Wednesday, May 20, 2009

အနာ နဲ့ ဆေး

လူတိုင်းကိုနားလည်မပေးနဲ့ ..
တကယ်လည်း နားမလည်ပဲနဲ့ ..

အကုန် သိတယ် တတ်တယ် မထင်နဲ့ ..
ခုသိတယ်ဆိုတာ ပါးပါးလေးရယ် ..

ကူညီပေးချင်တယ် ??
ဘယ်လိုအင်အားနဲ့ ကူမှာလဲ ..
ပါးစပ်နဲ့ ကူတာလောက်တော့ လူတိုင်းလုပ်နိုင်ပါတယ် ..

ကိုယ်ပေးချင်တာ ဖြေဆေးတခွက်ပါ ..
အဆိပ်ကို အဆိပ်နဲ့ ဖြေတဲ့ ဖြေဆေးတော့ မဖြစ်စေနဲ့ ..

ဆေးဆိုတာလဲ တည့်တဲ့လူ မတည့်တဲ့လူရှိသေးတယ်လေ ..
မတည့်တဲ့ဆေးပေးမိရင် စေတနာ ဝေဒနာဖြစ်လိမ့်မယ် ..

ဆုံးဖြတ်ပြီးပြီလား ??..
ဒါဆို နောက်လှည့်မကြည့်နဲ့တော့ ..

ထားခဲ့လိုက်ပါ ..
အရာရာက လွမ်းစရာကို မရှိဘူး ..






24 comments:

စိတ်စမ်းရေ said...

ပါးစပ်နဲ့ကူတာလောက်တော့ လူတိုင်းလုပ်နိုင်ပါတယ်တဲ့...။ မိုက်တယ်..
ရေးချက်ကတော့....

အရုပ်လေးရဲ့အဆိပ်ခွက် said...

မိုက်တယ် ကဗျာလေးက ကျနော် ကတော့ ပါစပ်နဲ့ကူဝူးနော် သေချာကူညီပေးမယ် .....

ခင်မင်လျှက်
အဆိပ်ခွက်

နွေးနွေးသဲမွန် said...

ကိုယ်ပေးချင်တာ ဖြေဆေးတခွက်ပါ ..
အဆိပ်ကို အဆိပ်နဲ့ ဖြေတဲ့ ဖြေဆေးတော့ မဖြစ်စေနဲ့ ..
ဆုံးဖြတ်ပြီးပြီလား ??..
ဒါဆို နောက်လှည့်မကြည့်နဲ့တော့ ..

ထားခဲ့လိုက်ပါ ..
အရာရာက လွမ်းစရာကို မရှိဘူး ..<--- အရမ်းကြိုက်တဲ့စကားလုံးတွေ...

တောင်ပေါ်သား said...

အင်း ဘာတွေတုန်း ပေါက်ကွဲနေတာလား ဖြေဆေး လာပေးမယ်


လေးစားလျက်
တောင်ပေါ်သား

နွေးနေခြည် said...

အဲလိုပေါက်ကွဲလိုက်တာကောင်းတယ်...
ပေါက်ကွဲပြီးရင်လည်း ပေါ့ပေါ့ပါးပါးနေနော်
မိုးခါးပျော်ရွှင်ပါစေ လို့ဆုတောင်းပေးနေမယ်

Banyarshein said...

အားရာရာ ကောင်းလိုက်တဲ့ ကဗျာ ငါ့ကို တည့်တည့်ပြောလိုက် သလားပဲ ။ မှန်တယ်ဟ
မှန်တယ် ။ နင်တောင် တော်တော် မော်ဒန် ကဗျာရေး
တတ်လာပြီးပဲ ။ ငါလဲ ဆင်ခြင်ရမယ် ။ နင်ပြောလိုက်မှ
ဥာဏ်လေး နည်းနည်း ပွင့်သွားသလိုပဲ . . . .

သဇင်ဏီ said...

