ချစ်ခြင်းရဲ့နောက်မှာ နာကျင်ခြင်းတွေ ပါလာမယ်ဆိုတာ သိခဲ့ရင် ချစ်မိခဲ့မယ်မထင်ပါဘူး .. ခုတော့ ကျမဘက်က ပေးလိုက်ရတာ နားလည်မှုတွေ ကြင်နာခြင်းတွေ စာနာခြင်းတွေ အစုံ အကုန်ပါပဲ .. ဒါပေမယ့် ကျမပြန်ရခဲ့တာက နာကျင်ခြင်းတဲ့လေ .. တရားမျှတပါရဲ့လား .. ဘယ်သူ့ကို အပြစ်တင်ရမလဲ .. ကျမကိုနာကျင်အောင်လုပ်ခဲ့တဲ့ မောင်လား .. မောင်က တရားခံလား .. ဒါပေမယ့် မီးဆိုတာ ပူမှန်းသိရဲ့နဲ့ တိုးဝင်ခဲ့တဲ့ ကျမလား .. ကျမက ပိုးဖလံလေးပါ .. မီးဆိုတာ ပူတယ် .. မသိလို့တော့မဟုတ်ပါဘူး .. ဘယ်လောက်ပူတဲ့မီးဖြစ်ပါစေ ကျမတပ်မက်တယ် .. ဒီမီးကြားထဲမှာ ကျမ ကျွမ်းလောင်သွားပါစေ ပြာမှုန့်ဖြစ်သွားပါစေ .. ဒီမီးကို ချစ်ခင် တွယ်တာနေမိဦးမှာပါပဲ .. ကျမ မောင့်ကို ချစ်သည်လေ .. ကျမ မောင့်ပေါ်ထားရှိခဲ့တဲ့ ချစ်ခြင်းတွေဟာ အရောင်အဆင်းကင်းမဲ့သလို တန်ဖိုးပါမဲ့နေခဲ့တာကို မောင်က သက်သေပြခဲ့တယ် .. နားလည်ပေးခဲ့တဲ့ စောင့်စည်း ထိန်းသိမ်းခဲ့တဲ့ အရာတွေအကုန်လုံးကို မောင့်စကားတခွန်းတည်းနဲ့ ဖျက်ဆီးပစ်ခဲ့တယ် .. အံသြစရာကောင်းတာက ကျမ မောင့်အပေါ် အပြစ်မမြင်မိဘူး .. ကျမ နားလည်နေခဲ့တယ် .. နားလည်ချင်ခဲ့တယ် .. မောင့်ကိုပဲ ဆက်ချစ်ချင်ခဲ့တယ် .. ဒီခံစားချက်တွေနဲ့ အပြိုင် မောင့်ကို ကျမ မုန်းတီးချင်မိတယ် .. စိတ်နာချင်ခဲ့တယ် .. ဒါပေမယ့် နောက်ဆုံးအဖြေကတော့ မောင့်အပေါ် သနားကြင်နာစိတ်နဲ့ နားလည်ပေးနေမိတုန်း .. ချစ်ခင် စွဲလန်းနေတုန်း .. မောင်တန်ဖိုးမထားပေမယ့် ကျမက ပေးချင်နေမိတယ် .. ဒါက ကျမရဲ့ ၀ဋ်ကြွေးထင်ပါရဲ့ .. ကျမကို မောင်လမ်းခွဲခဲ့တယ် .. အကြောင်းပြချက်မခိုင်လုံပဲနဲ့ .. ကျမဖုန်းဆက်တိုင်း မရှိပါဘူးဆိုတဲ့အသံတွေ အပ်ကြောင်းထပ်ခဲ့တယ် .. တွေ့လိုက်တော့လည်း နောက်ပြန်ဆက်မယ်ဆိုတဲ့စကားနဲ့ ကျေနပ်ခဲ့ရတယ် .. တကယ်တော့ ပြန်မဆက်ခဲ့ဘူး .. ကျမမှာ မာနမရှိဘူးတဲ့လား .. "ငါမင်းနဲ့ စကားမပြောချင်ဘူး .. ငါအလုပ်တွေများနေတယ် .. မင်း သတ်မှတ်ချင်သလို သတ်မှတ်လို့ရတယ် .." မောင့်စကားလုံးတွေ ကျမ ကြားနိုင်စွမ်းမရှိခဲ့ဘူး .. ဒါဆို ကျမ မောင့်ကို မေ့ပစ်လိုက်ရမယ်လား .. ဖြစ်နိုင်ပါ့မလား .. ဒီလိုမှ မောင်ပျော်ရွှင်မယ်တဲ့လား .. ဟုတ်ပါပြီလေ ကျမက မောင့်အတွက် ခလုတ်တခု မဖြစ်ချင်ခဲ့ဘူး .. မောင်မလိုအပ်မှတော့ ကျမရဲ့ လက်တွေကို ထိန်းချုပ်ပြီး မောင့်ဆီဖုန်းမဆက်ဖြစ်အောင် .. ကျမအကြည့်တွေ ကျမ ခြေလှမ်းတွေကို ချုပ်ထိန်းပြီး မောင့်ဆီ မသွားဖြစ်အောင် မောင့်ဆီအကြည့်တွေ မရောက်ရအောင် ကြိုးစားရမှာပေါ့ .. မောင် သိပ်နေနိုင်တယ်နော် .. မောင် ကျမကို မချစ်ခဲ့ဘူး .. စိတ်နာချင်တယ် .. စိတ်နာချင်တိုင်း မနာနိုင်တာလည်း ၀ဋ်ကြွေးတခု .. မေ့ချင်တယ် .. မမေ့နိုင်တာလည်း ၀ဋ်ကြွေးတခု .. မောင့်ပေါ် ကျမ အကြွေးတွေ သိပ်များပါလား .. မောင့်ကို မုန်းချင်တယ် .. ကျမကို မျက်ရည်ကျအောင်လုပ်ခဲ့တဲ့ မောင့်ကို ကျမရင်တွေကို နာကျင်အောင်လုပ်ခဲ့တဲ့ မောင့်ကို စိတ်နာချင်တယ် .. မောင့်ကိုမုန်းတယ် စိတ်နာတယ် .. ရင်ထဲမှာ အကြိမ်ကြိမ်အော်နေပေမယ့် ဒါတွေဟာ ဟန်ဆောင်နေတာ ဟန်လုပ်နေရတာ ပင်ပန်းလှပါတယ်မောင်ရယ် .. လူရှေ့သူရှေ့ကျချင်နေတဲ့မျက်ရည်တွေကို ဟာသလုပ်ပစ်ရတာ .. စိတ်ထဲ နာကျင်နေပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ရတာ သိပ်ပင်ပန်းတယ် .. ဘာလို့ မောင့်ကို မုန်းလို့မရတာလဲ .. စိတ်မနာနိုင်ရတာလဲ .. ကိုယ့်ကိုယ်ကိုယ်လဲ သိပ်မုန်းတယ် .. မောင့်သတင်းတွေ မသိချင် မကြားချင်တဲ့ပုံဖမ်းပြီး နားစွင့်နေခဲ့တယ် .. မောင့်ခြေရာကို ခုမြင်ရင်တောင် ကျမမှတ်မိနေမှာပါ .. ကျမတို့ ဝေးခဲ့ကြပြီဆိုတာ လက်ခံလိုက်ရချိန်ကတော့ မောင်ကျမဆီအဆက်အသွယ်မလုပ်ပဲ နေခဲ့တဲ့ အချိန် ၁နှစ်နီးပါးရှိလာချိန်မှာပေါ့ .. ကျမဘ၀မှာ မောင်မရှိတော့ပေမယ့် နေသားတကျနီးပါးဖြစ်လာချိန်မှာ .. သူငယ်ချင်း သွေးသွေး ပြန်သွားချိန်မှာ ကျမစိတ်တွေ ပြန်ရှုပ်ထွေးလာခဲ့တယ် .. မောင့်ကို သွေးသွေး တွေ့ခဲ့သည်တဲ့ .. မိန်းကလေးနှစ်ယောက်က မောင့်ကားပေါ်မှာတဲ့ .. အနည်ထိုင်နေပြီထင်ခဲ့တဲ့ ကျမစိတ်တွေ ဂယက်ပြန်ထခဲ့ပြန်ပြီ .. မောင်နဲ့ ပတ်သက်ရင် ကျမ ဘယ်တော့များမှ တည်ငြိမ်နိုင်မှာလဲ .. ကျမစိတ်ရှုပ်ထွေးစွာနဲ့ သွေးသွေးဖုန်းကို ကောက်ဆက်လိုက်တယ် .. တဖက်က အမျိုးသားတယောက်လာကိုင်တယ် .. "သွေးသွေးဖုန်းမဟုတ်ဘူးလားရှင် .." "မဟုတ်ပါဘူးခင်ဗျာ .. ဘယ်ဖုန်းနံပါတ်ကိုခေါ်တာလဲမသိဘူး .." သွားပြီ .. ကျမသိလိုက်ပြီ .. သွေးသွေးဖုန်းနဲ့ မောင့်ဖုန်းနံပါတ် ခပ်ဆင်ဆင်ကို ကျမ မှားမှားဆက်လေ့ရှိတာ ခဏခဏ .. ဒါဆိုခု မောင့်ဆီရောက်သွားခဲ့ပြီ .. တုန်ယင်ချင်နေတဲ့အသံကို ထိန်းရင်း .. "ဆောရီးပါနော် .."လို့ပြောပြီး သူမ ဖုန်းချမယ်အလုပ်မှာ .. "ယွန်း .. ခုပြောနေတာ ယွန်းလားဟင် .." မောင့်ဆီက ခုလို မှတ်မှတ်ရရဖြစ်တဲ့အသံကြားမိတော့လည်း ကျမစိတ်ဓါတ်က ပြိုလဲချင်နေပြန်ရော .. တုန်ယင်လာတဲ့ နှလုံးခုန်သံကို မောင်ကြားမှာစိုးမိတယ် .. ခုထိဘာလို့ မတည်ငြိမ်နိုင်သေးတာလဲ .. "ဟုတ်ပါတယ် .." "ဟာ ၀မ်းသာလိုက်တာ ယွန်းရယ် .. မောင် ယွန်းဆီဖုန်းဆက်မလို့ စဉ်းစားနေတာ .." စဉ်းစားနေတယ်တဲ့လား .. ဘာလို့မဆက်လိုက်တာလဲမောင်ရယ် .. ဒါမောင့်အကျင့်ပဲလေ .. ကျမ ကောင်းကောင်းသိပါတယ် .. မောင့်အတွက် ကျမက နောက်ဆုံးက လိုက်တယ်ဆိုတာ .. ကျမမျက်လုံးတွေေ၀၀ါးစွာနဲ့ မငိုဘူးထိန်းထားတဲ့ကြားက မျက်ရည်ပေါက်တွေ ပါးပြင်ပေါ်လိမ့်ဆင်းသွားတယ် .. မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်တယ် .. မပျော့ညံ့စမ်းနဲ့ မိယွန်း .. "ယွန်း ရန်ကုန်ပြန်ရောက်နေပြီလား .. မောင် ယွန်းကို အရမ်းသတိရနေတာ .. ယွန်းမောင့်ဆီဖုန်းဆက်တော့ မောင်ဝမ်းသာလိုက်တာ .." သြော် .. အရမ်းသတိရနေလို့ ၁နှစ်လောက် အသံမကြားလူမမြင်နေတာပေါ့နော် .. "ယွန်း .. မောင်ယွန်းနဲ့တွေ့ချင်တယ် .. ယွန်းလာနိုင်မလားဟင် .." ယွန်းကို ချည်နှောင်ချင်တုန်းလား မောင်ရယ် .. စကားလုံးတွေနဲ့ မချည်နှောင်ပါနဲ့တော့ .. နောက်တခါဆိုရင် ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး .. ယွန်းကို လွတ်လပ်ခွင့်ပေးပါတော့ .. ဆက်ပါဦးမည် ..
