Thursday, April 14, 2011

အတူတူတွန်းရင် ရွေ့နိုင်ပါသည်


မင်္ဂလာရှိသော သင်္ကြန်အခါသမယလေးပါ ..း))

ကြော်ငြာလေး တခုလောက် ၀င်ချင်လို့ပါရှင် .. :D

မိုင်စုဗူးဆိုတဲ့ ဆိုက်ကလေးကို ကျမ လွန်ခဲ့တဲ့ ၂နှစ်ကျော် ၃နှစ် စလုံးကို ရောက်ပြီး သိပ်မကြာခင်မှာ သိခဲ့ပါတယ် .. စုဗူးအဖွဲ့လေးက စည်းစည်းလုံးလုံးနဲ့ ပျော်စရာ အတော် ကောင်းခဲ့ပါတယ် .. နောက်ပိုင်းတော့ ကိုယ်တဦးတည်း ဘလော့တခု ဆောက်ဖြစ်ပြီးနောက်ပိုင်း စုဗူးနဲ့ အနေဝေးခဲ့တယ်ပေါ့လေ ..

ခု လပိုင်းမှာ စုဗူးက သူငယ်ချင်းတွေနဲ့ ပြန်ပြီး အဆက်အသွယ်ရခဲ့ပါတယ် .. စုဗူးရဲ့ လုပ်ဆောင်ချက်တွေ ပြီးမြောက်မှုတွေကိုလည်း သိခွင့်ရခဲ့ပါတယ် ..

မိုင်စုဗူးအဖွဲ့လေးက လူငယ်တွေနဲ့ ဖွဲ့စည်းထားပါတယ် ..

အခုလှုပ်ရှားနေတဲ့ အပိုင်းတွေကတော့ ....

၁) Mysuboo Fan Club Donation Group (www.mysuboofanclub.com)
၂) Suboo Blood Donor Group (www.suboobdg.co.cc)
၃) Suboo Fund raising Group
- Suboo Anyeint (စုဗူးအငြိမ့်သဘင်)
- Suboo Music Club
၎) Suboo Poetry Club
၅) Knowledge Sharing Group
- Joint with M51A (www.m51a.com)
၆) Health Care & Dental Care Service Group
၇) Suboo Education Scholarship Fund
၈) Suboo Act of Sweeping Group
၉) Music & IT Development Group
- www.entervillage.com (Coming Soon) စသည့်အထက်ပါ activities ၉ ခုနဲ့လုပ်ဆောင်နေပါတယ်။ သို့ပေမယ့် အမှတ်စဉ် (၇) ကတော့ ရှေ့နှစ်မှာ အကောင်အထည်ဖော်သွားမယ့် activities ဖြစ်ပီး။ အမှတ်စဉ် (၉) ကတော့ ၂၀၁၁ ဖေဖော်ဝါရီ လဆန်းပိုင်းမှာ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

မိုင်စုဗူးအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ လိုအပ်နေတဲ့ နေရာ တနေရာချင်းကို ဇောက်ချလှူဒါန်းသွားဖို့ ဖြစ်ပါတယ် ..

၂၀၁၀ တွင် ဖန်ကလပ်ရဲ့ ရည်ရွယ်ချက်အရ တစ်နှစ်အတွင်း လှူဒါန်းမှု တစ်ခုကို တစ်နေရာထဲ ဇောက်ချ လှူဒါန်းပြီး အသိပညာရေး ကျန်းမာရေး လူမှုရေး ဘ၀နေထိုင်မှု ပုံစံတို့ကို ပြောင်းလဲပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း ပဲခူးတိုင်း အင်းတကော်မြို့နယ် လိုင်နီကျေးရွာရှိ အောင်သိန္ဒိဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုပင် ဇောက်ချလှူဒါန်းမှု ပြုလုပ်ခဲ့ပြီး အလိုင်နီကျောင်းရှိ ကလေးများ နှင့် လည်းကောင်းတို့၏ ပတ်ဝန်းကျင်ကိုပါ တိုးတက်ပြောင်းလဲလာအောင် ကြိုးစား ဆောင်ရွက်ခဲ့ပါသည်။

ထိုအလိုင်နီကျောင်းအတွက် လှူဒါန်းမှုတွေကတော့ -

ပထမဦးဆုံး လှူဒါန်းမှုအနေဖြင့် ဖေဖော်ဝါရီလတွင် (၇) သိန်းကျော်ဖြင့် စတင်ခဲ့ပါတယ် ..

ဒုတိယအကြိမ် အနေဖြင့် ကျောင်းရှိ ကလေးငယ်များ စာသင်နေသော ဓမ္မာရုံအား ပြန်လည်ပြုပြင်မွမ်းမံ ရေစက်ချ လှူဒါန်းနိုင်ခဲ့ပြီး စာကြည့်တိုက် တစ်ခု ကိုလည်း မတည်ပေးနိုင်ခဲ့ပါတယ် .. ဒုတိယအကြိမ်လှူဒါန်းငွေ ကတော့ စုစုပေါင်း ၃၄ သိန်းကျော်ခဲ့ပါတယ် ..

