Friday, February 25, 2011

ခရီး တထောက် (၁)

ရန်ကုန်ပြန်ခဲ့တာတော့ ကြာပါပြီ .. ရန်ကုန်မှာတုန်းကတော့ ရေးဖို့ စာတွေ တန်းစီပြီး စဉ်းစားထားတာ ဒီပြန်ရောက်တော့ ဘာမှဟုတ်တိပတ်တိ မရေးဖြစ်သေးပါဘူး .. မိုးခါးဘလော့ ခြောက်တီး ခြောက်ကပ်ပါပဲ .. တကယ်က ရေးဖို့တွေ စဉ်းစားမိရဲ့နဲ့ အပျင်းတစ်တယ် ဆိုပါတော့ .. :D

ခုတော့ ရန်ကုန်အကြောင်း စမြုံ့ပြန်ဖို့ သတိရပါတယ် ..

ရန်ကုန်ပြန်သွားခဲ့တာ သိပ်မကြာသေးပါဘူး .. ဒီဇင်ဘာ ၁၅ကမှ ပါ .. :D

အားလုံးပေါင်း ၁၀ရက် နေခဲ့ပါတယ် .. မေမြို့ ၅ရက် ရန်ကုန် ၅ရက်ပေါ့ .. ခုတခေါက်ပြန်တာ အိမ်မှာ အကြာကြီး နေလိုက်ရသလိုပါပဲ .. မိသားစု ၄ယောက်လည်း စုံတယ် ဆိုပါတော့ .. မေကြီးလည်း ခွင့်ယူထားတော့ အချိန်ပြည့်တူတူဖြစ်နေပါတယ် ..

မေမြို့ကိုသွားတော့ နေပြည်တော်ကို ဖြတ်ရတဲ့ လမ်းက သွားဖြစ်ပါတယ် .. လမ်းက တော်တော်လေး ကောင်းပါတယ် .. ဆိုးတာက နေ့ဘက်ဆို အရိပ် မရှိတာပါ .. တော်တော်ကို ပူပါတယ် .. ညဘက်ကျ တမျိုးဆိုးပါတယ် .. မီး လုံးဝ မရှိတာပါ ..

နေပြည်တော်ထိကို လမ်းအသုံးပြုခ ၅၀၀၀ ကျပ် လို့ ထင်ပါတယ် .. ပေးရပါတယ် .. ၁၁၅ မိုင်မှာ စားသောက်ဆိုင်တွေ ဖွင့်ထားပါတယ် .. အသွားတုန်းက မစားဖြစ်ပါဘူး .. အပြန်ကျ စားဖြစ်ပါတယ် .. အစားအသောက်တွေက မဆိုးပါဘူး .. ကောင်းပါတယ် .. ဆက်ဆံရေးကတော့ နဲနဲ ဆိုးသလိုပါပဲ .. (ဒါကလည်း မြန်မာနိုင်ငံမှာ ရိုးတော့ ရိုးနေပါပြီ .. ရောင်းသူတွေဘက်က ၀ယ်ချင်ဝယ် မ၀ယ်ချင်နေ စားချင်စား မစားချင်နေဆိုတဲ့ ခေတ်ကြီး ဆိုတော့ကာ)

အောက်က ပုံတွေကတော့ နေပြည်တော်သွားရာ လမ်းတ၀က်က မြင်ကွင်းပါ ..
 နေပြည်တော် တောင်တန်းများ
 စားခဲ့သော ဆိုင်
 ဆိုင်တွင်းမှ ရိုက်ချက်
 နေပြည်တော်လမ်းတ၀က် မြင်ကွင်းတနေရာ

အောက်ကပုံတွေကတော့ နေပြည်တော်ရဲ့ မြင်ကွင်းတချို့ပါ ..
 မြို့တွင်း တနေရာ
 အေးရှားလိုက်
 ရှမ်းစားသောက်ဆိုင် .. စား၍မဆိုးပါ ..
မနက် နေထွက်စ
 တောင်ကုန်း တနေရာ
 နေပြည်တော် တနေရာ
 တောင်ကုန်းပေါ်မှ မြင်ရသော ရှုခင်း တခု
 နေပြည်တော်အ၀ိုင်း၁ခု (စုစုပေါင်း ၄၀ိုင်း ရှိပါတယ်)
 သစ်တောရုံးထင်တယ် .. (အထဲမှာ ဆင်ရုပ် ရှိတယ် ..)
 ကျောက်စိမ်းပြတိုက်
 လမ်းမတနေရာ
အာရုံကျင်းစ

