Thursday, June 18, 2009

တည်ရှိခြင်းအကြောင်း


ရှိပြီးသားအရာတခု
ပျောက်ပျက်သွားဖို့
ဘယ်လွယ်လိမ့်မလဲနော်
အချိန်ဆိုတာတော့
လိုအပ်လိမ့်မပေါ့

ဒါဆိုလည်း
ဘယ်လိုဖြတ်သန်းမလဲပဲ
စဉ်းစားလိုက်ရအောင်

ဖြစ်တည်ပြီးသား
အရာတခု
ဖျက်ဆီးပစ်ဖို့
ဘယ်လွယ်လိမ့်မလဲနော်
ပျက်ဆီးခြင်းအတွက်
ထိုက်တန်တဲ့ ဆုံးရှုံးမှုတော့
ရှိလိမ့်မပေါ့

ဒီအတွက်လည်း
ခံနိုင်ရည်ရှိဖို့
ကြိုးစားလိုက်ရအောင်

စိတ်ထဲမှာတော့
အမြဲသတိပေးလျှက်ပါပဲ
ဘယ်အရာမှ မမြဲဘူးလို့လေ

ဒါပေမယ့်
တကယ်တော့ ရှိခဲ့ဘူးတာပဲ
ဒါဟာလည်း အမှန်တရားတခုပဲ




25 comments:

reenoemann said...

ညီမလေးရေ ၁၁၁၁၁၁၁၁၁၁ ယူသွားတယ်နော်။

သွားဖတ်လိုက်အုံးမယ်

ကိုရီနို

မိုးစက်အိမ် said...

ငါအမတရားတွေ ရနေပြီလား မသိပါဘူး :D
၂ ပဲရလိုက်တယ်ဗျာ :(

Dream said...

ဖြစ်ပြီးပျက်တာ ဓမ္မာတာ....
တကယ်ရှိနေတဲ့တရားက မမြဲခြင်း အမှန်တရား
အဟား...ရှုတ်သွားလား တီတီ်...

အဟီးးး :P

Yu Ya said...

ကဗျာလေးသဘောကျလို့ သေသေချာချာ ဖတ်သွားပါတယ်...
ရွှင်လန်းချမ်းမြေ့ ပါစေ။

ဖြူ said...

`စိတ်ထဲမှာတော့
အမြဲသတိပေးလျှက်ပါပဲ
ဘယ်အရာမှ မမြဲဘူးလို့လေ ... ´

ဟုတ်တယ် ဘယ်အရာမှ မမြဲဘူး..
ဖြစ်ပျက်နေတာ ၂ ခုပဲရှိတယ်..
အခုတမျိုး တော်ကြာတမျိုး ... :D

မငုံ said...

သိပ်ကောင်းတယ်။ စိတ်ထဲ သတိပေးနေပေမဲ့ ရှိခဲ့ဖူးတဲ့ အမှန်တရားလေးကို မေ့မရဘူး ဖြစ်နေတယ်။

အပြုံးပန်း said...

အဲဒီလို အမြဲတမ်းတွေးဖြစ်တယ်၊ အဲဒီလိုတော့ မရေးတတ်ခဲ့ဘူး။

သီဟသစ် said...

ညီမရေ ကဗျာဖတ်သွားတယ်
ဖြစ်ပျက်တွေနားလည်တတ်တာကောင်းပါ့ကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

reenoemann said...

ခုတလော ကဗျာတွေ အရေးများလာသလိုပဲနော်
နောက်ပြီးရေးလိုက်တဲ့ ကဗျာတိုင်းကလည်း
လက်တွေ့ ဆန်းဆန်းလေးတွေ ဖြစ်နေတယ်။

ရေးနေတဲ့ ကဗျာတိုင်းမှာ အဆိုးနဲ့ အကောင်းကို
အမြဲဒွန်တွဲပြီး ရေးထားတာကိုတွေ့ရတယ်။
အကောင်းရှိရင် အဆိုးရှိစမြဲပဲ။
အဆိုးပြီးရင်းတော့ အကောင်း လာမှာပါ။

ကောင်းတယ် ညီမလေးရေ
ဆက်ေ၇းပါ အားပေးနေပါတယ်။ နေမကောင်း
တဲ့ အားနဲ့နော်

ကိုရီနို

Banyarshein said...

ကဗျာ လိုင်း ကူးနေပြီးလား ငယ်ချင်း

ဖိုးဂျယ် said...

