Thursday, July 2, 2009

မိုးရာသီလမ်းခွဲ

မိုးရေစက်တွေ ရွာချမလာသေးပေမယ့် မှောင်နက်နေတဲ့ကောင်းကင်အောက်မှာ ငါတကိုယ်တည်း ရပ်လို့ပေါ့ .. အတိတ်ဆိုတာ လွမ်းဆွတ်တတ်သူတယောက်အတွက် တမ်းတစရာတွေ တပုံတပင်နဲ့လေ .. ဒီလိုအချိန် ဒီလိုရာသီမျိုးနဲ့ တမိုးအောက်တည်း ငါတို့ လက်တွဲလျှောက်ခဲ့ဘူးသေးတယ် .. မိန်းကလေးဖြစ်ရက်နဲ့ ထီးဆောင်ရကောင်းမှန်းမသိတတ်တဲ့ ငါ့အတွက် နင်အမြဲတမ်း ထီးတချောင်း ယူလာတတ်ပေမယ့် တခါမှမဆောင်းဖြစ်ခဲ့ဘူး .. မိုးဖွဲဖွဲကျရင် အထီးကျန်နေတဲ့လမ်းမကြီးကို ငါတို့နှစ်ယောက် အတူတူအဖော်ပြုလို့ .. မိုး သည်းသည်းမဲမဲရွာလာရင်တော့ အပြေးတပိုင်းနဲ့ နီးရာဆိုင်ကိုရှာရင်း မိုးခိုတတ်ကြသေးတယ် ..

ငါတို့ ဆုံတွေ့ခြင်းက မိုးရာသီနဲ့ပတ်သက်နေခဲ့တယ် .. မိုးစက်တွေကို ချစ်တတ်တဲ့ ငါနဲ့ မိုးရွာပြီဆို မျက်မှောင်ကုတ်နေတတ်တဲ့နင် ငါတို့ ဆုံတွေ့ခြင်းမှာ ကဗျာတွေ မဆန်ခဲ့ဘူး .. နင်က စတိုင်အပြည့်နဲ့ ကျော့နေအောင်နေတတ်တဲ့သူလေ .. ငါ့လို မှုန်တေတေ ဂျစ်ကန်ကန်မိန်းကလေးနဲ့ စတင်ဆုံဆည်းခြင်းကိုက လွဲမှားနေခဲ့တာပဲ ..

ချစ်ခြင်းမှာ အမြင်အာရုံမပါခဲ့ဘူးလား ..
ခံစားသိစိတ်တခုတည်းနဲ့ ရပ်တည်နေတာလား ..
မမြင်နိုင် မသိနိုင်တဲ့ ချစ်ခြင်းကို တည်ရှိနေပါတယ်လို့ ယုံမှတ်မှားနေခြင်းက ငါ့ရဲ့ မှားယွင်းမှုတွေပါ ..

ချစ်ခြင်းက အရာအားလုံးကို ကျော်ဖြတ်နိုင်သတဲ့လား .. တကြိမ်တခါကတော့ ငါ့ယုံကြည်နေမိခဲ့သေးတယ်လေ .. အဲဒီအတွက်လည်း ပေးဆပ်လိုက်ရတာ အလူးအလဲ .. ဒါပေမယ့် ငါ ကျေနပ်ပါတယ် .. နင်ပေးခဲ့တဲ့အရာအားလုံးအတွက် ကျေးဇူးတင်နေမှာပါပဲ ..

ငါ့မှာ နင်နဲ့ပါတ်သက်ပြီး ဘ၀င်တွေ မြင့်သွားတဲ့ခံစားချက်မျိုး ခံစားဘူးခဲ့တယ် .. ဒီလိုချိန် မိုးဖွဲဖွဲထဲမှာပဲလေ ..

"ငါ နင့်ကို ချစ်တယ် ဟန်နီ .. ငါနှစ်သက်တဲ့ပုံစံမျိုးတခုမှမရှိတဲ့နင့်ကို ငါချစ်သွားခဲ့တယ် .." ဒီစကားကို မိုးရေစက်တွေရဲ့ လှည့်စားမှုကြောင့် ငါ့ကို ယောင်ရမ်းပြောခဲ့တာပဲ .. ဒါပေမယ့် ဒီစကားကြောင့် ငါဘ၀င်တွေ မြင့်သွားခဲ့တယ် ..

ငါတို့ ပျော်ရွှင်ခဲ့ဘူးတယ် .. မိုးဖွဲတွေကြားမှာ ..
မိုးရေစက်တွေက လူရဲ့စိတ်ကို လှုပ်ရှားအောင် ပြုစားတတ်တယ် ..
ငါကိုယ်တိုင်ကလည်း မိုးရေစက်တွေရဲ့ အောက်မှာ လူတွေ ငါ့မျက်ရည်ကို မြင်ခွင့်မရအောင် လှည့်စားမယ် ..

