Tuesday, August 31, 2010

အစစ်

နေ့စဉ် ရှင်သန်မှုအကြောင်း
တကြောင်း တကြောင်း ချရေးတော့
မိုးလင်း မိုးချုပ် ငြီးစော်နံနေတဲ့ အကြောင်း ... ။

နှုတ်ခမ်း တလှုပ်လှုပ်နဲ့
ရွတ်ဖတ်နေတဲ့ စကားတွေ ပုံဖော်ကြည့်တော့
နေ့တဒူဝ အလာဘ သလာဘတွေ အကြောင်း ... ။

ခံစားမှုတွေ အားနည်းလာတယ်
အာရုံတွေ ထွေပြားလာနေတယ်
ရုပ်ဝတ္တုတွေ ပျက်စီးလာနေတယ် ... ။

အချိန်တွေ ကုန်လာသလို
ဒီရေတွေရော တိုက်စားလေသလား
လူတွေ လုံးပါးပါးတယ် ... ။

ဟာသ တကြောင်းကလည်း
ရယ်စရာမကောင်းသလို
ငိုသံတချို့ဟာလည်း
ဟာသတွေ ဖြစ်လိုဖြစ် ... ။

လူတွေရဲ့ စိတ်အစစ်
အိမ်ပြန်နောက်ကျနေလေရဲ့ ... ။

ထုံးစံအတိုင်းပေါ့ .. တွေးလိုက် စဉ်းစားလိုက် အချိန်တွေ ကုန်ကုန်နေတယ် .. အစစ်တွေ ရှားပါးလာသမျှ အတုတွေ ဖောသီလာတာတော့ မဆန်းပါဘူး .. ဒီ မဆန်းတဲ့ အကြောင်းပဲ စဉ်းစားမိတော့ မထူးခြားတာတွေပဲ ချရေးမိပြန်ရော ..

13 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အစစ်တွေရှားလာတာများ ခံစားချက်တွေပါ အတုဆန်လာတယ်..
ဒီအတုတွေနဲ့ အသက်ရှုနေရတာ မွန်းကြပ်လာပြီ...

noblemoe said...

အော် အစစ် အစစ် အင်းးးးးးးးးးးးးးးးးးးးးးးးးး

နောက် အသစ်ပိုစ့်လည်းမျှော်နေတယ် ခါးလေးရေးး
ပျောက်ပျောက်သွားမှာဆိုးလို့ ကြိုပြောထားတာနော်

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Sonata Cantata said...

မိုးခါးရေ
ဒီလိုပါပဲ

မသီတာ

ဆောင်းနှင်းရွက် said...

မ ...

အရမ်းး မတွေးနဲ့ ... မစဉ်းစားနဲ့ ... ။

သီလရှင် မ၀တ်၇သေးခင်
ဆံပင်တွေ ဖြူကုန်မယ် ...
ခွိ ခွိ ... :)

မြစ်ကျိုးအင်း said...

ခံစားမှုတွေ အားနည်းလာတယ် တဲ့ မှန်လိုက်တာ ဘာကို တွေးချင်မှန်းတောင် မသိဘူး။ စာရေးဖို့လည်း လက်တွန့်နေတာ ကြာပြီ။

flowerpoem said...

အစစ်တွေ တကယ်ကိုရှားပါးလာပါပြီ
မှန်လိုက်တဲ့ အတွေးလေး ခါး၂ရေ

အဖြူရောင်နတ်သမီး said...

အစစ်ကိုရှာမိတိုင်း...
အတုနဲ့ပဲတိုးတိုးနေတယ်...
ကြာလာတော့လည်း
ကိုယ်ကိုယ်တိုင်ကို
အတုတွေကြားမှာ
ယဉ်ပါးနေတတ်ခဲ့ပြီ.....။
သြော်...
“အစစ်”ဆိုတာ...
ရှိတော့ရှိတယ်..
“ရှားတယ်”...

သိင်္ဂါကျော် said...

အစစ် အစစ် .. အင်း
လူတော့ လူအစစ်ပါ .. robot လည်းမဟုတ်ဘူး.. ဂြိုလ်သားလည်း မဟုတ်ဘူး.. ဟီးး
ခုတလော သိပ္ပံကားတွေ ကြည့်တာများနေလို့.. ပြန်စဉ်းစားနေရတာ..

မောင်မျိုး said...

အတုတွေကိုပဲ အစစ်လို့ ခံစားကြည့်လိုက်ပေါ့ သူငယ်ချင်းရာ ဒါဆို တို့တွေ လုံးပါး မပါးတော့ဘူးထင်ရတာပဲး)

နွေဆူးလင်္ကာ said...

အစစ်တွေက အိမ်ကို ပြန်မလာတော့တာဗျ

မြတ်မွန် said...

အတုတွေကို အစစ်လို သုံးနေတာ..
တစ်ခါတစ်လေ..အစစ်ကတောင်
ချောင်ကပ်နေရတယ်..။

သုခုမလေဒီ said...

ကဗျာလေး သဘာဝကျတယ်..

Mogok Thar said...

အတုတွေ ပေါများလာတော့ အစစ်ဟာ ရှားပါးလာတယ်
အစစ်ဟာ အဖိုးတန်မှန်း
ယုံတမ်း ပုံပြင်တစ်ပုဒ်ဖြစ်လာရင်တောင်...
အစစ် ဟာ..... အတုတွေကြား မှေးမှိန်သွားအုံးတောင်....
အစစ်ဟာ.... သူ့ကိုယ်သူ အစစ်ပါ လို့ သက်သေပြခွင့် မရှိအုံးတောင်...
အတုတွေကြား ကိုယ်တိုင် သေးငယ်သွားလို့ မဖြစ်ပေဘူး...။

ပျော်ရွှင်ပါစေ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...