Monday, March 22, 2010

ခုတလော

ခုတလော ဘာတွေ ရှုပ်ချင်ယောင်ဆောင်နေလဲ .. :D

အရင်တပတ်က အိမ်ပြောင်းပါတယ် .. ဝေးဝေး လံလံ ဟိုဘက်ကားလမ်းကနေ ဒီဘက်ကားလမ်းကို ပြောင်းတာပါ .. :D အရင် အိမ်မပြောင်းခင်ကတည်းက ကိုယ့်အခန်းကိုယ် မရှိတာများပြီး အလုပ်ပြီးတာနဲ့ ရောက်ရောက်သွားတတ်တဲ့ အိမ်ပေါ့ .. ခုတော့ ပြန်ချင်ရင် အိမ်နောက်ခန်း ၀င်လိုက်ရုံပဲ .. အိမ်ပြန်ဖို့ရာ အီလေးဆွဲပြီး နေစရာမလိုတော့ဘူးပေါ့ ..

သူငယ်ချင်း အပေါင်းအသင်းမက်တဲ့ မိုးခါးအတွက် ခုတော့ သူငယ်ချင်းလို ခင်မင်မှုမျိုး မောင်နှမတွေလို ရင်းနှီးမှုမျိုးနဲ့ အိမ်လို့ ပီပီ သသ ခေါ်ဆိုနိုင်တဲ့ နေရာတခုမှာ နေနေရင်း အပြင်လောကနဲ့ပါ အဆက်အသွယ် ပြတ်ချင်သလိုလို ဖြစ်နေပါပြီ :D .. ဘယ်လောက် မောင်နှမတွေ တရုံးရုံးဖြစ်နေလဲဆို မျက်နှာချင်းတွေဆိုင် အပြိုင်ပွေလီနေကြပြီး စာရေးဖို့တွေပါ လစ်ဟင်းတဲ့ထိပါပဲ ..

သွေးသား မတော်စပ်ကြဘူး .. ဒါပေမယ့် ခင်ရာ ဆွေမျိုး ..
ငယ်ပေါင်းကြီးဖော်လည်း မဟုတ်ကြဘူး .. ကြီးပေါင်း ကြီးဖော်ပေါ့ .. :P
အတွေးထဲမှာတော့ မိသားစုလေးတခုလိုပါပဲ ..

အချိန်တန်ပြီဆို ဘယ်သူ မလာသေးဘူးလဲ .. လာနေပြီလား .. ဘယ်ရောက်နေပြီလဲ .. ဒီလူက မလာဘူးလား .. ဘာလို့လဲ .. ဘာဖြစ်လို့လဲ စသည်ဖြင့် ချော့တန်ချော့ ခြောက်တန်ခြောက် .. နည်းမျိုးစုံသုံးပြီး အပြိုင်ပလီ (အဲ .. ဟုတ်ပါဘူး .. :P) အပြိုင်အဆိုင် ချစ်နေကြပါတယ် ဆိုပါတော့ .. :P

ခု လောလော လတ်လတ်မှာ .....

တွေးနေမိတာက

အမှန်အတိုင်းပြောရရင် တွေးဖို့ အချိန် မရှိဘူးဖြစ်နေတယ် .. ပလီရ ရန်ဖြစ်ရနဲ့ တွေးမယ်ကြံလိုက်ရင် အိပ်ချိန်ရောက်ရောက် သွားလို့ပါ .. :D ပြောရမယ်ဆို တွေးလည်း မတွေးချင်ဘူး .. သိပ်ဝေးဝေးထိ တွေးလိုက်မိရင် ခု စိတ်ချမ်းသာနေတာတွေရဲ့ ဝေးဝေးကို ရောက်သွားမှာဆိုးလို့ ..

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက

အပျော်ဘက်ပဲ စိတ်ရောက်နေတယ် .. စိတ်ချမ်းသာနေရင် အကုန်မေ့မေ့နေတတ်တယ် .. (စိတ်ချမ်းသာတာကောင်းပေမယ့် တချို့တာဝန်တွေ လစ်ဟင်းကုန်နေပြီ ..)

