Wednesday, October 28, 2009

ငါ့ကို ချစ်လို့တဲ့

ငါ့ကို ချစ်သတဲ့
ဘာကို ချစ်သလဲ
မင်းက ပြုံးလိုက်ရင် ချစ်ဖို့ ကောင်းသတဲ့

ငါ့ကို ချစ်လို့တဲ့
ဘာလို့ ချစ်သလဲ
မင်းက နားလည်မှု ပေးတတ်လွန်းသတဲ့

ငါ့ကို ချစ်သတဲ့
ဘယ်လောက်ထိ ချစ်မှာလဲ
ပြောတုန်းကတော့ တသက်လုံးပါပဲ

ငါ့ကို ချစ်သတဲ့
ဘာအတွက် ချစ်ပါသလဲ
ဘ၀တလျှောက်လုံး လက်တွဲဖို့ပါတဲ့

ငါ့ကို ချစ်သတဲ့
ဘာဖြစ်လို့ ချစ်ပါသလဲ
ချစ်ဖို့ ကောင်းလို့ ချစ်ပါသတဲ့

ငါ့ကို ချစ်လို့တဲ့
တကယ်နော်လို့ မေးမိတော့
တကယ်ပါ
မင်းက ငါ့အတွက် အကောင်းဆုံးတွေပေးနိုင်တဲ့သူတဲ့

ခုတော့

ငါ့ကို မချစ်တော့ပါတဲ့
ဘာကြောင့်လဲ မေးမိတော့
မင်းဟာ ငါ့အတွက် အကောင်းဆုံး မဖြစ်နိုင်ဘူး
မင်းက ငါ့အပေါ် နားမလည်ဘူး
မင်း အပြုံးတွေနဲ့ ငါ့ကို အနိုင်ယူသတဲ့

အင်း
နောက်ဆုံးတော့လည်း
လေထဲကပြောစကား
လေထဲတွင်ပဲ ပျောက်ကွယ်တတ်ပါလား ..

မြင်ရ ကြားရတဲ့ စုံတွဲတွေကို ကြည့်ပြီး ရေးမိတာပါ .. (ကိုယ်တိုင်လည်း ဘယ်တော့လည်း မသိဘူးပေါ့ .. :P) အချစ်ဆိုတာ ချစ်နေတုန်းတော့ အပြစ်မြင်ရိုး ထုံးစံ မရှိပေမယ့် အချစ်ပြယ်ပြီဆိုရင် ပြစ်ချက် အနာအဆာတွေ လက်ညှိုးထိုး မလွဲအောင် ပေါ်ပေါက်လာရတာတော့တာပါပဲ .. hehe .. တရားပေါက်တဲ့ လေသံနဲ့ :P

37 comments:

တလနွန် said...

ဒီတစ်ယောက်လည်း မယ်သီလရှင်ဝတ်တော့မဲ့ပုံပဲ အဟတ်ဟတ်:))))))

မေလေး said...

ခက်ပါ့အေ့
တရားပေါက်ပီး တောထွက်ရင်တော့ နင်တာဝန်ယူရမယ်နော့။
ဟိဟိ
တရာကျဒယ်
ကောက်လိုက်မယ်။

နွေးနေခြည် said...

ဟုတ်ပါ့ ဟုတ်ပါ့

တောင်ပေါ်သား said...

:) အချစ်ဆိုတာ ချစ်ပြီးရင် အလွယ်တကူပျက်တတ်သလို ချစ်ပြီး နားလည်မူတွေနဲ့ ပိုမိုမြဲစွာ တည်ဆောက်တတ်တဲ့လူတွေလဲ ရှိပါတယ်။ ဘ၀မှာ အချစ်တခုကို သေချာတည်ဆောက်နိုင်ပါစေ။ တကယ့်ချစ်တဲ့သူနဲ့ ပေါင်းသင်းရပါစေဗျား)

လေးစားလျက်
တောင်ပေါ်သား

ညလင်းအိမ် said...

အင်းလေ.....
လေထဲကစကား လေထဲမှာ ပျောက်ကွယ်သွားပေမယ့်
ကျန်ခဲ့တဲ့လူသား တသက်လုံးစာ ပြစ်ဒဏ်ရခဲ့တယ်...
ဒီလိုပါပဲ ချစ်ခြင်းဆိုတာ ဒဏ်ရာတခွက်ပေမယ့်
အရက်ပြင်းလို တရှိုက်မက်မက်သောက်သုံးနေကြတယ်...
(ကျွန်တော်လည်းပါမယ်ထင်တယ် :P)

မဆုမွန် said...

