Tuesday, March 31, 2009

မနက်ခင်းကို ဘယ်သို့ထတယ်

မနေ့က မေဒီ တယောက် သူများအိမ်ကို လာအော်သွားပါတယ် .. တက်ထားတယ်တဲ့ .. သိချင် အိမ်လာခဲ့တဲ့ .. ဒါနဲ့ ပြေးကြည့်တော့ မနက်ခင်းမှာ ဘယ်လိုအိပ်ရာထလဲတဲ့ .. ဒါနဲ့ သြော် ဒါများခက်တာလိုက်လို့ .. မထချင်ထချင် ကုန်းရုံးထတာပေါ့ .. :P

ကျမအလုပ်က ၈နာရီဆို တက်ပြီလေ .. သွားရတဲ့ခရီးကလည်း ၁နာရီလောက် ကြာပါတယ် .. ဒီတော့ မနက်ဆို ၆နာရီလောက်ထမှ အဆင်ပြေပါတယ် .. ၆နာရီထိုးပြီဆို "သဲရေ ထတော့ .. မနက် ၆နာရီထိုးပြီး ရုံးသွားရမယ်မဟုတ်လား .. မနိုးသေးဘူးလား .. ရုံးနောက်ကျတော့မှာပဲ .." ဆိုတဲ့ မောင့်ဆီက အသံကို ကြားရမယ်များထင်ပါသလား .. မထင်လိုက်ပါနဲ့ .. အဲဒီချိန်မှာ သူက အိပ်ကောင်းတုန်း .. ဖုန်းလှမ်းဆက်ဖို့မပြောနဲ့ ဖုန်းသံကြားရင်တောင် သီချင်းဖွင့်ပြထားတယ်ထင်နေမှာ .. :P

ဒီတော့ တကိုယ်တည်းအပျိုကြီး ကျမဘ၀မှာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာဆိုတဲ့အတိုင်း .. ကိုယ့်အလန်းလေးနဲ့ကိုယ် ထရတော့တာပေါ့ရှင် .. မနက် ၅နာရီခွဲမှာ အတူနေတဲ့ ၀မ်းကွဲအမက ထပါတယ် .. တခါတလေ သူ့အလန်းသံကြားရင် နိုးပါတယ် .. နိုးတယ်ဆိုတာ ထတယ်လို့ မဆိုလိုပါဘူး .. ကျမက သစ္စာရှိတယ် .. :D .. ၆နာရီထမယ်ဆို ၆နာရီထိုးမှကိုထတာ .. အမက အရင် ရေမိုးချိုးနေတဲ့အချိန် ကျမက ဆက်နှပ်နေပါတယ် .. ၆နာရီ အလန်းမြည်ပီဆိုမှ ကိုယ့်အလန်းကိုယ်ပိတ် .. ပြီးနားစွင့်နေသေးတယ် .. အမ ရေချိုးခန်းက ထွက်ပြီလားလို့ .. သူမထွက်သေးပဲ ကျမထတော့ရော ၀င်လို့မှမရသေးတာ .. အချိန်ကို အကျိုးရှိရှိ အသုံးချရမယ်မှတ်လား .. :D

ကျမ နေ့စဉ် နိုးထမှုကတော့ ဒီလောက်ပါပဲ .. သူများတွေလိုနှိုးမယ့်လူမရှိတော့ ကိုယ့်အားကိုယ်ကိုးရတာပေါ့လေ .. ကျမချစ်သူနှိုးတတ်တဲ့ အချိန်တော့ရှိတယ် .. ဘယ်အချိန်လဲဆို သူအိပ်မရသေးတဲ့အချိန်လေ .. ရန်ကုန်မှာ ဘောလုံးပွဲကောင်းလို့ သူမအိပ်ဘူးဆို ညဘက် ဒီမှာ ၁နာရီ ပတ်ဝန်းကျင် ကျမအိပ်ကောင်းနေတဲ့အချိန်ဆို သူနိုးပြီ .. ခေါ်ပြီးဘာပြောတယ်မှတ်လဲ .. "သဲ အိပ်နေတာလား"တဲ့ .. "ဆောရီးနော်တဲ့ .. သတိရလို့ပါတဲ့" :P အဲလိုဆိုတော့လည်း အပြစ်မမြင်ရက်ပါဘူး .. သူသတိရလို့ပဲဆိုပြီး :P (ကြော်ငြာဝင်သူများကို မကျေနပ်၍ ပြန်ကြော်ငြာသည် :P)