ဘာဖြစ်နေတာလဲ ကိုယ့်စိတ်ကို ပြန်ဖတ်တော့ ကိုယ်တိုင်နားမလည်သလို အူကြောင်ကြောင်ပြန်ကြည့်တယ် စိတ်တွေမွန်းနေတယ် ကိုယ့်စိတ်ကိုယ် ချွန်းမအုပ်နိုင်တော့ ထိန်းမနိုင်သိမ်းမရ လွတ်ချင်ရာလွတ်တယ် ဖမ်းလို့မရတဲ့ဒီစိတ် လွင့်ချင်သလိုသာလွင့်ပေတော့ စောင့်ကြည့်နေလိုက်မယ် တနေရာရာမှာတော့ မှီတွယ်ရာတွေ့ကောင်းပါရဲ့
ဒီနေ့ မနက် သူငယ်ချင်းတယောက်ပေးသွားတဲ့ သီချင်းတွေနားထောင်ရင်း သီချင်းတပုဒ်ကို အရမ်းကြိုက်မိတယ် .. အဲဒါနဲ့ စာသားရှာ ဆိုသူရဲ့ အကြောင်းတွေ ရှာနဲ့ တော်တော်အလုပ်များသွားတယ် .. သီချင်းလေး နားထောင်ကြည့်ပါဦး .. အကြိုက်ချင်းတူတဲ့သူတွေ ရှိမယ်ထင်ပါတယ် .. Shayne Ward ရဲ့ Breathless သီချင်းလေးပါ .. နားထောင်ပြီးရင်လည်း ပြန်ပြီး နားထောင်တာပေါ့ ..း) Mp3 လိုချင်သူများအတွက် ဒီမှာ ပါ "Breathless" If our love was a fairy tale I would charge in and rescue you On a yacht baby we would sail To an island where we'd say I do And if we had babies they would look like you It'd be so beautiful if that came true You don't even know how very special you are [Chorus] You leave me breathless You're everything good in my life You leave me breathless I still can't believe that you're mine You just walked out of one of my dreams So beautiful you're leaving me Breathless And if our love was a story book We would meet on the very first page The last chapter would be about How I'm thankful for the life we've made And if we had babies they would have your eyes I would fall deeper watching you give life You don't even know how very special you are [Chorus] You must have been sent from heaven to earth to change me You're like an angel The thing that I feel is stronger than love believe me You're something special I only hope that I'll one day deserve what you've given me But all I can do is try Every day of my life [Chorus]
ကျမ ခုလတ်တလော မိုးမိုး(အင်းယား) ရဲ့ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးသွားတယ် .. ပြီးတော့ ဖြစ်လာတဲ့ခံစားချက်လေးတွေကို ရေးမိလိုက်တာပါ .. ဒီစာအုပ်ကို ယောကျာ်းလေးတွေအနေနဲ့တော့ ကြိုက်မယ် သိပ်မထင်ဘူး .. ကျမလည်း အစဖတ်စက သိပ်စိတ်မ၀င်စားမိဘူး .. ဒါပေမယ့် ဖတ်ရင်း ပြီအောင် ဖတ်ချင်လာတယ် .. ဘယ်လိုဖြစ်မလဲပေါ့ .. မိန်းကလေးတွေ ဖတ်သင့်တယ်လို့ထင်ပါတယ် .. ယောကျာ်းလေးတွေလည်း ဖတ်သင့်ပါတယ် .. သူတို့လည်း တနေ့ သမီးတယောက်ရဲ့ အဖေဖြစ်လာနိုင်တယ်လေ .. ဇာတ်ကတော့ စုဆိုတဲ့မိန်ကလေးအကြောင်းပါပဲ .. ဒီစာအုပ်ကိုဖတ်ပြီး ကျမခံစားမိတာက - မိဘဆိုတာ သားသမီးအပေါ် တာဝန်အရှိဆုံးလူပဲ .. မိဘရယ်လို့ ဖြစ်လာပြီဆို ကိုယ့်သားသမီးကို ဆုံးမသွန်သင်ရမယ် .. ဆုံးမသွန်သင်ပုံကလည်း မှန်ကန်ရမယ် .. ငါပြောသလိုလုပ်ဆိုတဲ့ခေတ်ကလည်း ကုန်ခဲ့ပါပြီ .. အရာရာဝင်ရောက်စွက်ဖက်မယ့်အစား သူ့လုပ်ရပ် မှန်၏ မှား၏ကို ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်မျိုးရှိလာအောင် လေ့ကျင့်ပေးသင့်တယ် .. ကိုယ်က သူ့ဘေးနားတချိန်လုံးရှိနေနိုင်မှာမှမဟုတ်တာ .. ကိုယ့်မျက်ကွယ်ဆိုတာ ရှိလာမှာပဲ .. ကလေးက