Sunday, January 10, 2010

စိတ်ကူး မျှော်လင့်ချက်

ကျောင်းတက်တုန်းက စိတ်ကူးထဲမှာတော့ ကိုယ်ပိုင်စီးပွားရေးလည်း လုပ်တယ် .. သီချင်းလည်း ဆိုတယ် .. ခြံကျယ်ကျယ်မှာ ကော်ဖီတို့ သီဟိုဋ်တို့လည်း စိုက်ချင်တယ် .. ဦးလေးတွေ ဘကြီးတွေက မြစ်ကြီးနားဘက်မှာ ခြံရှိခဲ့ဘူးတော့ ကိုယ်လည်း ရောက်ဖူးရင်း အဲလို အပင်စိုက်တာမျိုးကိုပါ သဘောကျခဲ့တာ .. လုပ်ချင်တဲ့ စိတ်ကူးမိတဲ့ အလုပ်တွေကတော့ အားကြီးပဲ .. နိုင်ငံခြားဆိုလည်း သွားချင်တာပဲ .. ရုပ်ရှင်တွေထဲက ယူနီဖောင်းနဲ့ ဒေါက်ဖိနပ် တဂွပ်ဂွပ်သွားနေတဲ့ မင်းသမီးတွေကို အားကျတာပေါ့ .. ဆံထုံးလေးလည်း ထုံးပြီး :P

ခု လက်ရှိမှာတော့ ဆံထုံးလည်း မပါ(ဂတုံးလည်း မဟုတ်ပါ :P) .. ယူနီဖောင်းလည်း မ၀တ်ရ .. ဒေါက်ဖိနပ်လည်း မစီးနိုင်တဲ့ ဘ၀ပါ .. ဆောက်လုပ်ရေးလုပ်ငန်းဆိုတော့ ဆိုက်ထဲဆင်းတဲ့အခါ အင်္ကျီ အဖြူတောင် မဲတယ်လေ ..

ငယ်ငယ်တုန်းက ဖြစ်ချင်တာတော့ အင်ဂျင်နီယာပါ .. တကယ်တမ်းရတဲ့ ဘွဲ့ကတော့ အီကို .. တနင်္ဂနွေနာမ်တော့ တနင်္ဂနွေနာမ်ပဲ .. :D

ကံတရားကတော့ ခုချိန်ထိ မဆိုးသေးဘူးလို့ ပြောနိုင်ပါတယ် .. ဖြစ်ချင်တာလေးတွေ သူ့လမ်းကြောင်းလေးနဲ့ သူ ဖြစ်ဖြစ်လာတတ်ပါတယ် ..

နောက် ၅ နှစ် .. ဖြစ်ချင်တာတွေ လုပ်ချင်တာတွေကတော့ အချိန်နဲ့ အမျှ ဖြစ်နေတာပါပဲ .. ပြောင်းလဲ နေတာပါပဲ .. :D နောက် ၅ နှစ်မှာ ဖြစ်နေချင်တာလေးတွေကတော့ ..

- ပီအာတော့ ဖြစ်နေလောက်ပြီ ထင်ရတာပါပဲ ..း)) ပီအာဖြစ်ပြီးရင်တော့ ရန်ကုန်မှာ ဖြစ်ဖြစ် ရန်ကုန်နဲ့ စလုံးဖြစ်ဖြစ် လုပ်ငန်းလေး တခုလောက်တော့ လုပ်ချင်တယ် .. သိပ်တော့ မလွယ်ပါဘူး .. ဖြစ်နိုင်ရင်ပေါ့ ..
- မြန်မာနိုင်ငံမှာ ခြံလေးတခြံနဲ့ နှစ်ရှည်ပင်တွေ စိုက်ချင်တယ် .. မေမြို့လို အေးတဲ့နေရာမျိုးမှာ ပန်းပင်တွေ စိုက်ချင်တယ် ..
- မမ၀ါလိုပဲ ကော်ဖီဆိုင် ကောင်းကောင်း သန့်သန့်လေး တခု ဖွင့်ချင်တယ် ..
- ကလေးတွေ ထိန်းတဲ့ ကျောင်းမျိုးလည်း အဆင့်မြင့်မြင့်လေး ဖွင့်နိုင်ရင်ကောင်းမယ် ..
- ဘိုးဘွားရိပ်သာလိုမျိုး သက်ကြီး ရွယ်အိုတွေကို ပြုစုပေးနိုင်မယ့် နေရာတခုလောက်လည်း လုပ်ပေးနိုင်ချင်တယ် .. (ဒါကတော့ စီးပွားရေး မဟုတ်ပဲ လုပ်ချင်တာမျိုးပါ .. ကြိုးစားရင်တောင် နှစ်တွေ အများကြီး စောင့်ရလောက်တယ် .. မလွယ်ဘူး ..)