ရေးချက်လေးက မိုက်တယ်ကွာ.. =)

နှင်းဆီနက် said...

ထားခဲ့တာအကောင်းဆုံးပါပဲး)
ကဗျာလေးကောင်းတယ်

ခင်တဲ့

နှင်းဆီနက်

reenoemann said...

ရေးထားတာကို နည်းနည်းဝေဖန်ချင်တယ်။
ခွင့်ပြုပေးပါ ညီမ မိုးခါးရေ

တခြားတော့ မဟုတ်ဘူး ရေးတက်လွန်းလို့ပါ။
ကဗျာထဲမှာတွေ့ရတာ ကဗျာရေးနေတဲ့အချိန်မှာ
လူတွေကို လုံးဝဂရုမစိုက်ပဲ ပြတ်သားနေတဲ့ စိတ်
တစ်ခုကို တွေ့လိုက်ရတယ်။
စိတ်ထဲလည်း ကျေနပ်သွားပုံရတယ်နော်။
ဒီလို စဉ်းစားတက်တဲ့ စိတ်လေးကိုသဘောကျ
လေးစားမိပါတယ် ညီမလေး မိုးခါးရေ

ဒီထက် ကောင်းတဲ့ စာသားတွေနဲ့ ဆက်လျှက် တီထွင်နိုင်ပါစေ။

ဝေဖန်တာကို မကြိုက်ရင် တစ်ခါတည်း တောင်းပန်ပါတယ်နော်

ခင်မင်လျှက်
ကိုရီနို

မိုးစက်အိမ် said...

အမ ရေ တခုခုများ ပေါက်ကွဲနေသလိုဘဲဗျာ...
ကဗျာကိုက အသက်ဝင်နေလို.လားတော.မသိဘူး...
ဘာဘဲဖြစ်ဖြစ် အမ မိုးခါး ပျော်ရွှင်ပါစေ ကံကောင်းပါစေဗျာ
ဆုတောင်းပေးလျက်....

ဝလုံးဝိုင်းဝိုင်း said...

ဆုံးဖြတ်ပြီးပြီလား ??..
ဒါဆို နောက်လှည့်မကြည့်နဲ့တော့ ..

စကားလုံးတွေကတော့ အသက်ဝင်လှတယ်။ ဖတ်ရင်းနဲ့ စေတနာဒေါသ စကားသံ အချို့ကို ကြားမိတယ်။ ပျော်ရွှင်ပါစေ။

တလနွန် said...

ကဗျာလေးက အသက်ဝင်လှတယ်။ ခံစားချက်တွေပြင်းထန်နေလို့ လား သူငယ်ချင်း။
ဒီကဗျာလေးကို တကယ်ပဲသဘောကျမိတယ်။
ပျော်ရွှင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

ဖိုးစိန် said...

ဘာတွေ ဖြစ်နေတာတုန်း
မသိလိုက်ရပါလား
ကျနော်ပါးစပ်နဲ့ ကူညီလို့ မရပါဘူး
အနေပါတယ်
ဘယ်လိုကူညီရမလဲ အကြောင်းပြန်ပါ
ခံစားမှုတွေပေါက်ကွဲပြင်းထန်နေပါတယ်
ဘယ်မှာပုန်းရမလဲ
နေရာလေးတစ်ခုတော့ပေးပါ
ကြောက်ပါတယ် အပျိုကြီးပေါက်စ မမိုးခါးရယ်
အဟီးး
ခင်တဲ့
ဖိုးစိန်

pm said...

ဟုတ်ကဲ့မမမိုးခါး။

pm ဘာမှမသိပါဘူး ဒါကြောင့် စု၊တု၊ပြု သွားတယ်။
အခြားလူများလို ဘာပြန်ပြောရမှန်း မသိလို့ ပြန်တော့ မပြောတော့ပါဘူး။

အိုက်ခီလောက် said...

