုးသရွေ့
သူမသွေးတဲ့ ကလောင် မကျိုးသရွေ့
အနာဂတ် လမ်းတွေ တောင်ပနေတဲ့ သူ . . . . . . . . . .

သူငယ်ချင်းရေ . . .
၁၅ ရက်နေ့ မှာ ကျရောက်မယ် မွေးနေ့မှစ၍
ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ ဖြစ်လာတာတွေ တစ်ထပ်တည်းကျ
ရည်ရွယ်တဲ့ ဘ၀ပန်းတိုင်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်လို့
မိဘ အားကိုရတဲ့ သမီးလိမ္မာလေးဖြစ်ပြီး
ချစ်သူ ခင်သူများနဲ့ သက်ဆုံးတိုင် ပျော်ရွင်သွားနိုင်ပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ငယ်ချင်းရေ . . . . . . . . . . . . . .

ဗညားရှိန် . . . . . . . .

စီဗုံးမှာ ဆုတောင်းပေးသွားတဲ့ မောင်နှမ များ

ညခင်း: မနက်ဖြန်မွေးနေ့မှာ ဘာကျွေးမှာလည်း ....မိုးခါးရေ လာချောင်းကြည့်သွားတယ်။
15 May 09, 07:34
ကိုကိုမောင်: ရောက်ပါတယ် မိုးခါးရေ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။
15 May 09, 05:34
အိုက်ခီလောက်: မွေးနေ့ ဆိုလို့ ဆုတောင်းပေးလိုက်ပါတယ် ပျော်ရွှင်တဲ့ဘဝလေးကို အမြဲပိုင်နိုင်ပါစေ ချစ်ခင်သူတွေပေါများပါစေနော် အရက်တော့တိုက်တော့ဘူး အားမှလင့်တော့မယ်
15 May 09, 05:05
ကြယ်ဖြူစင်: ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ.. ချစ်သူနဲ့ ထာဝရလက်တွဲနိုင်ပါစေ.. ကြွားနိုင်သူတွေ ကြွားထားပေါ့...အားကျ ပါတယ်ဆိုမှ...
15 May 09, 02:14
ဖိုးဂျယ်: hAppY bIrThDay ပါ အမရေ ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေဗျာ
15 May 09, 02:05
မိုးကုတ်သား: Happy Birthday!!! မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ထာဝရ ပျော်ရွှင်နိုင်ပါစေ
15 May 09, 01:28
မနောသား: Tom : ဘာရှိလဲဟေးးးးး နာသိတယ်နော် .... :P
15 May 09, 00:52
ပြာသို: မောင်နဲ့ တူတူ ရိုက်ထားတဲ့ပုံ တီချမ်းဆီမှာသွားကြည့်ပြီး၂ ကြွားပေါ့ ရှင်တို့ခေတ်ပဲ ဟိဟိ
15 May 09, 00:49
ပြာသို: Happy Birthday အပျိုကြီးးးး :P
15 May 09, 00:40
မြစ်ကျိုးအင်း: မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေနော်.။
15 May 09, 00:11
reenoemann: ပျော်ရွင်စရာ မွေးနေ့လေနဲ့ အတု ဒီမောင်နှမတွေမနဲ့ ထာဝရကြယ်စင်ဆိုတဲ့ အတိုင်း ထာဝရ အတူ လက်တွဲနိုင်ပါစေ။
15 May 09, 00:08
dew: စပယ်ရှယ် ဆုတောင်းပေးသွားတယ်နော် ..။ ဒါကြောင့် သဲ ကို 9 star hotel မှာ လိုက်ကျွေးရမယ် ..။ 9 star hotel မဟုတ်ရင် လိုက်စားဘူးးးး ဒါဗြဲ ..! :lol:
15 May 09, 00:06
dew: မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေနော်.။ ရုံးမှာလည်း အလုပ်များများ မပိပါစေနဲ့ .။ ရုံးချိန်အတွင်း ချက်တင်များများ ထိုင်နိုင်ပါစေ .။ တစ်လကို လစာ 10000 $ ရလာပါစေ ..။ (....) မြန်မြန် ဆုံတွေ့နိုင်ပါစေ ။ အဟိ :glad:
14 May 09, 23:54
chitpalone: http://s283.photobucket.com/albums/kk311/impimg/flash/bday/01.swf
14 May 09, 23:53
chitpalone: မွေးနေ့လက်ဆောင်http://s283.photobucket.com/albums/kk311/impimg/flash/bday/01.swf
14 May 09, 23:53
chitpalone: မမရေ မနက်ကျောင်းက ပြန်ရောက်မှပဲ စားတော့မယ်နော်။ အဟိ ဘုရားသခင်ကောင်းချီးပေးပါစေ။
14 May 09, 23:38
ဘာတွေတုန်း: ချစ်မကြီး..မနက်ဖြန်မွေးနေ့ဆို...စားရ၀ါးရတော့မယ်ပေါ့.. :D မနက်ဖြန်မှ မွေးနေ့ဆုတောင်ူရင် နောက်ကျနေမှာ ဆိုးလို့ခုထဲက လာပြောတာ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ.။ ချစ်ခင်သူတွေနဲ့ နှစ်တိုင်းဖြတ်သန်းနိုင်ပါစေ
14 May 09, 21:46
reenoemann: ညခင်း ဖွလို့ အစ်ကို သိရတာပါကွာ EVE Birthday ပါ
14 May 09, 21:39
mgnge: မွေးနေ့ မှာဘာကျွေးမှာလည်း။။။ ငါကျောင်းပိတ်တယ် အပီ လာဆွဲ မယ်..။နေရာသာပြော :P
14 May 09, 21:38
နွေး: မမ tomw ညနေ ဘယ်မှာစောင့်နေ ရမလဲ.. ;-)

နေခြည် ကလည်း လှမ်းပြီး ဆုတောင်းပေးပါတယ် ..း)

ဖုံးနဲ့ဖြစ်ဖြစ် စာနဲ့ဖြစ်ဖြစ် စိတ်ထဲကနေပဲဖြစ်ဖြစ် ဆုတောင်းပေးသူအားလုံးကို ခင်မင်မှုအတွက် အလေးအနက် ကျေးဇူးတင်ပါတယ် .. ကောင်းကင်ကြီးက ကြည်လင်နေပါတယ် .. ဒီလိုပဲ ကျမစိတ်တွေလည်း ကြည်လင်နေခဲ့တယ် .. အဲဒါ အားလုံးရဲ့ မေတ္တာစေတနာကြောင့်ပါ .. ချစ်ခင်သူများအားလုံးကို ရင်ထဲကနေ ကျေးဇူးတင်ပါတယ် ..

