Thursday, April 16, 2009

ခုထိယောင်ချာချာ

ဒီနေ့ သင်္ကြန်နောက်ဆုံးရက် .. ရန်ကုန်မှာက လူတွေ တော့ပျော်နေကြမှာပဲ .. ကျမသာ ရန်ကုန်မှာ ရှိနေမယ်ဆိုရင်လည်း သင်္ကြန်ပြီးခါနီးမို့ ခွဲရဦးမယ်ဆိုပြီး လွမ်းနေမိမယ် .. တဖက်ကတော့ သင်္ကြန်ကျဖို့ နောက်တနှစ်ပဲလိုတော့တယ်ဆိုပြီး နှစ်သိမ့်မယ် .. သင်္ကြန်ရေမစိုတဲ့နှစ်တနှစ်ပြီးခဲ့ပြန်ပြီ ..

ဒီနေ့ကတော့ ရန်ကုန်က လူတွေ အကဲဆုံးဖြစ်မယ့်နေ့ပဲ .. သင်္ကြန်ပုံရိပ်တွေနဲ့လည်း ဝေးနေလေရဲ့နော် .. မြင်ယောင်ပုံဖော်ရင်း အတွေးနဲ့ပဲ ပျော်လိုက်ပါမယ် ..

ဒီချိန်ဆို ပျော်နေကျ .. သင်္ကြန်ရေ အေးအေးနဲ့ ပြုခဲ့တဲ့အညစ်အကြေးတွေကို ပြောင်စင်အောင် သန့်စင်မယ် ..

ကြည်လင်သန့်ရှင်းတဲ့စိတ်မျိုးနဲ့ နှစ်သစ်မှာ ပြန်လည်ရှင်သန်မယ် .. အသက်တနှစ်ကြီးခဲ့သလို စိတ်ဓါတ်လည်းတနှစ်စာ ရင့်ကျက်သင့်တယ်မဟုတ်လား ..

ဒီနှစ်အတွင်း ဘာတွေလုပ်ဖြစ်ခဲ့လဲ .. အိပ်ရာဝင်တိုင်း နှဖူးပေါ်လက်တင် စဉ်းစား .. သေချာတာတော့ ထွေထွေထူးထူးမရှိသေးဘူးပဲ ..

အချိန်တွေ ဖြုန်းခဲ့တာလည်း ရှိတယ် .. သုံးခဲ့တာလည်းရှိတယ် .. နောင်တရစရာတော့ မရှိခဲ့ဘူးထင်ရဲ့ ..

ခုလာမယ့်နှစ်သစ်အတွက် လူသစ် စိတ်သစ်နဲ့ နောင်တ ကင်းကင်း ဖြတ်သန်းနိုင်ဖို့လိုမယ် .. အင်း လုပ်နိုင်ရမှာပေါ့ ..

မနက်ဖြန်ဆို မြန်မာနှစ်ဆန်း ၁ရက်နေ့ .. ကောင်းမှုကုသလိုလ်မှ ထွေထွေထူးထူး လုပ်ဖြစ်ပါ့မလား .. ဘုန်းကြီးကျောင်းတောင် မရောက်နိုင်ခဲ့ဘူး .. သွားဖြစ်အောင်တော့ ကြိုးစားမှပဲ .. ဥပုသ် သီလဆိုတာလည်း ဝေလာဝေး .. အကြောင်းပြချက်ကောင်းကောင်းနဲ့ သီလကို ရှောင်နေခဲ့တာလည်း ကြာပေါ့ .. ဟင်း .. ငါတော်တော်လိုသေးတာပဲ ..

ဘုန်းဘုန်းတပါး တရားမှာဟောတယ် .. လောကမှာ လူသုံးမျိုးရှိသတဲ့ ..
တမျိုးက လုပ်သင့်တယ် လုပ်ရမယ်ဆိုတာကို သိလည်းသိ ကျင့်လည်းကျင့်တဲ့ လူစား
နောက်တမျိုးက လုပ်သင့်တယ် လုပ်ရမယ်ဆိုတာကို သိပေမယ့် မကျင့်သုံးတဲ့ လူစား
နောက်ဆုံးတမျိုးက လုပ်သင့်တယ် လုပ်ရမယ်ဆိုတာကို သိလည်းမသိ ကျင့်ကြံဖို့ဆို ဝေလာဝေးပဲ ဆိုတဲ့လူစား ..

လူ ၃မျိုးထဲမှာ နံပါတ် ၂ ယောင်ဝါးဝါး သမားတွေ တော်တော်များတယ်တဲ့ .. ကျမအပါအ၀င်ပေါ့ .. ခုထိ သိနေပေမယ့် မလုပ်နိုင်သေးတာ ညံ့တာပေါ့ .. ဒါလုပ်ရင် ကောင်းတယ် အကျိုးရှိတယ် လုပ်သင့်တယ် ဆိုတာကို သိပါရက်နဲ့ မလုပ်နိုင်တဲ့လူမျိုး .. နံပါတ် ၃ လူမျိုးလောက် မဆိုးသေးဘူးဆိုပြီး ကိုယ့်ကိုယ် နှစ်သိမ့်နေခဲ့တာလည်းကြာပေါ့ .. သေချာတာတော့ ခုချိန်ထိ ညံ့နေတုန်းပဲ ..


8 comments:

နွေးနေခြည် said...

တို့လည်း နံပါတ် ၂ ...

Phyo Maw said...

နံပတ် ၃ အဖြစ်ပဲ နေပါရစေ။ :D
ဥပုသ် မစောင့်နိုင်ရင် ရုပ်ရှင်လာကြည့်ပါ :P

တောင်ပေါ်သား said...

ခံစားသွားပါတယ် အမရေ.. ဘ၀ဆိုတာ ဒီလိုပါပဲဗျာ.. အားလုံး အဆင်ပြေချောမွေ့နေပါစေ

လေးစားလျက်
တောင်ပေါ်သား

ဂျပန်ကောင်လေး said...

နှစ်ဆန်းတစ်ရက်နေ့ ဥပုသ်စောင့်မယ်.. လိုက်စောင့်ပါလား..း)

ကောင်လေး said...

အဲဒါဆိုရင် ကောင်လေးလည်း ညံ့သေးတာဘဲ..။ အတူတူဘဲမိုးခါးရေ.. အားမငယ်နဲ့နော်...။ ကောင်လေးလည်း နံပါတ် ၂ ဘဲ.. ။ :-)

ရွှေပြည်သူ said...

အတူတူပဲ မိုးခါးရေ... အသက်သာကြီးလာတယ်... နံပါတ် ၂ထဲက ထွက်ဖို့ အမောတကော ကြိုးစားတုန်းး)

flowerpoem said...

မင်္ဂလာနှစ်သစ်ပါ ညီမလေး မိုးခါး ပျော်ရွင်ပါစေ

ဏီ(န်)ကင်း said...

စဉ်းစားစရာလေးတွေတိုးသွားပါတယ်....ပြန်စမ်းစစ်ကြည့်ရမယ်.... စကားမစပ်.. ရေမထိတဲ့သင်္ကြန်ကျွန်တော်လဲခံစားလိုက်ရတယ်... မကောင်းဘူး...ဟင့်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...