ကိုယ့်ရှေ့တင်လိမ္မာတာမျိုးမဖြစ်ရဘူး .. နောက်ကွယ်မှာလည်း ရှေ့တင်မှာလိုပဲ ဖြစ်ရမယ် .. ကလေးတယောက် ဘာလို့လိမ်လဲ .. မိဘမသိအောင်ဘာလို့လုပ်လဲ .. ပွင့်ပွင့်လင်းလင်းပြောဆိုခွင့်မရှိတဲ့ကလေးတယောက် မိဘမသိအောင် သူလုပ်ချင်တာကို ကွယ်ရာမှာ လုပ်မိမှာပဲ .. မိဘမသိရင် သူအဆူခံရစရာ အရိုက်ခံရစရာမရှိတော့ဘူး .. မိဘအနေနဲ့လည်း ကလေးဘာလုပ်နေတယ်မသိတော့ မှား၏မှန်၏ ထောက်ပြနိုင်စွမ်းမရှိတော့ဘူး .. ဒီတော့ ကလေးအနေနဲ့လည်း မှန်ကန်တဲ့ အသိတရားနဲ့ ဝေးသွားနိုင်တယ် .. အဲဒီအတွက် ကလေးအနေနဲ့လည်း မှားမှန်းမသိ မှားမယ် .. မှားမှန်းသိတော့လည်း ပြင်ခွင့်မရှိပဲ နောက်ဆုတ်မရတော့ နစ်သထက် ဆက်နစ်မယ် .. မိဘအနေနဲ့ သိပြီဆိုတဲ့အချိန်မှာ ယူကြုံးမရနေရုံကလွဲလို့ မတတ်နိုင်တော့ဘူး .. ခုချိန်ထိတော့ ကျမစိတ်ထင် အပြစ်က လူကြီးမှာ ရှိနေတယ် .. ကလေးအပေါ် မှန်ကန်တဲ့ အသိတရားမှ ထည့်မပေးနိုင်ခဲ့ပဲ .. ခြွင်းချက်ကတော့ ညဉ်ပေါ့ .. ပြီးတော့ မိဘရဲ့ သားသမီးကံပေါ့ .. ညဉ်ပါလာပြီဆိုရင်တော့ ဘယ်လိုသွန်သင်သွန်သင် မရတဲ့ကလေးမျိုးလည်းမြင်ဘူးပါတယ် .. ဒါပေမယ့် ကလေး လိမ္မာတယ် ဆိုးတယ်ဆိုတာ မိဘအုပ်ထိန်းသူအပေါ်မှာ ၉၀ရာနှုန်းလောက် မူတည်ပါလိမ့်မယ် .. နောက်တခုက မိန်းကလေးတယောက်ဟာ တချက်ဆို တချက်လေးမှ မှားလို့မဖြစ်ဘူး .. မှားခဲ့ပြီဆို ပြင်မလား .. ကိုယ်လုပ်ခဲ့တာ ပြင်လို့ရတဲ့အမှားလား .. ယောကျာ်းလေးတယောက်ကို ကိုယ့်ရှိသမျှပုံပြီးချစ်လိုက်တယ် .. ဒီလိုချစ်ဖို့ ထိုက်တန်သူဟုတ်ရဲ့လား .. ကိုယ်ကတော့ မိသားစုအသိုင်းအ၀ိုင်းအားလုံးကို ဆန့်ကျင်ပြီးသူ့ကိုချစ်လိုက်ရတာ .. ထိုက်တန်မှုဆိုလို့ ကိုယ့်တယောက်တည်းအပေါ်ကိုတောင် တာဝန်မကျေခဲ့ဘူး .. အင်း .. စုအစား တော်တော် စိတ်နာမိတယ် .. ဒါပေမယ့် အဆုံးသတ်ထိ စုက သူ့ချစ်သူကို ပြုပြင်နိုင်မယ် ယုံကြည်နေတုန်း .. လက်တွေ့မှာရော .. ကိုယ်ယူချင်သလို ကိုယ်နဲ့ စိတ်ကူးတည့်ရာယူနိုင်ပါတယ် .. ကျမကတော့ ဖြစ်တတ်တဲ့သဘောလေးတွေဖြစ်လို့ ဖတ်ရတာ ကြိုက်မိတယ် .. မဖြစ်နိုင်တဲ့ကိစ္စမရှိဘူး .. မဖြစ်သင့်တာ မဖြစ်ရအောင် နမူနာယူစရာလေးတွေ ပါတယ်လို့ ထင်ပါတယ် .. ကျမကတော့ အဲလိုအဖြစ်မျိုး ကြုံတွေ့ရမှာ ကြောက်မိတာ အမှန်ပါပဲ .. မဖတ်ရသေးလို့ ဖြစ်ဖြစ် .. ပြန်နွေးချင်လို့ဖြစ်ဖြစ် ယူချင်ရင် ဒီမှာ ယူနိုင်ပါတယ် ..
တန်ခူးလေကို ရှုရှိုက်ရင်း သင်္ကြန်ရဲ့ အငွေ့အသက်တွေကို ထိတွေ့ မခံစားလိုက်ရပေမယ့် လက်ပြနှုတ်ဆက်နေသလို ခံစားရတယ် .. သင်္ကြန်ချိန်ကတော့ လာချိန်တန်လို့ လာခဲ့ပြီး ပြန်ချိန်တန်တော့လည်း ပြန်သွားခဲ့ပြီ ..
ပိတောက်တွေလည်း ဝေပြီးလို့ ကြွေကြပြီ ..
ပြီးခဲ့တဲ့ အချိန်တွေကို လက်ပြနှုတ်ဆက်ပြီး ရှေ့ဆက်မယ့်အနာဂတ်ကို ကြိုဆိုလက်ခံလိုက်မယ် ..
မြန်မာခုနှစ် သက္ကရာဇ်တခုကို နောက်ချန်ပြီး နှစ်သစ်ကို ခြေဦးလှည့်ခဲ့ပြီ .. နှစ်သစ်မှာ မိတ်ဆွေ သူငယ်ချင်း ချစ်သူ ခင်သူအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် .. ပျော်ရွှင်စရာနှစ်သစ်လေးမှာ ဆန္ဒတွေလည်း ကိုယ်စီ ပြည့်စုံနိုင်ပါစေ .. ခုလက်ရှိ လုပ်နေတဲ့ ကောင်းမှုတွေထက် ပိုမို မွန်မြတ်တဲ့ ကုသိုလ်ကောင်းမှုတွေလည်း ပြုခွင့်တွေ့ကြုံကြပါစေ ..
ရန်ကုန်မှာကလည်း သတင်းတွေကြားနေသေးတယ် .. မုန်တိုင်းဝင်ဦးမယ်တဲ့ .. မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးလည်း ဘေးအန္တရယ်ကင်းရှင်းကြပါစေလို့ ဒီကပဲဆုတောင်းနေလိုက်ပါတယ် ..
