Sunday, September 11, 2011

အဆုံးမသတ်ခင်


ဘဝ
ဒီလိုပဲ
လောကဓံရဲ့ အထုအထောင်းနဲ့
ဘ၀ဟာ သက်ဝင်လာခဲ့တယ် ...။

လောကဓံ
အပူရယ် အအေးရယ်
ခြောက်သွေ့ခြင်း စိုထိုင်းခြင်း
တဖက်စီ အစွန်းရောက်ရင်းကပဲ ...။

အချစ်
မခေါ်ပဲလဲ လာတယ်
အေးအေးမြမြတိုက်စားသွားတယ် ...။

ဒဏ်ရာ
ဘယ်သူကမှ ပေးခဲ့တာမဟုတ်ဘူး
ကိုယ့်ဒေါသနဲ့ ကိုယ် ခံယူရင်း ခံစားရင်း ...။

သင်္ခါရ
နုပျိုရာက ဟောင်းနွမ်းလာတယ်
ပစ္စုပ္ပါန်မှာ အိုမင်းရွေ့လျားရင်း ...။

စာကြွင်း - LIBRATUN က ပုံလေးပေးလာပြီး စာတူတူရေးရအောင်ဆိုလို့ ရေးဖြစ်ပါတယ် .. တခြား တူတူရေးထားတဲ့သူတွေကတော့ .. LIBRATUNမသက်ဝေအင်ကြင်း ၊ မွန် တို့ ဖြစ်ပါတယ် .. မိုးခါး တင်တာတော့ နောက်အကျဆုံးထင်ပါရဲ့ .. အားလုံးချိန်းထားတာ စနေနေ့ည ၁၁ နာရီတဲ့ .. သရဲကားနာမည်တော့ ဟုတ်ပါဘူး .. ဟီးး :P

14 comments:

ညီရဲ said...

အချစ်
မခေါ်ပဲလဲ လာတယ်
အေးအေးမြမြတိုက်စားသွားတယ် ...။

မှန်တယ်ဗျာ... အချစ်က မဖိတ်ခေါ်ဘဲ တိတ်တိတ်လေး ရောက်လာတတ်တယ်။

လင်းခေတ်ဒီနို said...

ပုံကို ခံစားပြီးရေး ရတာ အရမ်းကို အတွေးရောက်တယ် . . . နင် တို့ ရေးပုံလေး ငါအရမ်းနှစ်သက်တယ် . . .

နင်ရေးခဲ့တဲ့ အထဲမှာ အတွေးတွေ အများကြီး ငါ ဖြန့်ကျက်မိတယ်

ဘယ်သူကမှ ပေးခဲ့တာမဟုတ်ဘူး
ကိုယ့်ဒေါသနဲ့ ကိုယ် ခံယူရင်း ခံစားရင်း ...။

ကိုယ့်ဟာကိုယ် ခံယူရင်း ခံစားရင်းတဲ့ သိပ်တွေးလို့ကောင်းတဲ့ နေရာလေး . . အရာရာဟာ ကိုယ့်စိတ် . . စိတ်ဆိုတာ ကိုယ်ထားတဲ့နေရာ သူရွေ့လျှားနေတယ် . . . ရွေ့လျှားတဲ့ နေရာဟာ အေးချင်အေးမယ် ပူချင်ပူမယ် တိတ်ဆိတ်ချင်လည်း တိတ်ဆိတ်နေမယ် . . . ညသန်ခေါင်းရဲ့ ဟင်လင်းပြင် ကောင်းကင်ကြီးထဲ ရောက်သွားသလို ခံစားရတယ် . . . သိပ်တွေးလို့ကောင်းတယ်


နုပျိုရာက ဟောင်းနွမ်းလာတယ်
ပစ္စုပ္ပါန်မှာ အိုမင်းရွေ့လျားရင်း ...။

လက်ရှိအခြေအနေကနေ အိုမင်း ရွေ့လျှားနေတယ် . . . အချိန်ဆိုတာ ရွေ့လျှားနေတယ် . . အချိန်ဆိုတာ အိုမင်းခြင်း . . . အနာဂတ်ကာလဆီ . . . တဖြည်းဖြည်း ကျော်ဖြတ်လာနေသလို တဖြည်းဖြည်းပျောက်ကွယ်ကုန်ဦးမယ် . . . ပျောက်ကွယ်မှုရဲ့နောက်မှာ နုပျိုခြင်းရော အိုမင်းခြင်းရော . . . ငါတို့ရဲ့ ဘ၀ဒဏ်တွေရော . . . နောက်ဆုံး မှတ်တိုင်ဆိုတာ . . . .ငါတို့ သူ့နောက်ကို မလိုက်နိုင်တော့တဲ့နောက် . . . သူ ငါတို့ကို ချန်ထားခဲ့လိမ့်မယ် . . . .