အယ် သူလည်း အပျိုကြီးတွေနဲ့ အဖွဲ့ ကျသွားလို့ လားမသိဖူး
ပေါက်ကွဲသံစဉ်တွေ ပြင်းထန်နေတယ်
သေချာပြီ ဒါဆို မကြီးတို့ လမ်းစဉ်ကို လိုက်တော့မယ်
အပျိုကြီးပေါက်စ မိုးခါးလေးဖြစ်တော့မယ်
စကားမစပ် ကိုယ့်ဟာကိုနေတာလေ ဘာလို့ လာတပ့်စ့်၇တာလည်းဟင်
တူ့ ညားတွေ ပျော်နေတာကိုမနာလိုဘူးထင့်ပါ့ 
အပျိုကြီးဖြစ်ပါစေတော် မတောင်းပဲပြည့်တဲ့ဆုပေးလိုက်တယ်
အဟား ပျော်ရွှင်ပါစေဗျာ

သီဟသစ် said...

မိုးခါးရေ..
စကားလုံးတွေ ပြတ်သားပြောင်မြောက်လှချည်လား..
Good.

nyisaynaing said...

ညီစေနိင်...

စိတ်မဆိုးတတ်ဘူး....
သဘောကောင်းတယ်ဆိုလို့ပြောကြည့်မယ်။

ကဗျာတပုဒ်လုံးမှာ အကြိုက်ဆုံးစာသားကတော့
အနာ နဲ့ဆေး ခေါင်းစဉ်လေးပါပဲ။ဒါမျိုးက ညဏ်
ကွန့်မြူးမှ ပေါ်တတ်တာလေ။
မှတ်ချက် ။ ။


အကို ..သိလို့တတ်လို့ ရေးတာမဟုတ်ပါ။
ဟဲ...ဟဲ ပါးပါးလေးရေးကြည့်တာပါနော်။

ကိုလူထွေး said...

စကားလုံးတွေက ရိုက်ချက်ပြင်းတယ်...
ဧကန်ဒတော့ ဧကန်ဒပဲ

mgnge said...

ကဗျာလို့ မထင်ပါ...။
မကျေနပ်ချက်တွေက ထွက်ကျလာတဲ့... ခပ်ပြင်းပြင်း ကော်ဖီတစ်ခွက်လို ပဲ....။
အရသာမခံတတ်ရင်တော့ ခါးသက်သက်ပေါ့...။

မဆုမွန် said...

ငါ့ညီမ ကဗျာရေးတော်တော်ကောင်းပဲ

အနာနဲ့ဆေး
ညီမလေး အတွက်
အစ်မ မုန့်တီလာသောက်

ဘာမှလဲ မဆိုင်ဘူးနော် ခိခိ စတာ

ကောင်းကင်ကို said...

မိုက်တယ်။ အတွေးတွေ အများကြီးရသွားတယ်။

မောင်မျိုး (ပြာသို) said...

ပါးစပ်နဲ့ ကူတာလောက်တော့ လူတိုင်းလုပ်နိုင်ပါတယ် ..
ထိတယ်ဝေ့ ရင်ထဲတည့်တည့် ။

ဝေလေး said...

ဒီတစ်ပုဒ်လည်းကြိုက်တယ်..
နည်းနည်းပေါက်ကွဲထားတာထင်တယ်...
နောက်ဆုံးကိုအကြိုက်ဆုံးပဲ

ထားခဲ့လိုက်ပါ ..
အရာရာက လွမ်းစရာကို မရှိဘူး ..

:)

Demon(ဖိုးသား) said...

အင်း ... ဘယ်လိုပြောရမလဲ
တရုတ်သိုင်းသမားတွေကတော့ အဆိပ်ကို အဆိပ်နဲ့ဖြေရမယ်တဲ့ .....
အဓိက ကတော့ အဆိပ်မိနေရင် အဲဒီအဆိပ် ပြေသွားဖို့ပဲလိုတာပါ နော်... :D

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...