Tuesday, March 10, 2009

ကျမဖြစ်အင်

မနက်မိုးလင်း အိပ်ရာထတာနဲ့ သတိရမိတယ် .. စားဖို့သောက်ဖို့ဘာရှိလဲ လှန်လှောကြည့်ဖို့ကိုပေါ့ .. (ဗိုက်ဆာတာကိုး .. :P)

တစ်ခါတစ်လေ အလုပ်လုပ်နေရင်းကိုသိပ်လွမ်းတာ .. အိမ်က အိပ်ရာလေးကိုပေါ့ .. အိပ်ငိုက်တာကိုး (အချိန်တိုင်းတော့ မဟုတ်ပါဘူး .. ထမင်းစားပြီးခါစကိုပြောပါတယ် ..:P)

မိုးတွေရွာပြီဆိုလည်း သတိရတတ်သေးတယ် .. အိမ်မှာကျန်ခဲ့တဲ့ ထီးလေးကိုပေါ့ .. (ကျမက ထီးကိုင်ရမှာပျင်းသလို မေ့ချင်ယောင်ဆောင်ပြီး ထားထားခဲ့တတ်တယ် .. :D)

တခါ တခါကျလည်း လမ်းသွားရင်း နောင်တရတတ်သေးတယ် .. ဒေါက်ဖိနပ်ကြီးတကားကားနဲ့ ဒုက္ခဖြစ်နေပြီဆိုရင်ပေါ့ .. (ဒေါက်ဖိနပ်စီးရတာကြိုက်တယ် .. လမ်းလျှောက်တာများရင် တရွတ်တိုက် ဆွဲချင်လောက်အောင် ညောင်းတယ် ..းP)

တခါတလေကျတော့လည်း စိတ်ထဲက အသည်းအသန်ကြိတ်ဆုတောင်းရသေးတယ် .. သူမြန်မြန်လာပါစေလို့ ပေါ့ .. (အိပ်ရာထနောက်ကျပြီဆိုရင် စီးနေကျကား လွတ်သွားတဲ့အခါ နောက်ထပ် ၁၀ မိနစ် ၁၅ မိနစ်စောင့်ရပြီဆို လာကြိုမယ့် ဖယ်ရီလွတ်ပြီလေ .. :P)

8 comments:

မောင်မျိုး said...

သူမြန်မြန်လာပါစေဆိုလို့ ကြွားတော့မယ်ချစ်သူကိုထင်နေတား) ဖယ်ရီကြီးတဲ့ :P

Anonymous said...

အေးလေ မောင်မျိုးရယ်...ငါလဲအဲ့လိုထင်နေတာ...း)

အစ်မရေ လာလည်သွားတာ ကျေးဇူးပါ။

mirror

မသက်ဇင် said...

မိုးခါး ရေ----
ရေးတတ်လိုက်တာနော်---
"ကျမဖြစ်အင်"
သဘောကျပြီးပြုံးမိတယ်--
ခင်မင်လျက်---

သီဟသစ် said...

ကျွန်မရဲ့ ဖြစ်ပုံ
ဖြစ်ပုံ အဆန်းတော်
ပွဲဈေးတန်း လျှောက်မိလို့
မောင်ကြီးနဲ့ ဆုံပလေတော့

အဲဒါလည်းမပါဘူး။

chocothazin said...

မိုးခါးရေ... စာတွေလာဖတ်ပါတယ်နော်...
အဆင်ပြေတယ်ဟုတ် :)
ဘလော့ဂ်လေး က တော့ အကြောင်းအမျိုးမျိုးကြောင့် ခဏပိတ်ထားတယ်နော်
ပြန်ဖွင့်ရင် သံချောင်းခေါက်မယ်

Welcome said...

အဟိ .. .. )))
တို့လဲ အဲလို လွဲလွဲတတ်တယ် ..

chocothazin said...

မိုးခါးရေ မိုးခါးဘလော့ဂ် လိပ်စာမေ့သွားလို့ google ကနေ ရှာကြည့်တာ နောက်ထပ်မိုးခါးတစ်ခုတွေ့ တယ်ဟေ့
http://moekhar08.blogspot.com/

ဏီ(န်)ကင်း said...

ဖြစ်ပုံ..ဖြစ်ပုံ...အပိုင်း၂ တွေ ၃ တွေ ထပ်ရေးသင့်တာ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...