Friday, August 20, 2010

လွမ်း

မိုးခါးတို့ စာရေးမရပါ .. ရေးချင်စိတ်ရှိရက်နဲ့ ရေးစရာလည်း စဉ်းစားမိရက်နဲ့ကို မရေးဖြစ်သေးတာပါ .. ဒီတော့ ခုလောလောလတ်လတ် ပူပူနွေးနွေးဖတ်ဖြစ်တဲ့ စာအုပ်နဲ့ပဲ ဆားချက် ငံပြာရည်ကြို ငပိထောင်းပါ့မယ် .. :P

ကျမ ကိုယ့်ကိုကိုယ် ဘာဝါသနာပါလို့ပါမှန်း မသိပါ .. စာအုပ်မြင်ရင် ဖတ်ချင်စိတ်လည်းရှိရင် စာအုပ်ဖတ်ပါတယ် .. သီချင်းစဖွင့်ဖြစ်တယ်ဆို သီချင်းဆက်ပြီး နားထောင်ပါတော့တယ် .. ရုပ်ရှင်တော့ သိပ်မစွဲဘူး .. ဒါပေမယ့် ကြုံသလို စိတ်ကူးပေါက်သလိုတော့ ကြည့်တာပါပဲ .. အခြားအခြားသော စိတ်ကူးပေါက်ရာများကိုလည်း လုပ်လေ့ရှိပါတယ် .. ဒါကြောင့်မို့ ထင်ပါရဲ့ အစ်မတွေက ပြောတယ် .. နင် စိတ်မမှန်ဘူးတဲ့ .. မငြင်းမိပါ .. လက်ခံပါတယ် .. ကိုယ့်အခြေအနေလည်း ကိုယ်သိပါတယ် .. ဒီတော့ နာလည်း မနာတော့ပါဘူး .. :P

ဟိုနေ့က ဖတ်လို့ပြီးသွားတာက တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ လွမ်း ဆိုတဲ့ ၀တ္တုပါ .. အချစ်ကြီး အမျက်ကြီး အမုန်းကြီးတဲ့ လွမ်း ဆိုတဲ့ မိန်းကလေး တယောက် အကြောင်းပေါ့ ..

မိခင်မရှိတော့ပဲ ဖခင်ကြီးနဲ့ ညီမလေးနဲ့ အေးအေးချမ်းချမ်းနေနေတဲ့ လွမ်းရဲ့ဘဝထဲကို မရည်ရွယ်ပဲ ဒုက္ခတွေ သယ်လာမိခဲ့တာက ဒေါက်တာမင်းညို (ခေါ်) မောင်မောင်လွင် .. လွမ်းအသိထဲမှာက မောင်မောင်လွင်ဟာ သူ့အတွက် ဂြိုလ်ကောင် တယောက် .. ဒေါက်တာမင်းညိုကတော့ သူသိပ်ချစ်ရတဲ့ သူ့ရဲ့ မျက်လုံးတွေကို အလင်းပြန်ရအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင် တယောက် ..

အမှန်တရားကို လက်ခံနိုင်စွမ်းမရှိတဲ့သူ နားလည်နိုင်စွမ်းမရှိတဲ့သူတယောက်အတွက် အထင်လွဲမှုတွေ ဆုံးရှုံးမှုတွေ ကြုံတွေ့ရတာပါပဲ .. စိတ်ထင်ရာ ဒေါသတကြီး တုန့်ပြန်တတ်တဲ့သူတွေအတွက်လည်း နောင်တက ကပ်လျှက်ပါနေပါတယ် .. ဘယ်အရာကိုမှ အစွန်းမရောက်ပဲ မျှမျှတတ တွေးတတ်ဖို့ ဆင်ခြင်တတ်ဖို့ လိုပါလိမ့်မယ် .. မှားသွားခဲ့ရင်ရော ?.. ပြင်ခွင့်ရတဲ့အမှားဆို တော်ပါသေးတယ် .. ပြင်ခွင့်မရခဲ့ရင် ... ?

ဝတ္တုထဲမှာ လွမ်းကတော့ ဆုံးရှုံးလိုက်ရပေမယ့် အပြီးတော့ မဟုတ်ခဲ့ဘူး .. ဒါပေမယ့် အရင်အတိုင်း အကောင်းတိုင်း ဖြစ်နိုင်ပါ့မလား ..

လူတိုင်း အမှားနဲ့ မကင်းပါဘူး .. မှားတယ် .. မှားပြီးရင်းထပ်မှားတယ် .. အမှားတွေထဲကမှာ သင်ခန်းစာ ယူနိုင်အောင် အမှားတွေ နည်းသထက် နည်းအောင် ကြိုးစားသင့်ပါတယ် ..

ကျမရော .. ?????

13 comments:

ဆောင်းနှင်းရွက် said...

ဒါပေါ့ .. ဒါပေါ့ ..

အမှားတွေထဲက
သင်ခန်းစာ ယူ ..

သင်ခန်းစာတွေ
သင်ယူရင်းနဲ့
ရရှိလာတဲ့
အတွေ့အကြုံနဲ့
တွေးတော့ ဆင်ခြင် ....

လူရယ်လို ဖြစ်လာမှတော့ ...
မှားတဲ့ အခါလည်း မှားပေမပေါ့ ကွယ် ... :)

မေပယ်လ် said...

လွမ်းကို ၀တ္ထုရော ရုပ်ရှင်ပါ ကြည့်ဖူးတယ်...
ခုလို ထပ်ပြီး အမြင်လေးနဲ့ အတွေးလေး ပေါင်းစပ်ပြတော့ ပိုလို့
လွမ်းသွားတယ် ..လွမ်းရယ်..။
(မိုးခါးကို ဟုတ်ဘူးနော်) :P

noblemoe said...

ဝတ္ထုတော့ မဖတ်ဖူးတော့သိဖူး တွေ့ရင်ပြောပြလေနော်
မှားတာကတော့ စာလုံးပေါင်းတောင်မမှန်သေးတော့
အင်း ပြင်မရတဲ့အမှားမဖြစ်အောင် ကြိုးစားနေထိုင်ရမှာပါပဲ။
သာယာချမ်းမြေ့ပါစေနော်
မိုး

Maung Myo said...

download လုပ်ပြီးဖတ်ကြည့်အုံးမယ်အညွှန်းကကောင်းနေတော့

အောက်ဆုံးက “
ကျမရော .. ?????” အဲ့တာတော့ သိဘူးလေ နင်လည်း လွမ်းနေလားလို့ ဟဲဟဲ ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ်နော်
အမှားနည်းအောင်တော့ ကြိုးစားရမှာပါဘဲ
လူတိုင်းက မမှားတဲ့သူရယ်လို့မှ မရှိတာဘဲလေ။

ခိုင်နုငယ် said...

ဟုတ်တယ်။ အမှားဆိုတာ ငယ်ဘ၀ ကျောက်သင်ပုန်း ပေါ်က အမှားလို တံတွေး စွတ်ဖျက်လို့ မရနိုင်ဘူး။
ခေတ်သစ်ကော်ရက်ရှင် သုံးလည်းမပျက်နိုင်ဘူး။
ဒါပေမယ့် အမှားထဲက သင်ခန်းစာယူခဲ့မယ်ဆို
အဆိုးထဲအကောင်းဖြစ်လာနိုင်ပါတယ်။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

မိုးစက်အိမ် said...

မကင်းဘူး
အခါးနင်လည်းမကင်းဘူး ငါလည်းမကင်းဘူး
လူတိုင်းမကင်းဘူး ပုထုဇဉ်တိုင်းမကင်းဘူး
အဲဒါကတော့ အမှားဆိုတဲ့ အမှားတွေပေါ့ဟာ

မြစ်ကျိုးအင်း said...

အဲဒီဝတ္ထုမဖတ်ဖူးသေးဘူး..။
အညွှန်းက တိုလွန်းတယ်း)

နေ၀သန် said...

း)).. ပြောရရင် သူ့ဝတ္ထုတွေကို သိပ်မကြိုက်ဘူး

အဖြူရောင်နတ်သမီး said...

လူနတ်သမီးလည်း မကင်းနိုင်သေးပါဘူး...
အဲ..“အမှား” ပြောပါတယ်...

သူကြီးမင်း (တုံးဖလား) said...

ဆားချက်တယ်ဆိုတော့လဲ ဆားဘဲ မြည်းသွားပါတယ်။ လွမ်းဆိုကထဲက အလွမ်းဇာတ်ထုတ်ကြီးထင်တယ်။

အမှန်သိတော့ အမှားပြင်လို့ရတာပေါ့လေ။ ၀တ္ထုတစ်အုပ်အုပ်ဖတ်လို့ တစ်ခုခုကျန်ခဲ့တယ်ဆိုရင်ဘဲ ကျေနပ်စရာပါ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဇွန်မိုးစက် said...

မဖတ်ဖူးသေးဘူး ညီမလေး။ စာဖတ်စရာအကြွေးတွေ တောင်လိုပုံနေတယ်။ ဘယ်လိုရှင်းရမလဲ မသိ.. :D

ဏီ(န်)ကင်း said...

သွားဖတ်လိုက်ဦးမယ်...

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...