Friday, June 19, 2009

လွဲလွဲလေးပဲကောင်းပါတယ် :D


နောက်ကြောင်း ပြန်လှည့်လိုက်ဦးမယ် ..း)

ကျန်ခဲ့တဲ့ တပတ် သောကြာနေ့က မိုးခါးတို့ရုံးခန်းပြောင်းတယ် .. 12-6-09 နေ့ကပေါ့ .. အစက ဆိုက်က Punggol မှာ .. အဲဒီကရုံးခန်းနေရာက ဖျက်ရမယ်ဆိုတော့ တခြားနေရာကို ရှာရင်း Kovan ကို ရောက်သွားပါတယ် .. သောကြာနေ့ကတော့ ပစ္စည်းတွေ သိမ်းဆည်းရွေ့ နေရာချပေါ့ .. ခုရုံးခန်းလေးက တော်တော်ကျဉ်းပါတယ် .. လူလည်း ၇ယောက်ပဲ .. ကျဉ်းတော့ မိုးခါးအတွက် ပြသနာကသိပြီးကြတဲ့အတိုင်း လူကြီး ၃ယောက်ရှေ့ရောက်နေတာပါ .. ခုဒီတပတ်ကတော့ ၁ယောက်က leave ယူထားတာ ပြန်မလာသေးဘူး .. နောက် တနင်္လာဆိုလာပြီ ..း(

သောကြာနေ့ကတော့ ပစ္စည်းတွေ ရွှေ့ဟယ် ပြောင်းဟယ်ပေါ့ .. စနေကတော့ ပိတ်တယ် .. bird park ကိုရောက်သေးတယ်လေ .. တခုမဟုတ် တခုလောက်ဖြစ်ရမှကျေနပ်တတ်တာဆိုတော့ အိမ်ကထွက်ထွက်ချင်း ဘတ်စ်ကားဂိတ်နားမှာ ချော်လဲပါတယ် .. မိုးကရွာတယ်လေ .. ဖိနပ်က အသစ် .. ပဲထုတ်ပြီးသွားတာ ချော်လဲရော .. ထီးလည်းကျိုးတယ် .. ကံမကောင်းပုံများ .. ထူမယ့်လူလည်းမရှိ တယောက်တည်း .. :P

သွားတဲ့နေရာရောက်တော့ တာဝန်က သူတို့လုပ်တဲ့ပွဲကို လာတဲ့လူတွေကို လမ်းညွှန်ပေးရမယ်တဲ့ .. သိဘူးလေ .. ဘယ်လိုလုပ်ရမလဲဆိုတာ .. အဲဒါနဲ့ ရင်ဘတ်မှာ တံဆိပ်ကပ်ထားတဲ့လူတွေကိုတော့ တိုးတိုး တိုးတိုး လိုက်ပြောတယ် .. :P ဟိုဘက်ပါ ဒီဘက်ပါပေါ့ .. နောက်တော့ ခေါင်းဆောင်ကရောက်လာတယ် .. အော်လိုက်တာ .. သူက ယောကျားလေးဆိုတော့ အသံက ကျယ်တယ်လေ .. "Blood Donar this way pls" ဆိုပြီးအော်ရော .. သြော် .. ဒီတော့မှ သိတယ် .. ဒီလိုလုပ်ရပါလားပေါ့ .. ဒါနဲ့ သူလုပ်သလိုလိုက်လုပ် .. လိုက်အော်ရတာပေါ့ .. ပထမပိုင်းက တော်တော်အော်နိုင်တယ် :D .. နောက် ရေတဗူးလည်းကုန် .. အော်နိုင်တော့ဘူး .. လည်ချောင်းတွေ နာလာရော .. ဒါနဲ့ နေ့လည်ကျ မှိန်းနေလိုက်တယ် .. :P .. မနက်ပိုင်းပဲယူထားတော့ နေ့လည်ကျ ပြန်လစ်တယ်လေ .. အတွေ့အကြုံတော့ရတာပေါ့ .. သူတို့ဘာလုပ်လဲ သိသွားတာပေါ့ ..


တနင်္ဂနွေကတော့ ထုံးစံအတိုင်း ဟိုလုပ်ဒီလုပ်နဲ့ တရက်ကုန်ရော ..

