Wednesday, July 1, 2009

အဆုံးအဖြတ်

တွယ်တာမိခြင်းရဲ့နောက်မှာ
မျှော်လင့်ခြင်းက ကပ်ပါတယ်

မျှော်လင့်မှုများလေလေ
ဆုံးရှုံးနိုင်မှု ပိုများလေလေ

သိနေရက်နဲ့
ရှေ့ဆက်တိုးနေသူတယောက်အဖို့
လက်တကမ်းမှာ
ဆုံးရှုံးမှုက ဆီးကြိုနိုင်ပြန်တယ်

နားလည်နေမိပါတယ်
မျှော်လင့်ခြင်းကို
ဆုတ်ကိုင်ထားပိုင်ခွင့်ရှိသလို
လက်လွှတ်တတ်ဖို့လည်း
သင်ယူကြိုးစားရတော့မယ်

လမ်းတ၀က်မှာ နောက်ပြန်လှည့်မလား
ရှေ့ကိုမျက်စိစုံမှိတ် ဆက်လှမ်းမလား

ဘယ်သူမှားတယ် မှန်တယ်
ဆုံးဖြတ်ပေးနိုင်မှာတဲ့လဲ

ကိုယ့်ဆုံးဖြတ်ချက်အတွက်
တာဝန်ရှိသူဟာ ကိုယ်ပဲ

နောင်တ ..
နင်သိပ်ကြောက်တယ်ဆိုတဲ့နောင်တလေ
ခု နင့်လက်တကမ်းမှာ
နင့်ရွေးချယ်မှုကို စောင့်ဆိုင်းနေလေရဲ့ ...

ပို့စ်ကို တင်ချင်နေတာ တင်ချင်နေတာ ဘာကြောင်နေတယ်မသိဘူး တင်မရဖြစ်နေတယ်လေ .. ခုတော့ ရပြီထင်တာပဲ :D

20 comments:

တောင်ပေါ်သား said...

း) လာခံစားသွားတယ်ဗျို့


လေးစားလျက်
တောင်ပေါ်သား

အဆိပ်ခွက် said...

လာခံစားသွားပါတယ်.. ဗျ.. အစ်မရေ..

ခင်မင်လျှက်
အဆိပ်ခွက်

Mogok Thar said...

နောင်တဆိုတာ
နောင်မှ ရတာတဲ့။
ကိုယ်တွေကတော့ ချစ်ရင် နောက်မဆုတ်ဘူး။ “နောင်တ” ဆိုလဲ လာထားဘဲ။
စကားမစပ်.. ကဗျာလေးက ကဗျာဆရာမလိုပဲ လှတယ်။

ဇော် said...

ကျနော်လဲ ကဗျာလို့ပဲ ထင်ပါတယ်ဗျာ
ဖတ်လို့ကောင်းတာကိုးနော် ဒေါ်လေးစင်။

WWKM said...

ကဗျာလေး ၂ပုဒ်က အချိတ်အဆက်ရှိနေသလိုပဲ ခံစားလိုက်ရတယ်..း)
တော်တယ် ညီမလေး...
ဘာမေးမေး မဖြေဘူး.. သတ်ချင်သတ်လိုက်..ဟတ်ဟတ်

ဂျပန်ကောင်လေး said...

တွယ်တာမိလျက်နဲ့ မျှော်လင့်ချက် မထားခဲ့ရင်ကော... တွယ်တာမိလျက်နဲ့ ရှေ့လည်း မတိုးခဲ့ရင်ကော... တွယ်တာမိလျက်နဲ့.. ဆိတ်ဆိတ်လေးကြည့် မြတ်နိုးချင်နေရင်ကော....??? ကဗျာလေး လာခံစားသွားတယ်ဗျာ.. အခုတလော ဒီကဗျာလေးက ကျနော့်ခံစားချက်လေးနဲ့ တိုက်ဆိုင်နေရော..း)

Unknown said...

လာဖတ်တယ် ခံစားတတ်တယ် ဗျာ ပြီးတော့ ခံစား ခဲ့ ဘူးတယ် ဆို ပါတော့ ။ ငြိမ်းချမ်းပါစေဗျာ။

ဥပသကာ

ဂျာမုန်းဒန် said...

မျှော်လင့်ခြင်းကို
ဆုတ်ကိုင်ထားပိုင်ခွင့်ရှိသလို
လက်လွှတ်တတ်ဖို့လည်း
သင်ယူကြိုးစားရတော့မယ်..
တကယ်မှန်တဲ့စာစားလေးပါ။ မမအားပေးနေမှာပါ။
မျော်လင့်တဲ့အတိုင်းလည်းဖြစ်လာမှာပါ။
ချစ်တဲ့မမ
ဂျာမုန်းဒန်

စိုင်းစိုင်းလားရှိုး said...