ပုံပြင်လေးကတော့ ဒါပါပဲရှင် .. :P
မေဒီရေ ကိုယ်လည်း မေဒီလိုပါပဲ .. ကိုယ့်အားကိုယ်ကိုး ထရပါကြောင်း .. ချစ်လွန်းလို့ ရေးပေးတာ :D
ဆက်ပြီးတော့ ခင်မင်သူများကိုတက်ပါဦးမယ် .. ရေးပေးကြနော် .. ပီအမ် မနောသား သက်ပိုင်သူ မောင်မျိုး မကဗျာ တို့ရဲ့ မနက်ခင်းနိုးထပုံလေးကို သိချင်ပါတယ် .. ရေးပေးကြပါဦး ..




15 comments:

နွေးနွေးသဲမွန် said...

သဲယေး.... စောစောထနော်.. :-P

Welcome said...

ညီမရေ ..

လှပတဲ့ နေ့သစ်တွေရဲ့ မနက်ခင်းတိုင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ ..

(ကြော်ငြာများများ၊ အကြွားပိုပိုလေး ဖတ်သွားပါ၏)
ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ ..

မောင်မျိုး said...

"သဲရေ ထတော့ .. မနက် ၆နာရီထိုးပြီး ရုံးသွားရမယ်မဟုတ်လား .. မနိုးသေးဘူးလား .. ရုံးနောက်ကျတော့မှာပဲ .."

တကယ်မှတ်လို့ ကြည်နူးနေတာ ဟုတ်ဘူးတဲ့ ဒါနဲ့ မိုးခါးက အပျိုကြီးလား နင်တွေငါတွေနဲ့ပြောမိနေတယ်း)

ကျနော်ကတော့ ၈ နာရီထိုးဖို့ 15 မှထတယ် အချိန်ကိုအကျိုးရှိစွာအသုံးချတာ ။

ကဗျာမလေး said...

ပို့စ်ကခုထိဖတ်လို့ ရသေးဘူး ..... ကွန်မန့်အရင်ပေးမယ် ဟိ....။
ဘာရေးထားမှန်းမသိတော့ ဘာမန့်ရမှန်းလဲ သိဝူး... တဂ်ထားတယ်လား ....ရေးရချည်သေးရဲ့..။

thetpaingthu said...

ဟင့်... ဟင့်.. ရက်စက်ပါပေ့....... တော်ပြိ မထဘုး.. ဆက်အိပ်မယ်

မမသီရိ said...

အပျိုကြီး လို့ ပြောလိုက်တာလား ကွယ်..း)

မသက်ဇင် said...

စာဖတ်ချိန်ကများတော့ နေမကောင်းတဲ့ အချိန်ကလွဲရင်
ည ၂နာရီနောက်ပိုင်းမှ အိပ်ရာဝင်ဖြစ်တယ်-----
နံနက်ခင်းစောစော ဘယ်တော့မှ မထနိုင်ခဲ့လို့
နံနက်ခင်းအလှကို မတွေ့ ရတာ ကြာလှပြီ--
အိပ်ယာထချိန် တန်လာပြီဆိုရင်ဖြင့်---
အင်မတန်နူးညံ့သိမ်မွေ့လွန်းသည့် မွေးသမိခင်
ကျေးဇူးရှင် မေမေ ရဲ့ သာယာသောအသံ သဲ့သဲ့လေး
ကို စ တင်ကြးရပြီလေ--မေမေ က ထ တော့လေ လို့
ဘယ်သောအခါမှ မနိုးခဲ့ပါဘူး---
သွာက္ခာတော ဘဂဝတာဓမ္မော
သန္ဒိဌိကော
အကာလိကော
ဧဟိပဿိကော
သြပနေယျိကော
ပစ္စတ္တံ ဝေဒိတဗော ဝိညှုဟိ----
အဲဒီခါ---ကျမ အိပ်ရာက ထပြီ-----

Phyo Maw said...