မေတ္တာတရားက မထိ မတွေ့ မမြင်နိုင်ပေမယ့် အင်အားကြီးမားပါတယ် .. မဲ့နေသူကို ပြုံးလာအောင်လုပ်နိုင်တယ် .. နွမ်းနေတာကို လန်းဆန်းအောင် ပြုနိုင်တယ် .. ငိုနေသူအတွက် ပုဝါတစပါ .. အားလုံးကို အထူးကျေးဇူးတင်ပါတယ် .. အားလုံးလည်း ပြုံးပျော်ရွှင်နိုင်ကြပါစေ ..း)

မွေးနေ့ကို မသိလိုက်ဘူး မပြောဘူး ဆိုပြီးတော့တော့ စိတ်မဆိုးကြပါနဲ့နော် .. လိုအပ်ချက်တွေရှိခဲ့ရင်လည်း ကြိုတင် တောင်းပန်ပါတယ် ..

ညက ချစ်သူနဲ့ဖုန်းပြောတာ ၁နာရီကျော်သွားတယ် .. ကျမဘ၀လေးကို ငြိမ်းချမ်းစေမယ့် ငြိမ်းချမ်းစေချင်တဲ့ သူ့ကို ကျေးဇူးတင်ပါတယ် ..

မနက်မိုးလင်းတော့ ဖေနဲ့ မေက ဖုန်းလှမ်းခေါ်တယ် .. သမီးအတွက် အဆုံးစွန် ပေးခဲ့တဲ့ မေတ္တာ စေတနာ နဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် .. ဖေကြီးနဲ့ မေကြီးကို အရမ်းချစ်ပါတယ် ..

မနက်ဖြန် စနေနေ့ကို မွေးနေ့အတွက် တခုခုစီစဉ်ဖို့ရှိပါတယ် .. အားလုံး အဆင်ပြေမယ်ဆို လာစေချင်ပါတယ် .. အားလုံးကို ဖိတ်ပါတယ်နော် ..
စနေနေ့ နေ့လည် ၁၂ နာရီ (၁၆-၅-၀၉)
Hougang ave 3, Blk 248, #06-426,sg, 530248.

(လက်ဆောင် ပစ္စည်း ယူမလာဖို့ မေတ္တာရပ်ပါတယ်နော် .. ကျေးဇူးအများကြီးကို တင်ပါတယ် .. အားလုံး ပျော်ရွှင်ကြပါစေ ..း)


နောက်ဆက်တွဲပါ .. ချစ်ရတဲ့ ညီမလေး နိုနို နဲ့ မယဉ်မင်းက လှမ်းဆုတောင်းပေးထားတာပါ ..

နိုနို: Happy Birthday မ ..
မွေးနေ့မှာ ပျော်ပျော်နေ...း)
အသက်တနှစ်ပိုကြီးသွားပီနော်(ယောက်ျားယူသင့်ပီ..):P
အိမ်ကို လွမ်း နေ လား
နောက်တော့ အဆင်ပြေသွားမှာပေါ့ မ ရယ်...
wish u to be a very very happy girl from 15th May,2009 to infinity ...
မ ဘေးမှာ နို အမြဲရှိတယ်...ဟဲဟဲ...
(မယုံရင် ဘေးကို လှည့်ကြည့်လိုက်ပါလား )

မွေးနေ့မှာပျော်ရွှင်နိုင်ပါစေ
ဒီနေ့မွေးနေ့လေးမှသည်နောင်နှစ်ပေါင်း များစွာပျော်ရွှင်နိုင်ပါစေ
အောင်မြင်မှုတွေရ၇ှိနိုင်ပါစေလို့ဆုတောင်းပေးပါတယ်

မေသဲရေ နိုနဲ့ အမနဲ့ဆုတောင်းပေးပါတယ်
နိုကသူရဲ့ဆုတောင်းလေးကိုပို့ပေးပါလို့ပြောလို့ပို့လိုက်တယ်နော်




ကျေးဇူးတင်ပါတယ်နော် ..း)



ဥပသကာ: မွေးနေ့ဆိုတော့ ရောက် လာတယ်၊ မန်ံ လိုံ မရဘူး ဖြစ်နေတယ် ငြိမ်း ချမ်း ပါစေ ညီမငယ် ရေ

ဒီမွန်ပေးတဲ့လက်ဆောင်ပါ .. ပေးတဲ့ဆုနဲ့ပြည့်ပါစေ .. နင့်စာထဲကလောက်မကောင်းတာ ကိုယ်တိုင်သိတယ် .. :D

