Thursday, May 28, 2009

ပြင်ဆင်ခြင်း

အိပ်မက်လေးတခု
မက်ဖူးတယ်
သိပ်လှပ ပြည့်စုံလွန်းတယ်
ခမ်းနားလွန်းတယ်
အဆုံးသတ်ထိ
ပျော်ရွှင်စွာ ဆုံတွေ့ကြလေသတည်းတဲ့ ..

တကယ်တမ်း
အိပ်မက်ဟာ
လက်တွေ့မှာ ဖြစ်လာနိုင်သလား

အရာရာဟာ
ပြောင်းလဲဖို့ အသင့်ရှိတယ်
ဒါကိုခံနိုင်ဖို့
ဘယ်လိုကြိုပြင်ဆင်မလဲ
ခုရော
အသင့်ဖြစ်နေပြီလား

အရာရာဟာ
အချိန်မရွေးပြောင်းလဲနိုင်တယ်
ဒါကိုသိနေပြီပဲ
ဘယ်လိုပြောင်းလဲမှုဖြစ်ဖြစ်
ငါ့ရင်မှာ အသင့်ပြင်ထားတယ်

ပြောင်းလဲလိုက်စမ်းပါ
ပြောင်းလဲခြင်းအတွက်
ခံစားရမယ်ဆိုလည်း
၁ညနဲ့ ၂ရက်

သေချာပြီလား
နောက်မှ ဘွာမခတ်ကြေးကွယ်
ငါ့ရင်က လွယ်လွယ်ခွင့်မလွှတ်တတ်လို့ပါ ..

တဂ်ကြွေးတွေဆပ်ပါ့မယ်နော် .. ရေးနေပါတယ် .. တနေကုန်ဒိုင်စားတယ် ဒီနေ့ .. ဒါလေးတော့ စိတ်ထဲရောက်လာလို့ရေးလိုက်တယ် ..



10 comments:

ဖိုးစိန် said...

နံပတ် ၁` ဟေးးးးးးးး

ဖိုးစိန် said...

လွယ်လွယ်နဲ့ ခွင့်မလွှတ် တတ်မှန်းသိလို့
လွယ်လွယ်နဲ့ ပြောင်းလဲမှာတော့မဟုတ်ပါဘူး
မက်ထားတဲ့ အိပ်မက်လေးအတိုင်း
လှပပါစေ
အဆုံးသတ်မှာ အမုန်းလို့မမှတ်ပဲ
အချစ်နဲ့တည်စေသော်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

မောင်မျိုး (ပြာသို) said...

ဒီကဗျာကို အယ်ဆိုင်းဇီကို သီချင်းဆိုခိုင်းရင်တော့ ပေါက်အုံးမှာ သေချာတယ်း)

မိုးစက်အိမ် said...

အမရေ ကဗျာတွေ အရေးကောင်းနေတာ...
ခံစားချက်ကြောင်.လား ... ငါတော.
သိပ်မသက်ာ ချင်တော.ဘူး ဟီးးးးးးးးးးးးးးး
အားပေးလျက်ပါ အမ

အရုပ်လေးရဲ့အဆိပ်ခွက် said...

လာဖတ်သွားပါတယ်...

ခင်မင်လျှက်
အဆိပ်ခွက်

Upasaka said...

သေချာပြီလား
နောက်မှ ဘွာမခတ်ကြေးကွယ်
ငါ့ရင်က လွယ်လွယ်ခွင့်မလွှတ်တတ်လို့ပါ။

ညီမရေ...ရင်ထဲမှာ အမုန်းတွေပဲရှိနေတတာ လားဟယ်။

reenoemann said...

ကဗျာတွေကို ဖတ်ရတာ ဦးတည်ချက် တစ်ခုတည်း ကို ဦးတည်နေတာတွေ့ရတယ်။
ခံစားချက်ပဲ ဖြစ်မှာပါ လို့ ထင်မိပါတယ်
ညီမလေး မိုးခါးရေ။

ရေးတက်တဲ့ ညီမလေး ကိုလေးစားပါတယ်ကွာ။

ကိုရီနို

mgnge said...

ဘာကိုရည်ရွယ်ပါသနည်း သူငယ်ချင်း ...။
တစ်မျိုး ပဲနော်...ကဗျာကတော့ကဗျာကောင်း ပဲ

နွေးနွေးသဲမွန် said...

ပြောင်းလဲလိုက်စမ်းပါ
ပြောင်းလဲခြင်းအတွက်
ခံစားရမယ်ဆိုလည်း
၁ညနဲ့ ၂ရက်

သေချာပြီလား
နောက်မှ ဘွာမခတ်ကြေးကွယ်
ငါ့ရင်က လွယ်လွယ်ခွင့်မလွှတ်တတ်လို့ပါ ..<--- အပြည့်အ၀... ထောက်ခံသည်... စကားလုံးတွေ မိုက်လွန်းတယ်.. :-)

ခမ်းကီး said...

ခံစားသွားပါတယ်။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...