ကျန်းမာရေး

ရောဂါ တော်တော် ကြီးနေပါတယ် .. ထမင်းစားပြီးရင် မျက်လုံးက ပိတ်ချင်နေတယ် .. :P

ဖတ်ဖြစ်နေတာက

မြင်နေရတဲ့ မျက်နှာတွေ :P ..

ရောက်နေတဲ့နေရာက

ကွန်ပျူတာရှေ့ .. :P (နောက်တာ) အပေါ်က ပြောထားတဲ့ အိမ် ..း))

မုန်းနေမိတာက

အချိန်တွေ .. မလိုရင် သိပ်ကုန်လွယ်တာပဲ .. မြန်မြန်ကုန်စေချင်ရင် မကုန်ဘူး ..

ချစ်နေတာက

ဝေးဝေးကဆို မိသားစုလေး .. အနားမှာတော့ အများကြီးပဲ .. တယောက်တမျိုး အားလုံးကတော့ ချစ်ဖို့ ကောင်းနေတာပဲ ..း)

စိတ်ပျက်နေမိတာက

ဟိုတလောကတော့ ကိုယ့်ကိုကိုယ် စိတ်ပျက်တယ် .. ခုတလောတော့ မပျက်တော့ပြန်ဘူး ..

စိတ်ထဲက မပါပဲ ပြောတတ်တဲ့ ၀တ်ကျေတန်းကျေ စကားတွေ .. (စိတ်ပျက်ပေမယ့် လိုအပ်တယ်ဆိုတာလည်း သိနေတော့ ..)

လူကြီးလူကောင်းယောင်ဆောင်ထားတဲ့ လူတွေ .. မျက်နှာပြောင်ပြောင်နဲ့ အရှက် မရှိသူတွေ ..

နားထောင်နေမိတဲ့ သီချင်း

ကြားကြားသမျှ ..

တမ်းတနေမိတာက

အိမ်ပြန်ချိန် .. ရုံးပိတ်ရက် ..

စွဲလန်းနေမိတာက

မရှိဘူးထင်တယ် .. စဉ်းစားလို့ မရဘူး ..

မေ့လျှော့ပြစ်နေတာက

ရှေ့မှာ မျက်နှာချင်းဆိုင် ကြုံတွေ့ရမယ့် ကံတရား .. တွေ့ ကြုံ ဆုံ ကွဲ .. (မေ့ထားချင်သေးတယ် ..)

လိုအပ်နေတာက

လိုအပ်တာလေးတွေ အချိန်နဲ့ အမျှ ရှိနေပေမယ့် အထူးတလည် လိုအပ်တာမျိုးတော့ မရှိပါ ..

စားဖြစ်နေတာက

ဆိုက်ပရက်စ်က စာဖိုးမှူးကြီး လက်ရာ ..း))

လွမ်းနေမိတာက

ခုတလော လွမ်းဖို့ အချိန် မရှိပါ ..

သနားနေမိတာက

ခုတော့ သနားစရာလူ မရှိဘူး .. ကိုယ့်နားလည်း ဘယ်သူမှ မရှိဘူးလေ .. သနားဖို့ ကောင်းတဲ့ မြင်ကွင်းကိုမြင်ရင်တော့ သနားတယ် ..

တောင်းမိနေတဲ့ဆု

ဆုမတောင်းဖြစ်ဘူး .. ဆန္ဒတွေတော့ ရှိတယ် .. ဆန္ဒတွေအတိုင်း ပြည့်ဝလာရင်တော့ ကောင်းမှာပဲ ..

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက

အကျယ်ကြီးတော့ မအော်မိပါဘူး .. ခပ်တိုးတိုး ရေရွတ်မိတယ် ဆိုပါတော့ .. :P .. လုပ်သင့်တာတွေ လုပ်ရဦးမယ် .. လုပ်စရာတွေ အများကြီး ရှိသေးတယ် ..