တနေရာတည်းမှာ ကြာကြာ မနေနိုင် မနေချင်တဲ့ စိတ်ကြောင့် အနည်းဆုံး နယ်နဲ့ ရန်ကုန်လိုမျိုး စလုံးနဲ့ ရန်ကုန်လိုမျိုး ဟိုကူး ဒီသန်း လုပ်လို့ရမယ့် အလုပ်လေးတွေ လုပ်ချင်တယ် .. စလုံးမှာ C ဖြစ်ဖို့တော့ ဒီတသက် စိတ်ကူးမိမှာ မဟုတ်ပါဘူး .. တခြားနိုင်ငံလည်း သွားချင်စိတ် မရှိဘူး .. တကယ်လို့ မျှော်လင့်သလို လုပ်ကိုင်စားနိုင်မယ် ဆိုရင်ပေါ့ ..

အလုပ်ကတော့ မသေမချင်း လုပ်နေရမယ် .. ပိုက်ဆံကလည်း မသေမချင်း လိုအပ်နေမယ် .. ဒါကြောင့် အလုပ် မလုပ်ချင်လည်း လုပ် လုပ်ချင်လည်း လုပ်နေရဦးမှာပါပဲ ..

နောက် ၅ နှစ်မှာ အိမ်ထောင် ကျနေနိုင်လား .. နောက် ၅ နှစ်ဆို မိုးခါး အသက်က ၃၀ လောက် ဖြစ်နေပြီ .. အရင်က စိတ်ကူးထဲမှာတော့ အသက် ၂၈-၂၉ လောက်ဆို အိမ်ထောင်သာ ပြုစရာ ရှိနေမယ်ဆိုရင် ပြုမယ်ပေါ့ .. အကယ်၍ ၃၀ ကျော်တဲ့ အထိ အိမ်ထောင်မပြုဖြစ်ရင် မပြုတော့ဘူးလို့ စိတ်ကူးထားတာပဲ .. ကံတရားကတော့ ခြွင်းချက်ပေါ့ ..