အောက်က ပုံတွေကတော့ နေပြည်တော် မြို့တော်ရဲ့ ညဘက် မြင်ကွင်းပါ .. လှပါတယ် .. တလမ်းလုံး မှောင်လာသမျှ နေပြည်တော်ကျ မျက်စိကို ကြိမ်းရော .. :D

 အ၀ိုင်းတခု
 နောက်တ၀ိုင်း
ဒါက နောက်တ၀ိုင်း

လမ်းမှာ စိတ်မကောင်းဖြစ်ရတဲ့ မြင်ကွင်းတွေ မြင်ရပါသေးတယ် .. ဘာတွေလဲဆိုတော့ .. ကလေးတွေပါ .. နေပြည်တော် ကားလမ်းမကြီးတလျှောက်က တောင်ကို ဖြိုပြီး ဖောက်ထားတာမို့ လမ်းဘေး ၀ဲယာ အနီးအနားမှာ ရွာလိုမျိုးနေရာတောင် မရှိပါဘူး .. မမြင်ရပါဘူး .. ဒါပေမယ့် လမ်းဖောက်နေတဲ့ လူတချို့ နေရာတချို့ (တချို့လည်း နဲနဲ တချို့နေရာ ဂိတ်လိုနေရာမျိုးမှာတော့ လူတော်တော်များများ) တွေ့ပါတယ် ..

အရိပ်မရှိတဲ့ လမ်း .. လူနေအိမ်မရှိတဲ့ လမ်းမှာ လမ်းလျှောက်နေတဲ့ လူ တချို့ တလေကိုလည်း တွေ့ပါတယ် .. ကလေးလည်း တွေ့ပါတယ် .. ကျမ တော်တော် အံ့သြမိပါတယ် .. သူတို့တွေ ဘယ်ကိုသွားနေတာလဲ .. ဘယ်ကနေ လာတာလဲ .. ဘာသွားလုပ်မှာလဲ .. ဘယ်မှာနေတာလဲ .. မေးခွန်းတွေ တသီတတန်းကြီး ထွက်လာပါတယ် .. နောက်တော့လဲ အနီးအနား အိမ်လေး ယာလေး ရှိကောင်း ရှိမယ်လေလို့ တွေးလိုက်ပါတယ် ..

အိမ်က လုံးဝ မတွေ့တာမဟုတ်ပဲ တွေ့တော့ တွေ့ပါတယ် .. တောင်စွန်းနားမှာ ၀ါးလုံးလေးတွေနဲ့ ဟိုးနား တအိမ် ဟိုးနား တအိမ်ပေါ့ ..

ပြီးတော့ ကလေးတွေ .. လမ်းခင်းဖို့ အုတ်တွေ သယ်နေတာ တွေ့ပါတယ် .. အုတ်ခဲကျိုးပေါ့ .. ၂ယောက် ရှေ့တယောက် နောက်တယောက် ထမ်းစင်လေးလိုဟာနဲ့ ဟိုဘက်ကားလမ်း သယ်သွားလိုက် ဒီဘက်ကားလမ်း သွားဖို့လိုက်နဲ့ပါ .. အဲဒီလမ်းက ကားတွေက အသားကုန်မောင်းကြပါတယ် .. ကျမ အမြင် အတော်လေး အန္တာရယ်များပါတယ် .. ပြီးတော့ ကျမ တွေးမိတာက ဒီကလေးတွေရဲ့ အနာဂတ် .. ဒီလိုနေရာ ဒီလို အခြေအနေမျိုးမှာ သူတို့ ဒီလိုပဲ ပျော်သွားတော့မလား .. နေသွားတော့မလား .. တကယ် ရင်မောမိပါတယ် .. (ချရေးပြချင်ပေမယ့် လိုက် မမှီတဲ့ ခံစားချက်မျိုးပါ ..) ငါသာ ဒီလိုဘ၀မျိုး ရောက်နေရင်လို့ တွေးပြီး တော်တော် ကြောက်မိပါတယ် .. သူတို့အတွက် ဘာသာတရား အဆုံးအမဆိုတာ ဘာဖြစ်မလဲ .. မိဘဆိုတာကရော .. ဘယ်လိုမျိုးများ ဆုံးမတတ်မလဲ .. ပညာတတ်ရင် တော်သေးပါရဲ့ .. အိုး .. တွေးရင်း တွေးရင် တော်တော် အသက်ရှုပ်ကျပ်မိပါတယ် ..