ဒီနေ့ သင်္ကြန်နောက်ဆုံးရက် .. ရန်ကုန်မှာက လူတွေ တော့ပျော်နေကြမှာပဲ .. ကျမသာ ရန်ကုန်မှာ ရှိနေမယ်ဆိုရင်လည်း သင်္ကြန်ပြီးခါနီးမို့ ခွဲရဦးမယ်ဆိုပြီး လွမ်းနေမိမယ် .. တဖက်ကတော့ သင်္ကြန်ကျဖို့ နောက်တနှစ်ပဲလိုတော့တယ်ဆိုပြီး နှစ်သိမ့်မယ် .. သင်္ကြန်ရေမစိုတဲ့နှစ်တနှစ်ပြီးခဲ့ပြန်ပြီ .. ဒီနေ့ကတော့ ရန်ကုန်က လူတွေ အကဲဆုံးဖြစ်မယ့်နေ့ပဲ .. သင်္ကြန်ပုံရိပ်တွေနဲ့လည်း ဝေးနေလေရဲ့နော် .. မြင်ယောင်ပုံဖော်ရင်း အတွေးနဲ့ပဲ ပျော်လိုက်ပါမယ် .. ဒီချိန်ဆို ပျော်နေကျ .. သင်္ကြန်ရေ အေးအေးနဲ့ ပြုခဲ့တဲ့အညစ်အကြေးတွေကို ပြောင်စင်အောင် သန့်စင်မယ် .. ကြည်လင်သန့်ရှင်းတဲ့စိတ်မျိုးနဲ့ နှစ်သစ်မှာ ပြန်လည်ရှင်သန်မယ် .. အသက်တနှစ်ကြီးခဲ့သလို စိတ်ဓါတ်လည်းတနှစ်စာ ရင့်ကျက်သင့်တယ်မဟုတ်လား .. ဒီနှစ်အတွင်း ဘာတွေလုပ်ဖြစ်ခဲ့လဲ .. အိပ်ရာဝင်တိုင်း နှဖူးပေါ်လက်တင် စဉ်းစား .. သေချာတာတော့ ထွေထွေထူးထူးမရှိသေးဘူးပဲ .. အချိန်တွေ ဖြုန်းခဲ့တာလည်း ရှိတယ် .. သုံးခဲ့တာလည်းရှိတယ် .. နောင်တရစရာတော့ မရှိခဲ့ဘူးထင်ရဲ့ .. ခုလာမယ့်နှစ်သစ်အတွက် လူသစ် စိတ်သစ်နဲ့ နောင်တ ကင်းကင်း ဖြတ်သန်းနိုင်ဖို့လိုမယ် .. အင်း လုပ်နိုင်ရမှာပေါ့ .. မနက်ဖြန်ဆို မြန်မာနှစ်ဆန်း ၁ရက်နေ့ .. ကောင်းမှုကုသလိုလ်မှ ထွေထွေထူးထူး လုပ်ဖြစ်ပါ့မလား .. ဘုန်းကြီးကျောင်းတောင် မရောက်နိုင်ခဲ့ဘူး .. သွားဖြစ်အောင်တော့ ကြိုးစားမှပဲ .. ဥပုသ် သီလဆိုတာလည်း ဝေလာဝေး .. အကြောင်းပြချက်ကောင်းကောင်းနဲ့ သီလကို ရှောင်နေခဲ့တာလည်း ကြာပေါ့ .. ဟင်း .. ငါတော်တော်လိုသေးတာပဲ .. ဘုန်းဘုန်းတပါး တရားမှာဟောတယ် .. လောကမှာ လူသုံးမျိုးရှိသတဲ့ .. တမျိုးက လုပ်သင့်တယ် လုပ်ရမယ်ဆိုတာကို သိလည်းသိ ကျင့်လည်းကျင့်တဲ့ လူစား နောက်တမျိုးက လုပ်သင့်တယ် လုပ်ရမယ်ဆိုတာကို သိပေမယ့် မကျင့်သုံးတဲ့ လူစား နောက်ဆုံးတမျိုးက လုပ်သင့်တယ် လုပ်ရမယ်ဆိုတာကို သိလည်းမသိ ကျင့်ကြံဖို့ဆို ဝေလာဝေးပဲ ဆိုတဲ့လူစား .. လူ ၃မျိုးထဲမှာ နံပါတ် ၂ ယောင်ဝါးဝါး သမားတွေ တော်တော်များတယ်တဲ့ .. ကျမအပါအ၀င်ပေါ့ .. ခုထိ သိနေပေမယ့် မလုပ်နိုင်သေးတာ ညံ့တာပေါ့ .. ဒါလုပ်ရင် ကောင်းတယ် အကျိုးရှိတယ် လုပ်သင့်တယ် ဆိုတာကို သိပါရက်နဲ့ မလုပ်နိုင်တဲ့လူမျိုး .. နံပါတ် ၃ လူမျိုးလောက် မဆိုးသေးဘူးဆိုပြီး ကိုယ့်ကိုယ် နှစ်သိမ့်နေခဲ့တာလည်းကြာပေါ့ .. သေချာတာတော့ ခုချိန်ထိ ညံ့နေတုန်းပဲ ..
တနင်္ဂနွေနေ့ကလည်း ဘယ်ဆို ဘယ်မှ မရောက်ခဲ့ဘူး .. ကျမအကျင့်ကလည်း လူများတဲ့နေရာဆို မသွားချင်တတ်ဘူး .. ကိုယ့်ဟာကိုယ်ပဲ အေးအေးနေချင်တယ် .. သူငယ်ချင်းနဲ့တော့ ဓါတ်ပုံလျှောက်ရိုက်မယ်ပြောထားပြီး အိမ်က စထွက်ဖြစ်တဲ့အချိန်က ၃နာရီထိုးနေပြီ .. ယောင်းမတော်နဲ့လည်း ချိန်းထားသေးတယ် .. (ကိုယ်က ပေးရမှာပါ ..း) ယောင်းမနဲ့ ချိန်းထားတဲ့ဆီ ၄နာရီခွဲလောက်ရောက်ပြီး သုံးယောက်သား ညနေစာထမင်းစားပြီး ဓါတ်ပုံတွေ လျှောက်ရိုက်လိုက်တယ် .. လူတွေကတော့ စည်လိုက်တာ .. စီးဟောမှာ အပြည့်ပါပဲ .. ညနေ ၈နာရီခွဲလောက်ပြန်ပြီး မနက်ဖြန် သင်္ကြန်အကြိုနေ့မှာ သိကြားမင်းကို ဘယ်လိုကြိုမလဲလို့ သူငယ်ချင်းနဲ့ပြောဖြစ်တယ် .. ညမအိပ်ဘူး မနက် ၅နာရီမှ အိပ်မယ်ဆိုလို့ သူငယ်ချင်းက ပြောပြန်ပြီတဲ့ .. (ပြောပြောပြီး ကျမက အရင် အိပ်အိပ်သွားတတ်လို့ပါ .. :D)
မနေ့က သင်္ကြန်ကြိုကြတယ် .. ပျင်းပျင်းရှိတာနဲ့ အလုပ်မသွားပဲ အမ်စီလိုက်တယ် .. သိကြားမင်းကိုလည်း အိမ်မက်ထဲမှာပဲ ကြိုလိုက်ရတယ် .. ၀ီရိယက အဲလိုကောင်းတာ .. နေ့လည် ဆေးခန်းသွား အမ်စီ ယူပြီးတော့ သူငယ်ချင်းနှစ်ယောက် အိမ်မှာ အိပ်လိုက်တာ ညနေ ၄နာရီထိုးရော .. ဘုန်းကြီးကျောင်းလေးသွားမယ်ဆိုတဲ့ စိတ်ကူးလည်းပျက်သွားပြီး expo ကို သူငယ်ချင်းနှစ်ယောက်သွားလိုက်တယ် .. ပစ္စည်းတွေကတော့ တော်တော်ဈေးချပါတယ် .. လူလည်းရှင်းတော့ ဈေးဝယ်ရတာ စိတ်ချမ်းသာတယ် .. မဟုတ်ရင် ပစ္စည်း အသေးလေးတခုပဲဖြစ်ဖြစ် ၀ယ်ချင်ဦး တQထဲ Qနေရတာ စိတ်ညစ်ဖို့ကောင်းတယ် .. ဟိုကြည့် ဒီကြည့်နဲ့ ၇နာရီထိုးတာပဲ .. ညနေ စီးတီးဟောသွားပြီး ဗိုက်ဖြည့် ပြန်လာခဲ့လိုက်တယ် .. အဲဒါ ကျမအတွက် သင်္ကြန်အကြိုနေ့တဲ့ ..
