Tuesday, August 30, 2011

Blog Day!!

မင်္ဂလာပါရှန် ..

အာရုံတွေ စုစည်း မရလို့ပါလို့ အကြောင်းပြရကောင်းမလား .. ဒေါ့ကွန်းကြီးပျက်သွားလို့ပါလို့ ငြီးပြရ ကောင်းမလား .. ခံစားလို့ မရသေးလို့ပါလို့ ဆင်ခြေရှာရမလား .. အချိန်တွေ မအားလို့ အလုပ်တွေ သိပ်ရှုပ်နေလို့ပါလို့ အယူခံဝင်ရ ကောင်းမလား .. လား .. လား .. လား .. :P အဖြစ်သနစ်အမှန်ကတော့ တော်တော်လေးမကပဲ တော်တော်ကြီးကို အပျင်းတစ်လွန်းမက တစ်နေပါတယ် .. စာကြွေးတွေလည်း ထူလွန်းမကထူနေပါပြီ .. အကြောင်းအရာစဉ်းစားလိုက် ချမရေးတော့ မေ့လိုက် .. သတိရတာ ကောက်ခြစ်လိုက် ပို့စ် တို့လို့ တန်းလန်းတွေလည်း draft ထဲမှာ များလွန်းမက များနေပါပြီ .. ဘာတခုမှ သုံးစားလို့ရတဲ့ စာ ထွက် မလာသေးပါဘူး .. :D (အဲလိုပဲ ကိုယ့်ဖာဖာ ချီမွမ်းလိုက်ပါတယ် .. :P)

မိုးခါး ဘယ်ချိန်က ဘလော့ စရေးခဲ့လဲ .. အဲ .. ရက်စွဲတွေ မေ့နေတလိုလို .. ဘလော့ကိုရော ဘယ်ချိန်က စဖွင့်ခဲ့တာလဲ .. အဲ .. ခဏ ခဏ ပို့ အဟောင်းဆုံးတွေ ရှာကြည့်လိုက်ဦးမယ် .. :P

အချိန်ကာလ အားဖြင့် ၂၀၀၈ မတ်လ ၁ ရက်နေ့ .. အဲနေ့က စာ စရေးဖြစ်တာလား .. ဟုတ်ပါဘူး .. စလုံးစရောက်တယ် ပြောမလို့ .. :P

ဟုတ်ကဲ့ မျက်နှာပိုးသတ်ပြီး ပြောင်ချော်ချော်ဆက်ရေးပါတော့မယ် .. :P

ကဲပါလေ အတည်မဟုတ်တဲ့ မိုးခါး အတည်ပေါက် ရေးပါတော့မယ် ..း)

မိုးခါး ဘလော့နဲ့ပတ်သက်ပြီး နစ်ခ် နဲ့ ပတ်သက်ပြီးလည်း တခြားပို့စ်တွေမှာ ရေးဘူးပါသေးတယ် .. ခုတော့ ခေါင်းစဉ်ပြောင်းတော့ ဗားရှင်း ပြောင်းရေးရတာပေါ့နော် ..း)

