Sunday, January 18, 2009

အချစ်နဲ့ အတ္တ

`နင် ငါ့ကို မေ့လိုက်တော့ဟာ´ သူမအရမ်းအံ့သြသွားတယ် .. ခေါင်းကို ချာချာလည်ပြီး မူးသွားတယ် ..

`ဘာ .. နင်ငါ့ကိုဘာပြောလိုက်တာ.. မဟုတ်သေးပါဘူး .. နင်ဘာဖြစ်နေတာလဲ .. နင်နေမကောင်းဘူးလား .. ငါ့ကိုစိတ်ဆိုးနေတာလား .. ငါဘာမှားလို့လဲ ..´


`မဟုတ်ဘူး နင်ဘာမှမမှားပါဘူး .. မှားတာက ငါ.. ငါပြင်မလို့မရတဲ့ အမှားကို ကျူးလွန်မိခဲ့တယ် .. ´

`မဟုတ်ပါဘူး .. နင်ငါ့ကို စတာမဟုတ်လား .. နင့်ကိုမပြောဘဲ ငါသူငယ်ချင်းတွေနဲ့ခရီးထွက်သွားတာကို မကျေနပ်လို့ နင်အခုလိုပြောတာမဟုတ်လား .. နင်နောက်နေတယ်ဆိုလည်း ငါ့ကို ဒီလိုချည်းတော့ မနောက်ပါနဲ့ဟာ .. ´

`မဟုတ်ဘူး .. ငါအခုတကယ်ပြောနေတာ ..´

`သြော် .. ဒါဆို ငါ့သူငယ်ချင်းတွေပြောတာ အမှန်ပဲပေါ့နော် .. ဟုတ်လားဟင် .. နင့်မှာ ငါ့အပြင် တခြားတွဲနေတဲ့မိန်းကလေး ရှိတယ်ဆိုတာ တကယ်ပေါ့နော် .. နင်သူ့ကို တကယ်ချစ်တာပေါ့ .. ဟုတ်လား .. ငါ့ကိုပြောပြစမ်းပါဦး.. ငါ့ကိုသူငယ်ချင်းတွေကလာလာပြေကြတယ် .. နင့်ကို တွေ့ခဲ့တယ်ပေါ့ .. ငါမယုံခဲ့ဘူး .. ခု နင်ကိုယ်တိုင်ကပြောလာပြီဆိုတော့ .. နင်ပြောတာကိုနားထောင်ချင်တယ် .. ´

`မဟုတ်ဘူး မောင် ..´

`ဘာ မောင် ဟုတ်လား .. သြော် .. ဒါက နင့်ရဲ့ အချစ်သစ်ကလေး ခေါ်တဲ့နာမည်ပေါ့လေ .. ဟုတ်ပါဘီ .. ဆက်ပြောပါ ..´

`ဆောရီးဟာ ..´

`မဟုတ်ပါဘူး .. ရပါတယ် .. ဆက်ပြောပါ .. ငါခံနိုင်ရည်ရှိပါတယ် ..´

`ငါရဲ့ အချစ်ဦးတစ်ယောက်ရှိတယ်လေ .. သူက ငါ့ကို မောင်လို့ခေါ်ခဲ့ဘူးတယ် .. အခုတစ်ယောက်ကလည်း ငါ့ကို မောင်လို့ခေါ်တယ် .. နင်ကိုငါခေါ်ခိုင်းတာ နင်ဘယ်လိုမှမခေါ်ခဲ့ဘူးလေ´

`ဘာလဲ အဲဒါနင်ငါ့ကို ဖြတ်ရတဲ့ အဓိက အကြောင်းပြချက်လား´

`မဟုတ်ပါဘူး .. ငါနင့်ကိုချစ်ပါတယ် ..ဒါပေမယ့် နင်က မလိုက်ရောနိုင်တာတွေ သိပ်ကိုများတယ်ဟာ .. နင့်ကို ငါ အစပိုင်းက သိပ်ချစ်ခဲ့တယ် .. ဒါကြောင့်လည်း ငါ့အမေနဲ့တွေ့ပေးမလို့ဆိုပြီး ငါနင့်ကိုခေါ်ခဲ့တယ်လေ.. နင်လိုက်ခဲ့လား .. နင်က မိန်းမတစ်ယောက်ရဲ့ သိက္ခာ တန်ဖိုးဆိုတာတွေ တွင်တွင်ပြောပြီး .. ငြင်းခဲ့တယ် .. ပစ္စည်းတစ်ခုရဲ့တန်ဖိုးဆိုတာ .. အဲဒီပစ္စည်းကိုပိုင်ဆိုင်တဲ့သူတစ်ယောက်ကသတ်မှတ်တာ .. ငါတို့လက်ထပ်ဖို့ထိစဉ်းစားပြီးချစ်ခဲ့တာပဲ .. ငါ့တို့ မိဘတွေသိထားတာ .. ဆွေမျိုးတွေသိထားတာ ဘာဖြစ်လဲ .. နင်ဘာဖြစ်နေတာလဲ .. နင်က ငါနဲ့သွားပြီလာပြီဆိုလည်း လူတွေ့မှာ လူသိမှာသိပ်ကြောက်တယ် .. နင်ငါ့ကိုတကယ်မှမချစ်ပဲ .. နင်ကလူသိမခံနိုင်ဘူးပေါ့ .. ငါအမြဲတမ်းမေးတယ် .. ငါ့ကိုချစ်လားဆိုရင်လည်း ဘယ်သူရှိလို့ ဘယ်ဝါရှိလို့နဲ့ နင် အဒီစကားလေး တစ်ခွန်းတောင် ငါ့အတွက် မပေးနိုင်ဘူး .. အဲဒါလောက်လေးနဲ့ နင်က သိက္ခာမရှိတဲ့ တန်ဖိုးမရှိတဲ့ မိန်းမဖြစ်ရောလား နင် အရမ်း အတ္တကြီးတယ် .. နင့်ဘက်ပဲနင်ကြည့်တယ် .. ငါနင့်ကိုစိတ်ကုန်တယ် ..´

