Wednesday, July 22, 2009

ကိုဖိုးစိန် မွေးနေ့ အမှတ်တရ

ကွန်ပျူတာကို ဖွင့် .. ဂျီတော့ကိုဝင်ပြီး ဘယ်သူနဲ့မှ စကားမပြောဖြစ်သေးပဲ ကိုယ့်ဟာကိုယ် တယောက်တည်း အလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့အချိန် တတုန်တုန်နဲ့ တက်လာလို့ ကြည့်လိုက်တာနဲ့ နှုတ်ခမ်းကိုစူပုတ်နေပြီး စိတ်ကောက်နေတဲ့ ကိုဖိုးစိန်တယောက်ကို တွေ့နိုင်ပါတယ် .. (စူပုတ်ပြီး စိတ်ကောက်နေပြီဆိုတာကို ဂျီတော့မှာ တက်လာတဲ့စာကို ကြည့်ပြီး သိနိုင်ပါတယ် ..)

အမြဲတမ်း ပြောတတ်တာက .. (မခေါ်ဘူးလား .. မခေါ်ဘူးပေါ့ .. ရပါတယ် ..) (ပျော်လာကြတယ်ပေါ့ .. မနာလိုဘူး .. စိတ်ဆိုးဒယ် ..) (မခေါ်ဘူး ..) (စိမ်းကားသူဂျီး..) စိတ်ကောင်းလေးဝင်ပြီး စခေါ်တယ်ဆိုရင်တော့ (ညီမ ပူတူတူးလေး .. မိုးမိုး ချိုချဉ်စပ်ခါးလေး ..) အဲဒါကိုမှ စကားပြန်မပြောဖြစ်ဘူးဆိုရင် (မခေါ်ဘူးလားးးးးးးးးးးးးးးးးးးး ..) အာခေါင်ခြစ်အော်ပုံရပါတယ် .. ကျန်သေးတယ် ရေးရင် အဲဒါနဲ့ပဲ ပို့စ်တခု ပြည့်သွားနိုင်ပါတယ် :D


မောင်နှမ များရဲ့ အချစ်တော်ကြီး အကိုဂျီး ကိုဖိုးစိန်
အစွံထုတ်ရန် ရှိသည် .. :P

အပေါ်က ပုံက ဒီနေ့ ပွဲထုတ်မယ့် မိုးခါး အကိုတယောက်ပါ .. တကယ်တော့ နာမည်က ကြီးပြီးသား .. (စာလုံး ကြီး ကြီး ရေးထားတယ်လေး) ရုပ်ဖြောင့်တယ်နော် :D (ကပ်ဖားတာ .. စားချင်တာ ချက်ကျွေးမယ်ဆိုလို့ :P)

အကျင့်လေးတွေက
စိတ်ကောက်တတ်တယ် .. (တကယ်တော့ ကောက်ချင်ယောင်ဆောင်တာပါ .. ချော့ခံချင်လို့)
မနာလိုဘူး မနာလိုဘူး ပြောပြီး တကယ်တော့ သူပါလိုက်ပျော်နေတာပါ ..
မိဘကို လုပ်ကျွေးနေတဲ့ သားလိမ်မာလေးပါ .. (လိမ်လည်း လိမ်တယ် .. ခေါင်းလည်းမာတယ် :P)
တကယ် လိမ်မာတာပါ နောက်တာဟုတ်ဘူး .. မယုံရင် ကိုယ်တိုင် ၀န်ခံချက်တွေရေးထားတာ အားကြီးပဲ .. :P
ဒီနေ့ မိုးခါး အကို ကိုဖိုးစိန်မွေးနေ့မှာ အကျွေး အမွေး အစီအစဉ် အဖြစ် ..



 
ဆူရှိ ကြိုက်ကြလား .. မိုးခါးတော့ ကြိုက်တယ် .. အစိမ်းတွေတော့ မစားရဲဘူး .. :D


ကိုဖိုးစိန်မွေးနေ့မှာ မိုးခါးက ဆူရှိ နဲ့ ဧည့်ခံပါတယ် ..း)



ကိုဖိုးစိန် မွေးနေ့မှာ ပျော်ရွှင်ပါစေ .. ကံကောင်းခြင်းတွေ ရောက်ရှိပါစေ .. ရည်မှန်းချက် ရည်ရွယ်ချက်များ အောင်မြင်ပါစေ .. ပျော်ရွှင် ကျန်းမာပါစေး)