မိုးခါး စလုံးကိုရောက်ပြီး အလုပ်မှာ အထိုင်ကျတော့ (အလုပ်စားပွဲပေါ်မှာ ကွန်ပျူတာ .. အဲ့ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ဘလော့ဂင်းတာကို မြင်ယောင်ကြပါကုန် ..) ဗညားရှိန်(တနည်း)လင်းခေတ်ဒီနို(တနည်း)ဆက်ပိုင်(တနည်း)သက်ခိုင် ဟူး မောပ .. အဲ့ကောင် အဲ့ကောင် .. သူမိတ်ဆက်ပေးလို့ စုဗူးကို စသိခဲ့ပါတယ် .. အဲဒါနဲ့ သူများစာရေးတာမြင်တော့ ကိုယ်လည်း တင်ချင်တာပေါ့နော် .. အဲလိုနဲ့ မနိုင်နိုင်း စာတွေ ကူးတင်ရင်း (လင့်ထည့်ပေးတယ်နော် .. ကွန်ပလိန်း မတက်နဲ့) မေသဲဆိုပြီး စာ စရေးဖြစ်ပါတယ် .. နောက်ပိုင်းတော့ စမ်းရေး စမ်းရေးရင်း ရေးဖြစ်လာပါတယ် .. စုဗူးမှာ သူငယ်ချင်းတွေ မိတ်ဆွေတွေရခဲ့သလို ပျော်လည်းပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေပါပဲ .. အဲဒီတုန်းက တယောက် စာအသစ်တက်ရင် တခါသွား အားပေး .. ကိုယ်လည်း တင်လိုက်တာနဲ့ လာအားပေးတဲ့ သူငယ်ချင်းတွေ များမှ များပါပဲ .. အဲဒီထဲက ခုချိန်ထိ ခင်မင်နေသေးသူတွေ စာရေးကောင်းလို့ အမှတ်ရနေမိသူတွေ ခင်မင်တယ်လို့ ထင်မိပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ကွဲကွာသွားသူတွေ အားလုံးကို သတိရနေမိပါတယ် .. တချို့လည်း အပြင်မှာ ကိုယ်တိုင် ကိုယ်ကျ ခင်ခွင့်ရသလို တချို့ကျတော့ ခုထိ အွန်လိုင်းမှာ အဆက်အသွယ် မပြတ် .. နာမည်တွေတော့ ချမရေးတော့ပါဘူး .. (စတေးရှောင်တာ .. ကျန်ခဲ့ရင် ထောင်းခံရမှာစိုးလို့ .. :P) ဒီလိုနဲ့ နောက်ပိုင်း နဲနဲကြာတော့ ကိုယ့်စာလေးတွေလဲ နဲနဲများလာတော့ ကိုယ်ပိုင်ဘလော့ လုပ်နည်းလေးလည်း သိလာတော့ ကိုယ့်အိမ်လေးနဲ့ ကိုယ် နေချင်စိတ်ဖြစ်ပြီး ဘလော့ စပေါ့လေး လုပ်ဖြစ်ပါတယ် .. အဲလို ကိုယ်ပိုင် စာမျက်နှာလေး ဖြစ်လာခဲ့ပါတယ် .. နာမည်ကိုလဲ မေသဲကို မကြိုက်တော့ပဲ မိုးခါးလို့ ပြောင်းဖြစ်ခဲ့ပါတယ် ..