ဟုတ်ပါ့ အရင်တုန်းကတော့ ပြုံးနေတာလေး ချစ်စရာတဲ့ အခုကျတော့ မင်းက လောင်တာလားတဲ့ ဟိဟိ

မြရေလျဉ် said...

မြ..အမြင်ကတော့
တကယ်ချစ်ရင် အကြောင်းပြချက်ကိုရှာမရပဲချစ်တတ်တယ်။

တကယ်ကို မချစ်တော့ရင်လည်း
အကြောင်းပြချက်ရှာမရပဲ
ပြတ်စဲတတ်ကြပါတယ်

ချစ်တယ်နဲ့မချစ်ဘူးကြားက အလွှာကတကယ်ကိုပါးတယ လို့ထင်တယ်။

မှန် မမှန်မသိဘူး
ခံစားရသလိုပြောတာပါ..

အစစ် နဲ့တွေ့ပါစေ ..မိုးခါးရေ

flowerpoem said...

အချစ် ဆိုတာ အချစ်ပါပဲ :P

kiki said...

ဟေ ...
ငါးစိမ်းမြင် လို့  ငါးကင်ပစ်တဲ့  ကြောင်ကြီး နဲ့ တွေ့ နေလို့ လား မိုးခါးရယ် ....
တော်သေးတာပေါ့အေ ..
ငါးစိမ်းရော ငါးကင်ပါ နှစ်မျိုးစလုံး ဝါးမဲ့ ကြောင်ပါးကြီး မဟုတ်တာပဲ ....
(ဟိဟိ .. အကောင်မြင် ... အဲလေ...
အကောင်းမြင် တတ်စမ်းပါ ... )
တောထွက်မယ်ဆိုလည်း ကြို ပြော နော် ..
ပေါက်တော လား ၊ ထန်းတော လား လို့ .. အဖေါ်ကောင်းရင် လိုက်မလို့  ..း))

ကောင်းကင်ပြာ said...

တို့ မသိဘူးလို့ လာပြောတာ...

ဂျပန်ကောင်လေး said...

:).. ပြုံးသွားတယ်...

Anonymous said...

ချစ်သလားလို့ မေးရင် ချစ်တယ်တဲ့
ဘယ်လောက်လဲဆို မသိဘူးတဲ့
ဘယ်အချိန်ထိလဲဆို မပြောနိုင်ဘူးတဲ့
ချစ်နေရင် ပြီးရော မဟုတ်လားတဲ့.....

ကိုယ့်ဖာသာ ကိုယ်ချရေးကြည့်သွားတယ်

အခုအချိန်ထိတော့........

မေဇင် said...

အပြစ်မမြင် အမြဲ ချစ်ခင် မယ့် သူနဲ့ တွေ့ချင်တယ်...။ လူတိုင်းလဲ...အဲ့လို ဖြစ်ရင် ကောင်းမယ်...။ :)

Maung Myo said...

အချစ် ဆိုတာ အခြစ်က ဆင်းသက်လာတာမို့ တစ်နေ့မဟုတ် တစ်နေ့တော့ ခြစ်မိမှာပေါ့ဟ။။ ဆြာ ၀င်လုပ်သွားတာ သားသားက ခလေးပဲရှိသေးတယ် ဒါမျိုးတွေမသိသေးဘူးဗျး)

ဆောင်းနှင်းရွက် said...

အချစ်ဆိုတာ ပြောတော့သာ
လွယ်လွယ်လေး..းး
တကယ်
ဖြူဖြူစင်စင်နဲ့ ချစ်တတ်ဖို့ဆိုတာ ..
(ဆရာမကြီး အထာနဲ့ ပြောသွားတာ)
အဟိ ..

ကြားဖူးတာလေး တစ်ခုပေါ့ ..
ချစ်နေတုန်းကတော့
သ၀န်တို တတ်တာ
အရမ်းချစ်တယ် လို့
ထင်နေတယ် ..

မချစ်လည်း မချစ်တော့ရော
သဘောထားမပြည့်ဝဘူး
ဖြစ်သွားတယ် ..

ဘလော့ဖတ်ပြီး
ပေါက်သလို ဖြစ်သွားလို့
သဲ လည်း အပျိုကြီးပဲ
လုပ်ရရင် ကောင်းမလား မသိဘူး...

ပုံ့မေ said...

အဟတ်ဟတ်..မေသူလဲ မိုးခါးပို့ စ်ဖတ်ပြီးတရားပေါက်သွားပြီ..လုံးဝယုံစရာတစက်မှ မကောင်းပါလားးးး (တရားပေါက်သံ :P)

စကားတစ်ခွန်းပြောတယ်ဆိုတာ ကိုယ့်စိတ်ထဲက လှိုက်လှိုက်လှဲလှဲခံစားရမှ ပြောသင့်ပါတယ်လေ.. မဟုတ်ရင်တော့.......

