Wednesday, March 4, 2009

ရှုပ်ထွေးနေသောအတွေးများ

အလွမ်းဆိုတာ ဝေးပြီးမှသိနိုင်တဲ့ အရာတစ်ခုပဲ .. ဝေးနေချိန်မှာ ခံနိုင်ရည်ရှိအောင် ကြိုပြီး မလွမ်းတတ်ခဲ့လို့ ခုချိန်မှာ အလေ့အကျင့်မရှိခဲ့ဘူးလေ ..


ဒီလိုသာ အကြာကြီး ခွဲရမယ်မှန်းသိရင် တွေ့ဆုံချိန်တွေကို လက်ရှိထက်ပို တန်ဖိုးထားခဲ့မိမှာပဲ .. ခုချိန်မှာ နောင်တရစရာမရှိပေမယ့် နှမြောနေမိတာ အမှန်ပဲ ..

ချစ်ပြီး လွမ်းရမယ်မှန်း သေချာသိခဲ့ရင် ငါ့စိတ်တွေကို အချိန်ရှိတုန်း ပြုပြင်ခဲ့မိမှာပဲ .. ခုတော့ ငါသိလိုက်တဲ့ချိန်မှာ အနားမနေနိုင်သေးတဲ့မင်းကို ငါလွမ်းနေတတ်ပြီလေ ..

အချစ်ပင်လယ်မှာ အလွမ်းတွေပျော်ဝင်စီးဆင်းနေတယ် .. ငါ့မှာသာအစွမ်းရှိရင် အလွမ်းတွေ ကုန်အောင် ခပ်ထုတ်ပစ်ချင်ရဲ့ ..

အချိန်တွေကို ပြောင်းလဲပြုပြင်နိုင်စွမ်းရှိမယ်ဆိုရင် ကျော်ဖြတ်ရမယ့် အချိန်အတိုင်းအတာကို ငါရစ်ပြစ်ချင်တယ် .. မဟုတ်ရင်လည်း နီးစပ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်တွေမှာ ရပ်တန့်ပြီး အတိတ်မှာပဲ နစ်မြုပ်ချင်တယ် ..

ငါပိုင်ဆိုင်မယ့် ပန်းချီကားတစ်ချပ် သေချာတယ်ဆိုရင် ဘာမှထပ်ပြီး ခြယ်မှုန်းမနေချင်တော့ဘူး .. ဒီပန်းချီကား တန်ဖိုးတက်လာတာနဲ့ အမျှ ငါ့လက်လှမ်းနိုင်တဲ့နေရာထက် ဝေးသွားမှာ ငါကြောက်နေတယ် ..

ငါတွေးပူနေတာတွေ သိပ်များနေပြီထင်တယ် .. တကယ်တော့ နင်နဲ့ ငါ ပိုင်မယ့် ပန်းချီကား အလှပဆုံးဖြစ်ဖို့ မျှော်လင့်ချက်နဲ့ အတူရေးဆွဲလိုက်မယ်နော် ..

စိတ်ကူးယဉ်တာကို ဝေးဝေးရှောင်တဲ့ ငါတစ်ယောက် ခုတော့ စိတ်ကူးထဲမှာ မျှောလွင့်နေတတ်ပြီ ..

9 comments:

ကဗျာမလေး said...

ဘာလို့ရယ်မသိဘူး ဖတ်ပြီး ၀မ်းနည်းလာတယ်... ကောင်း၏။sc

tg.nwai said...

မိုးခါးရေ..ရှုပ်ထွေးနေတဲ့ အတွေးတွေ အမြန်ဆုံးရှင်းလင်းပြီး အလွမ်းတွေနဲ့ ဝေးပါစေ...။

Welcome said...

လာတူနေပြန်ပြီ .. ..

ဖြည်းဖြည်းတွေး
ရေးရေးတော့ နောင်တရမယ်
ဒါပေမယ့် အပျော်နောင်တဖြစ်မှာပါ

ချမ်းမြေ့ပါစေ

သက်ပိုင်သူ said...

အလွမ်းတွေအကြောင်းကို ခပ်လွမ်းလွမ်းလေး ဖတ်သွားပါတယ်

MANORHARY said...

အလွမ်းဆိုတာကိုက ရှိနေချိန်မှာမသိလိုက်ရတဲ့
တန်ဖိုးတွေကို ပြန်လည်မှတ်ကျောက်တင်ပေးတဲ့
ခံစားချက်တစ်မျိုးကိုး...

မောင်မျိုး said...

စိတ်ကူးတွေကလည်း တကယ်ဖြစ်ဖို့ခက်တဲ့လက်တွေ့ ဘ၀တွေအတွက်ဖြေသိမ့်စရာတစ်ခုပါပဲ မိုးခါး ရေ့ ကျနော်တော့ စိတ်ကူးနဲ့ပဲပျော်နေတတ်ပြီးး)


လင့်ပါယူသွားတယ်ခင်ဗျ ပျော်ရွှင်ပါစေ ။

အမရာ said...

အလွမ်းဆိုတာ..တကယ်တော့စည်းစိမ်
တမျိုးပါပဲ..မိုးခါး...ရေ...

မိုးသောက်(ရှမ်းလေး) said...

အတွေးတွေထဲ မျောလွင့်နေတာလား...?

libratun said...

အခုရော....
း)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...