ကြိတ်ပြီး ချီးကျူးနေတာက

ကိုယ့်ထက် စိတ်ဓါတ်ရေးရာ ကောင်းမွန် ပြတ်သားသူတွေ .. တပါးသူ အပေါ် စေတနာ ထားနိုင်လွန်းတဲ့ သူတွေ .. ဇွဲ ၀ီရိယ အားကောင်းတဲ့သူတွေ .. အမှား အမှန်ကို ချင့်ချိန် ဆုံးဖြတ်နိုင်တဲ့သူတွေ ..

ကြိတ်ပြီး အထင်သေးနေမိတာက

အရှက်တရား မရှိတဲ့သူတွေ .. ကိုယ် အသာရနေရင် ပြီးရော သူတပါးအပေါ် ကိုယ်ချင်းစာနာစိတ် မရှိသူတွေ ..

ဝန်ခံချင်တာက

ဒီပို့စ်ကို ရေးဖို့ ၃ရက် အချိန်ယူလိုက်ရပါတယ် .. :P

ချစ်လှစွာသော အကိုကြီး ကိုဖိုးစိန်က စာမရေးတဲ့သူတွေကို ကြည့်မရလို့ ဆိုပြီး တဂ်ပါတယ် .. ဘယ်ကြည့်လို့ရမလဲ .. နေရာချင်းက အရမ်းဝေးတာကိုး .. :P

20 comments:

Sein Lyan Tun said...

ဟုတ်ပါတယ်။ ဒီတက်ဂ်ပိုစ့် အတွက် ကွန်ပြူတာကို ပိုက်

အိမ်ရှေ့ ဝင် နောက်ဖေးသွား

ကုတင်ပေါ်မှာ ခွေခွေလေးနဲ့ ပိုစ့်ရေးဖို့ကြိုးစားနေတဲ့ ညီမလေး ကို ရေးဖို့ ပြောရတာ အာပေါက်မတတ်ပါပဲ။


ရေးမယ်ဆို ကြည့်လိုက်ရင် ရထားထွက်နေပြီး။ အဟတ်

ချစ်စရာကောင်းအောင်ရေးတတ်တယ်နော်။

သဘောကျပြီး ပြုံးမိတယ်။

အိမ်ဆိုတဲ့ နေရာမှာ မိသားစု ဆိုတဲ့ အရသာမျိုး မောင်နှမ သားချင်းဆိုတဲ့ အရသာမျိုး နေနိုင်ဖို့ ကြိုးစားကြတာပေါ့။

ညီမလေး နေပျော်တယ်ဆိုရင်ဖြင့် အကိုကြီးး ကျေနပ်ပါတယ်လေ။


ပြိုင်တာ ကတော့ သက်သက်ပေါ့။ နားလည်မှုယူထားတယ်နော်။ အဟီး


ညီမလေးအိမ်ပြန်ချိန်တိုင်း မျှော်နေမိတဲ့ အကိုကြီး


တော်ကြာ စောင့်ကြည့်နေတဲ့ကြားက လစ်တဲ့ အိန်ဒိယ ရောက်လွန်းလို့... အဟတ်


အိမ်ကိုလာလည်အုံးလေ.။ ၅၉ စီးခဲ့ပါနော်။

ကောင်းကင်ပြာ said...

သနားစရာ ကိုယ့်နား ဘူမှ မရှိဘူးတဲ့လားးးးးးး

အိမ်ပြန်ချိန် ရုံးပိတ်ရက်တွေ တမ်းတ နေမိတာ ကိုယ်တယောက်ထဲ မဟုတ်တာ သိထားစေချင်တယ်၊ အိမ် က မျှော်ရတဲ့ သူတွေက ပိုနေပါတယ်.....

ကော်ဖီသောက် တိုင်း လွမ်းတတ်သူ တယောက်...အဟက်

မိုးကုတ်သား said...

မတွေ့ဖြစ်ကြတာလဲ ကြာဘီ..

