Saturday, April 10, 2010

ဧပရယ် တန်ခူး

အချိန်ရာသီတွေ
ရွေ့လျားပြောင်းလဲ
ခြေလှမ်းမှန်မှန်နဲ့
နာရီတွေ တိုက်စားတယ် ...။

ရောက်ခဲ့ပြန်ပြီ
မြန်မာတို့အတွက်
နှစ်သစ်ကူးတရက် ...။

ဇာတိအိမ်တွေမှာတော့
မပြောင်းမလဲ
အဲ .. ပြောင်းတော့ ပြောင်းလဲ လိမ့်မယ် ...။

တွေးကြည့် ငေးကြည့်
သတိရခြင်းတွေလည်း ရှိလိမ့်မယ် ...။

လွမ်းမိတဲ့အထဲမှာ
ဧပရယ်ပြယုဂ်
အခေါ်အဝေါ် သတ်မှတ်ချက်လေးတွေ ပါမယ်
သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့ချိန်တွေ ပါမယ် ...။

ပိတောက်တွေပွင့်ပြီ
ပန်းမနှစ်သက်ပေမယ့်
ပိတောက်လေးတော့လည်း ချစ်ပါတယ် ...။

မြင်ယောင်မိတယ်
သင်္ကြန်မိုး ဖွဲဖွဲ
ပိတောက်တွေ ကတဲ့ပွဲ ...။

26 comments:

ပွင့်မြုးဇင် said...

ပိတောက်တွေကတဲ့ပွဲဆိုတာလေး သဘောကျတယ်.. သင်္ကြန်ကို လူတိုင်းလွမ်းနေကြသကိုး..

သမီးကြီး said...

အတိတ်ကိုလွမ်းနေတဲ့ညီမငယ် ဒီနေ့တိုင်းမှာ စိတ်ရောလူပါ ကျန်းမာချမ်းသာပါစေ။

သမီးကြီး said...

အတိတ်ကိုလွမ်းနေတဲ့ညီမငယ် ဒီနေ့တိုင်းမှာ စိတ်ရောလူပါ ကျန်းမာချမ်းသာပါစေ။

သူကြီးမင်း (တုံးဖလား) said...

လွမ်းစရာကြီး (မြန်မာကို)။

ဂျပန်ကောင်လေး said...

တစ်နှစ်ဆိုတာ ခဏပါပဲနော်......

လင်းခေတ်ဒီနို said...

ဇာတိမြေကတော့ပြောင်းလဲမှာပဲ နင်တောင်ပြောင်းလဲ သေးတာပဲဟ . . . .

Phyo Maw said...

အိမ်ပြန်ချင်တယ် ^_^

ဇွန်မိုးစက် said...

အောက်ဆုံးအပိုဒ်လေးကို အထပ်ထပ်အခါခါ ရေရွတ်မိပါရဲ့။

ညီမလေးမိုးခါး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။း)

အဖြူရောင်နတ်သမီး said...

သင်္ကြန်..တဲ့လား...
ဧပရယ်လ်...တဲ့လား...
ပိတောက်...တဲ့လား...






ရွှင်လန်းချမ်းမြေ့ပါစေ ညီမလေးရေ....

Pwint Myue Zin said...

ပို့စ်အသစ်မှတ်နေတာ.. ခေါင်းစဉ်ပြောင်းလိုက်တာကိုး

လင်းကြယ်ဖြူ said...

အခုလောက်ဆို မြူးကြွတဲ့ တေးသံတွေ ပျံ့လွင့်လို့နေ
လောက်ပြီ ကူးပြောင်းစ တန်ခူးလေ နဲ့ အတူ....း)

*.*.*

noblemoe said...

လွမ်းတယ် လွမ်းတယ် လွမ်းတယ်
နှစ်သစ်မှာသာယာချမ်းမြေ့ပါစနော်
မိုး

ဂျွန်မိုးအိမ် said...

ပိတောက်
မခေါ်သာ
မေ့ပျောက်ထားပေမယ့်
အချိန်မှန်တစ်ခေါက်တော့
သူ အလည် ပြန်ရောက် လာသတဲ့ စစ်ရဲ့...။

ပိတောက်ကို မချစ်
ရေလောင်းတာကို မနှစ်သက်လှပေမယ့်
နှစ်သစ်ကူးချိန်လေးကိုတော့ မြတ်နိုးလွန်းပါရဲ့....

ခင်မင်လေးစားစွာ

kaungkinpyar said...

