Wednesday, June 17, 2009

အရှိအတိုင်း


အရှုံးကို မလိုချင်ခဲ့သူ
ကိုယ့်ကိုကိုယ် ကာကွယ်ရင်းနဲ့
သူများကို သံသယထားတတ်လာတယ်

အမြဲတမ်း
ပြောင်းလဲနိုင်တဲ့သဘောကို
စိတ်ထဲအမြဲထည့်ထားရင်း
အရာရာကို ပေါ့ပျက်ပျက် ခံစားတတ်လာတယ်

ခံစားချက်တိုင်းကို ဖော့လို့
ခံစားမှုတွေကို
လစ်လျှူရှုတတ်လာတယ်

နာမှာကြောက်တတ်သူပီပီ
သူများပြောင်းလဲချိန်မှာ
ကိုယ်ပြောင်းလဲနိုင်ဖို့
အဆင်သင့်ပြင်တတ်ခဲ့တယ်

ကိုယ့်ကိုကိုယ်သိပ်ချစ်တတ်သူတယောက်အဖြစ်
အားလုံးက သတ်မှတ်လိမ့်မယ်

အရာရာဟာ
အရေးမကြီးခဲ့ဘူး
မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလေ
ကိုယ့်စိတ်ကိုယ်ပိုင်
ကိုယ်လမ်းကိုယ်ရွေးနိုင်ရမှာပေါ့

နောက်ကြောင်းပြန်
လှည့်မကြည့်နဲ့
ကိုယ့်အတ္တအတိုင်းပဲ
ရှိစေတော့မယ်

အတိတ်ကိုလည်း မလွမ်းချင်ဘူး
အနာဂတ်ကိုလည်း တွေးမပူချင်ဘူး
အရှိကို အရှိအတိုင်း
ငါ .. ရိုးရိုးလေးပဲကြည့်မယ်

သောကြာနေ့က ရုံးခန်းအသစ်ပြောင်းပါတယ် .. ရုံးခန်းက ကျဉ်းတဲ့အပြင် နောက်တည့်တည့်မှာ လူကြီးသုံးယောက် စီထိုင်ပါတယ် .. ဘေးနားကပ်ရပ်မှာလဲ လူလေးတယောက်ပါ .. ခုတော့ သူတို့ဆိုက်သွားတုန်း အလစ်မှာ ခိုးပြီး ဘလော့ဂင်းလိုက်တယ် .. ၀ါသနာကိုး .. :D



24 comments:

တောင်ပေါ်သား said...

၁ ဗျာ ၁ .. ၁

နွေးနေခြည် said...

အနှစ်သာရရှိရှိ ၂ ပါ

မျက်မှန်လေး said...

ကြိုးစားထားကွ။

မေတ္တာရောင်ပြန် said...

နောက်ကြောင်းပြန်
လှည့်မကြည့်နဲ့
ကိုယ့်အတ္တအတိုင်းပဲ
ရှိစေတော့မယ်

ကောင်းလိုက်တဲ့ အပိုဒ်လေး ကဗျာတပုဒ်လုံးထဲက အကောင်းဆုံး မမကြိုက်တဲ့စာသားလေး။ အဲဒီအတိုင်း နေနိုင်အောင်လုပ်ရမယ် ညီမလေးရယ်။

ခင်တဲ့

တလနွန် said...

ခံစားချက်တိုင်းကို ဖော့လို့
ခံစားမှုတွေကို
လစ်လျှူရှုတတ်လာတယ်

နာမှာကြောက်တတ်သူပီပီ
သူများပြောင်းလဲချိန်မှာ
ကိုယ်ပြောင်းလဲနိုင်ဖို့
အဆင်သင့်ပြင်တတ်ခဲ့တယ်

ဒီအပိုဒ်လေးက အရမ်းမိုက်တယ်ဗျာ။

ခင်မင်ခြင်းနှင့်
တလနွန်

ကဗျာမလေး said...

အရှိကိုအရှိတိုင်းသာ ဖွင့်ပြောမည် ...... :P
ကဗျာလေးကောင်း၏။

ငှက်ကလေး said...

မမရေ ဆူခံရဦးမယ်နော် ကြည့်နေဦး အဟိ ဆရာလုပ်သွားတယ် သိလား ဘိုင် တာ့တာ

may16 said...

ကဗျာလေးကို လာအားပေးပါတယ် မိုးခါးရေ

အဆိပ်ခွက် said...

အတိတ်ကိုလွမ်းလဲဘာရမှာလမိုလိုလဲ မလွမ်းနဲ့ ...

ခင်မင်လျှက်
အဆိပ်ခွက်

ကောင်းကင်ပြာ said...