ကျမတို့ စာ စရေးတဲ့ အချိန်က ဘလော့ လောကကြီးက အတော်ကို ပျော်စရာ ကောင်းခဲ့ပါတယ် .. စာရေးသူတွေ အရမ်းမများသေးသလို ဆိုရှယ်ဆိုက်တွေလည်း မပေါ်သေးပါဘူး .. တယောက်အိမ် တယောက်သွား ပြောကြ ဆိုကြ .. ဒီကနေ တဆင့် မေးလိပ်စာတွေပေးကြ .. ပိုမိုပြီး ခင်မင်လာကြ .. တယောက် အားငယ်ရင် တယောက်က အားပေးကြ .. တယောက် ပျော်ရင် အားလုံးက ၀ိုင်းပျော်ကြနဲ့ပါ .. (အမှန်တိုင်းပြောရရင်လည်း တခြား ဆိုရှယ်ဆိုက်တွေ ဘယ်လောက် များများ ဘလော့လေးလောက်ကို သံယောဇဉ်မဖြစ်မိပါဘူး ..) ဘလော့ကနေ ခင်မင်ရတဲ့ ခုထိလည်း ခင်မင်နေဆဲဖြစ်တဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းအများစုဟာလဲ အရေးကြုံရင် နီးစပ်နေဆဲပဲလို့ ယုံကြည်နေပါသေးတယ် .. ကျမ ဘလော့လေးကတဆင့် ခင်မင်ခဲ့ရသူတွေ စလုံးမှာတင် တော်တော်များပါတယ် .. တချို့လည်း တခြားနေရာတွေ ရောက် .. တချို့လည်း ဘလော့မရေးဖြစ်တော့တဲ့ သူတွေ .. အားလုံးကိုလည်း အမှတ်ရနေမိပါတယ် .. ကျမရဲ့ ပထမဆုံး စလုံးက မွေးနေ့ပွဲဟာ ဘလော့ဂါတွေနဲ့ စတင်ခဲ့တာပါ .. နောက်နှစ်တွေလည်း (ခုထိ) အဲဒီ ဘလော့ဂါ သူငယ်ချင်းတွေနဲ့ပါပဲ .. မမေ့နိုင်တဲ့ ပြန်မရတော့တဲ့ ပွဲတွေများစွာကိုလဲ ကျမတို့ တူတူဖြတ်သန်းခဲ့ပါတယ် .. နေ့ပေါင်းများစွာ ညနေခင်းပေါင်းများစွာ သူငယ်ချင်း မိတ်ဆွေတွေ ၀င်လာတခါ ထွက်လာတလှည့်နဲ့ ရှိခဲ့တဲ့ အတိတ်တွေလည်း တနင့်တပိုးပါ .. အဲဒီတုန်းက ပုံတွေ ကြည့်မိရင် တကယ်ကိုပဲ လွမ်းဆွတ်ခံစားမိပါတယ် .. ဒါတွေဟာ ပြန်မရနိုင်တော့တဲ့ အတိတ် စစ်စစ်တွေပါ .. ဒီလိုလွမ်းဆွတ်စရာ အတိတ်တွေရှိခဲ့တာဟာ ကံကောင်းခြင်းလို့ ကျမ မှတ်ယူပါတယ် .. ဒီလိုပဲ နောက်လည်း ဆုံကြဦးမယ် .. ကွဲကြဦးမယ် .. သိထားရင် ကျမတို့ ဆုံတွေ့ချိန်မှာ ပျော်ရွှင်စွာ နေရင်း ခွဲခွာချိန်မှာလဲ ပြုံးပြုံးရွှင်ရွှင် လမ်းခွဲနှုတ်ဆက်နိုင်လိမ့်မယ် ထင်မိပါတယ် ..

အဲ .. ကျမရဲ့ တော့ပစ်ကတော့ လွဲနေပြီ ထင်ပါတယ် .. ဒါပေမယ့် စိတ်ထဲရှိတဲ့အတိုင်းပဲ ချရေးလိုက်ပါတယ် ..း)

အားလုံး ပြုံးရွှင်စွာ လမ်းခွဲနိုင်ပါစေ .. ဟန်ဆောင်ပြုံးတော့ မဖြစ်ပါစေနဲ့နော် ..း)

လှိုက်လှိုက်လှဲလှဲ ပြုံးပြနှုတ်ဆက်ပါ
ငါတို့အားလုံး ခရီးသွားတွေပဲ
လမ်းခုလတ်မှာ တခဏ ဆုံတယ်
ခရီးသွားဟန်လွဲတွေ့တယ်
ရင်းနှီးစွာချစ်ခင်မိတယ်
တချိန် သေချာ ခွဲရမယ် ..

ငါတို့ရှေ့က လူတွေ ဒီလိုပဲ တွေ့ဆုံကြုံကွဲ ခဲ့တယ်
နောက်လူတွေ ဒီလိုပဲ ဖြစ်လိမ့်ဦးမယ်
ငါတို့ ခုတွေ့နေတယ်
ပျော်ရွှင်စွာ နေထိုင်ပေါင်းသင်းကြမယ်
မာန .. အရေးမကြီးဘူး ခွာချ
အာဃာတ .. မထားသင့်ဘူး ဒါက ..