"ဟန်နီ .. မင်းကြောင့်ငါ ပျော်ရွှင်ခဲ့ပါတယ် .. ဒါပေမယ့် ငါသွားရတော့မယ် .."

ဒီနေရာလေးမှာပါပဲ .. ဒီလိုစကားမျိုးကြားရမယ်မှန်း ကြိုသိခဲ့ရင် ဒီနေရာလေးမှာ ဆုံဖို့ ငါရွေးချယ်ခဲ့လိမ့်မယ် မဟုတ်ဘူး .. ခုတော့ ဒီနေရာကိုရောက်တိုင်း ငါ့မှာ ပိုင်ဆိုင်ဘူးခြင်းနဲ့ ဆုံးရှုံးခြင်းအကြား ငါ့စိတ်တွေ လွန်ဆွဲနေခဲ့တယ် .. စကားမစပ် နင်ထားခဲ့တဲ့အဲဒီနေ့က မိုးတွေ တော်တော်သဲသဲမည်းမည်းရွာတယ် .. ငါ့ကိုအကာအကွယ်ပေးချင်လို့ ထင်ပါရဲ့ ..

ခုလည်း မိုးတွေရွာလာပြန်ပြီ .. ငါငိုရဦးမယ်ထင်ပါရဲ့ .. ဒီတခါနောက်ဆုံးအနေနဲ့ မိုးရေစက်တွေကို အကာအကွယ်ယူရင်း အထီးကျန်လမ်းမကြီးကို ငါတယောက်တည်း အဖော်ပြုဦးမယ် ..

ps. ရေးတုန်းကတော့ ၀တ္တုတိုတခုလောက်ရေးမယ်ပေါ့ .. ရေးရင်းရေးရင်း (မှားလို့) ရိုက်ရင်းရိုက်ရင်း လူတွေအနားရောက်လာတော့ ဖီးငုတ်သွားတယ် :P .. အဲဒါနဲ့ ဟိုမရောက် ဒီမရောက် ၀တ္တုလို့ပဲ သဘောထားပေးကြပါနော် .. :D

33 comments:

နွေးနေခြည် said...

မိုးရာသီထဲ...
မိုးခါးရဲ့ မိုးအကြောင်းခံစားချက်လေး လာဖတ်သွားပါတယ်

ဂျပန်ကောင်လေး said...

(၂) ပဲရပေမယ့် အရင်ဖတ်ရတယ်ကွ....ဟိဟိ

စိုင်းစိုင်းလားရှိုး said...

မိုးရေထဲ လမ်းလျှောက်ရင် မိုးမိမှာ သေချာတယ်။
ထီးမပါတာ ကောင်းတာပေါ့ ပိုက်ပိုက် သက်သာတယ်။
ခံစားချက် တစ်ကယ်ရှိတာ နေလိမ့်မယ် မဟုတ်ရင် ဒီလို စာမျိုးတွေ ထွက်လာဖို့ ခဲယဉ်းတယ်။ ဖတ်လို့ကောင်းပါတယ်ဗျာ။

ရောင်ပြန် said...

မိုးကိုကြိုက်ပေမယ့် မိုးရာသီရောက်ရင် တခုခု လွမ်းချင်သလိုပဲ..
လမ်းပါခွဲရရင်တော့ ငိုရမှာသေချာတယ်... :(

တလနွန် said...

မိုးရာသီ လမ်းခွဲ လာဖတ်သွားပါတယ်။ မိုးရာသီ လှည့်စားမှုကြောင့် ချစ်တဲ့စကားတစ်ခွန်းပြောမိသူနှင့် မိုးရေနှင့် မျက်ရည် ရောသွားတဲ့သူ ကို ရုပ်ရှင်ဇာတ်လမ်းပြကွက်လို မြင်သွားပါတယ် ဆိုင်လား မဆိုင်ဘူးလားမသိ :)

ခင်မင်ခြင်းနှင့်
တလနွန်

တောင်ပေါ်သား said...

လာဖတ်သွားပါတယ်ဗျို့ မိုးရာသီ အချစ်ပေါ့ အယ်ဆိုင်းဇီလိုပေါ့


လေးစားလျက်
တောင်ပေါ်သား

မေဇင် said...

အော်....ဟီး..ရီရတယ်..ခဏလောက် အောက်ချထားပြီး..ဆက်ရေး အဲ ရိုက် ပေါ့ မမရယ်.. မမက ရိုက်ရတာဖီလ်း ငုတ်သွားသလို နောင့်တို့လဲ ဖတ်ရတာ..ငုတ် သွားပြီ..း))

စိုင်းလိုင်ခမ်း said...

