Thursday, March 26, 2009

ကိုယ့်လုပ်ရပ်ကိုယ်စစ်

မနက်က ပီအမ်ရေးထားတဲ့စာကို ဖတ်လိုက်မိတယ် .. ပြီးတော့ ကိုယ့်ရှေ့မှာ မြင်နေ တွေ့နေ ကြားနေရတာတွေနဲ့ ဆက်စပ်မိပြီး အခုစာကို ရေးဖြစ်သွားတယ် ..

ကျမဘ၀တလျှောက်လုံး မွေးဖွားကြီးပြင်းပုံက အထွေအထူးမရှိပါဘူး .. သာမန်မိသားစုတစုကပဲ ပေါက်ပွားလာတာပါ .. ဦးလေး အဒေါ်တွေက ၀န်ထမ်းတွေများပါတယ် .. အမေကိုယ်တိုင်လည်း ၀န်ထမ်းပါပဲ .. ပြီးတော့ ဦးလေး အဒေါ်တွေက လူပျိုကြီး အပျိုကြီးတွေနဲ့ တိုက်မှာ အပေါ်ထပ် အောက်ထပ်နေပါတယ် .. ဒီတော့ နေရထိုင်ရ နည်းနည်းကြပ်တယ်ဆိုပါတော့ .. လွတ်လွတ်လပ်လပ် သိပ်မနေရဘူး .. သူ့အရွယ်နဲ့ သူတော့ ပေးသင့်တဲ့ လွတ်လပ်မှုမျိုးတော့ ပေးပါတယ် .. ဒါက ခုမှ နားလည်လာတာပါ .. ငယ်ငယ်တုန်းကတော့ စိတ်ဆိုးဘူးတယ် .. သူများတွေလို လွတ်လွတ်လပ်လပ် မနေရလို့ ..

ကျမအသက်က အခု ၂၄ ထဲမှာ .. အခုချိန်ထိ မိသားစုနဲ့ မဟုတ်ပဲ သူငယ်ချင်းတွေနဲ့ချည်းပဲ ထွက်တဲ့ ခရီး ၂ခါပဲ သွားဖူးတယ် .. အရင်နှစ်က ဒီဇင်ဘာမှာ ကျိုက်ထီးရိုးတခါတက်ပြီး .. အခုနှစ် တခေါက်ရန်ကုန်ပြန်တုန်းက တခါ ကျိုက်ထီးရိုးတက်တယ် .. ဒါပဲသွားဖူးပါတယ် .. ဒါတောင်မှ ခရီးတိုလို့ပါ .. အင်း .. ရီစရာတော့ဖြစ်နေမလားပဲ .. အသက်က ၂၄ နှစ် အခုလောလောဆည်လည်း သူများနိုင်ငံမှာ အလုပ်လုပ်နေတယ် .. ဒါပေမယ့် ရန်ကုန်ပြန်ရောက်တော့ မြန်မာနိုင်ငံတွင်းခရီးထွက်တာ လိုက်ကန့်သတ်တဲ့မိဘတွေကို တချို့ကတော့ ပိုတယ်လို့ ထင်ကြမယ် .. ဒါပေမယ့် မိဘက မိဘပဲလေ .. မတတ်သာလို့သာ (တနည်း) ရှေ့ရေးအတွက်မို့သာ သူများနိုင်ငံ မလွှတ်ချင်ပဲ လွှတ်လိုက်ရပေမယ့် မျက်စိအောက်ကတော့ အပျောက်မခံချင်ကြတာ မိဘရဲ့ စိတ်ပဲဆိုတာ တဖြည်းဖြည်းနားလည်လာတယ် ..

