Monday, February 7, 2011

ဟိုရောက် ဒီရောက် (၆)

ကိုယ့်ဘလော့ကိုယ် ကြည့်မိတော့ အက်တစ်မဖြစ်တာကြာပြီလို့ ခံစားရပါတယ် .. စာလည်း ရေးဖို့ အစရှာမရသလိုပါပဲ .. စဉ်းစားမိတာတွေလဲ အချိန် နဲနဲကြာရင် ပျောက်ပျောက်သွားပြန်ပါတယ် .. ဒီကြားထဲမှာလည်း ကိုယ့်ဆိုက်က ကြောင်သလား ကိုယ့် mozilla ကပဲ ကြောင်သလား ကိုယ်တိုင်ပဲ ကြောင်နေသလားမသိ ဆိုက်က Reported Attack Page! ဆိုပြီး စာတမ်းနီကြီး တက်နေပါတယ် ..

ရုံးပိတ်ရက်မှာတော့ စာသိပ်မဖတ်ဖြစ်ပေမယ့် ရုပ်ရှင်တွေတော့ ကြည့်ဖြစ်ပါတယ် .. စာအုပ်တွေက ဖတ်ဖို့ ကြွေးတွေ တော်တော်များနေပါတယ် .. ဟိုတ၀က် ဒီတ၀က်တွေလည်း များနေပါတယ် ..

စာမတင်ဖြစ်လို့ ကိုယ့်ဆိုက်လေး နဲနဲ အက်တစ်ဖြစ်အောင် ခုဖတ်နေ ကြည့်နေတဲ့ စာအုပ်တွေ ရုပ်ရှင်တွေ အကြောင်းပဲ ပြောပါတော့မယ် .. :D

ငယ်ငယ်ကဆို ဆားပုလင်းနှင်းမောင် ရုပ်ရှင်တွေ တော်တော်ကြိုက်ပါတယ် .. မှတ်မိနေတာတော့ မြိုင်မဟာ မမြလေး ပါပဲ .. ရုပ်ရှင်တွေ ဆိုပေမယ့် သိပ်တော့ မများလှပါဘူး .. ဒါပေမယ့် အရင်က မြန်မာကားတွေ ကြည့်လိုက်ရင် မှတ်မိစရာ အကွက်လေးတွေ ပါတတ်ပါတယ် .. စွဲလဲ စွဲပါတယ် .. ဦးကျော်ဟိန်းကား "အဘရော သောက်သောက်" ဆိုတာမျိုး .. "၁၀နှစ် ၁၀နှစ် သွားသင် .. ဒိုင်း" ဆိုတာမျိုးပေါ့ .. ခုနောက်ပိုင်းကားတွေကျတော့ ကြည့်စရာတွေ များနေပေမယ့် ကြည့်လိုက်ရင် အဆုံးကို ကြိုသိနေတာပဲ များပါတယ် .. အစအဆုံး အချိန်ပေးပြီး လိုက်ကြည့်နေစရာ မလိုတော့သလိုပါပဲ .. မရှိဘူးမဆိုလိုပေမယ့် ရှားတယ်လို့ ဆိုချင်ပါတယ် .. တချို့ကားတွေဆို ဇာတ်လမ်းတောင် တိတိပပ မရှိပဲ လူလေး ၄ ၅ ၆ ယောက်နဲ့ တကားပြီးသွားတာမျိုးတွေလည်း ကြည့်ဖူးပါတယ် .. ဆိုးတယ်ပဲ ပြောရမှာပေါ့ .. :D