ညနေက သယ်ရင်းကို အွန်လိုင်းမှာ ဖျတ်ခနဲ တွေ့လိုက်ရတော့ 'နက်ဖန် ငါ့မွေးနေ့' ဆိုလို့ အမှတ်တရ မဖြစ်ညစ်ကျယ် စာလေး ရေးမယ်လုပ်ပါတယ် မီးကရုတ်တရက်ပျက် ချက်ခြင်းပဲ အပြင်ထွက်ပြီး ဆိုင်ကိုပြေးတော့လဲ ၁၀ နာရီကျော်ပြီဆိုပြီး ကုလားတွေက ကွန်ပျူတာ ပေးမသုံးတော့ပြန်ဘူး။ ဒါနဲ့ပဲ မဖြစ်ချေဘူးဟ ဆိုပြီး အိမ်ကိုပြန် ကသုတ်ကရက်နဲ့ အေဖိုး စာရွက်လေး စွဲပြီး ဒုန်းဆိုင်းလိုက်ရတာရယ်..။ (မှားတာရှိလည်း ကိုယ့်ချင်း ကိုယ့်ချင်းတွေပဲ အားနာတော့ဘူး နော် .. ဟီး)
ကျွန်တော့ ရဲ့ Blog လေး စလုပ်ဖြစ်တုန်းက ပေါ့ဗျာ။ မှတ်မိပါသေးတယ် အိမ်ကိုလာပြီး စာအုပ်တွေ ဘတ် သွားပါတယ် ဆိုလို့ စာအုပ်ဖိုးလိုက်တောင်းရင်း စပြီးရင်းနှီးခဲ့ ကြတာ။ အဲဒီတုန်းက လူကလည်း သိတဲ့အတိုင်းပဲ fresher လေးဆိုတော့ ဘာမှလည်း မလုပ်တတ်ဘူးရယ်။ အွန်လိုင်းကစာအုပ်လေးတွေ ဒေါင်းပြီး အိမ်မှာတင် ၊ပြီးတော့ youtube ကသူမျုားသီချင်းတွေ တင်နဲ့ ဒါလောက်ပဲ လုပ်တတ်တာရယ် ..။အဲဒီမှာ ချိုကိုသဇင် တို့ နွေးနွေးသဲမွန် တို့ မိုးခါး တို့ ဆိုတဲ့ မောင်နှမတွေ နဲ့ စရင်းနှီးလာခဲ့တာပေါ့..။ဒီကောင်မလေးတွေရဲ့ အားပေးမှုတွေ နဲ့ ကျွန်တော့ရဲ့ အိမ်လေးကို အသက်သွင်းနိုင်တယ် ဆိုရင် မမှားပါဘူး ။ နောက်ပိုင်း Gtalk မှာ တွေ့တော့မှ ဒီသယ်ရင်းမလေး မိုးခါး ရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓါတ်ကို ပိုပြီး သိခွင့်ရ ခဲ့တယ် ( အဟဲ ကိုယ့်ချင်း ကိုယ့်ချင်းမို့ ပြောတာဟုတ်ဘူးနော် )။ ကျွန်တော်က ကိုယ့်ဖာသာကိုယ် အပျင်းကြီးပြီး အလုပ်မလုပ်ချင် ၊ အလုပ်မလုပ်တော့ ဘိုင်ပြတ် (အဟီး) ၊ ဘိုင်ပြတ်တော့ ဟိုကိုပဲသတိရတာလိုလို ဒီကိုပဲလွမ်းတာလိုလိုနဲ့ စိတ်ဓါတ်ကကျ ။အဲလိုအချိန်မျိုးမှာ အလုပ်တွေနဲ့ ပင်ပန်းနေတဲ့ကြားကပဲ ကျွန်တော်ညည်းသမျှ စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး အားပေးစကားပြောတတ်တဲ့ ကျွန်တော့ရဲ့ ပေါ်လီယာနာလေး မိုခါးအတွက် စောစောကပြော သလိုပဲ မဖြစ်ညစ်ကျယ် စာလေးတစ်ပုဒ်ရေးဖြစ်လိုက်တယ် ။သယ်ရင်းမိုးခါး တစ်ယောက် ယနေ့ မှသည် အသက် ၁၂၀ ကျော် ရှည်စေသော်ဝ်..။

ရာသီတစ်ခု
အို ဟောင်းခဲ့ပြန်ပြီ
စက်ဝန်း တစ်ခုလို
လည်ပတ်နေဆဲ အချိန်ကုန်
ခုန်မင်စရာလည်း ပျောက်နေရဲ့..။

စိတ်ဟာ
အတိတ်ဆီပြန်သွား
အမှန်အမှားတွေ
ဆန်းစစ်ကြည့်လိုက်တဲ့ အခါ
ရေရာခြင်းမရှိတဲ့
မသေချာခြင်းတွေသာ များပြားနေခဲ့ပေါ့..။

ဝေဆာတဲ့ အခက်အလက်တွေ
တဖြုတ်ဖြုတ်နဲ့ ကြွေကျနေ
အဖြေဟာ ဘာလဲ
တွေ့အောင်ရှာ လွတ်အောင်ရုန်း
အဆုံးမရှိတဲ့ အစခရီး
ပန်းတိုင်နဲ့ မနီးခင် အားပျော့ချင်ပြီလား..။

တွေဝေနေရင်တော့
ရေရှည်မှာ ကျန်ခဲ့ လိမ့်မယ်
စဉ်းစားလေ
မင်းလည်းသိ ငါလည်းသိ
အညှိခက်တဲ့ ပုစ္ဆာတွေ
မရှိခဲ့တဲ့ သစ္စာတွေမှ မဟုတ်ဘဲ
သရုပ်ခွဲ လိုက်တဲ့ အခါ
အနာသိ ဆေးရှိရမယ် သူငယ်ချင်း...။

ပန်းချီဆရာရဲ့ လက်ဟာ
ဆွဲလက်စ ပန်းချီကားရဲ့
အဆုံးသတ် စုတ်ချက်ကို
အလိုအလျောက် သိနိုင်စွမ်းတယ်တဲ့
ဖတ်ဖူးတဲ့ စာတစ်ခု
အခုပြောတာ နားလည်ပါ..။

ညီညွတ်ရေးလမ်းကြောင်း
မတိမ်းစောင်းဖို့
"အစွဲ" တွေ မောင်းထုတ်ဖို့တော့ လိုမယ်
တိုက်ပွဲတစ်ခု ရှုံးတဲ့အခါ
လူတစ်ချို့ဟာ
"ဆန္ဒစွဲ" လို့ တံဆိပ်ကပ်
"၁၁" လက်မပေတံနဲ့ တိုင်းထွာပြတတ်ရဲ့..။

ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း
ဝေဖန်ခြင်း လေကန်ခြင်းတွေကြားမှာ
မွန်းကြပ်လာတဲ့ အခါ
ပေါ်လီယာနာ ကိုတမ်းတရင်း
သောကတွေကိုလည်း
ချေဖျက်တတ်ခဲ့တယ်...။

အမိမြန်မာနိုင်ငံတော်ရဲ့ အားထားရတဲ့ သမီးကောင်း ရတနာလေး တစ်ယောက်ဖြစ်ဖို့ ဆုတောင်းပေးပါတယ်..။

--
ဖိုးသား

မိုးစက်အိမ်: Happy Birthday မမိုးခါး...မွေးနေ.မှာပျော်ရွှင်ချမ်းမြေပါစေအမရေ...
15 May 09, 12:01