လာဖတ်သွားတယ်ခင်ဗျာ။
ကျွန်တော့်သမိုင်းစာတွေ မှားနေလည်း ပြင်ပေးခဲ့နော်။
ခင်မင်လျက်။

မေလေး said...

ိမိုးခါးရေ
သူငယ်ချင်း ကိုယ်ပိုင်ခံစားချက်တွေ ပွင့်ထွက်လာတာလားး
မနေ့ကမိုးရွာလို့ နင်လွမ်းသွားတာလား အခါး။

Unknown said...

ကိုယ်ပိုင်ခံစားချက်လေးတွေပေါ့..သယ်ချင်းလေးအဆင်ပြေပါစေ
ခင်တဲ့
ကြယ်ဖြူစင်

Mogok Thar said...

မိုးကလေးတဖွဲဖွဲရွာတော့ ဘယ်သူကို သတိရတယ်။

မိုးရေချိုးရတာတော့ ကြိုက်တယ်ဗျ။

စကားမစပ် ကျနော် သောက်ဖူးတဲ့ မိုးရေက မခါးဘူး။ ။

ကော်ဖီ Mocha ကတော့ ခါးခါး ချိုချို

ဝင်းဝင်းလေး said...

ယောင်းရေ မိုးရာသီလမ်းခွဲကို ခံစားသွားတယ်..
အစ်မတော့ မိုးရွာရင် ရေပုံးယူပြီး မိုးရေခံနေတယ်....

အဆိပ်ခွက် said...

ဖီးတောင်ငုတ်သွားတယ် ပြန်ဆွဲထုတ်လိုက်လေ.. တော်ကြာဝင်သွားအုံးမယ်..
မိုး ရွာ တာကို ကျနော် ကြိုက်တယ်..

ခင်မင်လျှက်
အဆိပ်ခွက်

Libra said...

Nice!

Unknown said...

လာဖတ်ပါသည် ငါ့ညီမ မိုးရွာထဲမှာ မျက်ရည်ရွှဲနေမယ့် တစ်စုံတစ်ယောက်ကို မြင်ယောင်မိသွားတယ်

မဆုမွန် said...

လာဖတ်ပါသည် ငါ့ညီမ မိုးရွာထဲမှာ မျက်ရည်ရွှဲနေမယ့် တစ်စုံတစ်ယောက်ကို မြင်ယောင်မိသွားတယ်

Sein Lyan Tun said...

မိုး အကြောင်း ဟိုတစ် ဒီတစ်စကို
ခံစားချက်အပြည့်နဲ့လာဖတ်သွားပါတယ်...

ဒီလောက်လေးလဲ ဖတ်ကောင်းပါတယ်
း)
ချစ်ခင်စွာဖြင့်

ဖိုးစိန်

နဒီမိုးညို said...

မိုးခါးေ၇..
လမ်းခွဲချင်လဲ နွေ၇ာသီေ၇ာက်မှ လမ်းခွဲတာမဟုတ်ဖူး
မိုး၇ာသီ မှလမ်းခွဲတာလား..
ဆက်လက်အားပေးနေတယ်နော်
ပျော်ရွှင်ပါစေ

မငုံ said...

သိပ်ကောင်းတဲ့ ၀တ္ထုတိုလေး။ အဆင်ပြေပါစေနော့။

သက်ပိုင်သူ said...

လူတွေ အနားရောက်လာတာနဲ့ ဖီးငုတ်သတဲ့လား...
ကောင်းပါတယ် မိုးခါးရယ်.....
ဆန့်ပြီး ထပ်ရေးလေ

kaungkinpyar said...

မိုးရွာတာကို ကြိုက်ပီး မိုးရွာထဲမှာ ငိုတတ်တဲ့မိုးခါးလေး နောက် မငိုရပါစေနဲ့တော့၊ ဖီးငုတ်တဲ့ ၀တ္ထုကကို တော်တော် ကောင်းနေပီ:)

ကိုလူထွေး said...

အဲဒါကြောင့် ကိုယ့်ကိုကိုယ် မိုးခါးလို့ နာမည်ပေးထားတာလား

းဝ)

Ree Noe Mann said...

ညီမလေး အဆင်ပြေရင် ဆက်ရေးပါလား။
ဖတ်ရတာ တော်တော်လေး ဆွဲဆောင်သွားတယ်။
အကောင်းပြောတာနော်။

မိုးရာသီ ဇာတ်လမ်းလေး ဆက်ရေးပါ။

ထောက်ခံ သလိုနဲ့ ဂျပန်ကို သတိပေးသွားသေးတယ်နော်။

ကိုရီနို

နွေးနွေးသဲမွန် said...