ဒီနေ့တော့ သင်္ကြန် ကျပြီပေါ့ .. ဘာပဲပြောပြော ရန်ကုန်သင်္ကြန် အနည်းနဲ့ အများတော့ စည်ကားမှာပါ .. ပုံရိပ်တွေကိုမြင်ယောင်မိတယ် .. ခုလောက်ဆို အိမ်မှာလည်း မုန့်တွေ လုပ်စားနေလောက်ရောပေါ့ .. ကျမမှာသာ ..း(
မတတ်နိုင်ဘူးလေ .. မိုးလင်းတာနဲ့ နိုးစက်သံကို မုန်းမုန်းနဲ့ ပိတ်ပြစ်ပြီး ထရတာပဲ .. တခါတလေလည်း နေ့စဉ်အလုပ်တွေကို ငြီးငွေ့မိတယ် .. အလုပ်ပြီး အိမ် အိမ်ပြီး အလုပ်နဲ့ .. တခါတလေလည်း လမ်းသွားနေရင်း မိုးအုံ့အုံ့မှာ သင်္ကြန်အနံ့ကိုရမိတယ် .. စိတ်က လွမ်းမိပြန်ရော .. ဘယ်လောက်ထိ ဝေးနေရဦးမလဲ .. တကယ်ကတော့ မဝေးပါဘူး .. ကိုယ်က ဝေးဖို့ ရွေးချယ်ခဲ့တာပဲ .. နောင်တလား နောင်တတော့လည်း မရပါဘူး .. ခုနေနေတာ လုပ်နေရတာ မပျော်ပေမယ့် လုပ်သင့်တာလုပ်နေရတာပဲ .. အချိန်တန်ရင်တော့ လုပ်သင့်လုပ်ထိုက်တာကို လူတိုင်းလုပ်ကြရတာပဲ .. ဒီတော့ နေသာပါတယ်လေ ..
အကျနေ့ တရက်လည်း ကုန်ဦးတော့မယ် .. မထူးခြားတဲ့ နေ့စဉ်လုပ်ငန်းတွေကိုလည်း ငြီးငြီးနဲ့ လုပ်နေရဦးမယ် .. အင်း .. ဒီလိုနေ့မျိုးတွေကျတော့ ကုန်ခဲနေသလို စိတ်ကထင်တယ် ..
P.S - သူများတွေ ပျော်နေကြမယ်လို့ ညစ်တစ်တစ်နဲ့ တွေးပြီး ရေးထားပါတယ် .. မနာလိုဘူးး(
ဒီသီချင်းက ငယ်ငယ်တုန်းကတည်းက နားထောင်ဘူးပြီး ကြိုက်ခဲ့တဲ့သီချင်းပါ .. Mariah Carey ရဲ့ One sweet day ပါ .. ခု သတိရလို့ ပြန်ရှာကြည့်ပြီး အကြိုက်တူသူတွေ နားထောင်နိုင်အောင် တင်ပေးလိုက်တာပါ .. ဒီမှာ က mp3 ပါ ..One Sweet Day Sorry, I never told you, all I wanted to say. Now it's too late to hold you. ' Cause you've flown away, so far away. Never, Had I imagined, yeah, living without your smile. Feelin' and knowing you hear me. It keeps me alive. Alive! And I know you're shining down on me from Heaven, Like so many friends we've lost along the way, And I know eventually we'll be together. One sweet day. Picture a little scene from Heaven. Darling, I never showed you. Assumed you'd always be there. I took your presence for granted. But I always cared And I miss the love we shared. And I know you're shining down on me from Heaven. Like so many friends we've lost along the way. And I know eventually we'll be together. One sweet day. Picture a little scene from Heaven. Although, the sun will never shine the same, I'll always look to a brighter day. Yeah, Lord, I know, when I lay me down to sleep, You'll always listen, as I pray! And I know you're shining down on me from Heaven, Like so many friends we've lost along the way, And I know eventually we'll be together. One sweet day. And I know you're shining down on me from Heaven, Like so many friends we've lost along the way, And I know eventually we'll be together. One sweet day. Sorry, I Never told you, all I wanted to say
