Wednesday, June 9, 2010

ကျောင်းဖွင့်ချိန် ပညာသင်ထောက်ပံ့ရေး (စာနာမှုနဲ့ ဖေးကူပါ)




အရင်နှစ် ဒီလိုအချိန်တုန်းက ဘလော့တခုမှာဖတ်လိုက်ရတဲ့ ကုသိုလ် အဖွဲ့ရဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးများအတွက် အဓိကထားပြီး ကျောင်းထားပေးမယ့် အစီအစဉ်ကို သိလိုက်ရပါတယ် .. စာကိုဖတ်ပြီး စိတ်ဝင်စားမိလို့ ဆက်သွယ်စုံစမ်းခဲ့ပါတယ် .. ပြီးတော့ ကျောင်းသူလေးတယောက်အတွက် အလှူငွေထည့်ဖြစ်ခဲ့ပါတယ် .. အလှူငွေထည့်တယ်ဆိုရင်ပဲ ကုသိုလ်အဖွဲ့မှ ကိုအောင်နိုင်စိုးက ကိုယ်တာဝန်ယူ ကျောင်းထားပေးတဲ့ ကလေးရဲ့ အချက်အလက်တွေကို အီးမေးနဲ့ ပြန်စာပို့ပေးခဲ့ပါတယ် ..

၂၀၁၀/၁၁ စာသင်နှစ်အတွက် အစီအစဉ်ကို စိတ်ပါဝင်စားသူများ ဒီနေရာမှာ ဖတ်နိုင်ပါတယ် .. Lotus Foundation နဲ့ ကုသိုလ် အဖွဲ့တို့ရဲ့ ၂၀၁၀/၁၁ စာသင်နှစ်အတွက် ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ပါ ..

ကျမတို့ ငယ်တုန်းတည်းက မိဘနဲ့ မပူမပင် နေထိုင်ခဲ့ကြရတယ် .. ခုလည်းပဲ သူ့အတိုင်းအတာနဲ့ သူ နေထိုင်နိုင်ကြတယ် .. ကျမတို့ လစဉ် အသုံးစရိတ် ဘယ်လောက်လောက် ရှိမလဲ .. ???

အဲဒီ အသုံးစရိတ်တွေထဲက နဲနဲလောက် လျှော့သုံးပြီး ကလေးတဦးအတွက် တယောက် တလက်နဲ့ ကူညီသွားကြမယ်ဆိုရင် .. ကလေးတယောက် အရွယ်ရောက်လာတဲ့အချိန်မှာ လူဝင်ဆန့်အောင် အသိပညာထည့်ပေးနိုင်ဖို့ ကျမတို့ ကူညီကြရအောင်ပါ ..

ကလေးတယောက်အတွက် တလစာ ကျောင်းစရိတ် သတ်မှတ်ချက်ကတော့ -

မူလတန်း = S$ ၁၅ / month

အလယ်တန်း = S$ ၂၀ / month

အထက်တန်း = S$ ၂၅ / month သတ်မှတ်ထားပါတယ် ..

လှူတဲ့အခါလည်း ကိုယ်အဆင်ပြေသလို လှူနိုင်ပါတယ် .. တလချင်းဖြစ်ဖြစ် နှစ်ဝက်စာဖြစ်ဖြစ် အဆင်ပြေသလို လှူဒါန်းနိုင်ပါတယ် .. စာသင်လက ၈ လ ပါ .. မူလတန်းကလေးတယောက်အတွက် ၁နှစ်စာ ကျောင်းစရိတ်က စင်ကာပူဒေါ်လာ ၁၂၀ ကျပါမယ် .. အလယ်တန်းအတွက် ၁၆၀ ကျပါမယ် .. အထက်တန်းအတွက် ၂၀၀ ကျပါမယ် .. ကိုယ်အဆင်ပြေသလို ခွဲပေးလို့ရပါတယ် ..

စဉ်းစားမိတယ် .. စင်ကာပူဒေါ်လာ ၁၅ ကျပ် မြန်မာငွေ ဘယ်လောက်ရှိမလဲ .. ၇၀၀ နဲ့တွက်ရင် ၁၀၅၀၀ ..