ကိုယ် လက်ထပ်မယ့်သူက ကိုယ့်အပေါ်ကို တသက်လုံး တန်ဖိုးထား မြတ်နိုးပြီး သစ္စာရှိရှိနဲ့ ပေါင်းသင်းသွားစေချင်တယ် .. (အချစ် ဆိုတာထက် သံယောဇဉ်နဲ့တည်ဆောက်ချင်တယ် .. ချစ်လည်း ချစ်စေချင်ပါတယ် .. :D) ကိုယ့်အပေါ်ကို ဦးဆောင်ဦးရွက် ပြုနိုင်မယ့်သူ ဖြစ်စေချင်တယ် .. (တကယ်တန်းတော့ ကိုယ်တိုင်က နောက်လိုက် လုပ်ချင်စိတ် မရှိဘူး .. ဒါပေမယ့် သူ့ကို ကိုယ့်ထက် ရှေ့မှာ ရောက်နေစေချင်တယ် .. သူ့အတွက် ကိုယ်က ပါရမီ ဖြည့်ဖက်ကောင်းတယောက် ဖြစ်ချင်မိတယ် ..) ကိုယ့်ထက် အသက်ကြီးစေချင်တယ် .. ချောတာ မချောတာထက် ကြည့်လိုက်ရင် ကြည်လင်နေတဲ့ မျက်နှာမျိုးကို သဘောကျတယ် .. တည်တည် ကြည်ကြည် ရှိစေချင်တယ် .. (တစိမ်း မိန်းကလေးတွေနဲ့ လက်ပုတ် ခေါင်းပုတ် နေတတ်တဲ့သူမျိုးကို မုန်းပါတယ် ..) တပါးသူအပေါ်ကို ကိုယ်ချင်းစာ ကြင်နာတတ်တဲ့သူမျိုး ဖြစ်စေချင်တယ် .. မိသားစုအပေါ် သံယောဇဉ်ထားတတ်တဲ့သူမျိုး တာဝန်ယူတတ် တာဝန်ကျေတတ်တဲ့ သူမျိုး ဖြစ်စေချင်တယ် .. ပျော်ပျော်နေတတ်တဲ့ အကျင့် ရှိစေချင်တယ် .. (အပျော်ရှာတာမျိုးမဟုတ်ပဲ မိသားနဲ့ ပျော်တာမျိုးပါ ..) သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်ရမယ် .. (ညစ်တီးညစ်ပတ်ပုံပေါက်နေရင် အမြင်ကတ်ပါတယ် .. :D) အတ္တရှိသင့်သလောက် ရှိပြီး အတ္တတော့ မကြီးစေချင်ပါဘူး .. လောဘ ရှိသင့်သလောက် ရှိပြီး လောဘ မကြီးစေချင်ပါဘူး .. မာန ရှိသင့်သလောက် ရှိပြီး မာန မကြီးစေချင်ပါဘူး .. တယောက်ကို တယောက် နားလည် ဖေးမပေးတတ်တဲ့သူမျိုးနဲ့ ဆုံချင်ပါတယ် .. ယုံကြည် ကိုးကွယ်တဲ့ ဘာသာ တူချင်ပါတယ် .. (စဉ်းစားလေ စဉ်းစားလေ လိုချင်တဲ့အချက်တွေက ပိုများလေ .. အိမ်ထောင်ကျဖို့လည်း ပိုဝေးလေ ဖြစ်ပါတော့မယ် .. :D အပျိုကြီး ဖြစ်သွားရင် မမ၀ါကြောင့်ပဲ :P)

မိုးခါးက သိပ်ဇီဇာကြောင်တယ် .. ငယ်ငယ်က ပိုဆိုးသေးတယ် .. ကော်ဖီဆို ကိုယ့်ခွက်နဲ့ ကိုယ်မှ သောက်တာမျိုး .. ကိုယ့်ပစ္စည်းကို သူတပါး သုံးရင် မကြိုက်တာမျိုး အစုံပါပဲ .. အရမ်းကို ဇီဇာကြောင်ပါတယ် .. ခုလည်း ဇီဇာကြောင်ကြောင်နဲ့ပဲ လိုချင်တဲ့ပုံစံကို ရေးလိုက်ပါတယ် .. ရှိတော့ ရှိမယ် ရှားမယ် .. :D ကိုယ်နဲ့လည်း တွေ့ဦးမှကိုး ..

ကံတရားကို ကြိုမမြင်နိုင်လို့ ကိုယ်လုပ်သင့်တာကို လုပ်နိုင်တဲ့ အချိန်မှာ အကောင်းဆုံးဖြစ်အောင် လုပ်သွားရုံပါပဲ .. နောင်တ ကင်းကင်းနဲ့ ရှင်သန်သွားချင်တယ် .. အများကြီး မတန်တဆ မမျှော်လင့်သလို ဖြစ်သင့်တာလေးတော့ ဖြစ်အောင် ကြိုးစားသွားရ မှာပါပဲ ..