တော်ပြီကွာ.....အပျိုကြီးပဲလုပ်တော့မယ်... :D

ညီညီ said...

ဟုတ်အစ်မရေ..။ အချစ်ဆိုတာကို ယုံကြည်မှု့ပျောက်ချင်နေတာ အစ်မပိုစ့် ဖတ်ပြီး လုံးဝပျောက်သွားပြီ.။ မှန်လိုက်တာအစ်မရေ.။

ခင်မင်တဲ့

ညီညီ(အနာဂါတ်သံစဉ်)

မြစ်ကျိုးအင်း said...

လူပီသတာပဲပြောမလား ဘာပြောရမလဲတော့မသိဘူး

အရေးကြီးဆုံးက ဝေးသွားခဲ့ရင်တောင် တယောက်အပေါ် တယောက်ကောင်းတာတွေပဲ တွေးနေတာ ပိုကောင်းမယ်လို့ ထင်မိတာပဲ....။

စည်သူ said...

သူများတွေ ပြောသွားတာတော့ အများကြီးပဲ..
ဟေဟေးးးး တို့ကတော့ ဘာမှကို မပြောတတ်ပေါင်..း)

ထင်နေတာကတော့
မိုးခါးရေ... မပူနဲ့ ကျောင်းတကာတွေရှိတယ်ဟ..းP

ခင်မင်စွာဖြင့်
စည်သူ။

မိုးစက်အိမ် said...

ဒီအဆိုကို အနော်မိုးစက်အိမ်မှ ဆန့် ကျင်ကန့် ကွက်ပါတယ်
မှတ်ချက်။ ... ။ မိုးစက်အိမ် တစ်ယောက်တည်းသာ :D :P
Forever Love Never Die . . . နာကွ :D

yangonthar said...

အချစ်ဟာ အရောင် အဆင်း အနံ့ အရသာ မရှိတဲ့ အဆိပ် တစ်မျိုးထင်ပါရဲ့ ပြဿနာက ဘာလို့ ချစ်တာလဲက စတာ နောက်တော့ လေထဲပါသွားရော :))))
ခင်တဲ့
ရန်ကုန်သား

လင်းကြယ်ဖြူ said...

ဖြစ်တတ်ပါတယ်..အများကြီးပဲ ..ဒါမျိုးတွေ
ဖြစ်ခဲ့ပါတယ်...
ကဗျာကောင်း တစ်ပုဒ်ပါပဲ..
ပျော်ပါစေ

Waing said...

အချစ်ဆိုတာ မတွေ့လေ ကောင်းလေပဲ တွေ့မိသွားရင် သူ့ဘက်ကိုယ့်ဘက် မျှတနေမှကောင်းမယ် မဟုတ်ရင် အမုန်းတရားတွေ အဖြစ် ပြောင်းလဲသွားတတ်တယ်

Libratun said...

No Objection.. :)

Wish the best,

Mogok Thar said...

ချစ်သောသူကို ချစ်တတ်စေ။ ချစ်သောသူက လည်း ချစ်တတ်လွန်းစွာ ချစ်နိုင်ပါစေ။

အချစ် စစ်ဖို့ထက် အချစ် မှန်ဖို့ ကြည့်တတ်ကြမယ် ဆိုရင်တော့ နားလည်မှုတွေလဲ တည်ဆောက်ယူဖို့ မကြိုးစားရတော့ဘူး။ ဒီတော့ အမုန်းဘက် ပြောင်းသွားတာ၊ စိတ်ကုန်သွားတာတွေလဲ မဖြစ်တော့ဘူး ပေါ့။
ချောချော ငယ်ငယ်လေး နဲ့ သီလရင်တော့ မ၀တ်လိုက်ပါနဲ့အုံး...
:-P

ဇော် said...

ဟုတ်ပါ့ .. အဲ့လိုပဲ ပြောတတ်ကြတာပဲ .. ပြီးရင်တော့ ဘယ်တော့ ပြောင်းလဲမှာပါလိမ့်လို့ စောင့်ကြည့်နေရမလို ဖြစ်နေပြီ .. ဟုတ်တယ်ဟုတ် .. =)

Ree Noe Mann said...