ပိတောက်တွေပွင့်ပြီ
ပန်းမနှစ်သက်ပေမယ့်
ပိတောက်လေးတော့လည်း ချစ်ပါတယ်..

ဒဏ္ဍာရီ said...

ပျော်ရွှင်ဖွယ် နှစ်ကူးအတာလေးဖြစ်ပါစေ ညီမလေးရေ..

သင်္ကြန်တောင် ရောက်ပြီနော်.. ကဗျာလေးက လှလှလေးနော် ညီမလေး..း))

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

Ree Noe Mann said...

လွမ်းမိပါတယ် သင်္ကြန်ကိုး။
ကိုယ့်အတွက် ပျော်ရွှင်စရာ မကောင်းခဲ့တော့လည်း
မတမ်းတမိပြန်ပါဘူးလေ။

မြန်မာ ဆိုတော့လည်း သူများ ပျော်လို့ ပျော်ချင်မိပြန်တာပေါ့။

ခက်တယ် ခက်တယ်။ ဘာတွေ ပြောနေမိမှန်မသိတော့ပါဘူး ညီမရယ်။

မြတ်မွန် said...

လွမ်းတယ် မိုးခါးရေ..
သင်္ကြန်ရောက်တိုင်းပါပဲ။
အမြန်ဆုံး အပြေး ပြန်ချင်အမိပါတယ်။

Angel Shaper said...

ကဗျာလာဖတ်သွားပါတယ်နော်။
နှစ်သစ်မှာပျော်ရွှင်ပါစေ။

ဏီလင်းညို said...

မိုးခါးရေ.....
ပိတောက်တွေကတဲ့ပွဲတဲ့......
တစ်ကယ်ပဲဗျာ....။
ဒီအချိန်ဆို အားလုံးလိုလို ဟိုမှာတော့ စိတ်လှုပ်ရှားနေကြလောက်ပြီနော့်........း((
အင်းးးးးးး....... ဒီလိုနဲ့ နှစ်တွေအများကြီးကြာခဲ့ပြီ....။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ ညီမလေးရေ......
ခင်မင်တဲ့
ဏီလင်းညို

chocothazin said...

သင်္ကြန်မိုး ဖွဲဖွဲ
ပိတောက်တွေ ကတဲ့ပွဲ... တဲ့
စာသားလေးက နုလိုက်တာ သယ်ရင်းရေ။

စိုင်းစိုင်းလားရှိုး said...

ပိတောက်ကတဲ့ပွဲ ဆင်နွဲချင်ပါရဲ့

ပန်းပိတောက်ဟာ
အတာကူးမှာ မွေးတာမို့
ပျော်မြူးကြတဲ့
ရက်မြတ် သင်္ကြန်မှာ

ကဲ ညီမေလေးရေ
အားလုံးလည်း ပျော်ထူးရအောင်
ရေလောင်းကြမယ်ဗျာ.....

မိုးစက်အိမ် said...

ငါတို့ အတွက်ကတော့ သိပ်ခံစားမှုမရှိတော့သလို
ပါဘဲလား မိမိုးခါးရာ . . . အော်သင်္ကြန် သင်္ကြန်
ဧပရယ်တန်ခူး ရယ် တဲ့လား :D

Mogok Thar said...

((((((((((ဗွမ်း))))))))))))


ရေတွေစိုကုန်ပြီဟေ့

ရေတမာ said...

ပိတောက်တွေ ကတဲ့ပွဲတဲ့လား.. ယဉ်ယဉ်ကျေးကျေးလေး က ကြရင်ကောင်းမယ်။။
နှစ်သစ်မှာ ပျော်စရာအပေါင်း ကြည်နှုးစရာအပေါင်းနှင့်ပြည့်စုံပါစေ။ ရွှင်လန်းချမ်းမြေ့ပါစေ။ (((((((((ပြွတ်)))))))))) (ရေပြွတ်နဲ့ပက်တာ)

ဖိုးစိန် said...

ဒီမိုး
ဒီပိတောက်
် ဒီသင်္ကြန်
ဒီအလွမ်း
ဒီညီမလေး
ဒီနှစ်သစ်မှာ ရွင်လန်းချမ်းမြေ့ပါစေ။ ပျော်ပါစေ ။

Yu Shwe said...

ဒီနှစ်သင်္ကြန်တော့ မိုးက တဖွဲဖွဲမပြောနဲ့ တစ်စက်တောင် မကျပေးနိုင်ရှာဘူးနော် ။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...