လူတိုင်းက ကံကောင်းခြင်းကိုပဲ လိုလားတတ်ကြပါတယ် .. ကံကောင်းအောင် ကိုယ်တိုင် ကောင်းနေနိုင်ဖို့ ကြိုးစားပါဦးမယ် .. မျှော်လင့်ခြင်းတွေ တသီတတန်းနဲ့ ရှေ့လာမယ့် ခရီးကို လျှောက်ပါဦးမယ် .. ခွဲခွာခြင်း မှတ်တိုင်နဲ့ ဆုံတွေ့ခြင်း မှတ်တိုင်ပေါင်း များစွာကိုလည်း ဖြတ်သန်းပါဦးမယ် .. ခရီးဆုံးတဲ့အထိ လက်တွဲ လိုက်ပါနိုင်မယ့် အဖော်မွန်ကောင်းတဦးနဲ့တော့ ဆုံတွေ့ချင်ပါတယ် .. (ခု လောလောဆယ်မှာတော့ ရာခိုင်နှုန်းကတော့ ၅၀% ပါပဲ) ကိုယ်တိုင်လည်း အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားပါမယ် ..

မမ၀ါအတွက် ညီမစိတ်ကူးလေးတွေကို ချရေးလိုက်ပါတယ် .. မမ၀ါလို ပျော်ရွှင် အောင်မြင်တဲ့ မိသားစုလေး ပိုင်ဆိုင်နိုင်ရင်တော့ ကောင်းမှာပဲ ..း)) မမ၀ါလည်း ဘ၀ တလျှောက်လုံး ဒီမိသားစုလေးနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားနိုင်ပါစေ .. ပျော်ရွှင်မယ်လို့လည်း ယုံကြည်ပါတယ် ..း))

31 comments:

Sein Lyan Tun said...

ပြုံးသွားပါတယ်.. ညီမလေး...

ပြီးတော့

ဆုတောင်းသွားပါတယ်..

ငါညီမ လိုချင်တဲ့ အရည်ချင်းပြည့်စုံတဲ့သူနဲ့ နောင်လာမည့် အနာဂတ်မှာ လက်ဆက်နိုင်ပါစေလို့...

ဇီဇာကြောင်တာခြင်းတော့ တူတယ်..

ဒါကြောင့်လဲ ခုထိ...း)))


ချစ်ခင်စွာဖြင့်

ကိုဖိုးစိန်

kiki said...

ဖြစ်ချင်တာတွေ ဖြစ်စေသတည်းးးးးး

( တမျိုးထဲသာ ဖြစ်ရမယ် ဆိုရင်တော့ ဒွတ်ခ ပါပဲ .... အဟိ )

ဆောင်းချမ်းမိုး said...

ကိုယ်လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို
လုပ်ကိုင်နိုင်ပြီး အောင်မြင်သောဘ၀ကိုတည်ဆောက်နိုင်ပါစေ..
လိုချင်တဲ့ပုံစံလေးလဲ အသက်သုံးဆယ်မကျော်ခင်
ရပါစေဗျာ..
လက်တွဲဖော်လေးနဲ့လည်း ခရီးတွေကို ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေလို့..

မြတ်မွန် said...

လိုအင်ဆန္ဒများ အပျိုကြီး မဖြစ်ဘဲ ရပါစေ......မိုးခါးရေ.....။

ကောင်းကင်ပြာ said...

လိုချင်တဲ့ ဘ၀လေး တည်ထောင်ပြီးရင် မမ လို ခြံစိုက်ဖို့ စီစဉ်ပေးမယ် နော်...

ဆန္ဒ နဲ့ ဘ၀ တွေ တထပ်တည်းကျစေချင်ပါတယ်...

အဖြူရောင်နတ်သမီး said...

အပျိုကြီးတော့ မလုပ်ပါနဲ့...ကောင်းဘူး...
အထီးကျန်ဘဝကြီးကို မရွေးစမ်းပါနဲ့ ညီမလေးရေ...
ညီမလေးရဲ့ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေနော်....

Mogok Thar said...

ညီမလေး မိုးခါးရေ...

ဘ၀စိတ်ကူးအိမ်မက်တွေအားလုံး လက်တွေပမှာ ဖြစ်လာနိုင်စေဖို့ ဆန္ဒပြုသွားပါတယ်။

အကိုတော်တော့ ညီမလေး မုန်းတဲ့သူ စာရင်းထဲ အော်တို ပါသွားဘီ.......။

;-P

ခင်မင်စွာဖြင့်

တောင်ပေါ်သား said...

