Friday, April 17, 2009

ညီမလေးနဲ့ ပတ်သက်လို့

ကျမ ခုလတ်တလော မိုးမိုး(အင်းယား) ရဲ့ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးသွားတယ် .. ပြီးတော့ ဖြစ်လာတဲ့ခံစားချက်လေးတွေကို ရေးမိလိုက်တာပါ .. ဒီစာအုပ်ကို ယောကျာ်းလေးတွေအနေနဲ့တော့ ကြိုက်မယ် သိပ်မထင်ဘူး .. ကျမလည်း အစဖတ်စက သိပ်စိတ်မ၀င်စားမိဘူး .. ဒါပေမယ့် ဖတ်ရင်း ပြီအောင် ဖတ်ချင်လာတယ် .. ဘယ်လိုဖြစ်မလဲပေါ့ .. မိန်းကလေးတွေ ဖတ်သင့်တယ်လို့ထင်ပါတယ် .. ယောကျာ်းလေးတွေလည်း ဖတ်သင့်ပါတယ် .. သူတို့လည်း တနေ့ သမီးတယောက်ရဲ့ အဖေဖြစ်လာနိုင်တယ်လေ ..

ဇာတ်ကတော့ စုဆိုတဲ့မိန်ကလေးအကြောင်းပါပဲ .. ဒီစာအုပ်ကိုဖတ်ပြီး ကျမခံစားမိတာက - မိဘဆိုတာ သားသမီးအပေါ် တာဝန်အရှိဆုံးလူပဲ .. မိဘရယ်လို့ ဖြစ်လာပြီဆို ကိုယ့်သားသမီးကို ဆုံးမသွန်သင်ရမယ် .. ဆုံးမသွန်သင်ပုံကလည်း မှန်ကန်ရမယ် .. ငါပြောသလိုလုပ်ဆိုတဲ့ခေတ်ကလည်း ကုန်ခဲ့ပါပြီ .. အရာရာဝင်ရောက်စွက်ဖက်မယ့်အစား သူ့လုပ်ရပ် မှန်၏ မှား၏ကို ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်မျိုးရှိလာအောင် လေ့ကျင့်ပေးသင့်တယ် .. ကိုယ်က သူ့ဘေးနားတချိန်လုံးရှိနေနိုင်မှာမှမဟုတ်တာ .. ကိုယ့်မျက်ကွယ်ဆိုတာ ရှိလာမှာပဲ .. ကလေးက ကိုယ့်ရှေ့တင်လိမ္မာတာမျိုးမဖြစ်ရဘူး .. နောက်ကွယ်မှာလည်း ရှေ့တင်မှာလိုပဲ ဖြစ်ရမယ် .. ကလေးတယောက် ဘာလို့လိမ်လဲ .. မိဘမသိအောင်ဘာလို့လုပ်လဲ ..


ပွင့်ပွင့်လင်းလင်းပြောဆိုခွင့်မရှိတဲ့ကလေးတယောက် မိဘမသိအောင် သူလုပ်ချင်တာကို ကွယ်ရာမှာ လုပ်မိမှာပဲ .. မိဘမသိရင် သူအဆူခံရစရာ အရိုက်ခံရစရာမရှိတော့ဘူး .. မိဘအနေနဲ့လည်း ကလေးဘာလုပ်နေတယ်မသိတော့ မှား၏မှန်၏ ထောက်ပြနိုင်စွမ်းမရှိတော့ဘူး .. ဒီတော့ ကလေးအနေနဲ့လည်း မှန်ကန်တဲ့ အသိတရားနဲ့ ဝေးသွားနိုင်တယ် .. အဲဒီအတွက် ကလေးအနေနဲ့လည်း မှားမှန်းမသိ မှားမယ် .. မှားမှန်းသိတော့လည်း ပြင်ခွင့်မရှိပဲ နောက်ဆုတ်မရတော့ နစ်သထက် ဆက်နစ်မယ် .. မိဘအနေနဲ့ သိပြီဆိုတဲ့အချိန်မှာ ယူကြုံးမရနေရုံကလွဲလို့ မတတ်နိုင်တော့ဘူး .. ခုချိန်ထိတော့ ကျမစိတ်ထင် အပြစ်က လူကြီးမှာ ရှိနေတယ် .. ကလေးအပေါ် မှန်ကန်တဲ့ အသိတရားမှ ထည့်မပေးနိုင်ခဲ့ပဲ .. ခြွင်းချက်ကတော့ ညဉ်ပေါ့ .. ပြီးတော့ မိဘရဲ့ သားသမီးကံပေါ့ .. ညဉ်ပါလာပြီဆိုရင်တော့ ဘယ်လိုသွန်သင်သွန်သင် မရတဲ့ကလေးမျိုးလည်းမြင်ဘူးပါတယ် .. ဒါပေမယ့် ကလေး လိမ္မာတယ် ဆိုးတယ်ဆိုတာ မိဘအုပ်ထိန်းသူအပေါ်မှာ ၉၀ရာနှုန်းလောက် မူတည်ပါလိမ့်မယ် ..