သြဂုတ်လမှာတော့ တတိယအကြိမ်အဖြစ် ကျောင်းနှင့် အနီးအနားရွာများမှ ရွာသူရွာသားများအတွက် ဆေးပေးခန်း တစ်ခုကို ကျောင်းတွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ထိုဆေးပေးခန်းအတွက် လှူဒါန်းငွေကျပ် ၁၀ သိန်းဝန်းကျင် ကုန်ကျခဲ့ပါတယ် ..

စတုတ္ထအကြိမ်အနေဖြင့် အလိုင်နီကျောင်းအတွက် တစ်ထပ်စာသင်ကျောင်းဆောင် (100 x 20 x 15) ကို ဆောက်လုပ် လှူဒါန်းခဲ့ပြီး တန်ဖိုး ငွေကျပ် သိန်း ၁၃၀ ကျော်ရှိခဲ့ပါတယ် .. ထိုသို့ ပြုလုပ်လှူဒါန်းနေစဉ် ၂၀၁၀ ခုနှစ်အတွင်းမှာပဲ Health Care & Dental Care Service ရှိ ကျာင်းသား/သူ များနှင့် ပူးပေါင်းလက်တွဲပြီး အလိုင်နီကျေးရွာရှိ ရွာသားများအား အခမဲ့ ခံတွင်းနှင့်သွား စစ်ဆေးကုသပေးခြင်းများကို အကြိမ်များစွာ ပြုလုပ် ကုသိုလ်ပြုနိုင်ခဲ့ပါတယ် ..

အခု တခါ ပဲခူးတိုင်း အင်းတကော်မြို့နယ်၊ အလိုင်နီကျေးရွာ အောင်သိန္ဒိဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသား/သူ (၂၅၅) ယောက်အား ပြင်ပဗဟုသုတ ရစေရန် နှင့် အမြင်ကျယ်စေရန် အကျိုးကို ရည်ရွယ်လျှက် ကလေးများအတွက် လေ့လာရေး ခရီးစဉ်အဖြစ် လာမည့် ၁.၅.၂၀၁၁ (May Day) နေ့မှာ ရန်ကုန်မြို့ ရှိ ရွှေတိဂုံဘုရား နှင့် တိရစ္ဆာန် ဥယျာဉ်အား လေ့လာရေး ခရီးအဖြစ် ပို့ဆောင်ပေးမည့် စေတနာဒါန အစီအစဉ် တခုကို စီစဉ်ထားရှိပါတယ် ..

ကျောင်းမှာရှိကြတဲ့ ကလေးငယ်လေးများဟာ ငယ်ရွယ်စဉ်အချိန်ကတည်းက မိဘမဲ့အနေနှင့်တမျိုး ဆင်းရဲနွမ်းပါးမှုနှင့်တဖုံ ကြုံဆုံ ခဲ့ရတဲ့အတွက် ပြင်ပဗဟုသုတ အကြားအမြင် အားနည်းမှုများ ရှိခဲ့ပါတယ် .. သူတို့လေးတွေရဲ့ သိစိတ် မသိစိတ်ထဲမှာလဲ အားငယ်စိတ်တွေ အထီးကျန်စိတ်တွေ ၀င်ရောက်နေနိုင်ပါတယ် ..

ကိုယ်တွေတုန်းကတော့ မိစုံ ဖစုံ ဆွေမျိုးအစုံ .. မိဘကို ပူဆာလို့မရတာတွေဆို အနားက ဦးလေး အဒေါ် အစ်မ စတာတွေကို အပူကပ်ခဲ့ကြတာတွေ ဆိုးခဲ့တာတွေ ပျော်ရွှင်ခဲ့ကြတာတွေ မှတ်မိကြဦးမှာပါ .. သူတို့လေးတွေမှာ အဲလို အခွင့်အရေးမရကြရှာပါဘူး ..

အဲဒါကြောင့် ကလေးတွေရဲ့ စိတ်ကို ပျော်ရွှင်စေမယ့် အသိဥာဏ်ပညာလည်း တိုးပွားစေမယ့် ဒေသန္တရ ဗဟုသုတ အလို့ငှာ မေလ (၁)ရက်နေ့ အစီအစဉ်ကို မိုင်စုဗူးအဖွဲ့က စီစဉ်ကြတာ ဖြစ်ပါတယ် ..

အစီအစဉ်အတွက် ခန့်မှန်း ကုန်ကျမည့် စရိတ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် ..