Oh! God :) များလိုက်တဲ့ အချက်တွေ အဟေးးး

ဘ၀မှာ တကယ်ချစ်တဲ့လူနဲ့ အဆင်ပြေ တသက်လုံး ပေါင်းသင်းပြီး ကလေးများစွာနဲ့ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်...


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အင်း.. ကိုယ့်ထက်အသက်ကြီးရမယ်ဆိုတဲ့ တစ်ချက်နဲ့ပဲ ကျွန်တော်တော့ပြုတ်ပါပြီ.. ဟိဟိ... ကျန်တာတွေတော့ ကိုက်တယ်ထင်တာပဲ.. ဟိဟိ... နောက်တာ.. နေပါဦး.. အဲလောက်သာ စည်းကမ်းချက်တွေများနေရင် တောသာထွက်တော့... ဆိုရိုးရှိတယ်.. အိမ်ထောင်ပြုဖို့ ချေးများတဲ့သူကတဲ့ ရချင်တာနဲ့ ရတာတဲ့ဗျား.. ချေးမများနဲ့ ဟုတ်ပြီလား...း)))

ခင်တဲ့
ဂျပန်ကောင်လေး

ပုံ့မေ said...

ဟီးးးးးး များလိုက်တဲ့အချက်တွေ....

ငါလဲ ရေးရဦးမယ်

Anonymous said...

နောက် ငါးနှစ် ပီအာတော့ ဖြစ်မှာပါ နင်က ကံကောင်း တတ်တဲ့သူပဲ . . . . ရန်ကုန်နဲ့ စလုံးကူးချီသန်းချီ အလုပ် ဖြစ်နိုင်တာပဲ ဒါလဲ

ခြံလေးတစ်ခြံတဲ့ သိပ်မများပါဘူး သူငယ်ချင်းရယ် တစ်ခြံကို တစ်ထောင်ကျော်ကျော်လေးပါပဲ ဟဲဟဲ

ကော်ဖီဆိုင် သန့်သန့်လေး အယ် အဲဒီ အိုင်ဒီယာလေး မဆိုးဘူး ငါ ရှယ်ယာ ၀င်မယ် လုပ်မလား . .

ကလေးထိန်းကျောင်း နင့်လို စိတ်မရှည်တဲ့ သူက ကလေးထိန်းကျောင်းဖွင့်မယ်တဲ့ အင်း ငါတော့ ရင်လေးတယ် ကလေးတွေ ထိပ် ပရုတ်ဆီလိမ်းဖို့ ငါလာခဲ့မယ် ဟိဟိ . . .

ဘိုးဘွားရိပ်သာ အဲဒီ စဉ်းစားမှုလေးကိုတော့ ငါလေးစားတယ် အရမ်း ကြည်နှုးဖို့ကောင်းတဲ့ လုပ်ဆောင်ချက်လေးပါပဲ . . . .

နင့်ခြေထောက် ဗွေပါတယ်ထင်တယ် တစ်ချိန်ကုန်သွားနေရတဲ့ အလုပ်ကို တမ်းတရတယ်လို့ဟာ . . . .

နင် လက်ထပ်မယ့်သူ တစ်နေ့ တွေ့လာမှာပါ ဒါပေမဲ့ သိပ်တော့ မစဉ်းစားနဲ့ သူငယ်ချင်း ဆံပင်ဖြူမယ် . . . . .

နင်ဇီဇာကြောင်တာလောက်ကတော့ ပါးပါးလေး . . . နင်ထက်ကြောင်တဲ့သူတွေ အခုမှ ငါတွေ့နေတယ် . . . . နင်က ဇီဇာကြောင်တာ မဟုတ်ပါဘူးဟာ . . . စိတ်ကိုက နည်းနည်းလေး မကောင်းတာ ဟုတ်တယ်နော့ သူငယ်ချင်း ဟီးဟီး . . .

ဟုတ်တယ် အားလုံးဟာ ခွဲခွာခြင်း မှတ်တိုင်နဲ့ ဆုံတွေ့ခြင်း မှတ်တိုင်များစွာ ဖြတ်သန်းရဦးမှာပေါ့ . . . .


