Monday, January 5, 2009

ဟိုရောက် ဒီရောက် (၁)

၂၀၀၉ ကို ကူးသွားပြီးကတည်းက စာလည်းမရေးဖြစ် .. ရေးဖို့လည်းစဉ်းစားလို့က မရ .. စာအုပ်တွေပဲဖတ်ဖြစ်နေတယ် .. ခုတလောဖတ်ပြီးသွားတဲ့စာအုပ်တွေက မင်းလူရဲ့ (ခေါင်းလောင်းထိုးသော ၀တ္တုတိုများ) (ငိုအားနဲ့ရယ်အား) ၊ နီကိုရဲ ရဲ့ (ပန်းပွင့်ကိုဖယ်ကြည့်မှ မြင်ရမယ့် လမင်း) ၊ အကြည်တော် ရဲ့ (ဇော်က ကနေသည်) အဲဒါတွေကို ဖတ်ဖြစ်တယ် ..

ဆရာမင်းလူရဲ့ ၀တ္တုတိုလေးတွေက ဖတ်ရတာ အပမ်းမကြီးပဲ အတွေးလေးတွေရစေတယ် .. ဆရာ နီကိုရဲရဲ့ စာအုပ်လေးတွေကလည်း စိတ်ပေါ့ပေါ့ ပါးပါးဖတ်လို့ကောင်းပြန်ရော .. ဆရာအကြည်တော်ကိုတော့ သူရဲ့ ကဝေပျို၏ နိဒါန်း ကစပြီး ရှာပြီးကိုဖတ်ဖြစ်တယ် .. ရန်ကုန်မှာကတည်းကပေါ့ ..

ခုတော့ ရန်ကုန်မှာလို စာအုပ်တွေကို အလွယ်တကူရှာဖွေဖတ်ဖို့ မလွယ်တဲ့အချိန်မှာ စာအုပ်တွေတင်ပေးတဲ့ ၀ပ်ဆိုက်တွေ သူငယ်ချင်းတွေကို တကယ်ပဲကျေးဇူးတင်မိတယ် ..

ဒီဆိုက်လေးကို လာလည်ဖြစ်တဲ့သူငယ်ချင်းတွေလည်း မိုးခါးခုဖတ်ပြီးတဲ့စာအုပ်လေးတွေ မဖတ်ရသေးဘူးဆို ၀င်ဖတ်သွားကြပေါ့ .. စိတ်ပြေလက်ပျောက် .. အားလုံးကတော့ သူများဆိုက်က ယူပြီး လင့်ထားတာချည်းပဲ .. :D

No comments:

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...