တနင်္လာရုံးပြန်တက်တော့ မဖောက်ရသေးတဲ့ ဗူးတွေဖောက် .. ပစ္စည်းတွေ နေရာချ .. နေ့လည်လောက်ကျတော့ အင်တာနက်ကရပြီ .. ဒါပေမယ့် မတက်နိုင် .. (ခုတောင် ခေါင်သူကြီးဆိုက်ထဲသွားလို့ ဘလော့ဂင်းနိုင်တာ .. ပန်ပန်ရေ ငါထပ်ပြောတော့ ဘာဖြစ်လဲ :P)

ဒီမနက်လည်း ကိုယ်က ကော်ရရှင်တိပ် လိုချင်လို့ အနောက်ခန်းထဲသွားယူတယ် .. တခါတည်းဖောက်ပြီး အမှိုက်ပစ်ခဲ့မယ်ပေါ့ .. ဖောက်နေတာ .. လူဝင်လာတော့ တူတူအလုပ်လုပ်တဲ့ မြန်မာအကိုကြီးထင်လို့ မော့မကြည့်ပဲစကားလှမ်းပြောတာ ခေါင်သူကြီးဖြစ်နေတယ် .. သူက ဟင် တဲ့ .. ဒီတော့မှကြည့်တော့ ခေါင်သူကြီး .. ဒီတော့ ဟီးဟီးပေါ့ .. ငါလူမှားသွားတယ်ပြောရတယ် .. :P

တခါလည်းဖြစ်ပြီးပြီ .. ကိုယ်က ပရင့်ထုတ်မလို့ .. ပြင်နေတာ word မှာ .. စာတွေကို adjust လုပ်နေတာ .. ယောင်ပြီး ပရင့်ကိုနှိပ်မိရော .. စာတွေက ၀ရော ၀ရောနဲ့ ထွက်လာရော .. ဒီချိန်မှာပဲ ခေါင်သူကြီးကလည်း ပရင့်ထုတ်တယ် .. သေရော .. ခိုးလုပ်တာ မိတာပဲ .. :P .. ဘာတွေလဲတဲ့ .. အော်တိုကဒ်လေ့ကျင့်ခန်းတွေလို့ .. မြန်မာလိုရေးထားတာလို့ .. လျှောက်ပြောရတယ် ..း( .. ကိုသပသ စာတွေပေါ့ .. စွန့်စွန့်စားစားကိုထုတ်လိုက်ရတယ် .. တိုးလည်းတိုးတတ်ပါတယ် .. :P

ခုလည်းလာပြန်ပြီ .. ရုံးခန်းက ၈ထပ်မှာ .. ရုံးခန်းတွေချည်းပဲ .. သူတို့အကုန် စနေဆို ပိတ်တယ် .. မိုးခါးတို့က တပတ်ခြား စနေ အိုတီဆင်းရတယ်လေ .. ဒီတပတ်မိုးခါးအလှည့် .. စနေအိုတီလာရင် တတိုက်လုံး မိုးခါးတယောက်တည်းနေရမှာတဲ့ .. အစတည်းက သရဲမကြောက်တတ်ဘူးဆိုတော့ ..း( .. မသွားဘူး ဆုံးဖြတ်ထားတယ် .. လာရင် တီချမ်းက ဒေါ်နွေးကို လွှတ်ဦးမှာ .. :P

ခုတလော စင်ကာပူမှာနေကြတဲ့ ဘလော့ရေးသူတွေ ကံနိမ့်နေတယ်ထင်တယ် .. ဟိုကကြားလဲ ကွဲပြန်ပြီ .. ဒီက ကြားလဲကွဲပြန်ပြီ .. တခုခုတော့ တခုခုပဲ .. ကံမြင့်အောင် ယတြာခြေမှထင်တယ် .. အားလုံးနဲ့ ချစ်သူတွေနဲ့ ပြတ်ကြဆဲကြ .. (ပြတ်တာတော့ဟုတ်ပါပြီ .. ဆဲတာဘာလဲလို့တော့ ကပ်သပ်မမေးနဲ့နော် .. သူများတွေသုံးသလိုပဲ သုံးလိုက်တာ .. :D) ယတြာကောင်းရင် မင်းလောင်းတောင် ဖြစ်တယ်မှုတ်လား .. :P

ကိုလူထွင်းကြီးလွှတ်လိုက်တဲ့ ဗိုင်းရပ်စ်ကြောင့်လားတော့မသိဘူး .. စင်ကာပူက ဘလော့ရေးသူတွေ အထိနာနေကြတယ် .. ဒါတောင် လေပဲရှိသေးတယ် .. :P ..