အယ် အောက်ဆုံးရောက်မှဖတ်ဖြစ်တယ် မမ၀ါ တဂ် ရေးတာကိုး . . . ဘယ်မလဲ ငါ့တဂ် လာထား

ရေး . . . မရေးရင် ငါလာလာအော်မှာနော် . . .

ဟားဟား အလကားစတာပါ နင်မအားမှန်း ငါသိတယ် သူငယ်ချင်း ( မသိချင်ဟန်ဆောင်တာ ) . . . ဒီတော့ အားမှရေး ငါက အရေးမကြီးဘူး . . ဟုတ်ပြီးလား . . . .


ခင်မင်စွာဖြင့်
ဗညား

ညလင်းအိမ် said...

ကိုယ့်စိတ်ကူးနဲ့ကိုယ် ကောင်းပါ၏...
ဖြစ်ချင်တာတွေ ဖြစ်ရစေသတည်း ...း))

ဧပရယ်လ်ပူး@ပူးတေ said...

အရင်က စိတ်ကူးထဲမှာတော့ အသက် ၂၈-၂၉ လောက်ဆို အိမ်ထောင်သာ ပြုစရာ ရှိနေမယ်ဆိုရင် ပြုမယ်ပေါ့ .. အကယ်၍ ၃၀ ကျော်တဲ့ အထိ အိမ်ထောင်မပြုဖြစ်ရင် မပြုတော့ဘူးလို့ စိတ်ကူးထားတာပဲ

မိုးခါးရေ တူတယ်ဝေ့။ ပူးတေလဲ ဒီစကားမျိုး အိမ်ကို အမြဲပြောခဲ့တာ။ ဒါကြောင့်ထင်ပ။ အိမ်က ပူးတေ အသက် ၃၀ မပြည့်ခင် မြန်မြန်ယူခိုင်းတာ အရမ်းပဲ။ တသက်လုံး ပူးတေဒဏ်ကို ခံကြရမှာကြောက်ကြတယ် ထင်တယ်။ :D ခုတော့ တူတို့ပျော်နေလောက်ပီ....

ဇွန်မိုးစက် said...

မိုးခါး အပျိုကြီးလုပ်ဖြစ်ရင် အထီးကျန်မှာ မပူနဲ့၊ မဇွန်တစ်ယောက်လုံးရှိတယ်။ ;) ငါ့ညီမလေး ဆန္ဒနဲ့ဘဝကို အချိုးညီညီ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ပါစေကွယ်။

ဆန္ဒမွန်များစွာနဲ့
ွဇွန်မိုးစက်

noblemoe said...

ညီမလေးဇီဇာကြောင်တာတော့ အမနဲ့ တူတယ်အမ
လည်းညီမလေးနဲ့ ဇရိုက်လေးတွေတော်တော်တူတယ်
ကော်ဖီခွက်သီးသန့် ထားတာကစလို့ ပေါ့ ဒါပေမဲ့ ခု
တော့ အဲဒီအကျင့် တစ်ချို့ မရှိတော့ပါဖူးအကုန်တော့ 
မဟုတ်ဖူးပေါ့ ။ညီမလေးရည်မှန်းတဲ့ သူနဲ့ တွေဆုံပြီး
သာယာချမ်းမြေ့ တဲ့ ဘ၀ကိုပိုင်ဆိုင်ပါစေနော်

Welcome said...

Tag ပို့စ်လေး လာဖတ်ပါတယ်
လူတစ်ကိုယ် စိတ်တစ်ခုမို့
လိုအင်နဲ့ ဆန္ဒတွေ စုံစုံပြည့်ဝပါစေ

ခင်မင်တဲ့

WWKM said...