မြန်မာနိုင်ငံမှာ ငွေ ၁သောင်း ပတ်ဝန်းကျင်နဲ့ ဘာများလုပ်နိုင်မလဲ .. လ္ဘက်ရည် တခွက် ၁၅၀ ၂၀၀ (အရင်နှစ်ရန်ကုန်ပြန်တုန်းက ဈေးပါ ..) ထမင်းစားရင် ၁၅၀၀ ၂၀၀၀ .. ငွေ ၁သောင်းကို ဘယ်နှစ်ရက် သုံးလို့ရမလဲ ..

ကျမတို့ ဒီမှာ တရက် အသုံးစရိတ် ဘယ်လောက်သုံးသလဲ .. ထမင်းတခါစား ၂ကျပ်ခွဲ ၃ကျပ်ဆိုတာ အောက်ထစ် .. အအေးသောက်မယ် .. ၅ကျပ်လောက် တန်းနေပြီ .. မစဉ်းမစားပဲ စိတ်အလိုလိုက်ပြီး ဖြုန်းတီးတာ မပါသေးဘူး .. တခါတလေ ကိုယ်လုပ်နေတာတွေက မတရားသလိုတောင် ခံစားမိတယ် ..

လူရယ်လို့ဖြစ်လာတာနဲ့ ကိုယ့်ရဲ့ ပြုဖူးတဲ့ ကောင်းမွေ ဆိုးမွေကို ခံစားရသူတွေချည်းပါပဲ .. ကောင်းကျိုးတွေ ခံစားနေရသူတွေအဖို့လည်း အကောင်းတွေမှာ သာယာနေရုံတင်မဟုတ်ပဲ ပိုမိုကောင်းမွန်အောင် ကောင်းမှုတွေ လုပ်ဖို့ လိုပါတယ် .. ကျမတို့ ခု လက်ရှိ ကောင်းနေတဲ့ အခြေအနေလေးကို တတ်နိုင်သလောက် လက်လှမ်းမှီသလောက် မျှဝေရအောင်ပါ ..

ကျမ ဆက်သွယ် လှူဒါန်းတဲ့ ကိုအောင်နိုင်စိုးရဲ့ အီးမေး လိပ်စာကတော့ aungns@gmail.com ပါ ..

5 comments:

သူကြီးမင်း (တုံးဖလား) said...

ကောင်းတဲ့ အစီအစဉ်လေးပါ။

ဇွန်မိုးစက် said...

မဇွန်လည်း နာဂစ်တုန်းက ကလေးတစ်ယောက် မွေးစားဖို့ အစီအစဉ် ရှိပေမယ့် အကောင်အထည် မဖော်ဖြစ်ခဲ့ဘူး။ ခုတစ်ခါ ထပ်ကြိုးစားကြည့်လိုက်ဦးမယ်။

မိုးခါးရဲ့ အတွေးအခေါ်နဲ့စိတ်ဓါတ်ကို လေးစားပြီးသားပါ။း)

ဒါနဲ့.. မုန့်လား... ကျွေးမှာပေါ့ ညီမလေးရယ်း)

may16 said...

လိုအပ်တဲ့နေရာမှာ လိုအပ်သလိုလှူနိုင်တာ အကောင်းဆုံးပါရှင်..
သာဓုပါ ညီမရေ

theinge said...

dear ma moekhar
Thank you for writting this kind of post.
I will also donate the money that i can :)
Ku top salary htout tae bu :P

theinge said...

မမိုးခါး ဒီနေ့ပဲလခထုတ်တယ် အမ ရေးထားတဲ့ message ကိုခုမှကိုယ့်ဘလော့ကိုပြန်ကြည့်ရင်း တွေ့လို့
ကျနော်ကလစဉ် 50S$ ပုံမှန် လှူချင်တယ် အမ
ဘယ်ကိုဆက်သွယ်ရမလဲ သိပါရစေ :)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...