မေ့လိုက်ပါ
နာကျင်ခဲ့ရတာတွေကို
သတိရလိုက်ပါ
ပျော်ရွှင်နေခဲ့ရတာကို
အမှတ်ရနေလိုက်ပါ
လူတွေ များစွာထဲကမှာ ငါတို့လာဆုံတွေ့ရတာတွေကို
သတိလေးလည်း ထားလိုက်ပါ
ငါတို့ တနေ့ခွဲရမယ် ဆိုတာတွေကို ..

ဒီလိုဆို ငါတို့ ပစ္စုပ္ပန်မှာ ပျော်နိုင်မယ်
အမုန်း အလွမ်းတွေ မေ့နိုင်မယ်
ဒဏ်ရာ အနာတရတွေ နည်းနိုင်တယ်
ပျော်ရွှင်ခြင်း အစစ်နဲ့ ပျော်နိုင်မယ်
လိုအပ်ချက်တွေ ကိုယ်စီရှာဖွေ ဖြည့်တင်းမယ်
တဦးလိုရင် တဦး ရှိနေပေးမယ်
လက်ပြချိန်မှာ အပြုံးတပွင့်တော့ ပန်ဆင်ထားလိုက်ပါ ..

အတူရှိချိန်တွေ သိပ်နည်းတယ်
လိုအပ်ရင် လက်တွေ ကမ်းလိုက်ပါ
ရင်ဖွင့်ကြိုလိုက်ပါ
ဖြူစင်စွာ ပြုံးပြနှုတ်ဆက်လိုက်ပါ
လိုအပ်ချိန်မှာ ဖြည့်ဆည်းပေးခွင့် ကိုယ်စီ ရှိနေပါတယ် ..




အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေး)))

20 comments:

Angelhlaing(May everybody be happy and healthy! said...

Happy Blog day ပါမမရေ :)
ဘလော့ဒေးလေး ပျော်ပျော်ရွင်ရွင် ဆင်နွဲသွားပါတယ်လို့ ..
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

လင်းခေတ်ဒီနို said...

မေ့လိုက်ပါ
နာကျင်ခဲ့ရတာတွေကို
သတိရလိုက်ပါ
ပျော်ရွှင်နေခဲ့ရတာကို
အမှတ်ရနေလိုက်ပါ
လူတွေ များစွာထဲကမှာ ငါတို့လာဆုံတွေ့ရတာတွေကို
သတိလေးလည်း ထားလိုက်ပါ
ငါတို့ တနေ့ခွဲရမယ် ဆိုတာတွေကို ..

ဒီလိုဆို ငါတို့ ပစ္စုပ္ပန်မှာ ပျော်နိုင်မယ်
အမုန်း အလွမ်းတွေ မေ့နိုင်မယ်
ဒဏ်ရာ အနာတရတွေ နည်းနိုင်တယ်
ပျော်ရွှင်ခြင်း အစစ်နဲ့ ပျော်နိုင်မယ်
လိုအပ်ချက်တွေ ကိုယ်စီရှာဖွေ ဖြည့်တင်းမယ်
တဦးလိုရင် တဦး ရှိနေပေးမယ်
လက်ပြချိန်မှာ အပြုံးတပွင့်တော့ ပန်ဆင်ထားလိုက်ပါ ..


ငါက ကဗျာမရေးဖြစ်ပဲ နင်က ကဗျာလာရေးဖြစ်နေတယ်း)

နေ၀သန် said...

ဒေါ့ကွန်းကြီးပျက်သွားပလား.. အေးရော..:D..

ညိမ်းနိုင် said...