သားသမီးတွေကို အဝေးမှာထားရလို့ မိဘတွေ အချိန်ပြည့်စိတ်ပူနေမယ်ဆိုတာ သားသမီးတွေအနေနဲ့ သိဖို့ကောင်းတယ် .. မိဝေးဘဝေးမို့ မျက်ကွယ်ရာပဲဆိုပြီး နေချင်သလိုနေတာ .. မသိနိုင်ဘူးထင်ပြီး လုပ်ချင်ရာလုပ်တာတွေက တကယ်တော့ ဘယ်သူ့ကို ထိခိုက်တာလဲ .. သေချာစဉ်းစားကြည့်ရင် ကာယကံရှင်က အထိခိုက်ဆုံးပါ .. သွယ်ဝိုက်ပြီး ထိခိုက်သူတွေကတော့ မိဘနဲ့ ကိုယ့်အသိုင်းအ၀ိုင်းပဲပေါ့ ..

အမေက ပြောဘူးတယ် .. ယောကျားလေးတယောက် ကိုယ့်ကိုချဉ်းကပ်တာခံရပြီဆို ကိုယ့်ကိုယ်အရင်ပြန်ဆန်းစစ်ပါတဲ့ .. ဘာကြောင့် ချဉ်းကပ်သလဲ .. အလွယ်ရမယ်ထင်လို့လား .. တကယ်မြတ်နိုးလို့လား ..

လမ်းဘေးထိုင်ပြီး ပါးစပ်သရမ်းတဲ့လူမျိုးကို ကျမအထင်မကြီးတတ်ပါဘူး .. အဲဒါလည်း မိန်းကလေးတယောက်ကို စော်ကားနည်းတမျိုးပါပဲ .. ဒါပေမယ့် အဲဒီမှာလည်းနှစ်ဖက်ကြည့်ရပါမယ် .. သူဘာလို့ ကိုယ့်ကိုဒီလိုဆက်ဆံလဲ .. ကိုယ့်အနေအထိုင်အပြောအဆိုက စချင်စရာဖြစ်လို့လား .. ဒီလိုဆို သူတို့ကို အပြစ်ပြောလို့မရပါဘူး .. ကိုယ့်အပြစ်ပါ .. သူများစ စရာဖြစ်အောင် နေမိတာကိုး .. ဒီလိုမဟုတ်ဘဲ မိန်းမမြင်သမျှလိုက်စနေတဲ့လူဆိုရင်တော့ တော်တော်အထင်သေးစရာကောင်းပါတယ် ..

စင်ကာပူနိုင်ငံမှာ နေခိုင်ခွင့်အမျိုးမျိုးနဲ့ နေထိုင်ကြတဲ့ မြန်မာတွေ သိန်းဂဏန်းရှိပါတယ် .. ဒီထဲမှာ ကောင်းတဲ့လူရော မကောင်းတဲ့လူပါ ပါပါတယ် .. တချို့လည်း မြန်မာအချင်းချင်း အမြတ်ထုတ်တဲ့လူတွေလည်းတွေ့ရပါတယ် .. တချို့လည်း ပါးစပ်နဲ့ပဲ အသားယူလိုက်ရ ယူလိုက်ရဆိုတာမျိုးလည်း မြင်ဘူးပါတယ် .. တကယ်ဆို ကိုယ်လည်း မြန်မာ သူလည်းမြန်မာ .. ကိုယ့်နိုင်ငံမှာ လုပ်ကိုင်ဖို့ အခွင့်အလမ်းမရှိလို့ သူများနိုင်ငံလာပြီး ဒုက္ခခံရတာပါ .. ဒါတွေကို ကိုယ်တိုင်လည်းခံစားဘူးမှာပါ .. ကိုယ်တွေ့အသိရှိရက်နဲ့ အကူအညီမပေးနိုင်ရင်တောင် စော်ကားတာမျိုးမလုပ်သင့်ပါဘူး .. တတ်နိုင်သလောက် ကာကွယ်ပေးသင့်ပါတယ် ..