15 May 09, 12:52
ပျိုခေတ်: ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေ မမိုးခါးရေ
15 May 09, 12:43
flowerpoem:့ Happy Birthday မိုးခါးရေ ပျော်ရွှင်ပါစေ...
15 May 09, 12:30
သူရဿဝါ: မမမိုးခါးရေ .... မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ .....
15 May 09, 12:30
နှင်းစက်: H@PpY B!rThdAy မိုးခါးလေး

15 May 09, 14:17
ကဗျာမလေး: Happy Birthday ပါ ညီမလေး ..... သက်ဆုံးတိုင် ပျော်ရွှင်နိုင်ပါစေ :)
15 May 09, 14:12
ဝလုံးဝိုင်းဝိုင်း: happy birthday ! May b happy n pleased at the coming days !
15 May 09, 13:51
poohgallery: HAPPY BIRTHDAY
15 May 09, 13:43
အိုက်ခီလောက်: နေ့ လည်တရေးနိုးပြီးမွေးနေ့ ပွဲလာတာ ကျန်သေးလားဟင် မိုးခါး

ဝါ၀ါက အမှတ်တရ

မမမေသဲရေ ...
မွေးနေ့ကဗျာရေးပေးလိုက်တယ်
အဲ.. တစ်ခုရှိတယ်နော်
သူများတွေက ဆုတွေတောင်းပေးကြ
အညွန့်အဖူးတွေ ရေးပေးကြပြီးပြီ
ကျနော့်ကဗျာက မွေးနေ့ကဗျာတောင် ဆန်ချင်မှဆန်ပါလိမ့်မယ်
ဒဿနဘက်ကိုယိမ်းနေတယ်
ဘာပဲဖြစ်ဖြစ် အမှတ်တရတစ်ခုအနေနဲ့ပဲ လက်ခံပေးပါနော်

ခင်မင်စွာ ...
သူရဿဝါ

ဇာတ်ဝင်ခန်း ၂၄


ဒါဟာ

လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်း ထိတွေ့ကြတာမဟုတ်ဘူး

လူတစ်ယောက်ရဲ့ ဆန္ဒတွေနဲ့ လောကရဲ့ဇာတ်ဝင်ခန်းများ ထိပ်တိုက်တွေ့ကြတာ

ကြည့်လို့တော့ကောင်းလာပါလိမ့်မယ်

အခုပဲ ဇာတ်ဝင်ခန်း ၂၄



တခါတလေတော့လည်း `ဒီလိုပါပဲ´ အမရယ်

အမြဲတမ်းလည်း `ဒီလိုပါပဲ´ အမရယ်

ဘ၀ဆိုတဲ့ကောင်က သူ့ကြိုးဝိုင်းထဲပဲ ကျနော်တို့ကို

အတင်းဆွဲ ဆွဲခေါ်သွားတတ်တာ



ပေါ်လာလိုက် … မြုပ်သွားလိုက်

မြုပ်သွားလိုက် … ပေါ်လာလိုက်နဲ့

ကျနော်တို့ ရေကူးနေကြတာလား

ခပ်ဆင်ဆင်တော့ တူပါတယ်

ဘ၀ကို အလျားလိုက်ကြီး ဖြတ်ကူးနေရတာ



အခုလိုမျိုး မွေးနေ့ပွဲတွေလည်းပါ၊

အိမ်ယာထူထောင်ခြင်းတွေလည်းပါ၊

စိတ်ကျရောဂါတွေလည်းပါ၊

လက်ခုပ်လက်ဝါးတီးသံတွေလည်းပါ၊

ဘာများကွဲပြားခဲ့ကြလို့လဲ



သိပ်လည်းမပူပန်ပါနဲ့ အမရယ်

ကံဆိုးတယ်ဆိုတာလည်း တကယ်တမ်းတော့

ပန်းက ရနံ့ကို လွှင့်ပစ်လိုက်သလောက်လေးပါ



……………………………..

