Saturday, September 8, 2012

နံနက်ခင်းသစ် .. သို့

မျက်ဝန်းများကို သတိထားကြည့်ပါ
အရောင်အသွေးစုံလင်နေပါလိမ့်မယ်
တချို့ကညိုမှိုင်းမှိုင်း
တချို့ကအုံ့ဆိုင်းဆိုင်း ...။

ရင်ရဲ့တံခါးဟာမျက်ဝန်းတစုံဖြစ်လိမ့်မယ်
တချို့မျှော်လင့်ချက်နဲ့ တလက်လက်တောက်ပမယ်
တချို့ဆုံးရှုံးမှုနဲ့ ညှိုးညှိုးငယ်ငယ်
တချို့မျက်ဝန်း ကောက်ကျစ်မှုတွေနဲ့ ပြည့်နေတယ် ...။

တချို့မျက်ဝန်းတွေ နှုတ်ခမ်းနဲ့အတူကွေးညွတ်လို့
သူတို့ပြုံးပျော်နေတယ် ...။

ပျော်ရွှင်နိုင်ကြစေ
တရားသဖြင့် ပျော်ရွှင်နိုင်ကြစေ
အငိုမျက်ဝန်းတို့ တိတ်စေ
ပျော်ရွှင်ကြည်နူးမှုလွှမ်းခြုံစေ ...။

နှလုံးသားရဲ့ ယဉ်ကျေးသောတီးလုံး တီးခတ်
နှုတ်ထွက်စကားလေးတွေ မွှေးမြစေ
မေတ္တာတရားနဲ့ လောကကိုခြယ်မှုန်း
ကိုယ့်ပတ်ဝန်းကျင် အေးမြစေ ...။

ဒီလိုနဲ့လောကကို အလှဆင်
ဆင်ယင်ပြုပြင်ကြမယ် ...။

ကပ်ဆိုးတွေကျော်လွန်
နှလုံးသားတွေ နွေးမြ
ချစ်ခြင်းဖြင့် ကမ္ဘာတည်
နံနက်တွေ သစ်စေမည် ...။

2 comments:

စံပယ်ချို said...

ဒီလိုနဲ့လောကကို အလှဆင်
ဆင်ယင်ပြုပြင်ကြမယ် ...။

ကပ်ဆိုးတွေကျော်လွန်
နှလုံးသားတွေ နွေးမြ
ချစ်ခြင်းဖြင့် ကမ္ဘာတည်
နံနက်တွေ သစ်စေမည်----
အဓိပ္ပါယ်ပြည့်ဝနေတဲ့ စာသားလေးတွေ
ကမ္ဘာကြီးချစ်ခြင်းတွေဖြင့် ပြည့်ဝပါစေ

mstint said...

လောကလူသားအားလုံး ပျော်ရွှင်ကြည်နူးမှုများ လွှမ်းခြုံပြီး ကပ်ဆိုးအပေါင်းမှ ကင်းကွာနိုင်ကြပါစေ။
ကဗျာလေးအားပေးသွားတယ် မိုးခါးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...