Thursday, January 2, 2020

Welcome 2020!

၂၀၂၀ ပိုမိုကောင်းမွန်မယ့် နှစ်သစ်ကို ကြိုဆိုပါတယ် .. လုပ်စရာတွေရှိတယ် လုပ်ရမှာတွေ ရှိတယ် လုပ်ချင်တာတွေ ရှိတယ် .. အပျင်းတစ်တဲ့အကျင့်ဆိုးလဲရှိသေးတယ် ..
လာမယ့်နှစ်တွေမှာ ပို ပို ပြီး ကောင်းဖို့ ကြိုးစားမယ် စိတ်ကော လူကော ..
စာတွေ ပြန်ရေးဖို့ ကြိုးစားမယ် .. စာတွေ ပိုဖတ်ဖို့ ကြိုးစားမယ် .. ဘဝ အတွက် ဖြည့်ဆည်းမယ် သံသရာအတွက် ဖြည့်ဆည်းမယ် .. လက်မှုလေးတွေလဲ သင်ပြီး လုပ်မယ် .. အသားအရည် ထိန်းရမယ် .. ရေပိုသောက်ရမယ် .. အသီးအရွက်ပိုစားရမယ် .. အစားအသောက်လျော့မယ် ..

ဘလော့ကနေ ပျောက်နေတဲ့ အတောအတွင်း ကိုယ့်ရဲ့ Achievement တွေက -
- BCA Diploma
- BSc Construction Management ရတယ်
- အလုပ်သစ် ပြောင်းဖြစ်တယ်
- ခရီးတွေ ထွက် ဖြစ်တယ်
- မိသားစု အသစ် ထပ်ရတယ်

Goals for 2020
- ခရီးတွေ ပိုထွက်ရန် .. စိတ်ရော ကိုယ်ရော ကျန်းမာနေဖို့ (ကိုယ်ကော ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်) ကြိုးစားရန်
- လေ့ကျင့်ခန်း အနည်းဆုံး တပတ် ၃ရက် လုပ်ရန်
- ရေ အသီးအရွက် ပို စားသုံးရန်
- ထမင်း သကြား Junk food ရှောင်/လျော့ရန်
- အလုပ်မှာ ပိုကောင်းမွန်သော နေရာရောက်ဖို့ ကြိုးစားရန်
- chartership/membership တခုခု join ရန်
- software တွေ ပိုမို လေ့လာရန်
- လုပ်အားပေးတွေ ကူညီလုပ်ကိုင်ရန်
- မိသားစုနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုဖို့ ကြိုးစားရန်
- လက်မှုလေးများ လုပ်ရန် .. စာ ပုံမှန် ပြန်‌ေရးရန် .. အလုပ်ပိုကြိုးစားရန် ..

 အချုပ်အားဖြင့် ‌ေကာင်းမှုကောင်းကျိုးမှန်သမျှ ပိုလုပ်နိုင်ပီး မကောင်းမှု‌ေတွ ကြိုးစားရှောင်ရှားရန် ..

နှစ်သစ်မှာ ကမ္ဘာသူကမ္ဘာသား အပေါင်း ‌ေပျာ်ရွှင် ကျန်းမာ လိုရာ ပြည့်ကြပါ‌ေစ .. အဆိုးကံများမှ ‌ေဝးပြီး ကံ‌ေကာင်းခြင်း‌ေတွ ပြည့်စုံကြပါ‌ေစ .. မြန်မာပြည်ကြီး ငြိမ်းချမ်းပါ‌ေစ .. ပြည်သူ‌ေတွ ‌ေအးချမ်း သာယာ‌ေပျာ်ရွှင်နိုင်ကြပါ‌ေစ .. ချစ်ခင်ရတဲ့ မိဘများ မိသားစုဝင်များ အန်တီစု နှင့် တကွ သူငယ်ချင်း မိတ်‌ေဆွ များ ပါ ကျန်းမာပါ‌ေစ အသက်ရှည် အနာမဲ့ ပါ‌ေစ .. ‌ေမတ္တာခြုံ လုံကြပါ‌ေစ ..

‌ေပျာ်စရာနှစ် ၂၀၂၀ ဖြစ်ပါစေ ..

Singapore countdown event at Marina Barrage





နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...