အင်း နောက်ကျရင်လည်း အပြစ်မြင်မှာ ကြောက်ရသေး
သူက အားကိုးရှိတာကိုး ဆိုတော့...

တိုတိုနဲ့လိုရင်းကို ဒီမှာပဲ ရေးပြမည်
ညဆို ဖုံးကို ကုတင်ဘေးမှာ ထားရသည် မနက် ၆နာရီ ၄၅ ဆိုတာနဲ့ ၅မိနစ်ခြားတစ်ခါ ကောင်မလေး ၄ ယောက်က ဖုံးဆက်နိုးတယ် မနိုးမချင်း ဆက်အိပ်မရဘူးပေါ့။
ကြွားတယ်ထင်လည်း မမမိုးခါးရယ် ကိုယ့်မောင်လေး ပြောတာဆိုပြီး ယုံပေးပေါ့။
ဆရာဖေမြင့် စာအုပ်ထဲကလိုပဲ
မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား မေးခွန်းလို့ပေါ့...
:D ကျေနပ်မယ်ထင်ပါသည်။

mgnge said...

ဟိဟိ...။

အပျိုကြီး များ မြန်မြန် စွံ ပါစေ..ဗျာ...။

အလန်းနဲထတဲ့သူတွေများနေပြီဗျို့ ..။ မလျှို ကြေးနော်..။

မင်္ဂလာ အပေါင်းနဲ့ပြည့်စုံ တဲ့ နေ့ လေး တစ်နေ့ ကို အမြဲ တန်း ပိုင်ဆိုင်နိုင်ပါစေ..။

flowerpoem said...

ညီမလေး မိုးခါး အိပ်ရာထပုံက မိုက်တယ်.. ဟဲ၂ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ၈ ရမယ်လေ မှန်တယ် ညီမလေး ဆက်လုပ်...

မေဒီဇာ said...

ဒီဒီလည်း alarm ကို ထရမယ့် အချိန်ထက် ၅မိနစ်ကြိုပေးထားတာ။ မိုးနဲ့ တူတူပဲ... ခစ်ခစ်ခစ်
ဒီက ချက်ချင်းဆို ထချင်ဘူးရယ်... အိပ်ယာထဲ နှပ်နေရင်း အလုပ်ကို ဒီနေ့ ဘာဝတ်သွားရမလဲ ဘာဟင်းထည့်ရမလဲ တစ်ခါထဲ ကြိုစဉ်းစားထားတာ... အဟဲ... မိုး ပြောသလိုပဲ အချိန်ကို အကျိုးရှိစွာ အသုံးချတာကိုး... ငှဲ ငှဲ ငှဲ

ကောင်လေး said...

မောင် လည်း ပြောသေးတယ် အပျိုကြီးလည်းပြောသေးတယ်..
ဘာလည်းဟင်..ကောင်လေး နာလည်းဝူး..။:-)
နယ်မြေရပ်ခြားမှာ နေသူတွေရဲ့ မနက်နိုးထပုံတွေက ခပ်တူတူတွေဘဲနော်...။

မိုးသောက်ယံ said...

ကျနော်ကတော့ အလမ်းကို သုံးလုံးလောက် ပေးရတယ် ဟီးး ဒိလောက်ဆို ပေါက်တော့ :P

ကိုရဲ said...

အော် သူများတွေကျတော့ နှိုးပေးမဲ့သူနဲ့ နော်လည်းလိုချင်ဒယ် ရှာပေး ဒါပဲဒါပဲ ။ ဟွန့် ဟီဟိ

(ကိုရဲ)

T T Sweet said...

လာဖတ်သွားပါတယ် ... မထချင်ထချင် ကုန်းရုံးထတဲ့ထဲမှာ တို့လဲပါတယ်။ အလုပ်လုပ်တဲ့ ဘ၀မယ် အဲလိုစောစောထပြီး ရေချိုး အလှပြင် လုပ်ရတာ အပျင်းဆုံးပဲ ...

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...