မိုးခါးတို့ တွေ့ကြတယ် ဆုံကြတယ် ခင်မင်ကြတယ် .. ခင်ကြတယ်ဆိုတဲ့နေရာမှာ မိုးခါးအတွေးကတော့ အချိန်အကန့်အသတ်နဲ့မဆိုင်ပါဘူး .. တယောက်နဲ့တယောက် တယောက်အကြောင်း တယောက် ၀င်ရောက်ခံစား ကိုယ်ချင်းစာပေးနိုင်မယ် .. နားလည်ပေးနိုင်မယ် .. အပြန်အလှန် ကူညီဖေးမမှုတွေ ပေးနိုင်မယ် .. (ကူညီဖေးမတယ်ဆိုတဲ့ နေရာမှာ စကားလုံးလေး တလုံးကလည်း အတိုင်း အတာ တခုအထိ ထိရောက်တယ်လို့ ထင်ပါတယ်..) စစခင်ချင်းမှာ လူတွေ ၄ ၅ ၁၀ ယောက် ဖြစ်ချင်ဖြစ်မယ် .. နောက် အချိန် ကြာလာတာနဲ့ အမျှ ကိုယ့်စိတ်နဲ့ နီးစပ်သူ .. ခံစားချက် ခံယူချက် နီးစပ်သူချင်း ပိုမိုရင်းနှီးသွားတတ်တာ သဘာဝပါ .. ခင်တာချင်းတူရင်တောင် ရင်းနှီးတဲ့စိတ်ခံစားမှုချင်း ကွာဟနိုင်ပါတယ် ..

ဘယ်လိုပဲဖြစ်ဖြစ် တွေ့ကြပြီ ဆုံကြပြီ ခင်လည်း ခင်မင်ကြပြီးပြီဆိုရင် နောက်ဆုံးချိန်ထိ ပျော်ရွှင်စွာ လက်တွဲသွားနိုင်ဖို့ မျှော်လင့်ပါတယ် ..

သူငယ်ချင်း မိတ်ဆွေ အပေါင်းလည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ .. ပျော်ရွှင် ချမ်းမြေ့ကြပါစေ ..း)


26 comments:

Sein Lyan Tun said...

ပြုံးမိပါတယ်

မျက်ရည်များနဲ့ပေါ့

တကယ်ကို ချစ်ခင်စွာ ပိုစ့်တစ်ခုအနေနဲ့ အမှတ်တရရေးပေးတဲ့

ညီမမိုးခါး ကိုကျေးဇူးတင်ပါတယ်....

ဒီစာမျက်နှာပေါ်က နေတွေ့ကြဆုံကြပေမယ့် အတိုင်းမသိသော မေတ္တာများနဲ့ အမြဲတမ်းလေးစားချစ်ခင်လျှက်ပါ


ပိုစ့်ရေးပေးမယ်ဆိုတာသိပေးမယ် ဒီလိုချစ်စရာကောင်းတဲ့ပိုစ့်လေးတစ်ပုစ် ရေးဖြစ်မယ်လို့ မထင်ခဲ့ခဲ့ဘူးး

ပျော်တယ်

ကြည်နူးတယ်
ပီတိဖြစ်တယ်

ခုတော့ ကိုမိုးကုတ်သားပြောသလို ခုန်ဆွခုန်ဆွနဲ့ ပျော်နေတာ


ဒီအတွက် ညီမလေးမိုးခါ ကို ကျေးဇူးတင်တယ်

ပျော်အောင်လုပ်ပေးတဲ့အတွက်


ညီမလဲ အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ

ချစ်တဲ့

ကိုဖိုးစိန်

Sein Lyan Tun said...

ကိုယ်တိုင် သတိမထားမိတဲ့ ကိုယ့်အကြောင်း ကိုယ်ဖတ်လိုက်

ရှက်ရှက်နဲ့ရယ်လိုက်


ဆူဇီကိုစားလိုက် အဲ မှာလိုက် ဆူရှိ ကိုစားလိုက်


အဟီးးးး ပျော်နေတာ ရှက်နေတာ လိုက်ခေါ်ပြီး ကြွားနေတာ


မွေးနေ့ရှင် မြောက်ပီး မျောက်က ကတော့မယ်

Mogok Thar said...

ညိဖိုးစိန်နှင့်တကွ သူငယ်ချင်း မိတ်ဆွေ အပေါင်းလည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ .. ပျော်ရွှင် ချမ်းမြေ့ကြပါစေ ..း)

မိုးခါးအတိုင်း ကော်ပီကက်တွားပါဒယ်

Mogok Thar said...

ပုံတွေပဲ ပြကျွေးလို့မရ။ ညနေကျ မိုးခါးရေ.... လိုက်ကျွေးပါဗျို့။

Sein Lyan Tun said...

အဟီးးးး ပျော်လို လေ ထပ်မန့် မယ်နော်


ကိုယ့်အကြောင်းကိုယ်ဖတ်ရလို့ လေးးး

သိလား ငါ့ညီမ ပူတူတူးလေးးးးးး

ဒီတစ်ခါတော့ ပိုချစ်သွားပီးးးး

ဒါပေမယ့် အပတ်တိုင်း အကိုကြီးလာရင် ပျော်ရအောင် ထရိန်နင်ဆင်းတာလေးတော့ နာလိုဘူး


း)))))))))))))

ှုကိုရင်နော် ခင်လေးငယ် said...