ဟိုတခါကလည်း အသိအကိုတယောက် ညွှန်းလို့ ရှာကြည့်ဖြစ်ပါတယ် .. သားအဖ ဇာတ်လမ်းပေါ့ .. ကြည့်ရင်းနဲ့ ကြည့်ဘူးသလိုလို စဉ်းစားမိတော့မှ ဦးကျော်ဟိန်းကား ပြန်ရိုက်ထားတာပဲဆိုတာ သိလာပါတယ် .. ဟိုတခါ အိမ်ထောင်ရေးကား ကလည်း အရင် ဒွေးနဲ့ အိန္ဒြာကျော်ဇင်ကား ဖြစ်နေပါတယ် .. ဟိုတခါလည်း တောက မင်းသားနဲ့ မြို့က မင်းသမီး တွေ့ပြီး ဖူးစာဆုံတဲ့ကားကလည်း အရင် ထွက်ဖူးပြီးသားကြီးပါ .. အဲလိုတွေ ကြည့်ရတာလဲ စိတ်ပျက်လာသလိုပါပဲ .. ဇာတ်လမ်းနဲနဲကောင်းတယ်ညွှန်းလို့ ကြည့်လိုက်ရင် ကားအဟောင်းဖြစ် ဖြစ်နေတတ်တာပါ .. အဲဒီတော့ စဉ်းစားမိပြန်ရော .. သိရဲ့နဲ့ ပြန်ရိုက်တာလား .. မသိပဲ ပြန်ရိုက်တာလား .. သေချာတာတော့ ပြန်ရိုက်တဲ့ကားက အရင်ကားအဟောင်းကို မမှီတာပါပဲ .. ဘယ်လောက် သမားရိုးကျ ကားဖြစ်နေပါစေ မမှီဘူးထင်မိတယ် .. (ကိုယ့်အတွေး သက်သက်ပါ) .. နောက် တချို့ဇာတ်လမ်းတွေ ကောင်းတယ်ဆိုပြီး ကြည့်ရင် ပြန်ပြန်ကြားတာက နိုင်ငံခြားကားတွေကို မြန်မာမှုပြုထားတာတွေ များနေပြန်ပါရော ..

ဒီတော့ စဉ်းစားမိတယ် .. ဘာလို့လဲ .. ဟိုအရင်တုန်းကလို ကိုယ်ပိုင် ဇာတ်လမ်းကောင်းကောင်း မရှာနိုင်ကြတော့ဘူးလား ..

နောက်ဆုံးတော့ မစဉ်းစားတော့ပါဘူး .. burmese classic က ခေတ်ဟောင်းကားတွေ ပြန်ဒေါင်း ကြည့်ပြစ်လိုက်တော့တယ် .. :D

3 comments:

ညိမ်းနိုင် said...

မနတ်သမီး ဆိုက်လည်း အဲလိုဖြစ်နေလို့တဲ့ဗျ...။
ဘာဖြစ်သလဲတော့ မသိ...:D
မြန်မာရုပ်ရှင်၊ဗီဒီယိုတွေကတော့....ဟင်း....။

Anonymous said...

သာမီး ဆိုဒ် အဲ့လို မဖြစ်တေးဝူးးး ..း))

အမ ပြောသလိုပဲ ..
အရင်တုန်းက ကားတွေဆို
တစ်ကားဆို တစ်ကား ကောင်းမှ ကောင်း ..
ခု နောက်ပိုင်း ကားတွေ
ဘာတွေမှန်းကို မသိတာ ..

အဲ့တော့ မကြည့်တော့ဘူး ..
ကို ရီးယား ၊ ကိုးရီးယား ပဲ
ကြည့်လိုက်တော့တယ် ..း))
ဟေးးဟေးး ..
ကောင်းမှ ကောင်း ...
ကောင်လေး တွေ ဆို လည်း
ချောမှ ချော .. :D << အဟမ်း >>

ခု လောလောဆယ် ..
My princess ကြည့်နေတယ် ..
နိုက်စ် ..း))
မကြည့်ရသေးရင် ကြည့် ..
စီးကရက် ဂါးဒန်း လည်း ဆိုးကူးးလ် ..
တခြား အင်္ဂလိပ်ကားတွေ လည်း
ဂွတ်ဒ် ... ;)))


ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုဇော် said...

အမှန်ပဲ . . .
မြန်မာကားတွေကတော့ တောကြိုက် ကားတွေပဲ ဖြစ်နေတော့တာပဲ။ မပြောချင်တော့ပါဘူးလေ။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...