……………………………………. ဟိုတစ်ဖက်ကမ်းကို ရောက်ခါနီးတဲ့အခါ

ဒဏ်ရာအနာတရတွေအကြောင်းသိလာတဲ့အခါ

အတုတွေ အစစ်တွေအကြောင်းသိလာတဲ့အခါ

`လူဆိုတာ ……..´ လို့ နောင်လာနောက်သားတွေကို ပြောပြလာနိုင်တဲ့အခါ

အဲဒီအခါကျရင်

လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်း

ဖြည်းဖြည်းညင်းညင်း ထိလာလိမ့်မယ်



အခုက …

ဇာတ်ဝင်ခန်း ၂၄

ကြည့်လို့တော့ကောင်းလာပါလိမ့်မယ်

ရှေ့လျှောက် လူတစ်ယောက်ရဲ့ဆန္ဒတွေနဲ့ ဇာတ်ဝင်ခန်းများထိပ်တိုက်တွေ့ကြပုံ

သဇင်မှ
Picture Captions

Picture Captions

ကောင်းကင်ယံမှ

သူငယ်ချင်းအတွက်စာစု

လူ့ဘ၀မှာတွေ့ဆုံကြုံကွဲ ဘ၀ဓမ္မာတာ

ဆုံတွေ့အခိုက်ဝယ် ခင်မင်ရင်းနှီးခြင်းက

တန်းဖိုးရှိလှသည်...။

ဝေးရမယ်ဆိုစိတ်မှာဆွေးမြေ့ ၀မ်းနည်းပူဆွေး၊

အမှတ်တရလေးတွေကို…………. သတိတရ

နဲ့တမ်းတလွမ်းသူတစ်ယောက်ပေါ့….။

သူငယ်ချင်း…

လောကမှာ ငါတို့နှစ်ယောက်သိကျွမ်းခဲ့တာ

လူချင်းမတွေ့ပေမဲ့ စိတ်ရင်းကောင်းစွာနဲ့

ရိုးသားမှုတွေရှိခဲ့ကြတယ်…။

သူငယ်ချင်း….ဆိုတဲ့သံယောဇဉ်နဲ့မင်းငါ့ကို

အကူအညီတွေပေးခဲ့တယ်နော် ကျေးဇူးလို့

ပြောနေရတာ သူစိမ်းဆန်းပါတယ်…။

တစ်ခုတော့ ပြောနိုင်တယ်အမြဲတမ်းထာဝရ

အတွက် သူငယ်ချင်းကောင်းတစ်ယောက်

အဖြစ်နဲ့……..မင်းဘေးမှာရပ်တည်ပေးမယ်

သူငယ်ချင်း………….. ၂၄ နှစ်ဆိုတဲ့ အရွယ်က

ရင့်ကျက်ပြီး အဆိုးအကောင်းခွဲခြားတတ်တော့

ချစ်သူ သက်ထားရခဲ့ရင်လည်း ပျော်ရွှင်သော

ခရီးလမ်းဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်….။

မွေးနေ့ကို ကိုယ်တိုင် မလာနိုင်ပေမဲ့ အထူး

လက်ဆောင်တစ်ခုတော့ ပေးနိုင်တယ်

သူငယ်ချင်း… မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ…

မေတ္တာလက်ဆောင်ပေါ့ နှစ်သက်မှာပါ…….

နောက်ဆုံး အလိုဆန္ဒကတော့ မွေးမိခင်နှင့်

ကျွေးဖခင်တို့ရှိလို့ မွေးနေ့ဖြစ်လာတာ

ဒါကြောင့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ

မိဘကိုကျေးဇူးဆပ်နိုင်စေသာ သမီးကောင်းလေး

တစ်ယောက် ဖြစ်ပါစေလို့ သူငယ်ချင်းတစ်ယောက်

အနေ့နဲ့ အဝေးတစ်နေရာက ဆုတောင်းပေးလိုက်ပါတယ်……။

(အလင်းရောင်)

လူကျန်မှာစိုးလို့စစ်နေတာ .. :D လစ်ဟာမှုရှိရင် နားလည်ခွင့်လွှတ်နိုင်မယ်ထင်ပါတယ် ..


52 comments:

မိုးခါး said...

အား .. ရှည်လိုက်တာ
ဟက်ပီးဘတ်ဒေး တူမီပါ :D

အရုပ်လေးရဲ့အဆိပ်ခွက် said...

ဟတ်ပီဗာတ်ဒေပါ...မကြီး မိုးခါ...

မောင်လေး
အဆိပ်ခွက်

ဖိုးစိန် said...

အားး နံပတ် ၁ မရပြန်ဘူး မွေးနေ့ရှင်နော်

ဖိုးစိန် said...

ညီမလေး မိုးခါးရေ
ပျော်စရာမွေးနေ့လေးဖြစ်ပါစေဗျာ
ဘဝမှာ မပူမပင် မကြောက်မကြ
မတောင်းတပဲ ငြိမ်းချမ်းပျော်ရွှင်သော ဘဝကို
ချစ်တဲ့သူနဲ့ တစ်သက်တာ ထာဝရ
ကျမ်းမာ ချမ်းသာစွာ နေနိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်

ခင်တဲ့
ဖိုးစိန်

ဖိုးစိန် said...

ဘာပြောပြော
မွေးနေ့ရှင်လေးကတော့
(၂၄)နှစ်ပြည့်မှာ
အမှတ်တရ အများကြီးနဲ့
ပျော်ရွှင်မှာပေါ့နော်

ကျနော်ကတော့
မိန်းမရွှင်တီချမ်းနဲ့ဖွိုက်ရတာမောလို့
ဘာပြောပြော အခုသူ့ထက်သာသွားပြီး
မွေးနေ့ရှင်ရဲ့ဘလော့မှာ
သူ့ထက်ဦးအောင်ဆုတောင်းပေးခဲ့ရလို့
အဟေးးဟေးးး
မွေးနေ့ရှင်လေး အမြဲပြုံးပျော်နိုင်ပါစေ
ခင်တဲ့
ဖိုးစိန်

ဂျပန်ကောင်လေး said...

ဟက်ပီးဘဒ်ဒေးပါဗျာ..း)
ပုံကြီးကိုတင်ထားတာ ဟီးနေတာပဲ...

ဖိုးဂျယ် said...

24နှစ် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
သာချမ်းမြေ့သော ဘ၀တခု ပိုင်ဆိုင်နိုင်ပါစေ
ချစ်သောသူနဲ့ လက်တွဲပြီး အိုအောင်မင်းအောင် ပေါင်းရပါစေဗျာ

ခင်တဲ့ ဖိုးဂျယ်

ဖိုးစိန် said...

ပျော်ရွင်စရာကောင်းသောမွေးနေ့ဖြစ်ပါစေ
ဒီဘလော့မှာ ဝဲလည်ဝဲလည်နဲ့
မွေးနေ့ရှင်က အလိုက်မသိဘူး
ဘာမှလဲ မကျွေးဘူး
ထိုင်စောင့်နေတာ
သိသိကြီးနဲ့ တစ်ခုခုကျွေးဖို့ကောင်းတာပေါ့
အခုတော့
ဘာမှမစားရ
စနေကြရင်လုပ်မယ့်မွေးနေ့ပွဲလေးလဲမသွားရ
အပျိုကြီးမကြီးရောင်ပြန်ကတော့ ဒီနေ့ကတည်းက
ဝတ်ဖို့အင်္ကျီရွေးနေတယ်တဲ့
ကြယ်ဖြူကလဲ ဝတ်စရာမရှိလို့ ကိုယ်လုံးတီး အဲမှားလို့
သွားဝယ်မယ်ဆိုပြီးထွက်သွားပြီး
ပဲများချင်တာလေ အပျိုကြီးတွေက
ကျန်သေးတယ် ကျန်သေးတယ်
ဆွဲဖို့အဆင်သင့်ဖြစ်နေတဲ့ ကိုနို ကိုပေါ်တို့အဖွဲ့
ဟိုကလေးလေးတွေ ပန်ပန် နဲ့ ခွက်ခွက်
စဉ်းစားရင် ရင်နာပေမယ့်
ဟိုမိန်းမရွှင် မိမိချမ်း လာမရွှင်ရတဲ့အတွက်
၅၀ ရာခိုင်းနှုန်း ဝမ်းသာပါကြောင်း
အဟီးးးး
ပျော်လိုက်တာလေ အဲ မှားလို့
စိတ်မကောင်းလိုက်တာ
ဘာလိုပြောရမှန်းမသိ
မွေးနေ့ရှင်တော့ပျော်မှာပါ

မေတ္တာရောင်ပြန် said...