အချစ်ဆိုတာကို နားမလည်တဲ့ အကိုတော် အတွက်တော့

ဝေဖန်အကြံပေးဖို့ရန် အလွန်အမင် ခက်ခဲနေပါတယ် ညီမတော်ရေ။

အကိုတော် ရေးနေမိတဲ့ ကဗျာတွေကလည်းဘာရယ်

မဟုတ် အတွေးစိတ်ကူးသက်သက်သာဖြစ်ပါတယ်ကွယ်။

ခုကဗျာလေးကတော့ ငါ့နှမကိုယ်တိုင် မဟုတ်ရင်ပဲ

အကိုတော် အနေနဲ့ ကျေနပ်နေနိုင်ပါပြီ ငါ့နှမ။

တကယ်လို့ ငါ့နှမကိုယ်တိုင်ဆိုရင်လည်း

သူဘာပဲပြောခဲ့ ပြောခဲ့ ငါ့နှမရဲ့ စိတ်ရင်းဖြစ်တဲ့

ပြတ်သားမှူကိုသာ အဓိကထားပြီး ချစ်တဲ့ဖူးတဲ့

အချိန်လေးကိုသာ အောက်မေ့ ပြီ ရဲရဲဆုံးဖြတ်လိုက်ပါ။

မယ်သီလရှင်တော့ ဝတ်ဖို့ အားမပေးချင်ဘူးနှမရယ်။

ဟဲဟဲ နောက်နောက် နဲ့ အတည်ပြောသွားတယ်။

ဒါနဲ့ စကားမစပ် တင်ထားတဲ့ သီးချင်းလေးက

ဘာကိုရည်ရွယ်တာလဲ ဟင်းးးးးးးး

လက်ဖွဲ့ဖို့ ပိုက်ဆံ ဆုရတော့မှာလား။

အကိုတော် ရီနို

သံလွင် HeRo said...

ဟွင်းဟွင်းဟွင်း...တားတားတိတယ်နော်...
း) ယုံကြည်လိုက်ပါ အပြည့်ဝထောက်ခံပါတယ်

သဇင်ဏီ said...

စာသားလေးတွေဖတ်ပြီး ပြုံးမိတယ်..း)

Phyo Maw said...

အချစ်ဆိုတာလည်း ၂ ယောက်လုံး ချစ်တယ်ထင်တုန်း
ပျော်ဖို့ကောင်းတယ်ဆိုလား...

မငုံ said...

မိုးခါးရေ အချစ်ပြယ်တော့ အပြစ်တွေ မြင်ပြီပေါ့လေ။ ကဗျာလေး ကောင်းတယ်။

thawzin said...

ကဗျာလေးက အခုခေတ် အွန်လိုင်းချစ်သူများခေတ်နဲ့ လိုက်ဖတ်ပါပေတယ်ဗျာ

ကိုလူထွေး said...

နောက်ခံသီချင်းထဲက နှစ်ယောက်ကတော့ ကြည်နူးလို့...

ဘယ်တော့လည်းတွေ ဘာတွေ တွေးမနေပါနဲ့ ညီမရယ်...

တည်ဆောင်ထားတဲ့ ဘဝကို အေးအေးငြိမ်းငြိမ်း နှစ်ယောက်ပေါင်းလို့ ဆက်လျှောက်ကြပေါ့...

"ရင်ခုန်သံများ မြဲစေပေါ့..."

းဝ)

မယ့်ကိုး said...

ညီမလေးရေ... တရားလာနာသွားပါတယ် :P
အချစ်ဖြင့် အရာအားလုံးကို အကောင်းအတိုင်းဖြစ်ကြရင် ကောင်းမှာပဲနော်။

သူကြီးမင်း (တုံးဖလား) said...

ငါ့ကို ချစ်လို့တဲ့။
လောကရဲ့  မရိုးနိုင်တဲ့စကားလုံးလေးတွေပေါ့လေ။
နောက်တော့လဲ.. ထုံးစံအတိုင်း.... လေထဲမှာ ပျောက်ကွယ်သွားတတ်ကြတာ ဓမ္မတာပါ။

တရားသံဝေ ရစရာပေါ့။

Angel Shaper said...

တစ် တစ် တစ် ...
ဟိဟိ နေရာ လုနေတာ ဟုတ်ဘူးနော်။
ရိုမန်းးး တစ် တစ် တစ် လိုက်တာလို့ပြောတာပါ။
ချစ်မရဲ့။ အဟဲ....
နင့်ကို ချစ်ချင်လို့ ချစ်တာတဲ့.... ဟုတ်ဘူးလားလို့။

မီးငယ်လေး said...

အမှန်တကယ် တည့်တည့်ကို ခံစားလိုက်ရပါတယ် မိုးခါးရေ

မီးငယ်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...