နောက်တခုက မိန်းကလေးတယောက်ဟာ တချက်ဆို တချက်လေးမှ မှားလို့မဖြစ်ဘူး .. မှားခဲ့ပြီဆို ပြင်မလား .. ကိုယ်လုပ်ခဲ့တာ ပြင်လို့ရတဲ့အမှားလား .. ယောကျာ်းလေးတယောက်ကို ကိုယ့်ရှိသမျှပုံပြီးချစ်လိုက်တယ် .. ဒီလိုချစ်ဖို့ ထိုက်တန်သူဟုတ်ရဲ့လား .. ကိုယ်ကတော့ မိသားစုအသိုင်းအ၀ိုင်းအားလုံးကို ဆန့်ကျင်ပြီးသူ့ကိုချစ်လိုက်ရတာ .. ထိုက်တန်မှုဆိုလို့ ကိုယ့်တယောက်တည်းအပေါ်ကိုတောင် တာဝန်မကျေခဲ့ဘူး .. အင်း .. စုအစား တော်တော် စိတ်နာမိတယ် .. ဒါပေမယ့် အဆုံးသတ်ထိ စုက သူ့ချစ်သူကို ပြုပြင်နိုင်မယ် ယုံကြည်နေတုန်း .. လက်တွေ့မှာရော ..

ကိုယ်ယူချင်သလို ကိုယ်နဲ့ စိတ်ကူးတည့်ရာယူနိုင်ပါတယ် .. ကျမကတော့ ဖြစ်တတ်တဲ့သဘောလေးတွေဖြစ်လို့ ဖတ်ရတာ ကြိုက်မိတယ် .. မဖြစ်နိုင်တဲ့ကိစ္စမရှိဘူး .. မဖြစ်သင့်တာ မဖြစ်ရအောင် နမူနာယူစရာလေးတွေ ပါတယ်လို့ ထင်ပါတယ် .. ကျမကတော့ အဲလိုအဖြစ်မျိုး ကြုံတွေ့ရမှာ ကြောက်မိတာ အမှန်ပါပဲ ..

မဖတ်ရသေးလို့ ဖြစ်ဖြစ် .. ပြန်နွေးချင်လို့ဖြစ်ဖြစ် ယူချင်ရင် ဒီမှာ ယူနိုင်ပါတယ် ..

9 comments:

ဂျပန်ကောင်လေး said...

ဖတ်တော့မဖတ်ဖူးဘူး.. ဒါပေမယ့် ဖတ်ကြည့်ဦးမယ်လေ...း)

Banyarshein said...

အင်း လက်တွေ့မှာ လုပ်ဖို့ ခက်ခဲပါတယ် ။ သူက တကယ်ချစ်တယ်ဆိုရင်တောင် ပြုပြင်ဖို့ ခက်သေးတယ်
တကယ်မချစ်တဲ့ သူဆိုရင် ဘယ်လိုမှပြုပြင်လို့မရပဲ ကိုယ်သာ ခံစားရမှာပါ ။ မိန်းကလေးတွေကတော့
ချစ်သူရွေးမမှားဖို့ တော့ လိုမှာပါ ။ ကံကောင်း နိုင်ကြပါစေလို့ ပဲ ဆုတောင်းပေးလိုက်ပါတယ် ။

လင်းကြယ်ဖြူ said...

အင်း..အင်းးး
စဉ်းစားစရာ Message လေးပါပဲ။
ကျေးဇူး ဘော်ဒါရေ

မသက်ဇင် said...

မိုးခါးရေ
ဖတ်သွားတယ်
စာရေးကောင်းတယ် နော်
ပျော်ရွှင်ပါစေ

Welcome said...

စာအုပ်လေးအတွက် ကျေးဇူး ..

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ..

ဘာတွေတုန်း said...

ဖတ်ကြည့်မယ်ဗျို့... စာအုပ်လေးတင်ပေးထားတာ ကျေးဇူး

ဝလုံးဝိုင်းဝိုင်း said...

အချစ်ရေးနဲ့ အိမ်ထောင်ရေး တွေမှာ သူ့ ခေတ်အလျောက် အခက်အခဲ အတားအဆီးတွေတော့ ရှိခဲ့ကြတာ များမယ် ထင်တယ်။ ရင်နင့်စရာ အဖြစ်တွေ အပါအဝင်ပေါ့။ ဘာပဲပြောပြော ခုခေတ်မှာတော့ မိန်းကလေးတွေ အနေနဲ့ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေနိုင်ကြရင် အကောင်းဆုံးပါပဲ။ ဝတ္ထုကိုတော့ မဖတ်ဖူး သေးဘူး။ နောက်အားမှ ဒေါင်းဖတ်ဦးမယ်။ ကျေးဇူး။

ကောင်းကင်ပြာ said...

မိုးခါးလေးရေ၊ ခံစားတတ်တယ်နော်၊ စာအုပ်လေး ဒေါင်းသွားတယ်၊ကျေးဇူး

ရွာသားလေးဝိုင်တီယူ said...

ဖတ်ခဲ့ဖူးတယ်ခင်ဗျ။ ငယ်ရွယ်တဲ့ မိန်းကလေးတွေရဲ့  အတွေးတွေ။ မိန်းကလေးတွေရဲ့ ဗီဇစိတ်ဓါတ်တွေကို အခြေခံတဲ့ စာလေးလို့မြင်မိတယ်။ ဘ၀မှာ ကိုယ်မရနိုင်တဲ့ အတွေ့အကြုံတွေကို အခုလို စာပေတွေကပဲ လေ့လာသင်ကြားသင့်တယ်လို့ ထင်မိတယ်။ ပြန်လည် ဝေမျှပေးတာကျေးဇူးပါခင်ဗျာ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...