အမ် ညီမလေးကို ဆုတောင်းပေးဖို့လာတာ။ မျေက်လေး ဖိုးစိန်မန့်တာဖတ်ပြီး တင်းသွားပြီနော်။ အဟင့် ညကလည်း သူတို့ဖိုက်တင်ပွဲ သွားနေတာ မအိပ်ရဘူး။ ဖြစ်ရမယ် မိုးခါးမွေးနေ့မှာ ဖိုက်တင်တွေ ဖြစ်နေတာ မသိရှာဘူးနော် ... တကယ်တကယ်

ချစ်ညီမလေးရေ ... မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။ မွေးနေ့လက်ဆောင် ကဗျာလေးနဲ့ မန့်ခဲ့ပါတယ်ရှင်။

ချစ်သောညီမလေး မိုးခါး ရေ ......

အမှတ်တစ်ရ ဆုံတွေခွင့်ရ
သည်လိုဘ၀ စာတွေရေးရင်း
ဝေမျှမေတ္တာ ထပ်တူခံစား
အမြဲနားလည် လာရောက်လည်ပတ်
မထင်မှတ် ....

ခဏတာနှင့် ခင်မင်ရသော်
ရင်မှာရင်းနှီး ညီမရင်းသဖွယ်
ချင်ခင်ရ၏ .....

15 မေ မှ 2009 တွင်
ကျရောက်ခဲ့သော ထိုမွေးနေ့မှ
စလို့ရေတွက် နှစ်ပေါင်းရှည်ကြာ
တွဲလက်မဖြုတ် ချစ်သောသူနှင့်
မြဲမြံတွဲကာ လျှောက်လှမ်းနိုင်စေ
တဘ၀လုံး အပြုံးတွေနှင့်
ဆန္ဒဘ၀ ထပ်တူကြကာ
နှစ်ဖြာအကျိုး သယ်ပိုးနိုင်စေ
ထာဝရကြယ်စင် အလင်းရောင်နှင့်
တောက်ပနိုင်စေ ဆုတောင်းချွေ၏
မေတ္တာရောင်ပြန် ပေးခဲ့ပါသည်
ထာဝရပျော်ရွှင်နိုင်စေသော်.....


ခင်မင်ခြင်းများစွာဖြင့်
မမမေတ္တာရောင်ပြန်

နွေးနွေးသဲမွန် said...

Happy Birthday mama !!! :-)

Ma u b happy throughout ur LIFE!!!

နွေးနေခြည် said...

မွေးနေ့မှာ တင်မကပဲ နေ့ရက်တိုင်းပျော်ရွှင် ချမ်းမြေ့ပါစေ မိုးခါးရေ...
ချစ်သူနဲ့လက်တွဲရင်း ချစ်မိသားစုနဲ့အတူ ဘ၀ကို အေးချမ်းစွာ လျှောက်လှမ်းနိုင်ပါစေနော်...

မအားတဲ့ကြားက ကမန်းကတန်းလာဆုတောင်းပေး ရလို့ လိုအပ်သွားတာတွေရှိရင် ခွင့်လွှတ်ပါ..
မနက်ဖြန် မရောင်တို့နဲ့ တွေ့ဖြစ်ရင် မရောင်နဲ့ မကြယ်ကိုလည်း သတိရတယ်လို့ ပြောပေးပါ။

မရောင်နဲ့ မကြယ် ဒီမှာပဲ တခါတည်းနှုတ်ဆက်သွားတယ်နော်း) ဟီးးး

မိုးစက်အိမ် said...

Happy Birthday မမိုးခါး...မွေးနေ.မှာ ပျော်ရွှင်ချမ်းမြေ.သလို ဘ၀တစ်လျောက် ထာဝရ
ပျော်ရွှင် နိုင်ပါစေလို. ဆုတောင်းပါတယ်မမိုးရေ...

may16 said...

Happy Birthday မိုးခါးရေ
မွေးနေ့မှနှစ်ပေါင်းများစွာပျော်ရွင်ပါစေ..

ကြယ်သောကြာ said...

အင်း အသက် တစ်နှစ်ကြီးလာတယ် ဆိုတဲ့ သဘောပေါ့။
ညီမ မိုးခါး ရေ...
သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့သော စိတ်ထား
ထာဝရ ပိုင်ဆိုင်နိုင်ပါစေ ကွယ်။

တောင်ပေါ်သား said...

မွေးနေ့လေးမှသည် အချိန်တိုင်း ပျော်ရွှင်ပါစေဗျို့


လေးစားလျက်
တောင်ပေါ်သား

နှင်းစက် said...

မွေးနေ့လေးမှာပျော်ရွှင်နိုင်ပါစေနော်
ညီမဖြစ်ချင်တဲ့ ဆန္ဒနဲ့ဖြစ်နေတဲ့ ဘ၀တစ်ထပ်တည်းကျပါစေ
ဘ၀မှာအောင်မြင်မှုတွေရရှိနိုင်ပီး
မိဘအားကိုးရတဲ့သူငယ်ချင်းလေး ဖြစ်နိုင်ပါစေနော်

ရှင်ရဲထွတ် said...

ဟိုး....
မိုးကောင်းကင်မှာ
ကြယ်စင်တစ်စင်း
တည်နေလေရဲ့
ထာဝရကြယ်စင်တဲ့...........

ဟိုး........
မြေပြင်ပေါ်မှာ
ပန်းလေးတစ်ပွင့်
လှနေလေရဲ့
ဝတ်ရည်ချိုချိုနဲ့ပေါ့......

အိုး................
မိုးစက်မိုးပေါက်
မိုးငယ်မိုးသွေး
စွေကာသွေးခဲ့
ကြိမ်ခါ ၂၄
အစဉ်အေးအောင်
မိုးခါးငယ်ရေ
ကောင်းကင်မှာလည်း
ထာဝစဉ်တည်ဖို့
လောကကြီးလည်း
ထာဝစဉ်လှဖို့
ညီမငယ်လေးလည်း
အကျိုးပြုသူ အစဉ်ဖြစ်ပါစေ....