အို....

ဘယ်လောက်များ ကြည်နူးကျေနပ်စရာ ကောင်းလဲကွယ်...

(ဦးနော် မမခင်လေး ကလေးလေး)

မြစ်ကျိုးအင်း said...

မိုးခါးက ကိုဖိုးစိန်မွေးနေ့အတွက် ဆူရှီနဲ့ ဧည့်ခံ တော့ ကျွန်တော်ကလည်း
ကိုဖိုးစိန် မွေးနေ့အတွက် ဆူမို တွေနဲ့ ဧည့်ခံဘို့ ဂျပန်က ဆူမို ၄ယောက်
ခေါ်ထားတယ် မကြာခင် ရောက်လာမယ်...ဟဲဟဲ ပျော်ရွှင်စရာပွဲမို့ နောက်တာပါ...

လူချစ်လူခင်ပေါတဲ့ သူငယ်ချင်းအတွက် ပျော်ရွှင်ကျေနပ်မိပါတယ်

မေလေး said...

မိုးခါးရေ
တူရို့ ပြောတဲ့အတိုင်းပါဘဲနော်။(ပျင်းလို့မဟုတ် နောက်မှာ သူလေးရှိလို့) ကိုမိုးကုတ်ကိုထောက်ခံပါတယ်။ဟိဟိ

မေဇင် said...

မမမိုးခါး ရေ...... ကိုဖိုးစိန် ... တော်တော်လေး ပျော်သွားတာကို ဖတ်ပြီး ပီတိဖြစ်ရပါတယ်....။ မောင်နှမတွေ ချစ်ချစ်ခင်ခင် ရှိနေကြတာကိုမြင်ရတော့ ကြည်နှုးမိတယ်...း)

နွေးနွေးသဲမွန် said...

ကိုကြီးဖိုးစိန် ...ထာဝရပျော်ရွင်ပါစေ..နွေးယောင်းမ နဲ့ မွေးနေ့ တရက်တည်း...

Sein Lyan Tun said...

လာလိုက်


ချောင်းလိုက်


ပြန်ဖတ်လိုက်နဲ့

ပြုံးပြီးပြန်လိုက်နဲ့

ညီမလေးအိမ် ကိုချောင်းပေါက်တော့မယ်...

အကိုကို့ ချောတယ်တဲ့ အဟီးးး

အကို့စီဘုံးမှာလာအော်သွားကြပီးနော်...


အစွံထုတ်ဖို့ တာဝန်ယူထားတယ်မလား


မစွံလို့ ကတော့ လမ်းလယ်ခေါင်မှာ မျက်နှာအိုးမဲသုတ်ပြီး

အော်ငိုမှာနော်

ဒါပဲ
မြန်မြန်လုပ်ပေးပါ

Libratun said...

lovely writing.. he will definitely be happy with that at least for two days, may be forever whenever he reads this post. i also got shared the joy. :)

Wish you again that may your every single effort pay off, big bro!

moekhar, a seinn tway ka kaung par tal. most of them are vegetables :P

libratun

khin oo may said...

ရေးသူက တော်တော်ရယ်
မေွးူးနေ့ရှင်ကပိုပျော့်နေတယ်။
ကုသိုလ်ရသွားတာပေါ့.ညီမရယ်။

khin oo may said...

မွေးနေ့မှသည်ချမ်းမြေ့ပါစေ ဖိုးစိန်

may16 said...

ကိုဖိုးစိန်. . . မွေးနေ့မှာပျော်ရွင်ပါစေ
မမြင်ဘူး ပေမယ့် ဒီနာမည်ကို ဘလော့မှာ ရင်းနှီးတာတော်၂ကိုကြာပါပြီ
ပျော်ရွင်ဖွယ်နေ့များစွာကို ပိုင်ဆိုင်ပါစေ.

MANORHARY said...

ညီမ မိုးခါးရေ
စိတ်ကြည်နူးစရာပို့စ်လေးပါ
သိပ်ပျော်နေမယ့်မွေးနေ့ရှင်ကိုယ်စား ညီမလေးကိုကျေးဇူးတင်ပါတယ်

Angel Shaper said...

