Saturday, March 21, 2009

အရိုးခံ

သူငယ်ချင်းတဲ့
ဘယ်လောက် နွေးထွေးလိုက်လဲ
ခံစားတတ်ရင် သိနိုင်ပါတယ်
ငါတို့ ခင်မင်ကြတာ အဖြူထည်သက်သက်
ပေါင်းသင်းခဲ့ကြတာ အရိုးခံသက်သက်
မာနတွေ မပါဘူး
လောဘတွေ မပါဘူး
အရှုပ်အရှင်း စာရင်းတွေ မပါဘူး
တယောက်လိုအပ်ရင် တယောက်က ဖြည့်ဆည်း
တယောက်မှာ ရှိတာ အကုန်ဝေစား
ဘယ်လောက် ရှင်းလင်းလိုက်သလဲ
ဒီသံယောဇဉ်တွေနဲ့
ငါတို့ နှစ်များစွာ လက်တွဲခဲ့တယ်
ရှေ့ဆက်ပြီးလည်း လက်တွဲသွားဦးမယ်
ခုချိန်အတိုင်း နွေးနွေးထွေးထွေးပေါ့


6 comments:

သီဟသစ် said...

ဒီမှာ သူငယ်ချင်း မင်းအတွက် ငါအမြဲ မငြင်းရက်ခဲ့ဘူး လိုအပ်တိုင်းပေါ့ မင်းခေါ်လိုက် အသင့်ပါပဲ
ဘယ်အချိန်တွေတိုင်း မြင်နေ သတိရလိုက်ပေါ့လေ
မင်းအတွက် ငါအမြဲပေါ့ သူငယ်ချင်း..

စည်သူလွင် သီချင်းလေးကို သတိရလို့ ဆိုသွားသည်။
စာသားများက သိပ်မမှတ်မိတော့

ခရောင်းလမ်း said...

တကယ်ဖြူစင်မှသူငယ်ချင်းအစစ်ပါ။ အရောင်တွေစိုးလာရင်တော့ သူငယ်ချင်းလို့ ခေါ်လို့မရတော့ဘူးပေါ့နော်။

ရှင်ရဲထွတ် said...

အရိုးခံ လာခံစားပါတယ်။

Phyo Maw said...

:D လက်တွဲနိုင်ပါစေ။

အချိန်တွေနဲ့အညီ စိတ်တွေတည် ဖို့ပဲထင်တယ် သူငယ်ချင်းသံယောဇဉ်က။ ပက်ဝန်းကျင် ဒါမှမဟုတ် ကြီးပြင်းလာတဲ့ အခြေအနေကြားမှာ မတူညီချက်နဲ့ ပြောင်းလဲမှုတွေကလည်း များတတ်သေး...။
(ဟင်း... )

Banyarshein said...

ဒီသံယောဇဉ်တွေနဲ့
ငါတို့ နှစ်များစွာ လက်တွဲခဲ့တယ်
ရှေ့ဆက်ပြီးလည်း လက်တွဲသွားဦးမယ်
ခုချိန်အတိုင်း နွေးနွေးထွေးထွေးပေါ့ ..................
အရိုးခံတဲ့လား .....

noblemoe said...

အရိုးခံ ကဗျာလေး လာခံစားသွားတယ် ခါးလေးရေးးး

သာယာချမ်းမြေ့ပါစေရှင်း
မိုး

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...