မိုးခါးရေ...စိတ်ထဲရေးတာလေးက ဖတ်ကောင်းသဗျ...။
ခွဲခွာခြင်းအပေါ်ထားတဲ့သဘောထားလေးကလည်းချစ်စ
ရာပဲ...၊ကျွန်တော်တို့ကတော့ ခွဲရရင်ပြုးံနိုင်ပါဘူးဗျာ...၊
ငိုမှာပဲ....:)))ကဗျာလေးလဲလှလိုက်တာ...၊ဖဘမှာရှယ်
ရင်ရမလားဗျဟင်...၊ခရက်ဒစ်ပေးမှာပါနော်....:)))

Anonymous said...

ကဗျာ က
ဘုန်းကြီး ရေးထားတဲ့
တရား ကဗျာ ကျနေတာပဲ .. :D

နောက်ဆုံး တစ်ပိုဒ်ပဲ ကြိုက်တယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုဇော် said...

အင်း. . .တွေ့ ဆုံ ကြုံ ကွဲ . . .
ဓမ္မတာပဲ လို့ ဆိုရမှာပါပဲလေ။ အားရင် စိတ်ပါရင် ဆက်ရေးပေါ့လေ နော့။

သဒ္ဓါလှိုင်း said...

ကဗျာလေးကိုဖတ်ပြီး သတိသံဝေဂလေးရသွားတယ်မိုးခါး။ တွေ့ကြုံဆုံကွဲဆိုတာ သိနေပေမယ့် လက်တွေ့ရင်ဆိုင်ရရင် သိပ်ကိုဆိုးရွားတဲ့ ဝေဒနာတွေပါပဲလေ။ ဒါကြောင့်အတူရှိနေချိန်မှာ အပြုံးလေးတွေနဲ့ နှုတ်ဆက်ပါ့မယ်။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဘလော့လေးမှာ ရေးသားနိုင်ပါစေ။
ခင်မင်လေးစားလျက်
သဒ္ဓါ

johnmoeeain said...

:) happy blog day!

အဖြူရောင်နတ်သမီး said...

HAPPY BLOG DAY..ပါ မိုးခါးရေ..
မတွေ့တာကြာပြီနော်...
ကဗျာလေး အရမ်းကောင်း၏ ။

မြတ်မွန် said...

အဟမ်း ဘလော့မရေးဖြစ်တဲ့အကြောင်းတွေ တူနေပါရောလား။
ဘာပဲ ဖြစ်ဖြစ် ဟက်ပီဘလော့ဒေးနော် ခါးခါး..။

ahphyulay said...

အင်း..
ကဗျာလေးဖတ်ပြီး ၊ တကယ်တော့ 
လူ့ ဘဝဆိုတာ ရထားကြီးတစ်စင်းကို
စီးပြီး ခရီးသွားနေရသလိုပါပဲလို့ ..
ရှည်ရှည်ဝေးဝေးပဲ စဉ်းစားမိပါတယ်။
တစ်ယောက်ဆင်း၊တစ်ယောက်တက်
ကိုယ့် ကိုနှုတ်ဆက်ပြီး ဆင်းကျန်နေခဲ့ 
လက်ပြနှုတ်ဆက်သွားနေကြတာလေ..။
ကိုယ့်ရဲ့  ခရီးကရော....
ဘယ်တော့  ဆုံးမှာလဲ..လို့ ။

khin oo may said...

မေ့လိုက်ပါ
နာကျင်ခဲ့ရတာတွေကို
သတိရလိုက်ပါ
ပျော်ရွှင်နေခဲ့ရတာကို
အမှတ်ရနေလိုက်ပါ
လူတွေ များစွာထဲကမှာ ငါတို့လာဆုံတွေ့ရတာတွေကို
သတိလေးလည်း ထားလိုက်ပါ
ငါတို့ တနေ့ခွဲရမယ် ဆိုတာတွေကို ..

khin oo may said...

Anonymous said...

ကဗျာ က
ဘုန်းကြီး ရေးထားတဲ့
တရား ကဗျာ ကျနေတာပဲ .. :D

နောက်ဆုံး တစ်ပိုဒ်ပဲ ကြိုက်တယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ချယ်ရီမြေ said...