ပို့စ် အသစ်တွေ မတက်တာ.. ဘာကြော်င့လဲ ခုမှပဲ သိတော့တယ်...

ခုတလော ထဲ... ဝင်ရောက် မွှေနှောက်ရင်းး..

မေ့လျှော့ပစ်နေတာက... မှာ.... မေ့ထားချင်တာတစ်ခုနဲ့ မျက်နှာချင်းဆိုင် လိုက်ရတယ်...

ဆိုက်ပရပ်စ်စာဖိုမှူးလက်ရာတစ်ခုထဲဆိုရင်တော့..... နဲနဲ မျက်နှာလိုက်နေဘီထင်တယ်...

စိတ်ဆိုးသွားဘီ..

အိမ် လာမလည်တော့ဘူးးးးးး....

;-P

;-P

;-P

မိုးခါး said...

အီးးးးးးးးးးးး ........
မှုတ်ဘူးလေ
ကိုဘိုကြီး ဒီနေ့ ရှမ်းထမင်းချဉ် အရမ်းကောင်းပါတယ်ဗျို့
နောက်လည်း အများကြီး လုပ်ကျွေးပါဗျို့
မုန့်ညှင်းပေါင်းလည်း အကျွေးကျန်ပါသေးတယ်ဗျို့
ဆိုက်ပရပ်စ် စားဖိုမှူးလက်ရာ အပြင် စင်ကာပူက မိုးကုတ်သား (စနေသား) လက်ရာလည်းပါပါတယ်ဗျို့
မမပြာလက်ရာလည်း ပါပါတယ်ဗျို့
ကျန်တာတွေလည်း ကျန်ပါသေးတယ်ဗျို့
အကုန်ချရေးရရင်တော့ ... အင်းးးးးးးးးးးးးးးးးးးးးးးးးးးး :P

မိုးခါး said...
This comment has been removed by the author.
ပုံ့မေ said...

ဘာ......ဘယ်လို......... ကိုဘို့ ကို ပလီနေပြန်ပြီ..
မကျေနပ်ဖူးးးးး
ကိုဘို ထပ်လုပ်ကျွေးပါ........

ဒီပို့ စ်ရေးဖို့ ၃ရက်မက အချိန်ယူပါတယ်ဟာ...
၃ရက်ထဲဟုတ်ပါဘူး...

=))

;)

ငါချက်ကျွေးတာတွေလဲ မေ့ပြီပေါ့..........

=D

ဇွန်မိုးစက် said...

တို့ကိုလည်း ဖိတ်ဘူးး(

kiki said...

ခင်ရာ ဆွေမျိုးး
မြိန်ရာ ဟင်းကောင်း..
ကဖိုးစိန် ဘာတွေ လက်စွမ်းပြနေသတုန်း..
များ တို့လည်း မြိန်ချင်လိုက်တာ ခါးခါးလေး ရေ...

JohnMoeEain said...

ဖတ်ရင်းနဲ့ ပျော်ပါသည်......
စုစုရုံးရုံး ပျော်ပျော်ပါးပါးဘ၀များကို အားကျ၏ :D
ခုတလော.. တူတူပဲ.....

ကျန်းမာရေး>>ရောဂါ တော်တော် ကြီးနေပါတယ် .. ထမင်းစားပြီးရင် မျက်လုံးက ပိတ်ချင်နေတယ် .. :P

သို့သော်.. ဒီပို့စ် ဖတ်ပြီး မျက်လုံးမပိတ်နိုင်ပဲ.. ကြုံရာဆုံရာ နေရာတွေဆီ လိုက်လည်ဖြစ်သွားသည်... ခိခိ...

ကိုလူထွေး said...

ဒေါက်ဒေါက်...
အိမ်တက်ဘယ်တော့လုပ်မှာလဲ...

းဝ)

ဒဏ္ဍာရီ said...