မိန်းကလေးတွေအနေနဲ့လည်း လူတဖက်သားက ကိုယ့်ကို အထင်သေးစေမယ့် အပြုအမူအပြောအဆိုမျိုးကို ရှောင်ကြဉ်သင့်ပါတယ် .. သူများကိုပဲ အပြစ်ပြောပြီး ကိုယ့်မျက်ချီးကိုယ်မမြင်တာမျိုးမဖြစ်သင့်ပါဘူး .. လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာပါ .. ကိုယ်က စိတ်လိုလက်ရ လိုက်တီးပြီးမှ အပြစ်ကို သူများပုံချတာလည်း မဖြစ်သင့်ပါဘူး .. ကိုယ်ဟာ မြန်မာမိန်းကလေးဖြစ်တဲ့အတွက် မြန်မာမိန်းကလေးအားလုံးအပေါ် ကိုယ်စားပြုပါတယ် .. ကိုယ့်လုပ်ရပ်ကြောင့် မြန်မာမိန်းကလေးတွေအကုန်လုံး အထင်အမြင်သေးခံရနိုင်တယ် ဆိုတဲ့အတွေးလေးကို ခေါင်းထဲထည့်ထားပြီး ကိုယ့်လုပ်ရပ် ကိုယ်ပြန်စစ်ကြရအောင် ..
 

မှတ်ချက် = စိတ်ထဲရှိသလို ချရေးထားခြင်းဖြစ်ပါသည် ..
အားလုံးကို လေးစားလျှက်


13 comments:

မဆုမွန် said...

ညီမလေး ရေးထားတဲ့ ပို့စ်ကို ဖတ်ပြီး တွေးစရာတွေ အများကြီးဖြစ်လာတယ် ညီမလေး အမေပြောသလို ယောက်ကျားလေးတစ်ယောက်က ကိုယ့်ကို ချဉ်းကပ်ရင် တကယ်မြတ်နိုးလို့လား အလွယ်ရမယ် ထင်လို့လားဆိုတာ သိပ်တန်ဖိုးရှိတယ်။
အထူးသဖြင့် အပြင်ရောက်နေတဲ့ မြန်မာအမျိုးသမီးတွေအနေနဲ့ လွတ်လပ်ပွင့်လင်းရိုးသားခြင်းနဲ့အတူ ကိုယ့်တန်ဖိုးကိုယ်ထိန်းသိမ်းသင့်ပြီးတော့ မြန်မာအမျိုးသားတွေအနေနဲ့လည်း နှမချင်းစာနာတဲ့စိတ်နဲ့ စောင့်ရှောက်ဖို့လည်း လိုပါတယ်။

Welcome said...

ကိုဖြိုးမော်ဆီက ဖတ်ပြီးမှ ဇာတ်ရည်လည်ပါတယ်။
တိုးတက်လာတဲ့ နည်းပညာနဲ့ စက်ပစ္စည်းကို
နေရာလွဲ၊ အတွေးလွဲစွာနဲ့ သုံးတာကြောင့်
မဖြစ်သင့်တဲ့ အလွဲလေးတွေပေါ့နော်။
နောက် လက်တည့်စမ်းချင်တာလဲ ပါပါမယ်။
(ငါလုပ်နိုင်တယ်)ဆိုတဲ့ လွဲတဲ့ အယူမှားကြောင့် ဒီလို မဖွယ်မရာတွေ တွေ့ရတာပါ။ ခုဆို
မြန်မာမလေးတွေရဲ့ မမြင်မကြည့်အပ်တဲ့
(ကာယကံရှင် မသိပါဘဲ) ခိုးရိုက်ခံရတဲ့ မပေါ့တပေါ် ပုံတွေ၊ movie တွေ အများကြီးပါ။
ကျွန်တော့်ဆီမှာတောင် DVD တစ်ခွေစာ ရှိတယ်။
ဒီနေရာမှာ အကြံပေးချင်တာက
ရိုးသားတဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ်ရဲ့ သာယာမှု၊ ပျော်ရွှင်မှု ခင်မင်မှုတစ်ခုတည်းနဲ့ ဘယ်ယောက်ျားကိုမှ အားမနာသင့်၊ မယုံကြည်သင့်ကြောင်း ပြောချင်ပါတယ်။
(အတွေးများလွဲခဲ့ရင် အိမ်ကို လာရိုက်နိုင်ပါတယ်)

ခင်မင်လျက်
ဝင်းဇော်

ဘာတွေတုန်း said...