ကဗျာရဲ့နောက်ဆုံးအပိုဒ်လေးကို အတော်သဘောကျမိတယ် မိုးခါးရေ... နောက်ဆုံးအပိုဒ်ရဲ့ နောက်ဆုံးစာကြောင်းကို ပိုသဘောကျမိပါတယ်။ လိုအပ်သူတို့အတွက်၊ လိုအပ်နေတဲ့နေရာအတွက် မိုးခါးပြောသလို ဖြည့်ဆည်းပေးနေကြသူတွေ ဖြစ်ရင် သိပ်ကောင်းမှာပဲ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Anonymous said...

Happy Blog Day ပါ။ မိုးချိုလေးရေး

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

mstint said...

ပျော်ရွှင်ဖွယ် ဘလော့ဂ်ဒေးပါနော်။
ဘလော့ဂ်ဂါဝါရင့်တွေ အများကြီးဆိုတာ ဘလော့ဂ်ဒေးရောက်တော့မှ သိလာတာ။ ကလောင်သွားလေးကထက်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

kiki said...

happy blog day .....!!!!
မရောက်ဖြစ်တာ အတော့်ကို ကြာနေပြီ မိုးခါးရေ.....
ဘယ်ဘလော့ မှ လည်း အရင်လို မလည်ဖြစ် မစ မနောက် ဖြစ်တာကြာပြီ..
အဆင်ပြေ ပျော်ရွှင် ပါစေ ခါးခါး ရေ.

ခင်တဲ့
မကိ

ဇွန်မိုးစက် said...

မိုးခါးနဲ့ မတွေ့ခင်ကတည်းက ညီမလေး ဘလော့ဂ်ဖတ်ပြီး စိတ်ထဲမှာ ခင်နေခဲ့တာ၊ လူတွေ့တော့လည်း မဇွန်ထင်ထားတာထက်တောင် ပိုခင်စရာ ကောင်းနေတယ်။
အသက်ငယ်ပေမယ့် ရင့်ကျက်တဲ့အတွေးတွေကို ပိုင်ဆိုင်ထားတဲ့ ညီမမိုးခါးတစ်ယောက် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ချစ်တဲ့မောင်နှမတွေနဲ့အတူ ဆက်ပြီး ဘလော့ဂ်ဂင်းနိုင်ပါစေလို့။
မိုးခါးရေ.... မြန်မာပြည်ခရီးစဉ်ထဲက မြို့လေးတစ်မြို့အကြောင်းလောက်တော့ ရေးပါဦးလားကွယ်။

ချစ်ခင်စွာ
မဇွန်

ပီ.အက်စ်.တရားအရိပ်အငွေ့ပါတဲ့ ကဗျာလေးမို့ မဇွန်တော့ ကြိုက်တယ်။း)

Anonymous said...

စာပေရသနဲ့ မော်ဒန်ကဗျာရသ နှစ်ခုပေါင်းပြီးတော့ ရေးဖွဲ့ထားတာကြောင့် ဖတ်ရတာ အရမ်းကောင်းပါ၏ ။အလွမ်းတွေကို ဆွဲထုတ်ယူသွားသလို ခံစားမိပါသည်။ မိုးခါးတစ်ယောက် ဒီထက်ပိုပြီး ပျော်ရွှင်စွာဖြင့် ရေးဖွဲ့သီကုံးနိင်ပါစေ.......။

ခင်တဲ့ ..
ညီစေနိင်...။

မယ့်ကိုး said...

ညီမလေးနဲ့ ဆုံတွေခွင့်ရခဲ့တဲ့အတွက်လည်း အမြဲဝမ်းသာနေပါတယ်။
တရားနှလုံးသာရှိတဲ့ ညီမလေး စာတွေမျှဝေရင်း အမြဲပျော်ရွှင်ပါစေ...

ချစ်တဲ့
မယ်ကိုး

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...