ပြီးတော့ လမ်းလုပ်သားတွေ .. ကြီးကြီး ငယ်ငယ် အရွယ်စုံ .. နေပူကျဲတောက်ထဲမှာ အလေးအပင်တွေမ ဖုန်မှုန့်သဲမှုန့်တွေ ရှူ .. သူတို့အတွက် ဘ၀ဆိုတာ ဘာလဲ .. အနာဂတ်ဆိုတာ ဘာလဲ .. ဟူး .. တော်တော် မရေရာတဲ့ ကိစ္စကြီးပါပဲ ..

လောကကြီးက မတရားဘူး
ဖြူစင်သူတွေကို ညစ်ထေးအောင် လုပ်တယ် ...။

လောကကြီးက မတရားဘူး
အဖြူထည်တွေကို အရောင်ဆိုးတယ် ...။

လောကကြီးက မတရားဘူး
ငွေပေါ်လည်း ရွှေထပ် တတ်သေးတယ် ...။

လောကကြီးက မတရားဘူး
လမ်းပေါ်ကလူတွေ လမ်းဘေးပို့တယ် ...။

လောကကြီးလည်း ဘာမှတော့ မလုပ်ရပါ
လောကကြီးလည်း စိတ်ပျက်လက်ပျက်သာ ...။

တကယ်ကတော့ ရေးချင်တာတွေ မကုန်သေးပါဘူး .. စိတ်ကူးပေါက်တော့လဲ ထပ်ရေးရတာပေါ့နော် ..း)

အောက်မှာ သီချင်းလေးတပုဒ်ပါ .. အချိန်ရရင် နားထောင်သွားပါဦး .. အခြေအနေပေးရင်လည်း တတ်နိုင်သလောက် ကူညီပေးလိုက်ကြပါဦး .. ကိုယ်တိုင်တော့ နားထောင်ပြီး ရင်ထဲ တော်တော် ဆို့ပါတယ် ..

7 comments:

Maung Myo said...

အဲ့ ခလေးတွေ ငါမြင်ဖူးတယ် CDC ကျောင်းက ရွှေ့ပြောင်းအလုပ်သမားများကျောင်းဆိုတာပေါ့ ။

ကိုဇော် said...

အတော်ကို ကောင်းတဲ့ တင်ပြမှုလေးပါပဲ။
တစ်ယောက်တစ်လက်င်္စီ တတ်နိုင်တဲ့ ဘက်က ကူညီကြတာပေါ့လေ။

နေပြည်တော်ကျောက် said...

ကလေးတွေပဲ အလုပ်လုပ်မဲ့သူရှိတယ်လေ..လူကြီးတွေက အကုန်နိုင်ငံခြားရောက်နေပြီ..

လင်းခေတ်ဒီနို said...

ငါ ဒီသီချင်း ဖဘမှာ ရှယ်ထားတယ်

noblemoe said...

လောကကြီးကသူဘာသာသူနေတာပါညီမရေ
မတရားတာကတော့ ....
ဟူးးးးးးးးးးးးးးးတော်ပြီ

မြန်မာနိုင်ငံကြီအမြန်ဆုံးအေးချမ်းသာယာလာပါစေ...

မိုး

ဂျွန်မိုးအိမ် said...

လောကကြီးနဲ့ လူကြီးတွေ အကြောင်းလား....။
မောတယ်.. တွေးရင် :P

မောခမ်းနွံ ဆိုင်က စားကောင်းတယ် ဆိုတာရယ်၊
နေပြည်တော်က အာရုံကျင်းတဲ့ နံနက်ခင်းတွေက လှတယ်ဆိုတာရယ်၊ ညရောက်ရင် မျက်လုံးကြိမ်းမိတယ် ဆိုတာရယ်တော့ ထောက်ခံသွားပါတယ်..။

မြစ်ကျိုးအင်း said...

မြန်မာပြည်မှာ ရှိစဉ်က ကျိုက်ထီးရိုးသွားရင်း တောင်တက်လမ်းမှာလမ်းကုသိုလ် ယူနေတဲ့ ကလေးတွေ တွေ့တော့ အဲဒီလို တွေးမိဖူးတာ မှတ်မိတယ်။
ဘဝဆိုတာကိုက အဲဒီလိုပဲလေ။ ခေတ်နောက်ကျနေတဲ့ နိင်ငံက ဘဝတွေက ဖြစ်သင့်တာထက် ပိုချို့ယွင်းတာပဲ မဟုတ်လား။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...