Saturday, July 11, 2009

သီရိလင်္ကာ ဘုန်းကြီးကျောင်း

ကျန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သီရိလင်္ကာဘုန်းကြီးကျောင်းကို အမနဲ့ အတူရောက်သွားပါတယ် .. တိုပါးရိုး အမ်အာတီကနေ ၁၅ မိနစ်လောက် လမ်းလျှောက်ရင် ရောက်တဲ့ အဲဒီကျောင်းကို အရင်တခါ ပွဲတခုတုန်းက သူငယ်ချင်းနဲ့ ရောက်သွားဖူးပါတယ် .. မရောက်ဘူးသေးတဲ့လူတွေ မသိသေးတဲ့ လူတွေ သိရအောင် ပုံလေးတွေ ရိုက်လာပါတယ် .. ဖုန်းကင်မရာနဲ့မို့ သိပ်ကြည်ပါ့မလားမသိဘူး ..း))


ဝင်ဝင်ချင်းပဲ ညာဘက်ခြမ်းမှာ မြင်နေရတဲ့ လျောင်းတော်မူ ရုပ်ပွားတော်ကြီးပါ ..


ဗောဓိညောင်ပင်ပါ .. ညတိုင်း ၇ နာရီခွဲလောက်ဆို ရွတ်တဲ့ ဖတ်တဲ့ ပွဲတွေရှိတယ်ပြောပါတယ် .. လပြည့်တိုင်းလည်း ပွဲတွေရှိတယ်တဲ့ .. မြန်မာအသံနဲ့တော့ ရွတ်တာမဟုတ်ပါဘူး .. မြန်မာ ဘုရားစာတော့ မြန်မာဘုရားစာပါ ..
 

ဒါက ဗောဓိညောင်ပင်ရှေ့က ပုံဝတ္တုတခုကို သရုပ်ဖော်ထားတဲ့ ပုံပါ ..




ည ၇ နာရီခွဲမှာ ညောင်ပင်ကို လက်ယာရစ်ပတ်ပြီး ပူဇော်နေပုံပါ ..



ညောင်ပင်ဘေးက ဓမ္မာရုံ ဒုတိယထပ်မှာရှိတဲ့ မြတ်စွာဘုရား ဆင်းတုတော်ပါ .. ည မှောင်နေတဲ့အပြင် မီးလည်း မှိတ်ထားတော့ ပုံက တော်တော် ၀ါးပါတယ် .. သည်းခံကြပါကုန် ..း)

 

ဓမ္မာရုံ တတိယထပ်ကို တက်တက်ချင်း ဖူးရတဲ့ ဆင်းတုတော်ပါ ..

 

တတိယထပ်မှာပဲ တည်ထားတဲ့ စေတီပုံပါ ..

အလုပ်မှာ အခု တူတူလုပ်နေတဲ့ စလုံးတယောက်နဲ့ မလေး အမကြီးတယောက်က လကုန်တဲ့ အပတ်ဆို ထွက်ကြမယ် .. ဒီတော့ ခေါင်သူကြီးက မေးတယ် .. အဲဒီအလုပ်တွေ ကူလုပ်ပေးနိုင်မလားတဲ့ .. ကူပေးမယ်ပြောလိုက်တယ် .. ဒီတော့ ကိုယ့်အလုပ်အပြင် နောက်ဆို သူတို့ အလုပ်ပါ ကူပေးရပါမယ် .. ကိုယ်တခါမှမလုပ်ဘူးတဲ့ အပြင် စကားပြောသိပ်ကောင်းတဲ့လူကို စကားတွေ အများကြီး လာပြောခိုင်းတဲ့အတွက် လူက ချာလပတ် ရမ်းနေပါတယ် .. ခုသိပ်မရမ်းသေးဘူး သူတို့ သွားပြီဆို ရမ်းပြီပဲ ..း) (မီးစင်ကြည့်ကရမှာပဲ :D)