PKYAT

nyisaynaing said...

မင်္ဂလာပါ...မိုးခါး..
ကဗျာလေး ရေးထားတာ ကောင်းတယ်.......။အရေးကောင်း..အတွေးကောင်းတဲ့ ကဗျာတပုဒ်ပါပဲ..။

ဘဝရဲ့လောကဓံ ၊ အချစ်ရဲ့ဒဏ်ရာ ပေါင်းစပ်ပြီးမှ အဆုံးမသတ်ခင် သင်္ခါရ ၏မမြဲခြင်းအကြောင်းရေးဖွဲ့
ထားတယ်။

ခင်တဲ့ ..
ညီစေနိင်..

သူကြီးမင်း (တုံးဖလား) said...

သစ်ရွက်ကလေး သူ့ဖာသူ ပိုးကိုက်လို့ အပေါက်ဖြစ်နေတာကို ရေးတတ်လိုက်ကြတာ။း))

စာတွေလဲ ဆက်ရေးဦးးးးးးးးးးး

ခင်မင်လျှက်

noblemoe said...

ခုမှသိတယ် ရေးထားတာ
သင်္ခါရတွေလာအားပေးသွားပါကြောင်းးD


ကိုယ်ရောစိတ်ပါကျန်းမာရွှုင်လန်းပြီး
သာယာချမ်းမြေ့ပါစေ..........
မိုး

မောင်သီဟ said...

း)း)
အချစ်ကအေးမြမြတိုက်စားသတဲ့
ဖွဲ့တတ်ပုံများ

အချစ်ကအေးမြမြတိုက်စားသွားတယ်
အလွမ်းက အရက်နာလိုပဲလွမ်းနာကျကျန်ခဲ့တယ်

း)

Libratun said...

အင်းးးးး

Angelhlaing(May everybody be happy and healthy! said...

အကို ကိုကိုမောင်(ပန်းရနံ့) ပြောသလိုပဲ သူတို့တွေမို့ စိတ်ကူးလည်းကောင်းပ ရေးတက်လိုက်ကြတာများ... နာလိုဝူး နာလိုဝူး....:P:P
မမရေ မခေါ်ပဲလာတဲ့ အချစ်ကို ရိုက်လွတ်လို့လဲ ရဝူးနော်..ဆိုးပ ..တော်တော်ဆိုးပ :):)

Anonymous said...

Acid က ဆိုထားတာ ..
ဘ၀ ဘ၀ ဒီလို အရွယ်
ဒီလို အမြဲ တဲ့ .. !@#$%^&*()_+ .. ;)

မမ မိုးခါး .. :D
(( ခေါ်ကြည့်တာ ))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

8Yar said...

ကဗျာလေးကိုကြိုက်တယ်ဗျာ။ တိုပေမယ့်ပြည့်စုံတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ။

အင်ကြင်းသန့် said...

မိုးခါးရေ....သစ်ရွက်လေးနဲ့ပတ်သက်ပြီး မိုးခါးရဲ့မတူတဲ့ အတွေးနဲ့ခံစားချက်လေးကို လာဖတ်သွားတယ်နော်။ :)


ခင်မင်စွာဖြင့်
ဂျင်း

June Moe said...

ခံစားချက်တွေ ဖွင့်ဟထားတဲ့ ကဗျာလေး..
ကြိုက်တယ်ဗျို့..။

မဒမ်ကိုး said...

ွှအိုအိုလာတဲ့အကြောင်းတော့ထည့်ကိုမပြောတော့ဘူး
း(
မှန်တောင်မကြည့်ချင်ဘူး ဟိဟိ
ရုပ်ဆိုးဆိုးလာလို့

ချစ်တဲ့
မဒိုးကန်

Anonymous said...

မိုးခါးရေ.. အလည်လာရတုန်းခိုက် အကြိုက်တွေ့သွားတဲ့ ကဗျာလေးပါ။

သတိရလျက်

မငုံ

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...