ညီမလေးရေ.. စည်းကမ်းချက်တွေကလည်း များပါ့.
ကလေးတွေတော့ ထွက်ပြေးကုန်ပြီလား မသိ. ဟဟး))

စည်းကမ်းချက်တွေအားလုံးထဲမှာ တစ်ခု မဟုတ် တစ်ခု ငြိနေရင်တော့ အပျိုကြီး ဖြစ်သွားဦးမယ်နော်.း)

နည်းနည်း လျှော့ပေါ့ စဉ်းစားပေးပါမည်လို့ မှတ်ချက်ကလေးရေးဦး။ဟဟားး

ညီမလေးက တည်တည်ကြည်ကြည်လေးနဲ့ ချောတာတဲ့အပြင် ဘာသာရေးကိုင်းရှိုင်းတတ်တဲ့ ညီမငယ်တစ်ယောက်မို့ ညီမလေးရဲ့ ဆန္ဒလေးတွေ ချက်ချင်း မပြည့်နိုင်သေးတောင်မှပဲ နောင်လာမယ့် ၅နှစ်အတွင်းကတော့ သေခြာတယ် ညီမလေးရဲ့ဆန္ဒတွေ
ပြည့်စုံလာမှာပါ။
စင်္ကာပူကသူတွေ ခြံစိုက်ပြီး စင်္ကာပူနဲ့ ရန်ကုန် အလုပ်ကလေးတွေ လုပ်ချင်ကြတဲ့ အတွေးလေးတွေရှိ
ကြတယ်နော်.. တကယ့် အိုင်ဒီယာကောင်းလေးထင်ပါရဲ့။

ညီမလေးရဲ့ စိတ်ကူးလေးတွေကို ပွင့်ပွင့်လင်းလင်း ချရေးပြတဲ့ အတွက် ကျေးဇူးပါ ညီမငယ်ရေ.
ညီမလေးရဲ့ စိတ်ကူးလေးတွေ ပြည့်စုံပျော်ရွှင်နိုင်ပါစေ.

မမတို့လိုပဲ မိသားစုဘ၀လေးကို နောင်လာမယ့် ၅ နှစ်အတွင်းမှာ ပိုင်ဆိုင်နိုင်ပါစေလို့.း))))

ရေးပေးတာ ကျေးဇူးတင်ပါတယ် ညီမငယ်။

ချစ်တဲ့

မမ၀ါ

ဆောင်းနှင်းရွက် said...

စကာချရင်းးး ချရင်းး
အကွက်ကျယ်သွား တယ် ဆိုပြီးး
ဖြစ်တာ လည်း ကောင်းပါဘူးးးး

အပြောမကြီးနဲ့ ...
ဇီဇာ မကြောင်နဲ့ ...
သခေါကြီးနဲ့ ညားလိမ့်မယ် ...

ကြောက်ဘူးလားးးး
ခွိခွိ .... :P

မိုးစက်အိမ် said...

မိုးခါးရေ သိပ်ဂျေးမများနဲ့ နော် လုပ်ထား လုပ်ထား
အချိန်ရှိခိုက် လုံ့ လစိုက် ( အလုပ်ပြောတာပါ ) ဟီး

လင်းကြယ်ဖြူ said...

ကောင်းသောလိုရာတွေ ပြည့်ဝပါစေဗျား...
ပျော်ပါစေ

ရေတမာ said...

ဖြစ်ချင်တာတွေ လုပ်ဖို့ လက်မဖွာပါနဲ့။ သေးလွန်းရင်မလှ ရွေးလွန်းရင်မရ ဆိုတဲ့ စကားပုံကို ချေပနိုင်ပါစေ။ နောင်တ ကင်းကင်းရှင်သန်ချင်တယ် ဆိုတာကိုတော့ သဘောကျတယ်။ ခွဲခွာခြင်း မှတ်တိုင်နဲ့ ဆုံတွေ့ခြင်း မှတ်တိုင်ပေါင်း များစွာကိုလည်း ပျော်ပျော်ကြီး ဖြတ်သန်းနိုင်ပါစေ။ ခရီးဆုံးတဲ့အခါ အဖော်မွန်ကောင်းနဲ့ အဆုံးသတ်နိုင်ပါစေ။ ပေးတဲ့ဆုနဲ့ပြည့်ပါစေးP

ငချမ်းကောင် said...

အင်း..... ကိုယ်တွေလို အရက်ပုန်းရောင်းမယ့်သူများ ပေါ်ကိုမလာဘူး။ ဝါသနာတူများ ရှားလိုက်တာ။

သီဟသစ် said...