ကိုယ်မလုပ်ဘူးတဲ့အလုပ်တွေ လုပ်ရမှာမို့ စိတ်ဝင်စားပေမယ့် တကယ်တမ်း စလည်း အလုပ်တွေလွှဲရော လူက မူးနောက်နောက်ဖြစ်ပါလေရော .. (နောက်တော့ ဖြစ်သွားမှာပါနော် .. :P)

အလုပ်မှာ အလုပ်လုပ်ရတာ စိတ်မပါဖြစ်လာရင် ဘလော့ ကို လည်ပါတယ် .. ကွန်ပြူတာရဲ့ ဒေါင်းတထောင့်မှာ အကွက်လေးခေါ်ပြီး စာတွေ လျှောက်ဖတ်ပါတယ် .. (ရှူး တိုးတိုးနော် .. သိရင် ငြိမ်ငြိမ်နေ :P .. အဲလိုဖတ်ဖို့ နွေး သင်ပေးထားတာ .. ပြောသေးတယ် .. လူလာရင် ကိုယ်နဲ့ ကွယ်ထားတဲ့ .. :D)

ဘလော့တွေ လည်သာလည်ရတယ် .. ရောက်တဲ့အကြောင်း ဖတ်ပြီးရင်လည်း ပြောချင်တဲ့ အကြောင်းလေးတွေကို အခြေအနေအရ မပြောဖြစ်ခဲ့တာလည်း ရှိပါတယ် .. အဲဒါကြောင့် နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ် ..း)) (အခြေအနေကို ကြည့်ပြီး လှုပ်ရှားနေရတဲ့ ဘ၀ မို့ပါး)

စာကတော့ အားရင် အားသလို လစ်ရင် လစ်သလို စိတ်ပါရင် ပါသလို လျှောက်ခြစ်ဖြစ်မှာပါ .. (သည်းခံပြီးတော့ ဖတ်ရဦးမှာပေါ့လို့ မတွေးနဲ့နော် ..)

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ မိတ်ဆွေတွေ မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ..

လမ်းညွှန်က
တိုပါးရိုး အမ်အာတီကနေ ၃၁. ၈ စတဲ့ ကားတွေ စီး .. after blk 195 မှတ်တိုင်မှာဆင်း .. အမ်အာတီကနေ ၃ ၄ မှတ်တိုင်ပဲကြာတယ် .. ဆင်းပြီး တဖက် ကားလမ်းကို ကူး .. တိုက်တွေ မြင်နေရတဲ့ဘက် (တိုက်တွေဘက်ကို လမ်းလေးအတိုင်း သွား) ဘယ်ဘက်ကိုဆက်လျှောက် အဲဒီမှာ မြက်ခင်းပဲ မြင်နေရတယ် .. လျှောက်ရင်း ၅မိနစ်လောက်ကြာရင် under pass လေးကို မြင်နေရတယ် .. အဲဒီလမ်းတိုင်း ၀င်သွား .. တည့်တည် ထွက်လိုက်ရင် လမ်းနဲ့ တည့်တည်ပဲ .. ရှေ့ဆက်သွားလိုက်တာနဲ့ ဘုရားဆင်းတုကို လှမ်းမြင်နေရတယ် ..


23 comments:

နဒီမိုးညို said...

အလည်ရောက်ရင်း.ထိပ်ဆုံးက..နေရာယူလိုက်ပါတယ်

flowerpoem said...

မိုးခါးကို မတွေ့တာကြာပြီနော်

ဝက်ဝံလေး said...

သပ္ပါယ်လှတဲ့ ဘုရားပုံတွေကို ဖူးမြော်သွားပါကြောင်း

ဘိုင်

ဂျပန်ကောင်လေး said...

အမယ် ဘယ်တုန်းက သွားခဲ့တာလဲ.. ပြောတောင်မပြောပါလား..း) သွားချင်တယ်..လမ်းညွှန်ဦး..

Yu Ya said...