မိုးရာသီ.... ခံစားချက်တွေ အဲဒီ့စကားလုံးထဲမှာစုနေခဲ့တာ... မိုးနဲ့ ဝေးရာထွက်ပြေးလာကာမှပဲ မိုးတွေ၁၂ရာသီရွာနေတဲ့နေရာရောက်လာတော့တယ်...း-) ခံစားသွားပါတယ် မမ....
စကားလုံးတွေသဘောကျတယ်....

ဇော် said...

တော်သေးတာပေါ ဒေါ်လေးခါးရယ်
( တော်ပြီ ဒေါ်လေးစင်လို့ ခေါ်တော့ဘူး။ တော်ကြာ စာလုံးပေါင်းမှားနေလို့ ဟုတ်ပေ့ဖြစ်နေဦးမယ်။ အဟီး )
ဖီးလ်ငုတ်သွားပေလို့ပဲ။ ဒီလောက်ကောင်းနေတာ ဖီးလ်အပြည့်ဆိုရင်တော့ မလွယ်ဘူး။ အဟီး။ =P

မိုးစက်အိမ် said...

မကြီးရေ အနော် မိုးရာသီဆက်တင် ၀င်ပြိုင်လို. ထင်တယ်
မကြီးပါ ဓာတ်ကူးသွားတယ် ဟီးးးးးးးး နွေရာသီ လမ်းခွဲကတော.
မမိုးခါးနဲ. တွေ.မှဘဲ မိုးရာသီ မှာလမ်းခွဲရတော.တယ်... :P

Dream said...

မိုးရွာရင်ရွာမယ် မရွာရင်မရွာဘူး... ရွာချင်မှလဲ ရွာမယ်...အဟိးးး
ဘာမှ လဲ မဆိုင်ဘူးနော်။။။။ :P

မသက်ဇင် said...

ချစ်ခြင်းမှာ အမြင်အာရုံမပါခဲ့ဘူးလား ..
ခံစားသိစိတ်တခုတည်းနဲ့ ရပ်တည်နေတာလား ..
မမြင်နိုင် မသိနိုင်တဲ့ ချစ်ခြင်းကို တည်ရှိနေပါတယ်လို့ ယုံမှတ်မှားနေခြင်းက ငါ့ရဲ့ မှားယွင်းမှုတွေပါ ..

မိုးခါးလေးရေ
လာဖတ်သွားတယ်နော်
ချစ်ခင်လျက်

လင်းကြယ်ဖြူ said...

ခုလည်း မိုးတွေရွာလာပြန်ပြီ .. ငါငိုရဦးမယ်ထင်ပါရဲ့ .. ဒီတခါနောက်ဆုံးအနေနဲ့ မိုးရေစက်တွေကို အကာအကွယ်ယူရင်း အထီးကျန်လမ်းမကြီးကို ငါတယောက်တည်း အဖော်ပြုဦးမယ် ..

အရမ်းကို Heart ထိ သ္ဂားပြီ ဟေ့.....
ပျော်ပါစေ ညီမရေ

ဝက်ဝံလေး said...

မမ များ ကြားဖူးတာတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ နွေရာသီလမ်းခွဲပဲ ကြားဖူးတာ အခုတော့ အသစ်ပေါ့နော် မိုးရာသီ ဆိုတော့ ခိခိ ဘာပဲ ဖြစ်ဖြစ်ဖတ်သွားတယ်နော် မမ ရေ ပျော်ရွှင်ပါစေနော် ဘိုင်

Mogok Thar said...

လက်ဆတတ်သော့
မိုး တွေ ခါး တွား ဒါ
ဂလိုဂျောင့် ဂိုးးးးးးးးးးးးးး။
:-P

mgnge said...

လူတွေအနားရောက်တော့ ခဏအောင့်ထားပေါ့..။
ပြီးမှာဆက်ပေါက် ပေါ့...။
ဟုတ်ပါဘူး မှားလို့ ... ဆက်ရေးပေါ့လို့ ပြောတာ.. အီးပေါက်တာနဲ့ မှားသွားတယ်..။

ဏီ(န်)ကင်း said...

ဟိုရောက်ဒီရောက်ဆိုပေမယ့်...ခံစားလို့ရပါတယ်....
.. ခုတော့ ဒီနေရာကိုရောက်တိုင်း ငါ့မှာ ပိုင်ဆိုင်ဘူးခြင်းနဲ့ ဆုံးရှုံးခြင်းအကြား ငါ့စိတ်တွေ လွန်ဆွဲနေခဲ့တယ် .. စကားမစပ် နင်ထားခဲ့တဲ့အဲဒီနေ့က မိုးတွေ တော်တော်သဲသဲမည်းမည်းရွာတယ် .. ငါ့ကိုအကာအကွယ်ပေးချင်လို့ ထင်ပါရဲ့ .. အဲဒိစာလေးကို ကြိုက်တယ်ဗျာ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...