သင်္ကြန် တဲ့ .. နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရပေမယ့် ဘယ်တော့မှမရိုးနိုင်တဲ့ ကာလလေးတခု .. မရောက်ခင်တည်းက ကြိုတင်မျှော်လင့်နေပြီး ရောက်နေတုန်းမှာလည်း ပြီးဆုံးသွားမှာကို နှမြောနေတတ်ပြန်တယ် .. အမှန်တကယ်ပြီးဆုံးသွားချိန်မှာတော့ နောက်ထပ်တနှစ်ပဲစောင့်ရတော့မယ်ဆိုတဲ့စိတ်နဲ့ မျှော်လင့်မိပြန်တယ် .. နောက်လာမယ့် သင်္ကြန်ကို မျှော်လင့်ရင်း ပြီးဆုံးသွားတဲ့ သင်္ကြန်ချိန်လေးကို လွမ်းဆွတ်ရင်း တနှစ်တနှစ် ကုန်ဆုံးလာခဲ့တယ် .. ငယ်ငယ်တုန်းက သင်္ကြန်ရောက်တော့မယ်ဆို ကလေးကစားစရာတွေနဲ့ ပန်းကုံးတွေနဲ့ ပျော်ရွှင်စွာ သင်္ကြန်ကို ကြိုတယ် .. သင်္ကြန်မနက်ခင်းနိုးထနေကျပုံစံနဲ့ ကြားယောင်နေကျ အသံလေးတွေကို သတိတရ ရှိဖြစ်တယ် .. မနက်မိုးလင်းပြီဆို အိမ်ရှေ့မှာ ကိုယ်နဲ့ရွယ်တူ အပေါင်းအဖော်တွေရဲ့ ဆူညံတဲ့ ရေကစားသံကြားရင်ကို စိတ်က လန်းဆန်းသွားတတ်တယ် .. နိုးတာနဲ့ အ၀တ်အစားလဲပြီး အိမ်ရှေ့ထွက် ရေပက်တာပဲ .. ဒါက ကလေးဘ၀တုန်းက အရိုးသားဆုံး ပျော်စရာပေါ့ .. အရွယ်ရောက်လာတော့ အိမ်ကဦးလေးတွေ အဒေါ်တွေ အမတွေနဲ့ ရေပက်ခံထွက်ကြတယ် .. ရေပက်ခံထွက်ရတဲ့ အရသာကို ရေပက်ရတာထက် ပိုနှစ်သက်တယ် .. အသားကလည်းမည်းမှာကကြောက်သေး .. အဲဒီတုန်းက သင်္ကြန်လည်ပြီဆို မြို့လည်ခေါင်ကိုသွားတာသိပ်မရှိဘူး .. ကားတွေကြပ်ပြီး နာရီနဲ့ချီအောင်စောင့်ရတယ်လေ .. အိမ်က ဦးလေးတွေက လှည်းကူးဘက် ပဲခူးဘက် သံလျှင်ဘက်တွေကိုသွားပြီး အဲဒီအနီးတ၀ိုက်မှာရှိတဲ့ ဘုရားပုထိုးတွေကို ၀င်ဖူးလေ့ရှိတယ် .. တနေကုန်ကားတစီးနဲ့ လျှောက်သွား .. တွေ့တဲ့ ကြုံတဲ့နေရာမှာ စားသောက်ကြပြီး .. ညနေစောင်းကျမှ အိမ်ပြန်လေ့ရှိတယ် .. မြို့စွန်တွေဘက်ကိုသွားတော့ မဏ္ဍပ်ဆိုတာလည်း ကြီးကြီးမားမားမရှိဘူး .. ကိုယ့်ဟာကို ပြင်ဆင်ထားတဲ့ ထန်းပင်ထန်းလက်တွေနဲ့လုပ်ထားတဲ့ မဏ္ဍပ်လေးတွေမှာ ကားကိုရပ်ပြီး အပက်ခံရတယ် .. သွားနေရင်း ကားဘီးပေါက်ပြီဆိုရင်တော့ အနီးဆုံးက ဘီးဖာလို့ရမယ့်နေရာကို ဦးလေးတွေက ဘီးသယ်သွားတာကို တနေရာရာမှာ နေကုန်နေခမ်းထိုင်နေပေတော့ပဲ .. ထိုင်စောင့်နေရင်းနဲ့ အ၀တ်တွေကလည်း ခြောက်နေပြီ .. ခြောက်ခါနီးပြီဆို ဘယ်ကရောက်လာမှန်းမသိတဲ့လူတွေက တခါလာပက်ကြပြန်ရော .. ထူးဆန်းတာတခုက သင်္ကြန်တွင်း ရေပက်ခံရလို့ အပူရှပ်လို့ဆိုပြီး ဖျားတယ်ဆိုတာ တခါမှ မကြားဘူးတာပဲ .. သင်္ကြန်ရေက အန္တရာယ်ကို မဖြစ်စေဘူးနော် .. ကားဘီးပေါက်ရင်တော့ တော်တော်စိတ်ညစ်ရတယ် .. လိုတဲ့ခရီးကိုလည်း မရောက်တော့ဘူးလေ .. ဦးလေးတွေ ထန်းရည်သောက်ရင် ကပ်စားလို့ရတဲ့ ကြက်ကြော်ကိုလည်း စားလို့မရတော့ဘူးပေါ့ .. နောက်ပိုင်းကျတော့ အိမ်က လိုင်းကားတွေမရှိတော့တဲ့အချိန်ကျတော့ ဘယ်မှ မသွားရတော့ဘူး .. အိမ်မှာပဲနေပြီး ဦးလေးတွေ လုပ်ကျွေးတဲ့ မုန့်လက်ဆောင်းတို့ ရွှေရင်အေးတို့ကိုပဲ တနေကုန်ထိုင်သောက်ရတယ် (ဆီးချိုတော့ဖြစ်တော့မှာပဲ :P) အိမ်ကလူကြီးမပါပဲ ကျမတို့ကို အပြင်ပေးထွက်လေ့မရှိဘူး .. လူပျိုကြီး အပျိုကြီးတွေနဲ့ နေတဲ့တူတွေ တူမတွေရဲ့ ထုံးစံပေါ့ .. :D တခါလည်း မှတ်မှတ်ရရ သွားချင်လွန်းလို့ဆိုပြီးပူဆာ .. ရေပက်မခံရရင်နေပါစေ လိုက်ပြပါလို့ ပူဆာတော့ ဦးလေးက လိုက်ပို့တယ် .. တအိမ်လုံးပေါ့ .. သံလျှင်ဘက်သွားပြီး ဘုရားဖူးကြတယ် .. အပြန်ကျတော့ ကလေးတွေကတားတယ် .. သူတို့လည်း ရေပက်ချင်လွန်းလို့ .. ကျမတို့ မောင်နှမကလည်း ရေပက်ခံချင်နေတာလေ .. ဦးလေးက ကားမှန်မဖွင့်ခိုင်းလို့သာငြိမ်နေရတယ် .. ဘယ်လိုမှ ထွက်လို့မရအောင် ကားရှေ့ပိတ်နေတော့ ဦးလေးက မှန်ဖွင့်ပေးလိုက်တဲ့ .. အားရ၀မ်းသာဖွင့်ပေးလိုက်တာပေါ့ .. ကလေးတွေကလည်း ပက်သွားပါတယ် .. ပက်ပြီးတော့မှ ရေတွေက နံလိုက်တာ .. မြောင်းရေတွေနဲ့ မိတ်ဆက်သွားတယ် .. :D ရှေ့သို့ကလည်း မှန်ပိတ်လို့ မထူးတော့ပြီမို့ ဒီမောင်နှမ ပျော်ပျော်ကြီးပေါ့ .. :D အပြန်ကျဦးလေးကသနားပါတယ် .. ပေသမျှ ပွသမျှ ဒိုင်ခံရှင်းရရောပဲ .. ကလေးဘ၀က ဖြူစင်လွန်းပါတယ် .. တောင်းဆိုသမျှက အစ မာယာကင်းတယ် .. ဒီလိုအချိန်တွေလိုချင်လို့ ဘယ်တော့မှပြန်မရနိုင်တော့ဘူး .. သင်္ကြန်ဆို နှစ်တိုင်းပျော်တယ် .. ကလေးဘ၀တုန်းကလည်းပျော်တယ် .. ဘယ်ကိုမှမလည်ရရင်တောင် လမ်းထဲကကလေးတွေ ရေကစားနေတာကို ကြည့်ရရုံနဲ့ ကြည်နူးတယ် .. ငါတို့ငယ်ငယ်ကလည်း ဒီလိုပါပဲလားလို့ ပြန်တွေးမိပြိး ကြည်နူးရတယ် .. ကိုယ့်ကိုယ် ပြန်မြင်နေသလိုပဲ .. နောက် ၁၀ တန်းပြီးနောက်ပိုင်းမှာ တခါ မှတ်မှတ်ရရ အခြေအနေကလည်းပေးတော့ အိမ်ကို ရေပက်ခံထွက်ဖို့ ဆန္ဒပြတာ ခုထိ အစ်မတွေပြောလို့မဆုံးဘူး .. ကျေးဇူးတင်လို့ .. ကျမအတင်းခေါင်းမာပြီးသွားမယ်ပြောလို့ သူတို့ပါ လိုက်ရတာလေ ..း) အဲဒီအခေါက်ကတော့ နောက်ဆုံးအကြိမ် ရေပက်ခံထွက်ခြင်းပါပဲ .. နောက်ပိုင်း များသောအားဖြင့် တရားစခန်းပဲသွားဖြစ်တယ် .. မဟာစည်ပေါ့ .. ပထမဆုံးသင်္ကြန်နှစ်မှာ မဟာစည်ဝင်ရတုန်းက တရားကလည်း မထိုင်တတ် သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းကလည်း ကောင်းတယ်လေ .. ကွန်ပျူတာကျောင်းကအမတယောက်လည်းပါတော့ အဲဒီနှစ်တရားစခန်းသွားလိုက်တာ တရား ရမရတော့မသိဘူး ဖဲဗေဒင် တွက်တတ်လာတယ် .. :D ခု ဒီကိုမလာခင် တနှစ်ကတော့ လက်မှတ်အလကားရတာနဲ့ မဏ္ဍပ်သွားထိုင်တယ် .. အဲဒါပထမဆုံးနဲ့ နောက်ဆုံးပါပဲ .. (ခုချိန်ထိပေါ့ ..) အိမ်က မလွှတ်ချင်ဘူး .. ဒါပေမယ့် ကျမက အဖေနဲ့ အမေကို ရိပ်သာပို့ပြီး သွားတာ .. အဖေနဲ့ အမေကလည်း အိမ်မှာရှိနေရင် ကျမ ပြန်မလာမချင်း စိတ်ပူနေရမှာစိုးလို့ထင်ပါတယ် .. ရိပ်သာဝင်သွားတယ် .. အဖေ့ကို ၃ရက်ပဲသွားမယ်ပြောထားလို့ ပထမ၃ရက်ပဲသွားလိုက်တယ် .. နောက်ဆုံးရက်မသွားလိုက်ဘူး .. အဲဒါက ကျမအတွက် နောက်ဆုံးသင်္ကြန်ပါပဲ .. နောက်ပိုင်း လည်တယ်ဆိုတဲ့သင်္ကြန်တွေကို ငယ်ငယ်က အဖြစ်တွေလောက် ပြန်တွေးရင်မပျော်မိဘူး .. ငယ်ငယ်တုန်းကအချိန်လေးပြန်ရရင်လိုချင်တယ်လို့ မဖြစ်နိုင်တဲ့စကားနဲ့ မတောင်းဆိုချင်ပါဘူး .. ရှိခဲ့တဲ့ အမှတ်တရ သင်္ကြန်ရက်လေးတွေကို ပြန်တွေးတိုင်း လွမ်းဆွတ်နေမှာပါ .. ကောင်လေးရေ ကျေနပ်မယ်ထင်ပါတယ် .. သင်္ကြန်အကြောင်းရေးမိတော့လည်း နဂိုကငုတ်နေတဲ့ပိုးလေး ပြန်ကြွလာသလိုပဲ .. ဝေးနေဦးမယ် သင်္ကြန်ရေလို့ပဲ အော်လိုက်ချင်ပါတော့တယ် .. ဆက်လက်ပြီး ကိုယ့်လိုပဲ လွမ်းမိစေချင်သူတွေကတော့ (မျက်ခုံးလှုပ်နေကြပြီလား) .. မောင်မျိုး ဖြိုးမော် သက်ပိုင်သူ ဇူလိုင်အိပ်မက် သီဟသစ် မေဒီ မဆုမွန် ၀ှိုက် တို့ကို တဂ်ပါတယ် .. တဂ်ချင်သူတွေရှိသေးပေမယ့် တခြားလူတွေတဂ်စရာမရှိမှာစိုးလို့ ချန်ပေးလိုက်ပါတယ် ..း)
စာရေးစရာစဉ်းစားမရလို့ ကိုယ်ကြိုက်တဲ့သီချင်းလေးတွေပဲ နားငြီးအောင် တင်ပေးလိုက်ပါတယ် .. အထူးသဖြင့် မောင်မျိုး :P အာဇာနည်နဲ့ မီးမီးခဲရဲ့ ပုံရိပ်ဟောင်း ခွေထဲကပါ -တိတ်တဆိတ် - မီးမီးခဲပုံရိပ်ဟောင်း - မီးမီးခဲမျှော်လင့်သော မနက်ဖြန် - အာဇာနည်ရွှေရောင်အရှုံး - အာဇာနည် မီးမီးခဲမိန်းကလေးအချစ် - မီးမီးခဲ သူငယ်ချင်းတယောက်က ပုံရိပ်ဟောင်းသီချင်းညည်းသံကြားတာနဲ့ လိုက်ရှာပြီး ဒေါင်းထားတာပါ အကြိုက်ချင်းတူရင် နားထောင်နိုင်အောင်လို့