မမိုးခါးရေ...ဘုရားပုံတွေ ဖူးသွားပါတယ်ဗျာ။
လိပ်စာလေး အတိအကျ ရမလားပဲ ကိုယ်တိုင်သွားရောက် ပူဇော်ချင်လို့ပါ။

ကျေးဇူးတင်စွာဖြင့်
yu ya

မိုးစက်အိမ် said...

ဘုရားပုံတွေ လာဖူးသွားတယ် မကြီး
အဆင်ပြေ ပျော်ရွှင်ပါစေဗျာ ခြေရာတွေ
မချန်နိုင်တာကို နားလည်ပါတယ်မကြီးရ
စ လုံးကလာလည်တယ် ဆိုတဲ. လူတွေမှာ
အနော် မကြီးလဲ လာလည်နေတယ်ဆိုတာ
စိတ်ထဲကသိနေပါတယ် :)

puluque said...

ညီမလေးရေ ဘုရားတွေ ဖူးသွားတယ်။ မရောက်ဖူးသေးဘူး။ တစ်ရက်လောက်တော့ သွားဦးမှ။။။။

Ree Noe Mann said...

ညီမလေးရေ လမ်းညွှန်လေးလုပ်ပါအုံး

ကိုရီနို

မိုးခါး said...

လမ်းညွှန်က
တိုပါးရိုး အမ်အာတီကနေ ၃၁. ၈ စတဲ့ ကားတွေ စီး .. after blk 195 မှတ်တိုင်မှာဆင်း .. အမ်အာတီကနေ ၃ ၄ မှတ်တိုင်ပဲကြာတယ် .. ဆင်းပြီး တဖက် ကားလမ်းကို ကူး .. တိုက်တွေ မြင်နေရတဲ့ဘက် (တိုက်တွေဘက်ကို လမ်းလေးအတိုင်း သွား) ဘယ်ဘက်ကိုဆက်လျှောက် အဲဒီမှာ မြက်ခင်းပဲ မြင်နေရတယ် .. လျှောက်ရင်း ၅မိနစ်လောက်ကြာရင် under pass လေးကို မြင်နေရတယ် .. အဲဒီလမ်းတိုင်း ၀င်သွား .. တည့်တည် ထွက်လိုက်ရင် လမ်းနဲ့ တည့်တည်ပဲ .. ရှေ့ဆက်သွားလိုက်တာနဲ့ ဘုရားဆင်းတုကို လှမ်းမြင်နေရတယ် ..

နွေးနေခြည် said...

အယ်.. သွားဦးမှ .. ရောက်ဖူးဘူး...
ကြည်ညိုစရာကောင်းတယ်... မြန်မာပြည်ကလို တရပ်ကွက် ဖုန်းကြီးကျောင်းတကျောင်းလောက် ဖြစ်လာရင်ကောင်းမယ်။ သွားဦးမယ် မိုးခါးရေ..ကျေးဇူး

ဒါနဲ့ အတတ်ကောင်းတွေက ဘယ်သူသင်ပေးထားတာပါလိမ့်.. ဟိဟိး)

မေဇင် said...

မမမိုးရေ... ရောက်ဖူးဘူးတော့...သွားဦးမယ်...ဘုရားဆင်းတုတွေ ကြည်ညိုစရာပဲနော်...။ ဒီတစ်ပါတ်တော့ ရောက်ဖြစ်မယ်မထင်...နောက်တစ်ပါတ် လမ်းညွှန်လေး တစ်ခါ ထပ်ကြည့်ပြီး သွားမယ်..။
ကျေးဇူးနော် မမ.. ကုသိုလ်ရပါတယ်...။

Beauty Studio USA Branded Store said...

ဘုရားစာတွေက တူတာပေါ့ညီမရ။သူတိုလဲပါဠိလိုရွတ်တာကို။ရောက်တာကောင်းတယ်။သာဓုဗျာ။အကိုတိုကသွားမဖူးနိုင်တော့ ဓာတ်ပုံကြည်ရင်း ကုသိုလ်ယူသွားပါတယ်။

မငုံ said...