၁။ ကား (BUS) = ၂၇၀၀၀၀

၂။ နေ့လည်စာ (ကြာဇံကြော်) = ၁၂၀၀၀၀

၃။ သောက်ရေ = ၄၅၀၀၀

၎။ Z00 ၀င်ကြေး = ၁၅၀၀၀

၅။ ဦးထုတ် = ၉၁၀၀၀

စုစုပေါင်း ငွေကျပ် ၅၄၁,၀၀၀ ခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားရှိပါတယ် ..

*အလှူငွေ ပိုမိုရရှိပါက ထက်မံ၍ နေရာဒေသ စုံ ပို့ဆောင်နိုင်အောင် စီစဉ်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်*

ကျမကတော့ အဝေးမှာ ရောက်နေသူဖြစ်တော့ လူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ မလုပ်ပေးနိုင်ပါဘူး .. ကိုယ်တတ်နိုင်သလောက် လှူဖို့နဲ့ အလှူရှင်တွေ ပေါ်ပေါက်လာအောင် နှိုးဆော်ပေးဖို့ပဲ တတ်နိုင်ပါတယ် ..

ကျမ စဉ်းစားမိတာလေ .. စလုံးမှာရှိတဲ့သူတွေ တယောက်ကို စလုံးဒေါ်လာ ၅ဒေါ်လာနှုန်းပဲ လှူပါဦး ၁၀ဦးဆို ဒေါ်လာ ၅၀ အယောက် ၂၀ဆို ဒေါ်လာ ၁၀၀ ရပါမယ် .. အလှူရှင်တဦးချင်းအတွက် မသိမသာ ကုန်သွားမယ့် ထမင်းတနပ်စာဟာ အမှန်တကယ်လိုအပ်နေသူတွေအတွက် အထောက်အပံ့ ဖြစ်လာနိုင်ပါတယ် ..

ကလေးတွေဟာ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဆိုရင် အနာဂတ်မှာ လင်းလက်တောက်ပဖို့ ကျမတို့ တတ်နိုင်သလောက် အရောင်တင်ပေးကြရအောင်ပါ ..

ကမ္ဘာအရပ်ရပ်က လှူဒါန်းလိုသူတွေကလည်း အောက်မှာဖော်ပြပါထားတဲ့ ကျမတို့ရဲ့ အဖွဲ့ဝင်တွေဆီ ဆက်သွယ် လှူဒါန်း နိုင်ပါတယ် .. အားလုံးပဲ နှစ်သစ်မှာ စိတ်ဆင်းရဲကိုယ်ဆင်းရဲခြင်း ဒုက္ခမှ ကင်းဝေးပြီး ပျော်ရွှင် ကျန်းမာ ကြပါစေ ..

ဆက်သွယ်လှူဒါန်းရန် -

Myanmar
Ko Sai Naung Ph: 09-73106054 ( Mysuboo Admin )
Email: junesai21@gmail.com

Ko Min Min ( Mysuboo Admin )
Email: yeminhtut.minmin@gmail.com

Ko Soe Moe ( Mysuboo Admin )
Email : soedawarat@googlemail.com

Ko Phone Thant Kyaw ( Mysuboo Admin )
Email: thurathawah.ptk@gmail.com

Ma Su Lei (Suboo Blood Donor Group)
Ph: 09-73067994
Email : blesses.god@googlemail.com

Ma Nang Su Ph: 09- 5061217
Email : nangsu@gmail.com
=========================================

USA

Ko Satt Paing ( ဗညားရှိန် ) ( Mysuboo Admin )
Ph : +1 2018889751
Email : lynnkhitdeno301@gmail.com
=========================================

Malaysia

Ko Aung Naing Lin
Ph : +600177029817
Email : aung@kenwood.com.my
dedameimee@googlemail.com
============================================

Singapore

Ma Nwe Nwe Oo
Ph : +65 90750901
Email : nwenwe1984@gmail.com

Ma May Thae`/Moe Khar
Ph : +65 92393049
Email: moekhar.85@gmail.com
============================================

England

Ko Zar Ni Aung
Ph : +44 7525159282
Email : znaung81@gmail.com
============================================

India(New Delhi)

U Nyanadipa
Ph: +91 9958519113
Email : nyanadipa@gmail.com
============================================

Russia

Ko Kyaw Swar Win
Ph: +7 9266232620
Email: pyochittaw@gmail.com
============================================

1) www.mysuboofanclub.com
2) suboobdg.co.cc
3) www.m51a.com
4) www.entervillage.com

1 comment:

ညိမ်းနိုင် said...

ခုလိုနှိုးဆော်ပေးတာကျေးဇူးပါ မိုးခါးရေ...။ကဲ...တွန်းလိုက်
ကြရအောင်ဗျာ...။စကားမစပ်.....ရေနဲ့ပက်သဗျ.....:)))

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...