Friday, March 27, 2009

မလိုအပ်တော့တဲ့ ဒေါသ

ခုနောက်ပိုင်း စကားတခွန်းပြောတော့မယ်ဆို တော်တော်လေးကိုစဉ်းစားပြီးမှ ပြောတတ်လာတယ် .. ဒါပေမယ့် စိတ်ထဲကပြောချင်နေတာ မပြောရတော့ တနုံ့နုံ့နဲ့တော့ ခံစားရတယ် ..

စကားနဲ့ရန်စဲဆိုတဲ့စကားက တော်တော်မှန်ပါတယ် .. လူတွေ တော်တော်များများကလည်း မပြောပဲ ငြိမ်ခံနေရင် တော်တော်သဘောကျတတ်ကြတယ် .. အဲဒီလူ့သဘောတွေကို သိလာမြင်လာရရင်လည်း တော်တော်စိတ်ညစ်မိတယ် .. ခုလည်း စိတ်ညစ်စရာတခုကြုံရပြန်ပြီ ..


နောင်တ မရချင်ခဲ့ဘူး
ကိုယ်ပြောချင်တာတွေ မပြောလိုက်ရလို့
မပြောချင်ပေမယ့် ပြောထွက်သွားလို့

ဘယ်အရာမဆို အစကပြန်စလို့ရနိုင်ပါ့မလား
ဖြစ်ပြီးခဲ့တဲ့ ဖြစ်ရပ်အတွက်
ဘယ်သူ့လက်ညှိုးထိုးရမလဲ
ပြန်ကြည့်မိတော့
ငါ့ကိုယ်ငါ ပြန်ထိုးမိရက်သားပါလား

အရာအားလုံး ပြုပြင်ရင် အကောင်းအတိုင်းပြန်ဖြစ်သတဲ့လား
မထင်ပါဘူး
မြင်ရမှ ဒဏ်ရာမဟုတ်ဘူးလေ
မမြင်နိုင်ပေမယ့် စိတ်ထဲတနုံ့နုံ့ခံစားရတာ
ရင်ထဲက ဒဏ်ရာကို ဘယ်သူသိနိုင်မလဲ

အရာရာကို မေ့နိုင်တဲ့အချိန်
ဒဏ်ရာတွေလည်း အလိုလိုပျောက်ပါလိမ့်မယ်
လုပ်ယူနေစရာမလိုလောက်အောင်ပဲ
ကုစားပေးမယ့် အချိန်ရှိတယ်

တခုတော့ကျေနပ်မိတယ်
ဘာစကားတခွန်းမှပြောမထွက်ခဲ့တာကို
ဘာမှသူတပါးအပေါ် မနာကျင်စေခဲ့လို့
ငါမပြောခဲ့တာကပဲ
သူ့အတွက် နာကျင်စရာဖြစ်ခဲ့ရင်
စိတ်မကောင်းပါဘူး

ငါမလွန်ဘူးထင်ပါတယ်

ဝမ်းနည်းစရာတခုကတော့
သူ ငါ့အပေါ်နားမလည်ခဲ့ဘူး


ကျမစိတ်ကို နာကျင်စေတဲ့ ညီမလေးတယောက်ရှိခဲ့ဘူးတယ် .. ရှိခဲ့ဘူးတယ်ဆိုတော့ ခုမရှိတော့ဘူးပေါ့ .. ?????????




7 comments:

နွေးနွေးသဲမွန် said...

အဲ..တမီး ပါဘူးနော်...

ကြယ်ပြာ said...

ညီမလေး မိုးခါးရေ ...
လူတွေက ပြန်မပြောရင် သဘောကျတယ်ဆိုတာ တကယ်ပဲ ... အစ်မလဲ ဒီလိုခံစားဖူးလို့ ကိုယ်ချင်းစာပါတယ် ... ကိုယ်ကထိန်းချုပ်ထားပြီးမပြောတာထက် ... စိတ်ထဲမရှိလို့ကိုမပြောတာဆိုရင် ပိုနေသာမယ်ထင်တယ်နော် ...

ဘာတွေတုန်း said...

ဟုတ်ပါတယ် မမရယ်။ စကားနည်းရင် ရန်စဲတယ်။ ညီမဆို စိတ်တိုတုန်း ပြောမိတဲ့ စကားတွေက အမြဲ အမှားတွေ ဖြစ်နေတတ်တယ်။စိတ်ထဲတကယ်ပါလို့ ပြောလိုက်တာလည်း မဟုတ်ဘူး။ ခုနောက်ပိုင်းတော့ ကိုယ့်စိတ်ကိုယ် ထိန်းထားတယ်။ တော်တော်နဲ့ ဘာမှ မပြောတော့ဘူး။

ကောင်လေး said...

ကောင်လေးဆိုရင် ဘာမှကိုပြောတော့ဘူး.. ဒေါသဆိုတာ ကိုယ့်ကိုယ်ကို ပူလောင်စေတယ်ဗျ..။ ကောင်းဘူး.. ကိုယ့်ကိုယ်ကို အေးအေးချမ်းချမ်းလေးဘဲ နေချင်တယ် နော်..။ ဟုတ်ဘူးလား မိုးခါး.။

ရွှေပြည်သူ said...

“စကားနဲ့ရန်စဲဆိုတဲ့စကားက တော်တော်မှန်ပါတယ် .. လူတွေ တော်တော်များများကလည်း မပြောပဲ ငြိမ်ခံနေရင် တော်တော်သဘောကျတတ်ကြတယ်” ဟုတ်တယ် ညီမလေးရေ... တခါတခါ မခံနိုင်လို့ ပြန်ပြောမိတော့လည်း လူဆိုးဖြစ်ရပြန်ရော... ဥပက္ခာပဲ ပြုနိုင်အောင်ပဲ ကိုးစားကြရမှာပေါ့လေ...

ရွာသားလေးဝိုင်တီယူ said...

?????တွေ သိပ်ကြိုက်တယ်ထင်တယ်။ :P ဆီပုံးမတွေ့လို့ ကော့မန့်ထဲလာအော်သွားပါတယ်ဗျာ။ လင့်ထားတဲ့အတွက် ကျေးဇူးပါခင်ဗျာ

မိုးသောက်(ရှမ်းလေး) said...

အင်း....
ဟုတ်တယ်...
စကား.. စကား.....
စ... ကား.......

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...