ဘုရားလာဖူးတယ် မိုးခါးရေ။ အဆင်ပြေပါစေ။

Anonymous said...

ဘုရားတွေ လာဖူးမြော်သွားပါတယ်။ ချစ်ညီမလေး တစ်သက်လုံး ဗုဒ္ဓရဲ့ ဆုံးမမှုတွေကို လိုက်နာနိုင်ပါစေ။ ဗုဒ္ဓဘာသာဝင်ရဲ့ သူတော်ကောင်းလေး ဖြစ်ပါစေရှင်။

ချစ်တဲ့
မရောင်

ကိုလူထွေး said...

အလုပ်တွေပိတယ်အကြောင်းပြပြီး မရေးဘဲ နေမလို့လား...
ဒါလဲ နွေးသင်ပေးတာတော့ မဟုတ်လောက်ပါဘူးနော်...

းဝ)

မေလေး said...

နောက်တစ်ခေါက် သွားရင်နာ့လဲခေါ်နော်။

ကြည်ဖြူပိုင် said...

ညီမလေး ခါးရေ့...ကျေးဇူးပဲညီမလေး..ခုလိုလမ်းညွှန်ပေးတဲ့အတွက်..အမလဲသွားချင်လာပြီ။ရောက်အောင်သွားဦးမှ

Phyo Maw said...

ဘုန်းကြီးကျောင်းဆိုလို့ တိုပါရိုးကလွဲရင် မရောက်ဖူးပါ။ :D
လူလည်း ဒိတ္တိဖြစ်နေပြီထင်ရဲ့ O.o

Sein Lyan Tun said...

ဘုရားလာဖူးသွားတယ် ညီမလေးရေ..


အကိုလာရင်လိုက်ပို့ ပေးပါ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

kiki said...

ဘုရား လာဖူး ပါတယ် မိုးခါး ရေ ။။
တော်တော် သပ္ပါယ် ပါတယ် ....
စလုံး မရောက်တာတောင် ၈ နှစ်လောက်ရှိ ပြီ ။
နောက် အဆင်ပြေရင်တော့ လာလည်အုံး မယ် ။
ဟိဟိ ။
အဲ့ဒီအခါကျ ပုန်းနေ နော်...

ိခင်တဲ့ 
မကိ

တလနွန် said...

သီရီလင်္ကာဘုန်းကြီးကျောင်းနှင့် ကျနောတို့ ရုံးနှင့် နီးနီးလေးပါပဲ။ ဒါပေမဲ့ နှစ်ခေါက်ပဲ ရောက်ဖူးသေးတယ် :)
သူငယ်ချင်းမိုးခါးရေ နည်းနည်းလောက် လျှာရှည်ပြီး လမ်းညွှန်ကြည့်မယ်နော်။
Boonkeng mrt ရှေ့ ကနေ နှစ်မှတ်တိုင်မြောက်မှာဆင်းပါ။(ဘယ်ကားမဆို ရောက်ပါတယ်) St Michael's Rd လမ်းဝ ကိုတွေ့ ပါမယ်။ အဲဒီလမ်းအတိုင်း တည့်တည့်ဝင်သွားရင် လမ်းဆုံးမှာ တွေ့ မှာပါ။

ခင်မင်ခြင်းနှင့်
တလနွန်

မဆုမွန် said...

သာဓုပါ ညီမလေးရေ

အင်ကြင်းသန့် said...

ကျေးဇူးပဲ မိုးခါးရေ....လမ်းညွှန်လေးယူသွားတယ်။ သွားဖူးဦးမယ်။ တလနွန်ရေးပေးတဲ့ လမ်းညွှန်လေးပါ ယူသွားတယ်။



ခင်မင်စွာဖြင့်
ဂျင်း

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...