မမိုးခါးရေ.......
ချစ်စရာကောင်းတဲ့ ပိုစ့်လေးနဲ့  ကိုဖိုးစိန် မွေးနေ့ ဂုဏ်ပြုပေးတာ တော်တော် ကြည်နူးဖို့ ကောင်းသလို၊ မရဲ့ ချစ်စရာ စိတ်ဓာတ်အကျင့်လေးတွေ အတွက် ပိုပြီးလေးစားချစ်ခင်ရပါတယ်။
ကိုဖိုးစိန်အတွက်လည်း ပျော်ရွှင်စရာမွေးနေ့ လေးပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

တီချမ်း said...

happy birthday to u my dearest
with love
:D

Dream said...

sushi မကြိုက်လို့ မစားရဘူး..ဟင့်...အဲဒီဘလော့မှာ မစားချင်ဘူး..
ကိုဖိုးစိန်အတွက် အပြင်မှာလဲ မွေးနေ့ကို တီတီခါးခါးကလဲ လုပ်ပေးလေ...

း))

ကိုမြစ်က ဆူမိုလေးယောက်ခေါ်ထားပေးတယ်တဲ့..ဖိုးစိန်နဲ့ပေးတွေ့ပေးလိုက်..

း))))))

Happy Birthday ...

ဂျာမုန်းဒန် said...

ပျော်စရာကြီးနော်။
အစားအသောက်လည်းရှယ်တွေပဲ။
နိုက်စားသွားတယ်မိုးခါးရေ။
မနေနိုင်လွန်းလို့လေ။

လင်းကြယ်ဖြူ said...

ံပျော်စရာမ္ဂေးနေ့ပ္ဂဲလေးပါပဲ..
တောင်းသောဆု ပေးသောဆုများ နဲ့ပြည့်ဝနိုင်ပါစေခင်ဗျာ..

မငုံ said...

မိုးခါးရေ shushi ကြိုက်တယ်။ ပုံတွေကြည့်ပြီး သရေယိုတယ်။ :)

ကိုဖိုးစိန် မွေးနေ့မှစ ပျော်ရွှင်မှု့များ ၊အောင်မြင်မှု့ပေါင်းများစွာကို ပိုမိုရရှိပါစေလို့ ဆုတောင်းပေးပါတယ်။

Anonymous said...

ဒီ ဆူရှီ တွေလောက်တော့ ငါလဲ လိပ်တတ်ပါတယ် မိုးခါးရာ . . . . ဟဲဟဲ ကြွားတာ . . . ။ ကိုဖိုးစိန် မွေးနေ့မှစ ပျော်ရွှင်မှု့များ ၊အောင်မြင်မှု့ပေါင်း များစွာကို ပိုမိုရရှိပါစေလို့ ဆုတောင်းပေးပါတယ် အကိုရေ

ဝက်ဝံလေး said...

အွန်းးး များအလာနောက်ကျတယ် ကိုဖိုးစိန် ဖတ်မှ ဖတ်ဖြစ်ပါ့မလားမသိဘူး ဟဟဟဟ မမမိုးခါးရေ ဖတ်ပြီး ရယ်ရပါတယ် ကိုဖိုးစိန်လဲ တော်တော်လေး ပျော်နေမှာပဲဆိုပြီး ဘယ်လိုဖြစ်နေမလဲ ဆိုတာ တွေးမိပါတယ် ဟဟဟ ဟုတ်ပါ့ နံမည်ကို ကြီးနေတာပါ အဲဒီကိုဖိုးစိန်က ဟိဟိ တွေ့ပါ့ ဘလော့ဂ်တိုင်းလိုလို သူ ချဉ်း အရင်မန့်ချင်တာလေ ပထမမရင် ကောက်သေးတာ ဟဟဟဟ သိတယ် သူ့အကြောင်း သူ့ဘလော့ဂ် တော့ သွားမလည်ဖြစ်ဘူး သိတယ်မလား ငှက် မအားဘူးလေ ဒါနဲ့ မသွားဖြစ်တာ အခုတောင် ဖတ်စရာ မန့်စရာတွေက ပုံနေတာ ဟဟဟ ကဲ ပျံလိုက် ဦးမယ် ဒေါ်မိုးခါးရေ နော်
အော်မေ့လို့ မွေးနေ့ရှင်ကို ဆုတောင်းပေးလိုက်ဦးမယ် ဘယ်နှနှစ်ပြည့်တုံး ထားပါလေ အခုမွေးနေ့မှသည် နောက် နှစ်ပေါင်း ၁၂၀ တိုင်အောင် ချစ်သူ ခင်သူများဖြင့် ဘဝ ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေ ကောက်ကောက် ဖိုးစိန်ရေ အဲ အကိုဖိုးစိန်ရေ ဟဟဟဟဟ ငှက်လဲ ပျော်တတ်လို့ ဝင် ရောသွားတယ်နော် ဟိဟိဟိ ဘိုင်

chocothazin said...

ပျော်ရွှင်ကျေနပ်ဖွယ်မွေးနေ့ များစွာပိုင်ဆိုင်ပါစေ။

ထိုက်ဦး said...

သီချင်းနာထောင်သွားတယ်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...