နေညိုရင့် said...

မမိုးခါးရေ.. ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေဗျာ။
၂၄ နှစ်ပြည့်မှသည် စိတ်ကျန်းမာ၊ ချမ်းသာမှု အပေါင်းနဲ့  ဘ၀လမ်းကို အခက်အခဲမရှိ ဆက်လှမ်းနိုင်ပါစေဗျာ။ (ပုံထဲက ဘဲဘဲနဲ့ နော်..တယောက်တည်း ဟုတ်ဝူးးး)

ပြင်ဦးလွင်သား said...

ဘတ်ဒေးမှာ ပျော်ရွင်ပါစေဗျာ . .။

အိုက်ခီလောက် said...

ဖတ်ပြီးသွားပြီ တူညားတွေ ရေးတာဖတ်ပြီး
ဘာရေးရမှန်းမသိဖြစ်သွားတယ်
ငုတ်တုတ်တော့မထိုင်ပါဘူး ရေးခဲ့ပါတယ်
မွေးနေ့ မှသည် ကျန်တဲ့ဘဝ တစ်လျှောက်လုံး အမြဲပြုံးပျော်နိုင်ပါစေ

thetpaingthu said...

happy birthday naw

ဝလုံးဝိုင်းဝိုင်း said...

Happy Birthday ! Ma Moe Khar. ဒါနဲ့ အထုပ်ကလေးနဲ့ ဘယ်ပြန်မလို့လဲ။ တစ်ယောက်ယောက် စောင့်နေတာလား။ :P

ဝသန်မိုး said...

ပျော်ရွှင်ဖွယ်ရာ ၂၄ နှစ်ပြည့်  မွေးနေ့ 
ဖြစ်ပါစေ
မိုးခါး ရေ
၂၄ နှစ်ပြ ည့် မွေးနေ့  မှသည် နောင်နှစ်ပေါင်း
၁၂၀ တိုင် အောင် မွေးနေ့ တိုင်းကို
ပျော်ျရွှင်စွာဖြတ်သန်းနိုင်ပါစေ
ခင်မင်မှု အမှတ်တရ
ဝသန်မိုး

နေလင်း said...

သိသိ မသိသိ... လာနှုတ်ဆက်ပါတယ်...

ဟက်ပီးဘတ်ဒ်ဒေးပါ...

ဝေလေး said...

ဟတ်ပီဘတ်ဒေးပါမမ.....

ကိုဝသန်မိုးပြောလို့ လာဆုတောင်းပေးပါတယ်
မွေးနေ့မှစ နှစ်ပေါင်းများစွာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေ

တလနွန် said...

ပျော်ရွှင်သော(၂၄)နှစ်မြောက်မွေးနေ့ ရက်မြတ်လေး ဖြစ်ပါစေဗျာ။။ (၂၄)နှစ်ပြည့်လို့  (၂၅)နှစ်ထဲဝင်တော့မယ် ဆိုတော့ အပျိုလေးကနေ အပျိုကြီး ဖြစ်သွားပြီးပေါ့။။။။။စတာနော် မမိုးခါး
..............Happy Birthday..............

ခင်မင်ခြင်းနှင့်
တလနွန်

မေကဆုန် said...

happy birthday မိုးခါးရေ
မေကဆုန်မွေးနေ့နဲ့ဆို ၉ ရက်ငယ်တဲ့ ညီမလေး မွေးနေ့မှသည် အရာအားလုံး လိုချင် ဖြစ်ချင်တာအားလုံးဆန္ဒနဲ့ ထပ်တူကျပါစေ

khin oo may said...

happy birthday moe kha

ZT said...

၂၄ နှစ်ဆိုတော့ အစ်မကြီးပေါ့။ :D

အစ်မကြီးမိုးခါး ဟက်ပီးဘတ်ဒေးပါ။ မွေးနေ့ကနေ စပြီး ပျော်စရာ ကောင်းတဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်ပါစေ။

mgnge said...

ဟေ့ရှေ့ ဆုံးမရရင်ဘိတ်ဆုံး ပဲ....။

Happy birthday ;

24 နှစ်ဆိုတော့နာ့ထက်တစ်နှစ်ကြီးသွား ပြီ
မမ ကြီး :P
ိဟိဟိ

မွေးနေ့ ကိုစောစောလာမလို့  ကွာ...နောက်ကျသွား တယ်.... ဒီအိပ်တာကလည်းလေ ဘယ်တော့မှအကျင့် ဖျောက်လို့ မရဘူး....။ အိပ်ယာထနောက်ကျသွား လို့  အလာနောက်ကျတယ် မိုးခါးရေ....။
ဘာပဲဖြစ်ဖြစ် ရင်ထဲက ဆန္ဒနဲ့  ဆုတောင်းပေး ပါတယ်...။

ယနေ့ ကျရောက်တဲ့ မွေးနေ့ မှ စပြီးတော့

ပျော်ရွှင်မှူအပေါင်း ခ၀ပ်ညောင်း ပါစေဗျာ...။
ဘေးမသိရန် မခ အေးချမ်းပါစေဗျာ....။
ချစ်သူ ခင် သူ ဧ။်နှစ်သူ
တူတူ လက်တွဲနိုင်ပါစေ ဗျာ.....။

ကောင်းကင်ပြာ said...

ညီမငယ်လေး ရေ မမ ခုမှ ပြန်ရောက်လို့ မွေးနေ့ ဆုတောင်းလေး နောက်ကျနေပါတယ်၊ ၂၄နှစ်မွေးနေ့မှ စ နောင် နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ မိဘ ကို အလုပ်အကျွေးပြု နိုင်တဲ့ သမီးကောင်း ရတနာလေးဖြစ်ပါတစရှင်

WWKM said...

HAPPY BIRTHDAY TO U. ပါ ညီမလေးမိုးခါးရေ..

ဘလော့ဂါမောင်နှမများနဲ့ ပျော်ရွှင်ဘွယ်ကောင်းတဲ့ မွေး
နေ့လေးဖြစ်ပါစေ..

