Thursday, June 24, 2010

ဒီရက်

မိန်းမပျိုလေး တယောက်အတွက်
ရင်ခုန်ခြင်းတွေ အစပြုခဲ့တာ
ဒီရက်

နှလုံးသွေးတွေ
ညင်သာစွာ စီဆင်းတဲ့ရက်
ဒီရက်

စိတ် အေးချမ်းမှု အလင်းကို
ရှာတွေ့ခဲ့တဲ့ ရက်
ဒီရက်

ဘ၀အတွက် ပါရမီဖြည့်ဖက်
တွေ့ဆုံခဲ့တဲ့ ရက်
ဒီရက်

မိန်းမပျိုလေး အပြုံးဟာ
ကိုယ့်အတွက် နံနက်ခင်းသစ်
မိန်းမပျိုလေး အပြုံး တခက်အတွက်
ကိုယ့်နှလုံးသား စုံးစုံးမြုပ်ခဲ့တယ်

ဒီနေ့တော့
ကိုယ့်နှလုံးသား
ပျော်ပျော်ကြီး အကျဉ်းကျခဲ့တာ
ရက်ပေါင်း
တထောင် ရှစ်ရာ နှစ်ဆယ့် ငါး ရက်

ဒီနေ့က ချစ်တရေး(မိုးခါးအခေါ်) မေလေးနဲ့ ကိုကိုရဲ့ အမှတ်တရ တရက်မို့လို့ ဒီကဗျာလေးကို လက်ဆောင်ပေးချင်ပါတယ် ..
မေလေးနဲ့ ကိုကို အသက်ထက်ဆုံး ချစ်ခင်ကြင်နာစွာ လက်တွဲသွားနိုင်ပါစေ ..

19 comments:

မေလေး said...

ကျေးဇူးးးးးးး ချစ်တရေးးးး
အာဘွားးးးးးးးး
မွ မွ
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ :D

မေပယ်လ် said...

မိုးခါးရေသောက်မိလို့
ဒိုးပြားတွေ ထွက်ကျကုန်တာ ဒီရက်..
ငရုပ်သီးမမကို
တရုတ်ကြီးများလားလို့
သွားဖားမိတာ ဒီရက်..
ဒီရက်...
ဒီရက်....:P

မေပယ်လ် said...

မိုးခါးရေသောက်မိလို့
ဒိုးပြားတွေ ထွက်ကျကုန်တာ ဒီရက်..
ငရုပ်သီးမမကို
တရုတ်ကြီးများလားလို့
သွားဖားမိတာ ဒီရက်..
ဒီရက်...
ဒီရက်....:P

မမ said...

ချစ် နဲ့ကိုကို သက်ထက်ဆုံး ပျော်ရွှင်ပါစေ....ဗစ် ရေးသလို..ဘောလုံးတသင်းစာ သားသားမီးမီး တွေနဲ့...း)))

မိုးခါး said...

ချစ်လေးပါ မမကလဲ :P

မေဇင် said...

မျက်ခုံးတွေ စလှုတ်ခဲ့တာ ဒီရက်...
အိမ်မက်တွေ စ မက်ခဲ့တာ ဒီရက်....
အကျဉ်းကျဖို့ သေချာခဲ့တာ ဒီရက်....

ခုတော့..မလွတ်နိုင်တော့တဲ့ အချစ်အကျဉ်းထောင်ထဲမှာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ သူတို့ နေနေကြပါပြီ...း))

ဇွန်မိုးစက် said...

fb မှာ ဆုသွားတောင်းပေးလိုက်ပြီ။း)

noblemoe said...

ဒီရက်မှတိုင် နေ့ ရက်တိုင်းမှာ အေးချမ်ပြီးသာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို ပိုင်နိုင်ပါစေရှင်းးးးးးးးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး
ps: မိုးခါး ကဗျာလေးကရှယ်ပဲ

ဧပရယ်လ်ပူး@ပူးတေ said...

မေလေးနဲ့ သူမ၏ ချစ်သောကိုကိုတို့ ရက်ပေါင်း
တထောင် ရှစ်ရာ နှစ်ဆယ့် ငါးရက် မှသည် ရက်ပေါင်း တစ်သိန်း ရှစ်သောင်း နှစ်ထောင့် ငါးရာ ရက် တိုင်အောင် မလျော့သော အချစ်များဖြင့် ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနိုင်ကြပါစေလို့....

သားသားမီးမီးတွေလဲ ဘောလုံးအသင်း ၂ သင်းစာလောက် ရပါစေလို့...

မေလေးက ပူးတေကို ခမည်းခမက်တော်မယ်တဲ့ ။ ဒါနဲ့ ပူးတေ မိန်းကလေး မွေးပေးမယ်လို့ ပြောလိုက်တယ်။ ပြီးရင် စိန်တစ်ဆင်ဆာနဲ့ လာတောင်းရင်လောက်ပါပြီဆိုတာ သူက စိန် ၂ ဆင်ဆာ နဲ့ တင်တောင်းချင်လို့တဲ့လေ...ဒါနဲ့ပဲ အားနာပါးနာနဲ့ အချင်းချင်းတွေဆိုတော့ လက်ခံလိုက်ပါတယ်လေ...... :)

ဖိုးစိန် said...

အားကျလိုက်တာ။။။

အားကျလိုက်တာ...


အားကျလိုက်တာ... နော်..။


အင်း မဖြစ်ပါဘူး..။ အမြန်မှီအောင်လိုက်ရမယ်။

နေ၀သန် said...

း)))))... ပျော်ရွှင်စရာရက်လေးတွေ ပိုင်ဆိုင်နေနိုင်ပါစေ မေလေးရေ.....


ခင်မင်တဲ့
နေ၀သန်

ကောင်းကင်ပြာ said...

စိတ်တွေ လျှော့ပါ စိန်ရယ်...:P

သူကြီးမင်း (တုံးဖလား) said...

ရက်တွေ အတိအကျသိနေပါလား။ မိုးခါး တော်တယ်။

ahphyulay said...

ပျော်ပျော်ကြီး အကျဉ်း ကျခဲ့ တယ် ဆိုပါလား၊
ကြိုက်သွားပြီ ၊ အဲ့ ဒီ အဖွဲ့  လေး ...။

ဆောင်းနှင်းရွက် said...

မမမမမမ
မေမေမေမေမေ
လေးလေးလေးလေး
ရဲ့ ချစ်သော ကိုကို နဲ့
အစဉ်အမြဲ ပျော်ရွှင်နိုင်ပါစေ ....>>>

မကြာမီ မှာ
သားးးသားးး လေးးးများ
မီးမီး လေးးး များးး
ပိစိကွေးး လေးး များ လည်း
တန်းစီ လာပါ စေ .... :D

Angel Shaper said...

ဒီရက်မှစ အသက်ထက်ဆုံးးး
ပျော်ရွှင်နိုင်ကြပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကာယကံရှင် ၂ဦး
ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေရှင်..

ဏီ(န်)ကင်း said...

မေလေးပျော်ရွှင်ပါစေ...
မိုးခါးလဲ...အဲဒိလိုရက်မျိုးတွေပိုင်ဆိုင်နိုင်ပါစေ...
ငါကတော့...ကဗျာ...ထင်တာပဲ...ဆိုတဲ့
Tag လေးကိုကြိုက်တယ်...ဟဟ

နောက်မှတွေ့မယ်

လင်းခေတ်ဒီနို said...

း) မေရေးတို့ ဂျနီးမောင်နံ ဒီထက်မက ပျော်ရွင်ပါစေဗျာ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...