`ငါတတ်နိုင်သလောက်နင့်အပေါ်လိုက်လျောခဲ့ပါတယ် .. နင်မကျေနပ်ရင် ငါ့ကိုပြောပေါ့ .. ငါလည်းစဉ်းစားထားပြီးသားပါ .. နင့်ရဲ့မိဘတွေကိုတွေ့ဖို့ ..´

`တော်ပါတော့ဟာ .. နင်က နင့်ကိုယ်နင်ချစ်တာ .. နင့် အတ္တကိုနင်ချစ်တာ ..နင်ချစ်တာငါမဟုတ်ဘူး .. နင့်ကိုယ်နင် .. ငါ သူ့ကို လက်ထပ်တော့မယ်.. သူက သူ့ကိုယ်သူထက်ငါ့ကိုပိုချစ်နိုင်တယ် ´

` ငါဝမ်းသာပါတယ် .. နင်လက်ထပ်မှာ ပျော်စရာပေါ့ .. ငါအခုကျနေတဲ့မျက်ရည်တွေက နင့်ကြောင့်မဟုတ်ဘူး .. ငါ့အတွက် .. နင်သိပြီးသားပဲ ငါက သိပ်အတ္တကြီးတဲ့မိန်းမဆိုတာ .. နင်တို့အတွက် စိတ်ရင်းနဲ့ဆုမတောင်းပေးနိုင်တာတော့ခွင့်လွှတ်ဟာ .. ငါသွားတော့မယ်´

သူမ နောင်တမရပါဘူး .. သူမလှည့်ထွက်ခဲ့ပေမယ့် ရင်ထဲမှာပြောချင်တဲ့စကားတွေအများကြီးပဲ .. ဒါပေမယ့် ပြောဖို့ မကြိုးစားတော့ဘူး .. ငါနင့်ကိုသိပ်ချစ်ပါတယ် .. ဒါပေမယ့် တခြားမိန်းမတစ်ယောက်နဲ့ ပြိုင်မချစ်နိုင်ဘူး .. အဲဒါ ငါ အတ္တကြီးတာလား .. ငါမပေးနိုင်တဲ့အရာတွေ နင်သူ့ဆီက ရလို့ ငါအနားက ထွက်သွားတာ ငါဝမ်းမနည်းဘူး .. အဲဒါကရော ငါ မာနကြီးတာလား .. နင်ပြောသလို ငါ့က အတ္တကြီးတဲ့ မာနကြီးတဲ့ မိန်းမတစ်ယောက် .. ဒါပေမယ့် အဲဒါ ငါ့ အတွက် မရှိမဖြစ်ဘူး .. အဲဒီအရာ နှစ်ခုကပဲ ငါ့ဘ၀ကို ကာကွယ်ပေးနိုင်မှာလေ .. ဒါပေမယ့် နင်လည်းစဉ်းစားပါ .. နင်ရော အတ္တနဲ့ ဘယ်လောက်ကင်းကွာနေလို့လဲ ..


4 comments:

ခေါင်ခေါင် said...

အတ္တကြီးတော့ .. ကိုယ်ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရတာပေါ့..............

ဖတ်လို့ကောင်းတယ်.. တစ်ကယ်

စိုင်းခမ်းထွန်း said...

ကောင်းတာလေးတွေ စုပေးနေတာ ... လက်တို့လိုက်မယ်ဗျို့ သွားဖတ်ပါဦးလို့

နွေးနွေးသဲမွန် said...

တော်ပါတော့ဟာ .. နင်က နင့်ကိုယ်နင်ချစ်တာ .. နင့် အတ္တကိုနင်ချစ်တာ ..နင်ချစ်တာငါမဟုတ်ဘူး .. နင့်ကိုယ်နင် .. <--- ရေးတတ်လိုက်တာ မရယ်..
ခံစားချက်တွေ တူနေပါလား...

May said...

တကယ် အဖြစ်အပျက်လေးလား
အတ္တတွေ ရှေ့တန်းတင်ကုန်တာပေါ့။
မေတ္တာချစ်ခြင်းကံကောင်းခြင်းကို ရပါစေ။

ညခင်း

www.nyahkinyaelamin.iblogger.org

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...