ဒါနဲ့ စကားမစပ် ဒီနေ့မနက်က မေလေးနဲ့စကားပြောဖြစ်တယ် .. ဟဲဟဲ ခေါင်းစဉ်ကတော့ ယောကျာ်းလေးတွေမကောင်းကြောင်း .. :P .. ဒါနဲ့အပျိုကြီးလုပ်ကြမယ်လို့ လောလောဆယ်ပြောထားတယ် .. အတည်တော့မပြုရသေးဘူး .. ဒါက အခြေအနေအရပေါ့နော် .. :D ..

ခု အခြေအနေပေးလို့ ရေးချင်ရာရေးပြီး တင်လိုက်ပါတယ် ..း)) .. သည်းခံဖတ်ကြပါကုန် .. မရေးစေချင်ရင်တော့ ခေါင်သူကြီးဆိုက်ထဲမသွားပါစေနဲ့ ဆုတောင်းကြပါကုန် .. :P

အားလုံးကို ခင်မင်စွာဖြင့်

29 comments:

မင်းအိမ်ဖြူ said...

ုkovan မှာလား ရုံးအသစ်က
ဟုတ်တယ် ကျွန်တော့် သူငယ်ချင်း မ-မစွံတို. ( စွံတဲ့ မမ လို.ပြောတာမဟုတ်ဘူးနော် မ.....မစွံ ၊ မစွံသော မမ ) သူငယ်ချင်းတွေ လေ သူတို.ယတြာကကောင်းတယ် အပျိုကြီးလုပ်မယ် ကြော်ငြာလိုက်တယ် .. မကြာဘူး ရကုန်တာပဲဗျ... လက်တွေ .( ဘာလို.ထင်လဲ ပြောဘူး ) ဟာဟ

စင်ကာပူမရောက်ခင်ကတည်းက အနော်တို.က ဆဲနေတာ မဟုတ်ပါဘူ ပြတ်နေ ကွဲနေတာပါဗျာ....

နွေးနေခြည် said...

ရေးထားတာ ချစ်စရာကောင်းတယ်း)

မိုးစက်အိမ် said...

မေးလေး နဲ. မခါး အပျိုကြီးလုပ်မှာ ဂုဏ်ယူပါတယ်
ဟီးးးးးးးးးးးးးးးးးးးး ကံမနိမ်.အောင်တော. ကံပွင်.ဆောင်မကြီး
အဆင်ပြေရင် ဂျပန်တွေဝိုင်းနေတဲ. ကြားက ဗဒင်လို ဒီအတိုင်း
ဆင်းလာခဲ.အုံး အနော်လဲစာမေးပွဲရှိလို. နောက်ရက်တွေတော.
ကဗျာမရေးနိုင်တော.ဘူးမကြီးရေ...အဆင်ပြေ ပျော်ရွှင်
ပါစေဗျာ...ခင်မင်လျက်

kaungkinpyar said...

ရေးပါတော် ရတဲ့အချိန်ရေးသာရေး၊ ဖတ်ပေးဖို့ ရယ်ဒီပဲ

hninzaw said...

ဒီရုပ်လား အပျိုကြီး လုပ်မယ့်ရုပ် ...ဟိ :P

mysterysnow said...

မိုးခါးရေ
တကယ်နော်
အတည်မှတ်ထားတယ်....
မိုးခါး အပျိုကြီး.....
ဟုတ်ပီနော်...

အဆိပ်ခွက် said...

အင်ဟုတ်တယ် စလုံးက ဘလောဂါတွေ ကံနိမ့်နေတယ်.. အဟီ. ကျနော် က အစ ကွဲနေတာဗျ.. အဟင့်...းး( ပြော၊ရင် နိုချင်လာပြီ ဗြဲ..........