ညီမလေးရဲ့ ပိုစ့်လေးကို ဖတ်ရတာ ပျော်စရာ ကောင်းလိုက်တာ ကွန်မန့်တွေကလည်း ပျော်စရာနော်။ ခင်ရာ ဆွေမျိုးဆိုတဲ့ စကားသိပ်မှန်တာပဲ။ အဝေးမှာ နေရတဲ့အခါ စိတ်တူကိုယ်တူ ခင်မင်မိရာက ဆွေးမျိုးရင်းခြာတွေကို ဖြစ်သွားတာပေါ့။
ပျော်ရွှင်ပါစေ ညီမလေးရေ..။

ခင်မင်လေးစားလျှက်

Unknown said...

သူငယ်ချင်းတွေနဲ့ အဲလိုနေရတာကို ကျွန်မလည်း သဘောကျတယ် မိုးခါးရေ။အဆင်ပြေတယ်ဟုတ်။ပျော်ရွှင်ပါစေနော်။

ရေတမာ said...

အားလားမား ဝါ့လားဝေ ပျော်စရာကြီးပါ့လားဝေ
ပေါက်ဖော်ကြီးရေ နေချင်လိုက်တာဗျာ အဲဒီလိုမျိုး။ ပျော်ပျော်ရွင်ရွင်နဲ့ လုပ်စရာရှိတာတွေလည်း အများကြီးပြီးအောင်လုပ်နိုင်ပါစေဗျာ။ နောက်နေ့ မျက်နှာပြောင်နဲ့ မနေရဲတော့ဘူးးP

MHz said...

တက်ဂ် ပို့စ်တင်တာနောက်ကျတယ်ဟေ့ ကိုဖိုစိန် အစားဝင်ဟောက်တယ် ဒါဘဲ..းP

noblemoe said...

အချိန်ရှိတုန်း ပျော်ပျော်ပါးပါးနေချင်တဲ့ည်ီမလေးရဲ့ 
ဆန္ဒတွေအတိုင်းပြည့်ပါစေတောင်းဆုပြုပါတယ် ညီမလေးကိုခုလိုပဲပျော်နေတာအမြဲမြင်ချင်ပါတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

သူကြီးမင်း (တုံးဖလား) said...

ခုတလော ဒီလိုဖြစ်နေလို့ ခုတလောမှာ ပို့စ်မတင်ခဲ့နိုင်တာကိုး။ ။

ဧပရယ်လ်ပူး@ပူးတေ said...

ဆိုက်ပရပ်စ်က စာဖိုမှူးကြီး လက်ရာရော စင်ကာပူက မိုးကုတ်သား (စနေသား) လက်ရာရော မမပြာလက်ရာရော မမမေသူလက်ရာရော မိုးခါးလက်ရာရော အားလုံး စားချင်ပါတယ်ဗျို့။ တူတို့ချည်းပဲ စားနေကြတယ်။ တို့ကျတော့ ထော်ဘူးပေါ့။ ချိတ်ချိုးတယ်... :(
လက်ရာဆိုတာ စားစရာကိုပြောတာနော်... အမေ့ခြေရာတို့ ကိုဖိုးစိန်လက်ရာတို့ ဆိုပြီး foot print တွေ hand print တွေကိုပြောတာ ဟုတ်ဖူးနော်... :D
အားလုံးပဲ ပျော်ရွှင်ပါစေနော်...
ခင်တဲ့
ပူးတေ

Ree Noe said...

လာဖတ်သွားတယ် ငါ့နှမ

~ဏီလင်းညို~ said...

ညီမလေးရေ..
အခုတစ်လောဖတ်ရင်းမှန်တာပြောသွားမယ်ဗျာ.......။
အဲ့ဒါကတော့ ပြုံးနေမိတာပဲဗျိုးးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

~ဏီလင်းညို~ said...

ညီမလေးရေ..
အခုတစ်လောဖတ်ရင်းမှန်တာပြောသွားမယ်ဗျာ.......။
အဲ့ဒါကတော့ ပြုံးနေမိတာပဲဗျိုးးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...