မမ၀ါ

အယ်..ဒါနဲ့ ဘေးနားက အဒူတုန်းးးး)

ရဲဝင့်သူ said...

hApPY bIRtHDaY :D
mAy yOu bE sUcCesSFUL aT aLL.

reenoemann said...

မန့်တဲ့ နေရာမှာ နောက်ကျပင်မဲ့
၁၂နာရီ ၇မိနစ်မှာ ဖုန်းနဲ့ အရင်း
Wish လုပ်ထားတဲ့ အတွက် ကျေနပ်လိမ့် မယ်လို့ မျောလင့်ပါတယ် ညီမရေ

ကို ရီနို

သီဟသစ် said...

Happy Birthday ပါ မိုးခါးရေ..

မနေ့ကလည်းတီချမ်းဆီမှာ ဆုတောင်းထားပေးသေးတယ်..

ထာဝရ ကြယ်စင်တွေ ဝေပြီး ချစ်သူနဲ့ဖြောင့်ဖြူးသာယာသော ချစ်ခရီးလမ်း လျှောက်လှမ်းနိုင်ပါစေ...

ကြယ်ပြာ said...

ညီမလေးမိုးခါးရေ ...

၂၄ နှစ်ဆိုတော့ငယ်ငယ်လေးရှိသေးတာပဲ ... ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေနော် ... ဆုတောင်းပေးတာတောင် နောက်ကျနေပြီထင်ပါရဲ့ ...
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျနိုင်ပါစေ ညီမလေးရေ ....

ကြယ်ပြာ

နှင်းဆီနက် said...

ညီမလေးရေ ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့ဖြစ်ပါစေ အောင်မြင်မှုတွေရရှိပါစေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ... မိဘကိုလုပ်ကျွေးပြုစုနိုင်သောသမီးအလိမ်မာလေးဖြစ်ပါစေလို့
ခင်တဲ့
မလတ်

Banyarshein said...

ငါဆုတောင်းပေးမယ် ... သူငယ်ချင်း မင်းဘ၀ တစ်လျှောက် ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေလို့
(တိုသွားရင် ...... ပါ)

ပြည့်စုံ said...

ညီမလေး မိုးခါး...
အသက်ရာကျော်ရှည်ပါစေဗျာ....

နေ့သစ်တွေတိုင်းမှာ အေးချမ်းသာယာပြီး
မနက်ဖြန်တိုင်းမှာ လှပပျော်ရွှင်ပါစေ...

အလိုရှိတိုင်း ပြီးပြည့်စုံပါစေဗျာ....

ခမ်းကီး said...

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း၊ ဘ၀၏ ပြည့်စုံခြင်း ဟူသော အရာအားလုံးအား ရယူနိုင်ပါစေ...

Phyo Maw said...

ပျော်ရွှင်ပါစေ။

pm
May 16, 2009

မမသီရိ said...

ညီမလေးရေ
Happy Birthday ပါ..

ထာဝရပျော်ရွှင်နိုင်ပါစေ..း)

ko zay (s/korea) said...

happy birthday moe khar.good luck.have a good weekend.may god bless with you.i pray for complete your life .

ခီခန့် said...

မ မိုးခါး.. မွေးနေ့ကို အွန်လိုင်းမှာပဲ ဆုတောင်းပေးမယ်နော်.. ဒီနေ့မွေးနေ့ ပွဲကိုတော့ မလာနိုင်ဘူး ဒါပေမဲ့ အမိုးခါး တင်မဲ့ အစားအစာပုံတွေ တော့ ကြည့်လိုက်ဦးမယ် ကျတော့် အတွက် တပွဲ သပ်သပ် တင်ပေးနော်..။

ခီခန့် said...

မ မိုးခါး.. မွေးနေ့ကို အွန်လိုင်းမှာပဲ ဆုတောင်းပေးမယ်နော်.. ဒီနေ့မွေးနေ့ ပွဲကိုတော့ မလာနိုင်ဘူး ဒါပေမဲ့ အမိုးခါး တင်မဲ့ အစားအစာပုံတွေ တော့ ကြည့်လိုက်ဦးမယ် ကျတော့် အတွက် တပွဲ သပ်သပ် တင်ပေးနော်..။

ကိုလူထွေး said...

မိုးခါးရည်...
25 မှာ အပျိုကြီးမဟုတ်မှန် ကြွားထားတယ်ပေါ့...

ကိုရင်နော်ခင်လေးငယ် said...

ဆုတောင်းတွေက စုံလို့ပါလား..
ဆုတောင်းပေးသူတွေရဲ့ တောင်းဆုတွေ တစ်လုံးတဝ ရရှိ ပြည့်စုံပါစေလို့ ထပ်ဆင့် ဆုတောင်းသွားပါတယ်ကွယ်..း)

zero said...

တစ်ရက်နောက်ကျသွားပေမယ့် Happy Birthday ပါ အမရေ...

JulyDream said...

Happy birthday ပါ။

သောကြာနေ့ကတည်း ဖျားနေလို့ မွေးနေ့ ဆုတောင်း နောက်ကျသွားတယ်။ အခုလည်း အဖျား မပျောက်သေးပါဘူး။

ညလေး said...

နောက်ကျသွားတယ် but မွေးနေ့မှသည် နောင်နှစ်များစွာ ချစ်ရသူနဲ့ တူတူ ပျော်ရွှယ်ဖွယ်သော မွေးနေ့ပေါင်းများစွာကို ထပ်တူ ခံစားနိုင်ပါစေ...

tg.nwai said...

အဲ... ဒီရက်တွင်း အလုပ်ရှုပ်နေတာနဲ့ အွန်လိုင်းမတက်မိတာ နောက်ကျသွားပြီ။ ကဲ.. နောက်အကျဆုံးမွေးနေ့ ဆုတောင်းပေါ့။

မိုးခါးလေးရေ.. ၂၄ ဆိုတာ ငယ်ငယ်လေးရှိသေးတာပဲနော်.. နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်တဲ့သူနဲ့အတူ ချစ်သူခင်သူပေါတဲ့ မိုးခါးလေး ဘ၀ သာယာချမ်းမြေ့ ပါစေကွယ်..

ရေတမာ said...

ပျော်စရာကြီး ...... happy birthday!

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...