ဟုတ်တယ်...
ရှေ့တိုးမယ် ဆိုကတည်းက နောင်တလည်း မကြောက်နဲ့တော့
မှန်တယ်ထင်တဲ့ အရာမှာ နောင်တဆိုတာ မရှိရဘူး။
ကဗျာကောင်းလေး ခံစားသွားတယ် ကောင်းတယ်။

Ree Noe Mann said...

ညီမလေးရေ အမဝါပြောတဲ့ ကဗျာနှစ်ပုဒ် ဆိုတာကို
သိနေသလိုပဲ နော်။
ဟက်ဟက် နောက်သွားတယ်။
ကဲ ညီမလေး မိုးခါးကတော့ ပြောနေပြီနော်။
နင့် ရွေးချယ်မှုက လက်တကမ်းမှာတဲ့
ဘာလုပ်မှာလဲ.........
တွေးဝေးမနေပါနဲ့ကွာ
လုပ်စရာရှိတာဆက်လုပ်ပါ။
လာမြှောက်သွားတယ်နော်။

ကိုရီနို

သီဟသစ် said...

အင်း....
ကဗျာလေးတွေကတော့ လှနေပြီ :D
နောင်တဆိုတာ ကြိုရရမည့်ကိစ္စမှ မဟုတ်တာ

:)
ခင်မင်စွာဖြင့်
သီဟသစ်

kaungkinpyar said...

နောင်တ မရကြေးးး

ကိုလူထွေး said...

တခါတလေ ကျတော့လဲ ဇွတ်တိုးမှ အောင်မြင်တာမျိုးလေ...

နောင်တဆိုတာ ယူတတ်ရင် သင်ခန်းစာတခုပါပဲ...

နှင်းနဲ့မာယာ said...

မိုးခါးရေ
နောင်တရနေပြီလား....
တခါတရံမှာ နောင်တအတွက် နာကျင်နေရမယ်ဆိုရင်
မေ့ထားတာပိုကောင်းမယ်ထင်ပါတယ်....

အိုက်ခီလောက် said...

နောင်တ ရတာလည်း ရတယ်လို့ ပဲမှတ် ခွဲသွားရင်လည်းခွဲသွားတယ်မှတ်
ပေးရတာမှမဟုတ်တာ နော် ရလာတာပဲဟာ
အမြတ်ချည်းပဲ ယူသာယူထားလိုက် စဉ်းစားမနေနဲ့ 

Sein Lyan Tun said...

နောင်တတော့ မရချင်ဘူးညီမရယ်...

လင်းကြယ်ဖြူ said...

တွယ်တာမိခြင်းရဲ့နောက်မှာ
မျှော်လင့်ခြင်းက ကပ်ပါတယ်

မျှော်လင့်မှုများလေလေ
ဆုံးရှုံးနိုင်မှု ပိုများလေလေ..

ဟုတ်တယ်နော်...မျှော်ရင်းနဲ့ လင့်သ္ဂားတတ်တယ်...

Unknown said...

သေချာတယ် ညီမလေး မိုးခါး....

မျှော်လင့်ပြီး မျှော်လင့်သလို ဖြစ်မလာတော့ ကြေကွဲကြ ပူဆွေးကြနဲ့....

ကိုယ့်အနေနဲ့က နောင်တကို နောက်မှမရစေချင်ဘူး...
ကြိုသိနေစေချင်တယ်... နောင်တဆိုတာ ဆုံးရှုံးမှုတစ်ခုပဲလေ....

ဆုံးရှုံးမှုအတွက် ပေးဆပ်မှုက များချင်များမယ် နည်းချင်နည်းမယ်....
ဒါကြောင့် ဘာအတွက်နဲ့မှ နောင်တကို နောက်မှမရစေချင်ဘူးလေ....

နောက်ပြီး...
ရွေးချယ်မှု... ရွေးချယ်မှုဆိုတာ လူတစ်ယောက်ရဲ့ ဘ၀ပဲ....
ကိုယ့်ရဲ့ဘ၀ဟာ ကိုယ့်ရဲ့ရွေးချယ်မှုပဲ...

ပျော်ရွှင်ပါစေဗျာ....
ကဗျာလေးကို အသေးစိတ်ခံစားသွားပါတယ်...
ကွန်မန့်အတွက်လည်း အမြင်တမျိုးမမြင်စေချင်ပါဘူး...
သိထားတာလေးတွေကို ပြောပြတဲ့သဘောပါပဲ...။

မပြည့်စုံသေးတဲ့
ပြည့်စုံ (ဝေါသားလေး)

နွေးနွေးသဲမွန် said...

ကဗျာလေး လာခံစားသွားပါတယ် မမး-)

ကြယ်ဖြူစင် said...

ဘယ်သူကိုပိုချစ်မှာလဲ..ဘယ်သူကိုရွေးချယ်မလဲ.အသေအချာ
မင်းဆုံးဖြတ်ဦး..သီချင်းဆိုတာနော်..ဆောင်းဦးလှိုင်တို့သီချင်း...
ခင်မင်လျှက်
ကြယ်ဖြူစင်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...