Monday, April 20, 2009

စိတ်

ဘာဖြစ်နေတာလဲ
ကိုယ့်စိတ်ကို ပြန်ဖတ်တော့
ကိုယ်တိုင်နားမလည်သလို
အူကြောင်ကြောင်ပြန်ကြည့်တယ်
စိတ်တွေမွန်းနေတယ်
ကိုယ့်စိတ်ကိုယ်
ချွန်းမအုပ်နိုင်တော့
ထိန်းမနိုင်သိမ်းမရ
လွတ်ချင်ရာလွတ်တယ်
ဖမ်းလို့မရတဲ့ဒီစိတ်
လွင့်ချင်သလိုသာလွင့်ပေတော့
စောင့်ကြည့်နေလိုက်မယ်
တနေရာရာမှာတော့
မှီတွယ်ရာတွေ့ကောင်းပါရဲ့


9 comments:

တောင်ပေါ်သား said...

စိတ်အစဉ်ကို မထိန်းချုပ်ကာ
အရမ်းလွှတ်တော့ ဟိုတိုက်ဒီတိုက်
ယိမ်းနွဲ့ကာရယ် ကိုယ်တိုင်သည်သာ
ဒဏ်ရာရ၍ ဖြစ်တတ်ပေသည်။

အဟား အမရေ ကဗျာလျှောက်စပ်ကြည့်တာ.. စိတ်ညစ်နေလား မညစ်နဲ့ဗျို့ ပျော်ပျော်တာနေလိုက်


လေးစားလျက်
တောင်ပေါ်သား

မသက်ဇင် said...

မိုးခါးရေ
ကဗျာလေးကောင်းတယ်

ချွန်းမအုပ်နိုင်တော့
ထိန်းမနိုင်သိမ်းမရ
လွတ်ချင်ရာလွတ်တယ်
ဖမ်းလို့မရတဲ့ဒီစိတ်

မှန်ပါတယ် ဒါပေမယ့် တတ်နိုင်သလောက်
စိတ်ကိုထိမ်းချုပ်ပြီး တရားရှုရတော့တာပေါ့
ပျော်ရွှင်ပါစေ

နွေးနေခြည် said...

ဒီစိတ်ကလေးကို တို့နိုင်သွားရင်တော့ ဒီသံသရာက လွတ်တန်ကောင်းပါရဲ့

မဆုမွန် said...

စိတ်...
ကို ထပ်တူ ခံစားသွားတယ် မိုးခါးလေးရေ....စိတ်တစ်ခု ဒီစိတ်လေးတစ်ခုပါပဲ..

ဝလုံးဝိုင်းဝိုင်း said...

ကဗျာလေးကို နှစ်သက်စွာ ခံစားသွားတယ်။ တစ်နေရာမှာတော့ ဒီစိတ်အတွက် မှီတွယ်ရာ ရှိနိုင်မှာပါ။ ငြိမ်သက်အေးချမ်းတဲ့ စိတ်နားခိုရာ နေရာလေး တွေ့နိုင်ပါစေ။

မောင်မျိုး said...

ငါ တရားတစ်ပုဒ်နာဖူးတယ်ဟ စိတ်ဆိုတာ အရမ်းကိုဆန်းကြယ်ပြီး အသံ အလင်းတွေထပ် ပိုပြီးအားပြင်းတယ်တဲ့ မြန်နှုန်းမြင့်အရာတစ်ခုပေါ့ သူ့ကိုထိန်းချုပ်နိုင်ဖို့တော့ တို့ရဲ့ မြန်မာအယူရဆိုရင်တော့ ဘာသာတရားပဲရှိမယ်ထင်တယ် ။ ဒီကဗျာဖတ်ပြီး ငါ့စိတ်တွေတောင်ကြောင်သလိုလိုဖြစ်သွားတယ် ။ ဟဲ့...နင်ဆေးသောက်ရဲ့လား ????

:)

kaungkinpyar said...

စိတ်ဆိုတာ ဒီလိုဘဲ ညီမလေးရေ၊ အသက်ကြီးလာမှ များမှီတွယ် စရာတွေ့မလား မသိဘူး

Phyo Maw said...

စိတ် နဲ့ ဆိတ် တူသလိုလို
ဆိတ်ကတော့ မြက်စားထွက်သွားတယ်...။
ငြိမ်ငြိမ်လဲ မနေဘူး။
စိတ်ကိုချွန်းနဲ့တော့ မအုပ်ပါနဲ့ မမမိုးခါးရယ် ချွန်းဆိုတာ ဆင်လို ကောင်ကြီးအတွက် ဟဲဟဲ။
မမမိုးခါးစိတ်က ဆင်လောက်ကြီး ကြီးနေပီလားဗျ

လင်းကြယ်ဖြူ said...

စိတ်..တဲ့ ပြောတော့ တစ်လုံးတည်းရယ်။
လေးလိုက်တာလ္ဂန်ပါရော
ဒီစိတ်နဲ့ ပဲ ...တို့တ္ဂေလည်း
...............

သြော်..စိတ်..စိတ်..စိတ်....(ပုတီးကို ပြောတာမဟုတ်ဘူးနော်)...

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...