ကြိုးစားရေးပါ၊ ၄ယောက်ထဲ ၀ိုင်းနေတာ အေးဆေး

မိုးစက်အိမ် said...

ခံစားချက်တိုင်းကို ဖော့လို့
ခံစားမှုတွေကို
လစ်လျှူရှုတတ်လာတယ်...
အဲဒါလေး ကြိုက်တယ်မကြီး
ပတ်ပတ်လည် ၀ိုင်းနေလဲ
ရောက်အောင် ဖောက်ထွက်နော် မမိုးခါး :D :P
ငါ.အမ အဆင်ပြေပါစေ...

ဂျပန်ကောင်လေး said...

အဲ..အောက်ကစာလေးက မထည့်လဲသိသားပဲ.. ဘလော့ကင်းကို ဘယ်လိုလုပ်တယ်ဆိုတာ သိပါတယ်.. ဟိဟိ

ဂျာမုန်းဒန် said...

မိုးခါးရေ...
မိုးခါးရဲ့ခံစားချက်ကဗျာလေးလာဖတ်သွားတယ်။
ဝါသနာကြီးလှတဲ့ညီမလေး
ပျော်ရွှင်ပါစေနော..မ ဆုတောင်းလိုက်တယ်

ချစ်တဲ့မမ
ဂျာမုန်းဒန်

ဖိုးစိန် said...

ကဗျာလေးက ခိုးရေးလို့လားမသိဘူး
ကောင်းတယ် ကြိုက်တယ်
ညီမလေးကို အကိုမှာထားတဲ့အတိုင်းမလုပ်ဖူးလား
လုပ်ကြည့်ပါလား
နည်းလမ်းကောင်းလေးပေးထားရက်နဲ့
အကို့ စကားနားမထောင်ဘူးရော...
ချစ်ခင်စွာဖြင့်
ဖိုးစိန်

Anonymous said...

အရမ်းကောင်းတာပဲ

Anonymous said...

မရမ်းကောင်းတာပဲ

reenoemann said...

နေမကောင်းပင်မဲ့လည်း ခိုးရေးထားတဲ့
ကဗျာလေးကို လာခံစားတယ်ညီမလေးရေ။

ခိုးရေးထားလို့ထင်ပါ့ အဆက်ဆပ်မိတယ်။

လူမမာ လာမေးတဲ့ အတွက်လည်းကျေးဇူးညီမလေးရေ။

ကိုရီနို

phyo maw said...

ကိုယ့်ကိုကိုယ် ကာကွယ်ရင်းနဲ့
သူများကို သံသယထားတတ်လာတယ်

ဒါဖတ်ပြီး အမြင်နဲ့ လွယ်လွယ်ဆုံးဖြတ်တတ်တဲ့
ကိုယ့်ကိုယ်ကိုတောင် ပြန်မြင်မိတယ်။

ကျောပိုးအိတ် said...

နောက်မှာက လူကြီး၃ယောက် ၊ ဘေးမှာက လူလေး၁ယောက်၊ ရှေ့ မှာ လူငယ်တစ်ယောက်၊ အပေါ်မှာက လူလတ်၂ယောက်။
း)

စတာပါအမမိုးခါးရေ
ရတဲ့အချိန်လေးမှာ ကဗျာကောင်းလေးတင်နိုင်လို့ ချီးကျူးမိပါတယ်။
း)

Banyarshein said...

ငါကတော့ အဲဗားလိပ်ပဲ နံပါတ် 20 တောင်ရောက်နေပီးဟ

သီဟသစ် said...

ခါးခါးရေ..

အရှိအတိုင်းလေးကို လက်ခံတတ်အောင် အရှိအတိုင်းဖတ်သွားပါတယ်ကွယ်

ပေါ်ပေါ်နဲ့နေခြည်နေရာဦးပြီး ဘာမှ ပြောမသွားကြဘူး :)

ခင်မင်စွာဖြင့်
သီဟသစ်

ကိုရဲ said...

အော် ၀ါသနာ ၀ါသနာ ၀ါသနာ :P

mgnge said...

good Job!

ဆောင်းနှင်းရွက် said...

အတိတ်ကိုလည်း မလွမ်းချင်ဘူး
အနာဂတ်ကိုလည်း တွေးမပူချင်ဘူး
အရှိကို အရှိအတိုင်း
ငါ .. ရိုးရိုးလေးပဲကြည့်မယ်

အင်းး ..
ထောက်ခံတယ် .. ဟုတ်တယ် ...
အဲ့အတိုင်း ပဲ ကြည့် ကောင်းတယ် . .>>>

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...