မှတ်သားစရာလေးတွေပါပဲ..
စင်ကာပူမှာ အဲ့လို ပါးစပ်နဲ့ အသားယူတတ်တဲ့ ရွှေတွေတော့ မြင်ဖူးတယ်။ တိုင်းတပါးမှာ ကိုယ့်မြန်မာအချင်းချင်း စောင့်ရှောက်ရမဲ့အစား အဲ့လို အမြတ်ထုတ်တာမျိုးတော့ တကယ်စိတ်ပျက်ဖို့ ကောင်းပါတယ်။

pandora said...

ဒီပို့စ်ကို ဖတ်ပြီးတော့ ဟိုဘက်က ပို့စ်ကို သွားဖတ် ။ ပြီးတော့မှ မှတ်ချက် ပြန်ရေးပါတယ်။
တော်တော်ဆိုးပါတယ်။ ဒါဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာကို ပြောင်းလဲလာတဲ့ ပြဿနာလို့ ထင်မိတယ်။ တန်ဖိုးထားမှု လေးစားမှုတွေ ရှိကြစေချင်ပါတယ်။

Phyo Maw said...

လာဖတ်ပါသည်။ အတွေးများလည်း ရပါသည်။ =]

GreenGirl said...

အတွေးတွေ အများကြီးနဲ့ ပြန်သွားတယ် မိုးခါးရေ

မေဒီဇာ said...

မိုးရေ... တိုက်ဆိုင်တယ် ဆိုရမလား။ ဒို့ဆီကိုသာ လာခဲ့ပါဦး။ ပြစရာ ရှိတယ်။

လင်းဒီပ said...

အပေါ်က လူတွေပြောသွားတဲ့ အတိုင်းပါပဲ
မြင်နေတွေ့နေရတာတွေက စိတ်မကောင်းစရာ
တိုးတက်လာမှုတွေကို နေရာမှန်မှန် စိတ်ဓာတ်မြင့်မြင့် သုံးကြမယ် ဆိုရင် ဝမ်းသာစရာပါ..။

ကောင်လေး said...

ဟုတ်ပါတယ်..အဲလိုမျိုးတွေကို အထူးသဖြင့် အာရှဘက်တွေမှာ အရမ်းများပါတယ်..။
ဥရောပက လူမျိုးတွေမှာအဲလိုမျိုး မရှိသလောက်ဘဲ..။အဲဒါဘာကြောင့်လဲ ဆိုတာကို တော့မပြောတတ်ဘူး..။လူနေမှု အဆင့်အတန်းကြောင့်လား.. တော့မသိဘူးနော်..။
အတိအကျတော့မခန့်မှန်တတ်ဘူး။
အရမ်းကို ကောင်းတဲ့ပို့စ်လေးပါဘဲဗျာ..။

သီဟသစ် said...

မိုးခါးရေ
ယောက်ျားလေးဖက်ကရော မိန်းကလေးဖက်ကရော ဆင်ခြင်သင့်တာတွေ ဖတ်သွားတယ်။

မြစ်ကျိုးအင်း said...

မိမိကိုယ်ကို တာဝန်ယူနိင်ကြပါစေ

မမသီရိ said...

မိုးခါးလေးရေ.. အတွေးလေးရော တင်ပြပုံလေး ပါ ကောင်းတယ်
အမှန်ပါပဲ.. လက်ခုပ်က တဖတ်ထဲ တီးလို့ မမြည် နိုင်ပါဘူး
မိန်းကလေးတွေက.. ကိုယ့်ကိုကိုယ် သတိတမံဥာဏ်မြေကတုတ် ချွန်းနဲ့ အုပ်သလို.. ယောင်္ကျားလေးတွေ ကလဲ အမေ ချင်း နှမချင်း ကိုယ် ချင်းစာတရား ထားသင့်ကြတာပေါ့

ဏီ(န်)ကင်း said...

တန်ဖိုးရှိတဲ့စာပါအမရေ....ဒီကမိန်းခလေးတွေကို အောက်ဆုံးအပိုဒ်လေးကိုဖတ်ပြချင်မိတယ်...

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...