ခင်မင်လျှက်
အဆိပ်ခွက်

ဖိုးစိန် said...

ငါ့ညီမကလေး ရေးတတ်တယ်.. တော်တယ် အကိုကြီးလိုပဲ..
စကားမစပ် ဘာဟင်းတွေ စားနေလဲး)
ချစ်ခင်စွာဖြင့်
ဖိုးစိန်

choco thazin said...

ဟုတ်တယ်ဟေ့ ဒီတလော ဘယ်လိုဖြစ်မှန်းမသိဘူး တစ်ခုခုပဲ။ ယတြာကောင်းတွေ့ ရင် ပြောပါဦး။

တောင်ပေါ်သား said...

အဟား ချော်လဲတယ် ဟုတ်လား ဘယ်နားနာသွားလဲ ပြောရောပေါ့ ထူပေးမှာပေါ့ အဟီးးးးးး သနားပါတယ် အလှတွေ ပျက်သွားတယ်ထင်ပါ့း) ဘလော့ဂင်းကတော့ ဂင်းပဲ ဂင်းနိုင်ပါတယ် ပန်ပန်ပြောသလို သူဌေးတွေ ကြီးပွားဦးမယ်


လေးစားလျက်
တောင်ပေါ်သား

မေလေး said...

အခါးနော်
ဘာအတည်မပြုတာတုန်း မေလေးက အတည်နော်..ဒါဘဲပြောချင်တယ်..ဟွန်းးးးးး
ခါးကိုချစ်တဲ့
မေလေး

နှင်းဆီဖြူ said...

အင်း ငါ့ညီမလေးက လူမလစ်လို့ပဲ တော်သေးတယ်နော် ဟော .. တစ်ပုဒ် ဟော .. တစ်ပုဒ်နဲ့ ။ လူများလစ်ရင်တော့ ဘလောဂ့်လောကကြီးကို ထာဝရကြယ်စင် အုပ်စိုးသွားနိုင်တယ်နော်။ ဟဟ

ချစ်တဲ့
မရောင်

Yu Ya said...

မိုးခါးရေ...
Kovan မှာ လူပျိုကြီး တစ်ယောက်ရှိတယ်... သတင်းအတိအကျပဲ... အဟီး..

reenoemann said...

ညီမလေး မိုးခါးရေ ယတြာ ခြေရင်ပြောအုံးနော်
အကိုလည်း ခြေချင်လို့ပါကွာ။
ဒီမောင်နှမတွေအတွက် လုပ်သင့်တာ
လုပ်ပေးရမယ်လေ။
ကိုလူထွေး အပြစ် မကင်းဘူး။ သူ ဘလော့ဂ်ဂါးတွေကို
တားမြစ်လိုက်တဲ့ နေရကစပြီး ဖြစ်ကျတော့တာပဲ။
ကိုလူထွေး တားမြစ်ချက်တွေ ပြန်ပြင်ပါ။

ဒါနဲ့ ညီမလေးကော ဘာဖြစ်သွားသေးလဲ။
ချော်လဲတာကိုမေးတာပါ။

ကိုရီနို

ဂျပန်ကောင်လေး said...

စာရေးရင်းနဲ့ကို လူကိုရန်တွေ့တယ်.. :P.. နောက်ထပ် ပရင့်ခိုးထုတ်တိုင်း လူမိပါစေဗျာ... ဟီးဟီး

witch83 said...

အလွဲလေးတွေကြားကပဲ ပျော်စရာလေးတွေ ရှာဖတ်သွားပါတယ်။ S'pore က bloggerတွေ အမြန်ဆုံး ကံတက်ကြပါစေသော်....း)

ကိုလူထွေး said...

"ကိုလူထွင်းကြီးလွှတ်လိုက်တဲ့ ဗိုင်းရပ်စ်ကြောင့်လားတော့မသိဘူး .. စင်ကာပူက ဘလော့ရေးသူတွေ အထိနာနေကြတယ် .. ဒါတောင် လေပဲရှိသေးတယ် .. :P .."

ကိုလူထွင်းကြီးက စာအဖြစ်ရေးတာပါဗျာ... ကိုယ့်မောင်နှမတွေကို ဒီလိုဖြစ်အောင် ဘယ်လုပ်ပါ့မလဲ...