ပျော်ရွှင်ပါစေ မိုးခါးရေ
ခင်တဲ့ ဖိုးဂျယ်

ငှက်ကလေး said...

မမေ၇ ဖတ်သွားတယ်နော် မမလိုတော့ မေ၇းတတ်ဘူး၇ယ် ချီးကျူးပါတယ် မမ အဲလိုမျိုးေ၇းတတ်တာ
အဟီးသူများ တွေက ၁ ယူတယ် နော် ညီမလေ ဘိတ်ချီးယူမယ် သိလားးးး ဟဟဟ အမြဲတမ်းနောက်ကျလို့လေ ခိခိ

choco thazin said...

မိုးခါးရေ
ဘယ်အရာမှ မမြဲမှန်းသိသိကြီးနဲ့ ပဲ
တို့ တွေ ကုတ်တွယ်နေကြတယ်နော်

ကောင်းကင်ပြာ said...

အမှန်တရားတခု တကယ် ရှိနေတာပေါ့ညီမလေးရယ်

mysterysnow said...

သေချာတယ် မိုးခါးရေ....
အမှန်တရားက မမြဲခြင်း အနိစ္စလေနော်..

နွေးနွေးသဲမွန် said...

ဒါပေမယ့်
တကယ်တော့ ရှိခဲ့ဘူးတာပဲ
ဒါဟာလည်း အမှန်တရားတခုပဲ<-- မှန်လိုက်တာ မမရာ.. :-)

တလနွန် said...

အရာရာ သင်္ခါရပါ။ ရှိပြီးသားအရာလည်း အချိန်တန်ရင်
ပျောက်ကွယ်သွားမှာပဲ။

ခင်မင်ခြင်းနှင့်
တလနွန်

ကျောပိုးအိတ် said...

စိတ်ထဲမှာတော့
အမြဲသတိပေးလျှက်ပါပဲ
ဘယ်အရာမှ မမြဲဘူးလို့လေ

ဒါပေမယ့်
တကယ်တော့ ရှိခဲ့ဘူးတာပဲ
ဒါဟာလည်း အမှန်တရားတခုပဲ

အဲဒိစာသားလေးကြိုက်တယ်အမရေ
ူး)

အဆိပ်ခွက် said...

ဘယ်အရာမှမတည်မြဲဘူးဆိုမှန်ပါတယ်.. ခုတ လောကွဲနေတဲ့ လူတွေတော်တော် များနေပါလား..

ခင်မင်လျှက်
အဆိပ်ခွက်

ခမ်းကီး said...

ရင့်ကျက်လာတယ်နော်။
ကောင်းတယ်ဗျာ။

hninzaw said...

“တကယ်တော့ ရှိခဲ့ဘူးတာပဲ
ဒါဟာလည်း အမှန်တရားတခုပဲ”
ဟုတ်တယ် ညီမလေး ... ရှိခဲ့ဖူးတာ ငြင်းမရပါဘူး ... ဖြစ်ပြီးပျက်တာလည်း မဆန်းတော့ပါဘူး...။
ဒါပေမယ့် အမှားတွေနဲ့ ပျော်မွေ့နေသရွေ့ အမှန်တရားကို ပုန်းရှောင်နေချင်ကြတယ် ... သဘာဝပေါ့ ... :P

မောင်အေးချမ်း said...

ရိုးရိုးလေးနဲ့ ကောင်းတဲ့ ကဗျာလေးဗျာ...

ပြည့်စုံ said...

ညီမလေးမိုးခါး...

ညီမလေးတို့ သူငယ်ချင်းတွေ သတင်းကြားရတာ စိတ်ကောင်းပါဘူး....

ညီမလေးရော... ဘယ်လိုလည်းဟင်.. ကဗျာလေးကိုဖတ်ရတာ ခံစားမှုတွေအပြည့်ပဲလေ...

အားလုံးအဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးပါတယ်...

witch83 said...

မိုးခါးရေ...ဘယ်အရာမှ မမြဲဘူးလို့ ကိုယ့်ကိုကိုယ် အမြဲ သတိပေးရင်းက မေ့နေမိနေတယ်ကွယ်။

နေဒေးသစ် said...

ရိုးရိုးလေးနဲ့ လှတဲ့ ကဗျာ ...
စစ်မှန်စွာတည်ရှိခဲ့ဖူးတဲ့ အမှန်တရားတစ်ခုရဲ့ နောက်ဘက်က ဆုံးရှုံးပျက်စီးမှု တစ်ခု အကြောင်း ...

နေဒေးသစ်။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...