Showing posts with label သူငယ်ချင်း. Show all posts
Showing posts with label သူငယ်ချင်း. Show all posts

Thursday, June 24, 2010

ဒီရက်

မိန်းမပျိုလေး တယောက်အတွက်
ရင်ခုန်ခြင်းတွေ အစပြုခဲ့တာ
ဒီရက်

နှလုံးသွေးတွေ
ညင်သာစွာ စီဆင်းတဲ့ရက်
ဒီရက်

စိတ် အေးချမ်းမှု အလင်းကို
ရှာတွေ့ခဲ့တဲ့ ရက်
ဒီရက်

ဘ၀အတွက် ပါရမီဖြည့်ဖက်
တွေ့ဆုံခဲ့တဲ့ ရက်
ဒီရက်

မိန်းမပျိုလေး အပြုံးဟာ
ကိုယ့်အတွက် နံနက်ခင်းသစ်
မိန်းမပျိုလေး အပြုံး တခက်အတွက်
ကိုယ့်နှလုံးသား စုံးစုံးမြုပ်ခဲ့တယ်

ဒီနေ့တော့
ကိုယ့်နှလုံးသား
ပျော်ပျော်ကြီး အကျဉ်းကျခဲ့တာ
ရက်ပေါင်း
တထောင် ရှစ်ရာ နှစ်ဆယ့် ငါး ရက်

ဒီနေ့က ချစ်တရေး(မိုးခါးအခေါ်) မေလေးနဲ့ ကိုကိုရဲ့ အမှတ်တရ တရက်မို့လို့ ဒီကဗျာလေးကို လက်ဆောင်ပေးချင်ပါတယ် ..
မေလေးနဲ့ ကိုကို အသက်ထက်ဆုံး ချစ်ခင်ကြင်နာစွာ လက်တွဲသွားနိုင်ပါစေ ..

Saturday, March 21, 2009

အရိုးခံ

သူငယ်ချင်းတဲ့
ဘယ်လောက် နွေးထွေးလိုက်လဲ
ခံစားတတ်ရင် သိနိုင်ပါတယ်
ငါတို့ ခင်မင်ကြတာ အဖြူထည်သက်သက်
ပေါင်းသင်းခဲ့ကြတာ အရိုးခံသက်သက်
မာနတွေ မပါဘူး
လောဘတွေ မပါဘူး
အရှုပ်အရှင်း စာရင်းတွေ မပါဘူး
တယောက်လိုအပ်ရင် တယောက်က ဖြည့်ဆည်း
တယောက်မှာ ရှိတာ အကုန်ဝေစား
ဘယ်လောက် ရှင်းလင်းလိုက်သလဲ
ဒီသံယောဇဉ်တွေနဲ့
ငါတို့ နှစ်များစွာ လက်တွဲခဲ့တယ်
ရှေ့ဆက်ပြီးလည်း လက်တွဲသွားဦးမယ်
ခုချိန်အတိုင်း နွေးနွေးထွေးထွေးပေါ့


Saturday, November 29, 2008

ပုလင်းတူဗူးဆို့လေးများ

မိုးဖွဲဖွဲထဲလျှောက်သွားရင်း
သီချင်းပြိုင်တူငြီးဖူးတယ် ... ။

ရီစရာကောင်းတဲ့လူတွေကိုကြည့်ရင်း
ဟက်ဟက်ပက်ပက်ပြိုင်တူရီမောဖူးတယ် ... ။

တစ်ယောက်အိမ်တစ်ယောက်လိုက်ရင်း
အားလုံးသဘောတူကျူရှင်တွေပြေးဖူးတယ် ... ။

ဆရာတွေစာမေးရင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
ပုလင်းတူဗူးဆို့စာတွေခိုးချဘူးတယ် ... ။

တစ်ယောက်လက်ကိုတစ်ယောက်တွဲရင်း
ကျိုက်ထီးရိုးဘုရား တောင်ပေါ်တက်ဖူးဘူးတယ် ... ။

တစ်နေရာစီခွဲရမယ်ဆိုတော့
တစ်ယောက်လက်တစ်ယောက်ဆုတ်ကိုင်ရင်း
မခွဲချင်ခွဲချင်ခွဲခဲ့ဘူးတယ် ... ။

သူငယ်ချင်းတို့ရေ ...
ငါနင်တို့ကို သိပ်လွမ်းတယ် ... ။

မိုးခါး
၂၉-၁၁-၀၈(1:47 AM)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...