ကြားရတော့ စိတ်မကောင်းဘူး...

ငှက်ကလေး said...

ဟိဟိ မမမိုးခါးရေ ယတြာလေးဘာလေး ချေဟယ်နော် ဟဟဟ

အယ်ဒါနဲ့ အပျိုကြီးလုပ်ရင် လက်တို့လိုက်ဦးလေ နော် ခွီးခွီးးးး

အပြုံးပန်း said...

ထူပေးမယ့်သူမရှိတုန်း ငိုချင်မှာနော်၊
ကိုယ်ချင်းစာတယ်။ တယောက်ယောက်ကို ဖုန်းဆက်ပြီး ငိုလိုက် ပြီးရော။

JulyDream said...

စနေမနက်မှာ ညည်း ဖွင့်လိုက်တဲ့ ဓါတ်က နေ့လည်ပိုင်းမှာ ကျုပ်ကို ကူးသွားပုံပဲ။ ကျုပ်လည်း ဖိုင်းကနဲပဲ။ ဘေးဘယ်ညာ ဘာမှ မကြည့်ပဲ ခပ်တည်တည်နဲ့ ပြန်ထလိုက်ရတာပေါ့။

Banyarshein said...

ဟိဟိ ငါကတော့ အဲဗားလိပ်ပြန်ပဲ 22 တဲ့ ။ စလုံးကလူတွေ ယတြာလေးဘာလေး ချေကြဟေ့

မသက်ဇင် said...

မိုးခါးလေးရေ
ပျော်စရာလေး လာဖတ်သွားတယ်နော်
ချစ်ခင်လျက်

မ အနမ်း said...

တစ်ခါတစ်လေလည်းလွဲတာလေးက ကောင်းသလိုလိုပါပဲ။း)
ထူးအိမ်သင်သီချင်းထဲကလိုလေ။းP
ရေးချင်တာသာလျှောက်ရေး ကိုယ့်ဘလော့ကိုယ်ပိုင်တယ်။ ဟ ဟ
အဆင်ပြေပျော်ရွှင်ပါစေနော်။

chitpalone said...

သြော် သူများတွေ ဖတ်ပြီး မန့်ပြီးကုန်မှ ရောက်လာတာ တော်တော်ကိုခေတ်နောက်ကျသွားတယ်အဟိ ခေါင်သူကြီး ဆိုဒ်ထဲသွားပါစေဗျာ။ အသစ်ကိုဒီတခါအရင်ဆုံးလာဖတ်မယ်ဗျာ။ ပျော်ရွှင်ပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

နွေးနွေးသဲမွန် said...

ဟိ....မမ သတိထားနော်... နည်းနည်းပေးပဲ လွဲ ပါစေ... :-)

နေဒေးသစ် said...

လူကြီးရန်က လွတ်ငြိမ်းအေးချမ်းရာ နေရာတစ်ခုမှာ ရွှင်လန်းချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ပါစေ ... :D
နေဒေးသစ်။

nanwarwarmg said...

ညီမလေးရေးထားတဲ့ ပျော်စရာပို့စ်လေးလာဖတ်သွား
ပါတယ်..
အလှူငွေအတွက် ကျေးဇူးတင် ၀မ်းသာပါတယ် ညီမလေးရေ.. ပျော်ရွှင်ပါစေ.
မမ၀ါက အပျင်းအရမ်းထူနေပါတယ်.း)

ahphyulay said...

လာဖတ်ပြီး ချီးကြူပါတယ်၊ေ၇းတတ်လို့
ကျွန်တော်လည်းရေးတတ်ဖို စ...ကြိုးစား
နေရတ်ာဗျာ။

Mogok Thar said...

လွဲလွဲလေးပဲကောင်းပါတယ်။ ညီမလေးရေ.. မောင်နှမတော်လို့ရဘီ။
ယောက်ျားတွေမကောင်းဘူးပြောတော့ အကိုလဲ မိန်းမတွေများ တယ်မာယာများ လို့ ပြောချင်သား။
ဒါပေသည့် ကျား၊မ မဟူ “လူ” တူတူ။ ကောင်းသူလဲ ရှိ မကောင်းသူလဲ ရှိပေါ့။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...