မိုးခါးရဲ့ ပို့စ်လေးကို သေချာဖတ်
ကောမန့်လေးတွေ လိုက်ဖတ်

ငချမ်းနဲ့တွေ့မှပဲ ရီရတော့တယ်
:)

ကလေးထိန်းကျောင်းမြန်မြန်ဖွင့်ပါဗျို့
သားလေးချန်းချင်ကို ပို့မယ်

ခင်မင်စွာဖြင့်
သီဟသစ်

ပိုးဟပ်လေး said...

ညီမလေးမိုးခါး အတွက် မိုးခါးလိုချင်တဲ့ အချက်တွေပြည့်စုံတဲ့ သူရှာပေးလိုက်မယ် လာလေရော့
"ဝုန်း"
ဟာ မှားသွားပြီင်္ မင်းကမျက်လုံးမှမပါပဲ သွားသွားပြန်တော့
လာဟေ့နောက်တစ်ယောက်
"ဝုန်း"
ဟင် ဘာဖြစ်တာတုန်း ဂျိုင်းထောက်ကြီးနဲ့
ဟဲဟဲနောက်တာပါ


ညီမလေး လိုချင်တဲ့ အရုပ် အဲအဲ ချစ်သူ အိမ်ထောင်ရှင်ဘက်မျိုး ငြန်ငြန်ချာတွေ့ ပါဂျေဂျာ

ကံကောင်း (ဘုံဘေမြို့) said...

ကန်မလေးက ကန်ကောင်းခြင်းကို လိုချင်ဒါဂိုး...

ကလားနားမယ်က “ကံကောင်း” လေ...

ကလားမှာ အိမ်းထောင်လဲမချိဘူး... မိန့်မလဲ မချိဘူး... ရိစလဲ မချိဘူး...

ကန်မလေး တရားရားဂိုင်နုန်း ကံကောင်း ရစေမယ်...

witch83 said...

အင်း ... ဒီ post ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် ပြန်မြင်ယောင်လာပါတယ်။ :P

မြရေလျဉ် said...

နင်ကတော့ အော်မေ့ရဲ့ လက်ယာရံ ပီသပါပေတယ်
ကြိုက်တယ်
ဆက်ပြီး ကြောင်ထား (ဇီဇာ ပြောတာ)
:D

သူကြီးမင်း (တုံးဖလား) said...

မဖြစ်နိုင်တာ မရှိပါဘူး ညီမ။
ကံအကျိုးပေးလာပြီဆိုရင် မိန်းမမလိုချင်လို့ မိဘတွေကို ဒီရွှေစင်ရုပ်တုလောက် ချောတဲ့ မိန်းမတွေ့ရင် ယူမယ်လို့ ကတိပေးလိုက်မိတဲ့အတွက် ရွှေစင်ရုပ်တုထက်ချောတဲ့ မိန်းခလေးတကယ်ရှိနေတာ တွေ့ခဲ့ရတဲ့ ဇာတ်ကြောင်းလေး ဟိုးယခင်အခါက ရှိခဲ့တယ်လေ။

အခုလဲ ညီမ ကြုံလာဦးမှာပါ။

အဆင်ပြေပါစေ ညီမ။

Libratun said...

အို့.. ကိုယ့်ကိုကိုယ် အဲ့လောက်ကောင်းမှန်း ခုမှသိတယ်း) ဦးဆောင်တာကတော့ Freedom ကိုပိုကြိုက်တယ်
လုပ်ချင်တာလေးတွေတော့ ကြိုက်တယ်။ သေချာလုပ်။ ဖြစ်ပါတယ်။ ကြုံတိုင်း သတိပေးမယ်။း)

မငုံ said...

မိုးခါးရေ..ဖြစ်ချင်တာတွေ နာမ်အရတော့ ဖြစ်နေသေးတယ်။ ဒါမဆိုးဘူးနော်။ တောင်းဆုများပြည့်စေသတည်း။

Anonymous said...

need to be older than u? eh! I'm quite confused already... want to own a garden? love to do plantation? What's a good idea!...

!Mashimaro!

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...